"မင်းရေချိုးဖို့လား"
လမင်းငယ်ရေချိုးခန်းထဲဝင်ခါနီးမိုးစက်ချိုလှမ်းမေးလိုက်လေသည်၊၊
လမင်းငယ်ခေါင်းလေးညိမ့်ပြပြီး
"တနေ့လုံးကျူရှင်မှာဆိုတော့လူကနုံးစိစိနဲ့အိပ်လို့လည်းပျော်မှာမဟုတ်လို့"
"အင်း....ဒါဆိုလည်းမင်းမြန်မြန်ချိုးလိုက်လေ
ညဘက်ကြီးရေချိုးကြာရင်အအေးမိပြီးဖျားဦးမယ် ဒါနဲ့....ထမင်းစားဦးမလား"
"မစားတော့ဘူးမမ....ဒါဆိုငယ်လေးရေချိုးတော့မယ်နော်"ဆိုကာလမင်းငယ်ရေချိုးခန်းထဲဝင်လိုက်လေသည်၊၊
လမင်းငယ်ရေချိုးခန်းထဲထွက်လာတော့....
"မင်းပြီးရင်ဒါလေးသောက်လိုက်ဦး"ဆိုကာစားပွဲပေါ်နွားနို့ခွက်ကိုမိုးစက်ချိုမေးငေါ့ပြလေသည်၊၊
လမင်းငယ်ကြိုးတန်းပေါ်ကတဘက်ကိုလှမ်းယူကာခြုံလိုက်ပြီး
"ဟုတ်.....ကျေးဇူးပါ"ပြောကာအခန်းသို့လျှောက်သွားလေသည်၊၊
လမင်းငယ်အင်္ကျီဝတ်ပြီးနွားနို့သောက်ဖို့မီးဖိုချောင်ထဲသို့ဝင်လာလေသည်၊၊နွားနို့ကနွေးနွေးလေးမို့တခါတည်းမော့ချလိုက်သည်၊၊လူလည်းနွေးသွားပြီးလန်းသွားလေသည်၊၊
"ဟာ....."
မီးပျက်သွားသည်မို့လမင်းငယ်စိတ်ပျက်စွာညည်းလိုက်လေသည်၊၊အမှောင်ကိုကြောက်တာမို့ခွက်ကိုရေထည့်ပြီးဘေစင်ပေါ်တင်ကာစမ်းတဝါးဝါးဖြင့်အိမ်ရှေ့ကိုလျှောက်သွားလေသည်၊၊ဟိုစမ်းဒီစမ်းနဲ့မီးအိမ်လေးကိုရှာလိုက်သည်၊၊မီးအိမ်ကိုတွေ့တော့ခလုတ်လေးချက်ချင်းဖွင့်လိုက်လေသည်၊၊
လမင်းငယ်နံရံကနာရီကိုကြည့်တော့ည၁၁နာရီတောင်ခွဲတော့မည်၊၊အမှောင်ထဲမအိပ်ရဲတာမို့
ဧည့်ခန်းမှာမီးအလာကိုထိုင်စောင့်နေသည်၊၊
နာရီဝက်သာကြာသွားတယ်မီးကပြန်မလာလူကလည်းအိပ်ချင်လာသည်မို့မီးအိမ်ယူကာအခန်းထဲကိုဝင်လိုက်လေသည်၊၊ပြီးတော့မီးတိုင်ကတစ်ဖက်ခွလုံးခေါင်းအုံးကတစ်ဖက်ဖြင့်မိုးစက်ချိုအခန်းတံခါးလေးကိုကိုယ်လေးနဲ့တွန်းလိုက်သည်၊၊စိထားတဲ့တံခါးလေးပွင့်သွားတော့ကုတင်မှာဖုန်းသုံးနေတဲ့မိုးစက်ချိူကိုတွေ့လေသည်၊၊
လမင်းငယ်အခန်းဝကနေ
"ဟို.....
