When You Find Lost Love Again

By Htet-Bo

146K 11.1K 2.9K

3.6.2021 - 11.5.2022 More

Character (1)
Character (2)
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Character (3)
Part - 7
Part - 8
Part - 9
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Final (UNI)
Final ( ZGI)
Character - 4

Part - 10

2.3K 230 35
By Htet-Bo

ကွန်ဒိုတိုက်ခန်း​ငယ်လေးထဲ ​​ခြေချလိုက်တော့ အခန်းငယ်လေးက အထီးကျန်စွာ တိတ်ဆိတ်လို့။ မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်သော်လည်း သက်ရှိဆိုလို့ ဝန်း ရယ် အစ်ကိုလာထားထားတဲ့ အပင်တွေရယ်သာ ရှိသည်။ ဧည့်စားပွဲပေါ်က ပန်းအိုးအဖြူလေးထဲက ဘယ်သောမှ မညှိုးနွမ်းမယ့် နေကြာပန်းလေးတွေကို မြင်တော့ ပြုံးမိပြန်သည်။ ကျွန်တော်က အစ်ကို့တစ်ယောက်ကိုသာ မျက်နှာမူ
မယ့် အစ်ကိုပျိုးထားတဲ့ နေကြာ။

" အဟမ်း အဟမ်း "

တစ်ယောက်ယောက်များ ရှိနေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အသံပြုလိုက်တော့ အလုံပိတ်ထားတဲ့ တိုက်ခန်းလေးထဲမှာ ဝန်း အသံက ဟိန်းထွက်သွားတာပဲရှိတယ် တုံ့ပြန်သံက ထွက်မလာ။ အခန်းလေးက တိတ်ဆိတ်ငြိမ်လျက်သား။

အိပ်ခန်းတံခါးကို အမြန်ဆွဲဖွင့်ကာ ဝင်လိုက်တော့လည်း မျှော်လင့်မိတဲ့ ကိုယ့်အရာရာကို မတွေ့ပြန်။အဝတ်ဗီဒိုကို ဖွင့်ကာ ရှိသမျှ အဝတ်တွေအကုန်ကြမ်းပြင်ပေါ် ဆွဲချလိုက်သည်။ အင်္ကျီဘောင်းဘီ အကုန်အကုန် ဗီဒိုတစ်ခုလုံး ပြောင်သလင်းခါသွားသည်အထိ။ ဒါတင် မလုံလောက်သေး ရှိသမျှ ခါးပတ်တွေ နာရီတွေအကုန်လုံးကိုပါ ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ ကြမ်းပြင်တစ်ခုလုံးခြေချစရာမရှိတော့တဲ့ အထိ ရှိသမျှ အကုန်သွန်မှောက်ပြီးသွားတဲ့အထိ အစ်ကိုက ပေါ်မလာ။ အစ်ကို ရှိမနေဘူး။ အစ်ကို ဝန်းဆီ မလာဘူး။

" တူ.. တူ.. လူကြီးမင်း ခေါ်ဆိုသော ... "

"ကျစ်! " ဒါနဲ့ဆို အစ်ကို့ကို ဖုန်းခေါ်တာ 15 ကြိမ်မြောက်။ ဘာကိစ္စဖုန်းမကိုင်ရတာလဲ။ မ​ကြားလို့ မကိုင်တာမဟုတ်ဘူးတမင်ကို ချချ ပစ်နေတာ။ လိုင်းပေါ်တက်ကြည့်လိုက်တော့ 13 hours ago တဲ့ ။ လိုင်းလည်းမတက်ဘူး ။ အစ်ကို့မှာ ကိစ္စတစ်ခုခုရှိနေတာ သေချာသွားပြီ။ ဒီတစ်ခါ နောက်ဆုံးပဲ ဒီတစ်ခါမှ မကိုင်ဘဲ ဖုန်းချပစ်ရင် အစ်ကို့ဆီ လိုက်သွားတော့မည်။

" ပြော "

ဖုန်းဝင်ချိန်ပြည့်ခါနီးမှ ထွက်လာတဲ့ အသံက မကိုင်ချင်ဘဲ ကိုင်လိုက်ရတာကြောင့် ခပ်ပြတ်ပြတ်။

" အစ်ကို ဘယ်မှာလဲ "

