အချစ်ဦးသို့ သဝဏ်လွှာ

By TakJua

46 3 1

လူတိုင်းမှာ first love နဲ့ပတ်သတ်တဲ့ အကြွင်းအကျန် ခံစားချက်ဆိုတာကရှိတတ်ကြတယ်ဟုတ် Jua လည်း juaကို ဘယ်တော့မှပြန်... More

လွမ်းတယ်

46 3 1
By TakJua

အချစ်ဦးလေးရေ မင်းအဆင်မှပြေနေရဲ့လား
​မင်းရဲ့အနာဂတ်နေ့ရက်တိုင်းဟာ ချောမွေ့နေဖို့ကိုယ်မျှော်လင့်တယ်
မင်းဟာ အချစ်ငတ်တတ်တဲ့ကောင်ဆိုးလေးမလို့ မင်းချစ်သလို ပြန်ချစ်မယ့် ချစ်ရသူနဲ့တွေ့ဆုံနိုင်ဖို့လည်း ကိုယ်ဆုတောင်းမိတယ်

အလွမ်းထုထည်တွေဟာ သီချင်းလေးတစ်ပုဒ်ကနေလည်း မြစ်ဖျားခံနိုင်တယ်
မင်းကိုလွမ်းဖို့ တိုက်ဆိုင်မှုတွေရှိမှမဟုတ်ဘူး
သစ်ရွက်ကြွေနေတာမြင်လည်း လွမ်းနိုင်တယ်
ငှက်ကလေး အိပ်တန်းပြန်တာမြင်လည်း လွမ်းနိုင်တယ်
နေလုံးကြီး အိပ်ပျော်သွားတာမြင်လည်းလွမ်းနေနိုင်တယ်
ကြယ်တွေကိုကြည့်ရင်းလည်းလွမ်းနေနိုင်တယ်
နောက်ဆုံးကွာ အမေဆူနေတဲ့အချိန်မှာတောင် မင်းကိုလွမ်းနိုင်တယ်
နေရာဒေသတွေ အချိန်တွေ အကြောင်းအရာတွေဟာအရေးမကြီးပါဘူး အဓိကက ကိုယ်လွမ်းမယ့်လူက မင်းဖြစ်နေဖို့ပဲ

လွမ်းတယ် ချစ်ဦးသူရေ
တကယ်တော့ ကိုယ်ဟာ မင်းဘဝလက်တွဲဖော်မဖြစ်တောင် မင်းရဲ့အကောင်းဆုံးသူငယ်ချင်းအဖြစ်တော့ ရှိနေခဲ့ချင်တယ်
အိမ်မက်တွေဟာ တိမ်စိုင်တွေလိုပဲ ထွက်ပြေးတတ်သလားကွယ်
အခုတော့ မင်းရဲ့ရင်းနှီးသူဖြစ်ဖို့မပြောနဲ့
မင်းမုန်းတဲ့ကောင်မလေးဘဝတောင်ရောက်နေခဲ့တာပဲ
ဒါပေမယ့် ကိုယ်ပျော်ပါတယ်
မင်းစိတ်ထဲမှာ ကိုယ့်နာမည်ကိုကြားတာနဲ့ နေရာတစ်နေရာတော့အမြဲရှိနေတယ်လေ
ချစ်တာနဲ့ မုန်းတာပဲကွာရုံပါ မင်းရဲ့ memory ထဲမှာ ပါနေတာမလို့ကို ကိုယ်ကျေနပ်နေပါပြီ

ချစ်ဦးသူရေ
ကိုယ်ဒီနေ့မင်းကိုသိပ်လွမ်းတယ်
မနေ့ကမင်းကိုမေ့ထားတယ်
မနက်ဖြန်လည်းမေ့ဖို့ကြိုးစားမယ်
ဒီနေ့ပါပဲ ဒီနေ့လေးပဲ ကိုယ်မင်းကိုလွမ်းခွင့်ပြုပါ
မင်းကိုမေ့နိုင်အောင် အများကြီးကြိုးစားနေတာမလို့ တစ်ခါတစ်လေလွမ်းမိတာတော့ ကိုယ့်မှာ အပြစ်မရှိဘူးမဟုတ်လား

12.7.2021

Continue Reading

You'll Also Like

154K 17.8K 59
"ඒයි ඇටිකිච්ච ඔහොම ඉන්නවා" "නේත්‍ර, නේත්‍ර... මගේ නම නේත්‍ර" "මොකද උඹේ කට ඔච්චර සද්දෙ, මට ඔය වයසට වඩා උඩ පනින්න දඟලන ඇටි කිච්චන්ව පේන්න බෑ. ඒ නිසා මට...
5.2K 137 23
Y/n is just a normal girl- expect one drip of her blood on any wound can heal it in a matter of seconds. When "stuff" happens to her family, what wil...
105K 1.9K 73
It's classification day for Riley. he is finally 18 but when he gets his results things turn for the worst quickly when he has to stay with his broth...
9.2K 1K 25
වැස්ස වැහැලා ඉවර වුන ගමන්ම තියන අදුරු රෑක ඔයත් එක්ක කැලේ පාරක් දිගේ තනියම ඇවිදන් යන ගමන් " ආගිව්‍ය අයියෙ එදා දවසක් හොල්මන් ..." කියලා මම පටන් අර ග...