မမ ငယ်လေးမအိပ်ရဲလို့ဒီအောက်မှာအိပ်လို့ရမလားဟင် မီးပြန်လာရင်ငယ်လေးကိုနှိုးလိုက်ပါငယ်လေးအခန်းကိုပြန်ပါ့မယ်
ရမလားဟင်"ကုတင်အောက်မှာမေးငေါ့ပြပြီးပြောလိုက်သည်၊၊
မိုးစက်ချို လမင်းကိုကြည့်ပြီးဘာမှမပြောတာမို့လမင်းငယ်ကပဲ
"ရပါတယ်မမအဆင်မပြေရင်လည်း"ဆိုကာခြေလှမ်းတွေနောက်ပြန်လှည့်လိုက်လေသည်၊၊
အဲ့တော့မှ"လာအိပ်လေ"မိုးစက်ချိုလှမ်းပြောလိုက်လေသည်၊၊လမင်းငယ်ဝမ်းသာသွားပြီးအခန်းထဲကိုချက်ချင်းဝင်လာရင်း
"ကျေးဇူးပါမမ"
ပြီးတော့ခေါင်းအုံးနဲ့ခွလုံးကိုကုတင်အောက်ကကြမ်းပြင်ပေါ်ချပြီးမီးတိုင်ကိုစားပွဲပေါ်တင်လိုက်လေသည်၊၊
မိုးစက်ချို လမင်းငယ်ကိုကြည့်ပြီးထောင့်ကိုနည်းနည်းတိုးကာသူမဘေးကိုလက်နဲ့ပုတ်ပြပြီး
"မင်းအဲ့မှာအိပ်ရင်ဖျားလိမ့်မယ်
ဒီလာအိပ်လိုက်"ဆိုကာပြောလေသည်၊၊
လမင်းငယ်ပြုံးပြီးခေါင်းအုံးနဲ့ခွလုံးကိုကောက်ယူကာကုတင်ပေါ်တင်လိုက်သည်၊၊ပြီးတော့သူပါမွေ့ရာပေါ်ခုန်တက်လိုက်သည်၊၊ခွလုံးကိုဖက်ပြီးတစ်ဖက်ကိုစောင်းကာအိပ်လေသည်၊၊
မိုးစက်ချိုလည်းဖုန်းကိုစားပွဲပေါ်လှမ်းတင်ပြီးလမင်းငယ်ကိုကျောပေးကာတဖက်ကိုစောင်းအိပ်လေသည်၊၊
မနက်ခင်း....
လမင်းငယ် သူမကိုဖက်ထားပြီးခွထားသည်မို့လေးလည်းလေးအသက်ရှုလည်းခက်တာမို့မိုးစက်ချိုနိုးလာလေသည်၊၊Alarmမြည်လာသည်မို့လမင်းငယ်ကိုအသာဖယ်ကာဖုန်းကိုလှမ်းယူကာပိတ်လိုက်သည်၊၊မိုးစက်ချိုမထသေးဘဲကုတင်မှာခဏပြန်မှေးလိုက်သည်၊၊
"အင့်....
သေပါပြီဒီကလေးတော့"
လမင်းငယ်ထပ်ခွသည်မို့မိုးစက်ချိုတိုးတိုးလေးပြောလိုက်လေသည်၊၊မိုးစက်ချိုသူ့ခွလုံးကိုလှမ်းကြည့်လို့ကုတင်အောက်ကျလို့နေသည်၊၊ဒါကြောင့်လူကိုအတင်းကိုဖိပြီးခွနေတော့တာကိုဆိုပြီးမိုးစက်ချိုပြုံးမိသည်၊၊
သူမရင်ခွင်ကလမင်းငယ်ကိုတချက်ကြည့်လိုက်တော့ပါးစပ်တလှုပ်လှုပ်နဲ့မျက်လုံးကိုပိတ်ကာဝါးနေလေသည်၊၊အိပ်မက်ထဲမှာဘာတွေစားနေလဲမသိသူကတော့အိမ်မက်ကမ္ဘာမှာပျော်နေလေရဲ့.....
မိုးစက်ချိုသူမရင်ဘက်ပေါ်ကတင်းကြပ်စွာခွထားတဲ့လမင်းငယ်နဖူးလေးကိုငုတ်နမ်းလိုက်သည်၊၊
"ငယ်လေးဘယ်လောက်ဆိုးဆိုးမမကအပြုံးမပျက်ပါဘူးကွယ်....."
ချစ်တဲ့သူအတွက်ဆိုကျေကျေနပ်နပ်ကြီးပေးဆပ်နိုင်ပေမဲ့ကိုယ့်ကိုတန်ဖိုးမထားတဲ့ငယ်လေးလုပ်ရပ်ကြောင့်တော်တော်ကိုစိတ်မကောင်းဖြစ်မိတာအမှန်ပါ၊၊သို့သော်လည်းငယ်လေးရဲ့ပြောင်းလဲသွားတဲ့အပြုအမှုလေးတွေကြောင့်ကြာကြာစိတ်မဆိုးနိုင်တော့ပေ၊၊
"Happy Birthdayပါငယ်လေးရယ်"
ဆိုကာမိုးစက်ချိုတိုးတိုးလေးပြောလိုက်ပြီးလမင်းငယ်ရဲ့ပါးဖောင်းဖောင်းလေးကိုလက်မနဲ့လက်ညှိုးလေးဖြင့်အသာညှစ်ကာဆွဲလိုက်လေသည်၊၊
ချစ်မိတဲ့သူကရှုံးတယ်တဲ့ သိပ်မှန်တာပေါ့......
ဒါကြောင့်လည်းမမုန်းရက်မနာကြည်းရက်နိုင်တာပေါ့......
အရင်လိုပေတိပေကပ်နဲ့ငါလို့ပြောတတ်တဲ့သူက
ခုတော့မျက်နှာငယ်လေးနဲ့သူ့ဘာသူငယ်လေးငယ်လေးဆိုပြီးသုံးနှုန်းတာလေးတွေမမလို့ပထမဆုံးခေါ်တာလေးတွေဒါလေးတွေကြောင့်မိုးစက်ချိုအရည်ပျော်လာမိလေသည်၊၊
အခုဆိုသူမစကားတစ်ခွန်းဆိုတစ်ခွန်းနားထောင်တာလည်းသဘောကျမိသည်၊၊ဒါမဲ့သူမဘက်ကနည်းနည်းတင်းထားမှဖြစ်မည်၊၊သူမအရင်လိုပျော့ပျော့လေးဆက်ဆံရင်သူမကလေးကဆိုးချင်တိုင်းဆိုးနေသည်မဟုတ်ပါလား......
အိပ်ရာထသင့်နေပြီမို့မိုးစက်ချို လမင်းငယ်ရဲ့ခွထားတဲ့ခြေထောက်ကိုအသာဖယ်ပြီးထိုင်လိုက်ကာ
"လမင်းငယ်.....ထတော့ ထတော့"လက်မောင်းကိုကိုင်ပြီးလှုပ်နှိုးလိုက်လေသည်၊၊
လမင်းငယ် မိုးစက်ချိုလှုပ်နှိုးလိုက်တာကြောင့်မျက်လုံးတဖက်အသာဖွင့်ပြီး
"ဟုတ်" ဆိုကာအပျင်းကြောဆန့်လေသည်၊၊၅မိနစ်လောက်အိပ်ရာထဲမှာအီချင်ပေမဲ့မိုးစက်ချိုစိတ်ဆိုးမှာကြောက်တာကြောင့်အိပ်ချင်မူးတူးဖြင့်ထထိုင်လိုက်သည်၊၊
မိုးစက်ချိုကတော့အခန်းမှအရင်ထွက်သွားပြီးမျက်နှာအရင်သစ်လေသည်၊၊ပြီးတော့ထမင်းချိုင့်ထည့်ဖို့ပြင်လေသည်၊၊
လမင်းငယ်သူ့ဆံပင်လေးကိုမြင့်မြင့်လေးချည်ပြီးခွလုံးခေါင်းအုံးကိုယူကာကိုယ့်အခန်းထဲသွားလေသည်၊၊ကုတင်မှာဝင်ထားပြီးရေချိုးဖို့ပြင်ဆင်လေသည်၊၊
လမင်းငယ်ရေချိုးရင်းကိုယ့်မွေးနေ့ကိုသတိရသွားလေသည်၊၊ပြီးမှနှုတ်ခမ်းလေးဆူပြီးအရင်လိုမိုးစက်ချိုရဲ့Happy birthday ငယ်လေးဆိုတဲ့စကားလေးကိုလွမ်းမိသွားလေသည်၊၊စိတ်မကောင်းဖြစ်တာကိုအသာထားပြီးဆပ်ပြာအမြန်တိုက်ကာရေဗန်းကိုဖွင့်ချလိုက်သည်၊၊
ပေါ့ပေါးပါးပါးဂါဝန်လေးကိုရွေးဝတ်ပြီးဘုရားသောက်တော်ရေလဲလိုက်သည်၊၊ခုံပေါ်မှာဆွမ်းပန်းကန်တွေအသင့်ပြင်ထားတာမြင်တော့လမင်းငယ်ပျော်သွားလေသည်၊၊
"မမကငါ့မွေးနေ့ကိုမမေ့ဘူးပဲ.....ဟီး"
မွေးနေ့ဆိုလမင်းငယ်မလဲစဖူးသောက်တော်ရေတွေလဲဆွမ်းကပ်ဘုရားရှိခိုးတတ်သည်၊၊
ဒါကြောင့်မိုးစက်ချိုစားပွဲမှာဘုရားဆွမ်းပန်းကန်တွေအသင့်ထားပေးထားလေသည်၊၊
လမင်းငယ်ဘုရားရှိခိုးပြီးမီးဖိုချောင်မှာမနက်စားဖို့ဝင်လာလေသည်၊၊
မိုးစက်ချိုကလည်းရေချိုးခန်းမှထွက်လာပြီးတဘက်လေးခြုံကာ
"ပေါင်မုန့်ကြက်ဥကြော်ထားတယ်
နို့ဆီစမ်းချင်ရင်ရေခဲသေတ္တာအောက်အံလေးထဲမှာရှိတယ်"
လမင်းငယ်ပြုံးပြပြီးခေါင်းလေးညိမ့်ပြလိုက်သည်၊၊
သူများတွေကတော့ပေါင်မုန့်ကြက်ဥကြော်ကိုသကြားနဲ့စားကြတာများပေမဲ့လမင်းငယ်ကတော့နို့ဆီနဲ့ပဲစားရတာသဘောကျသည်၊၊သူ့အကြိုက်ကိုမိုးစက်ချိုကမမေ့သည်မို့သဘောကျနေလေသည်၊၊
မိုးစက်ချိုခရမ်းရောင်မြန်မာအင်္ကျီဝမ်းဆက်လေးဝတ်ပြီးထွက်လာလေသည်၊၊ဘေစင်မှာပန်းကန်ဆေးဖို့ပြင်နေတဲ့လမင်းငယ်ကိုမြင်တော့"ထားခဲ့ ထားခဲ့.....ငါတခါတည်းဆေးလိုက်မယ်"လှမ်းပြောလိုက်လေသည်၊၊
ဒါနဲ့ပဲလမင်းငယ်လက်ပဲဆေးလိုက်လေသည်၊၊
ထမင်းကြာ်စားဖို့ထည့်နေတဲ့မိုးစက်ချိိုနားရပ်ပြီး
"မမ....."လို့ခေါ်လိုက်လေသည်၊၊
မိုးစက်ချို လမင်းငယ်ကိုကြည့်ပြီး
"ပြောလေ"
လမင်းငယ်အရဲစွန့်ပြီး
"မမ ဒီနေ့ဘာနေ့လဲသိတယ်မလား"
မိုးစက်ချိုခပ်တည်တည်ဖြင့်
"မင်းသိချင်အရှေ့မှာပြက္ခာဒိန်သွားကြည့်လေ"ပြောလေသည်၊၊
မိုးစက်ချို လမင်းငယ်ဘာမေးတာလဲဆိုတာကောင်းကောင်းသဘောပေါက်လေသည်၊၊အရင်လိုHappy birthdayဆိုတဲ့စကားလေးသူမဆီကကြားချင်တာသိလေသည်၊၊ဒါမဲ့လည်းခပ်တည်တည်ဖြင့်မသိချင်ယောင်ဆောင်နေလေသည်၊၊
လမင်းငယ်နှုတ်ခမ်းဆူပြီးဘာမှဆက်မပြောဘဲထွက်သွားလေသည်၊၊စိတ်ထဲမှာတော့ဝမ်းနည်းစိတ်တွေအပြည့်ဖြင့်စိတ်မကောင်းတော့ဖြစ်မိသည်၊၊အခန်းထဲဝင်ကာခေါင်းဖြီးလွယ်အိတ်လွယ်ကာကျူရှင်သို့ထွက်သွားလေသည်၊၊
မိုးစက်ချိုအိမ်ကနည်းနည်းစောထွက်ပြီးလမင်းငယ်အတွက်လက်ဆောင်လေးဝင်ဝယ်ရင်းကိုကောင်းမြတ်အတွက်ပါဝယ်လေသည်၊၊
"ကိုကောင်းမြတ်.....
ဘယ်လောက်မှတော့တန်ဖိုးမရှိပါဘူး.....မွေးနေ့လက်ဆောင်လေးအမှတ်တရပေးချင်လို့ပါ"
ဆိုကာဘူးလေးကိုမိုးစက်ချိုပေးလိုက်လေသည်၊၊
ကိုကောင်းမြတ်ယူကာဖွင့်ကြည့်ပြီး
"နာရီလေးပါလား....
ကျေးဇူးတင်ပါတယ်မိုးစက်ရယ် ဘာလို့တန်ဖိုးမရှိရမှာလဲ ကိုယ့်အတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့အရာပဲ"
မိုးစက်ချိုပြုံးပြီး
"ကိုကောင်းမြတ်သဘောကျတယ်ဆိုလို့ကျေနပ်ပါတယ်"
ကိုကောင်းမြတ်ကထပ်ပြီး
"ဟို.....ကိုယ်ချစ်ရေးဆိုထားတာလေးလေ
ကိုယ့်အဖြေလေးသိခွင့်ရှိမလား"
မိုးစက်ချိုခေါင်းလေးငုတ်ပြီး
"တောင်းပန်ပါတယ်.....
မိုးစက်နှလုံးသားကတစ်ယောက်သောသူကိုအပိုင်ပေးပြီးသားမို့"
ကိုကောင်းမြတ်မျက်နှာလေးသိသိသာသာညှိုးသွားပြီး
"မတောင်းပန်ပါနဲ့.....ကိုယ်နားလည်ပါတယ်"
"ဟုတ်ကျေးဇူးတင်ပါတယ်
ဒါဆိုမိုးစက်ပြန်တော့မယ်နော် ခွင့်ပြုပါဦး"
ကျူရှင်လွှတ်တော့.....
အိမ်ပြန်လမ်းတစ်လျှောက်လမင်းငယ်တိတ်ဆိတ်နေလေသည်၊၊စိတ်မကောင်းတာရောစိတ်ကောက်နေတာကြောင့်လည်းပါသည်၊၊
မိုးစက်ချို လမင်းငယ်လက်ထဲဘူးငယ်လေးကိုထည့်ပေးလိုက်သည်၊၊
လမင်းငယ် မျက်နှာဆူပုတ်ပုတ်ဖြင့်
"ဘာကြီးလဲ"
မိုးစက်ချိုကလည်း
"မင်းသိချင်ဖွင့်ကြည့်လေ"
လမင်းငယ် လမ်းမီးတိုင်အောက်ရောက်တော့ခဏရပ်ကာသူ့လက်ထဲဘူးလေးကိုဖွင့်လိုက်လေသည်၊၊
လော့ကတ်သီးလခြမ်းလေးနဲ့ငွေရောင်ဆွဲကြိုးလေးကိုမြင်တော့အားရဝမ်းသာစွာဖြင့်
"အား.....လှလိုက်တာ
ချစ်စရာလေးရယ်"
မိုးစက်ချိုလည်းလမင်းငယ်သဘောကျတာမြင်တော့လိုက်ပြုံးမိသည်၊၊လမင်းငယ်ဘူးလေးကိုပိတ်ပြီးလွယ်အိတ်ထဲသေချာထည့်လိုက်လေသည်၊၊
"မမ.....
ဒါဘာအတွက်ပေးတာလဲဟင်"
မွေးနေ့တိုင်းမိုးစက်ချို လမင်းငယ်ကိုတခုမဟုတ်တခုအမှတ်တရလက်ဆောင်လေးတွေဝယ်ပေးတတ်သည်၊၊လမင်းငယ် မိုးစက်ချိုဆီကbirthday wishကြားချင်တာကြောင့်သိသိရက်နဲ့မေးလိုက်လေသည်၊၊
မိုးစက်ချိုဘာမှပြန်မပြောဘဲရှေ့ကနေလျှောက်သွားလေသည်၊၊လမင်းငယ်ကလည်းခပ်သွက်သွက်လေးလျှောက်ပြီးမိုးစက်ချိုလက်ကိုချိတ်လိုက်လေသည်၊၊
ပြီးတော့
"Happy Birthdayပါငယ်လေးရေလို့ပြောဖို့
တော်တော်ခက်နေလားမမ"ဆိုကာမနေနိုင်တဲ့အဆုံးပြောချလိုက်တော့သည်၊၊
မိုးစက်ချိုကလည်း
"အင်း"
လမင်းငယ်တစ်ယောက်သကြားလုံးမရတဲ့ကလေးတစ်ယောက်လိုမျက်နှာကြီးဆူပုတ်နေတော့သည်၊၊
"မမကတအားစိတ်ပုတ်တာပဲ"
နှုတ်ခမ်းဆူကာပြောလေသည်၊၊
မိုးစက်ချိုကတော့ခပ်တည်တည်ဖြင့်မကြားချင်ယောင်ဆောင်နေလေသည်၊၊