" ငါ့အိမ်မှာငါနေနေတာပေါ့ဟ ဒီအချိန်ကြီး ဘယ်မှာရှိနေရမှာလဲ "

စွာလိုက်တဲ့ ရှေးဆက်ရန်း။ ဒါလေးမေးမိတာကို ရန်တွေ့ခံလိုက်ရတယ်။ဘာပဲဖြစ်ဖြစ် အိမ်မှာရှိနေတာမလို့ တော်ပါသေးတယ်။ စွာနေပုံထောက်ရင်တော့ ပြဿနာက ဝန်း ဖြစ်လောက်တယ်။
ဝန်း ကို စိတ်ဆိုးနေတာလား။

" ဘာကိစ္စဖုန်းကိုချချပစ်နေတာလဲ "

" မကိုင်ချင်လို့ကွာ "

အစ်ကို့ရဲ့ပင်ကိုဗီဇ အစွာဓာတ်ကလေးက ဒီနေ့မှာတော့ ပြန်ပေါ်လာခဲ့ပါပြီ။ အစ်ကို စိတ်ဆိုးနေရခြင်း အကြောင်းအရင်းကို ဝန်း ရိပ်မိသည်။ ဒါပေမယ့် ဖုန်းထဲမှာထက် အစ်ကို့ကို ပွေ့ဖက်ပြီး
ဒီကိစ္စအတွက် အစ်ကိုဝမ်းနည်း​နေဖို့
မလိုကြောင်း အနမ်း​တွေ တဖွဖွပေးရင်း
ပြောပြချင်သည်။

" ဘာကိစ္စမကိုင်ချင်ရတာလဲ "

အစ်ကို့ကို ဝန်း လိုအပ်နေသော်လည်း ဖုန်း ချချပစ်တဲ့အတွက် နည်းနည်း စိတ်ဆိုးချင်သေးတယ်။
လောလောဆယ်တော့ ဝန်း ရဲ့ အသံသည်လည်း အစ်ကို့နည်းတူ မာကြောကြောပင်။

" ကျစ်! ငါနားချင်ပြီ ဒါပဲ "

အစ်ကိုက ကြည့်ရတာ နည်းနည်းလေးတောင်မှ ဝန်းနဲ့ စကားပြောချင်စိတ် မရှိဘူးထင်တယ်။

တစ်နေ့လုံး အစ်ကို့အကြောင်းကိုသာ တွေးနေပြီး လွမ်းနာကျနေတဲ့လူကို စကားပြောခွင့် မပေးချင်တဲ့ အစ်ကိုက ဖုန်းချဖို့သာ အားသန်နေတာကြောင့် စိတ်တွေက အစိုးမရတော့။

" ကျွန်တော့်ကို စိတ်ဆိုးနေတာလား အစ်ကို... ကျွန်တော်တို့ တွေ့ပြီးစကားပြောကြရအောင်လေ... အစ်ကို့ဆီ ကျွန်တော် လာခဲ့မယ် "

" မလာနဲ့ မတွေ့ချင်ဘူး ဘာစကားမှလည်း မပြောချင်ဘူး "

" ရှေးဆက်ရန်း ! "

" ဘာလဲ ရှိန်းမြင့်မိုရ်ဝန်း ! "

အော်လာတဲ့ အသံက ဆို့နစ်ကြေကွဲနေတဲ့ အသံ။ အစ်ကို ဘာလို့ အရမ်းခံစားနေရတာလဲ။ ဝန်းက အစ်ကို့အတွက်ပဲဆိုတာ အစ်ကို မေ့လျော့နေတာလား။

စိတ်ကိုအလိုလိုက်ကာ အစ်ကို့ကို အော်မိလိုက်တာကြောင့် ကိုယ့်ပါးစပ်ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။ မညှာပဲ အားနဲ့ ရိုက်လိုက်တာမို့ နာသည်။ ဒီထက်ပိုပြီး နာသင့်သေးသည်။

ဘာမှမပြောဖြစ်ကြပေမယ့် ဖုန်းလည်း မချဖြစ်ကြသေး။ ဒီလိုအခြေအနေကြီးက ဝန်း တို့နှစ်ယောက်ကြားမှာ ပထမဆုံး ကြုံတွေ့ရခြင်းပင် ။ ဒါပေမယ့် ဒီအခြေအနေကို ဝန်း နားလည်သည်။ အခုခံစားနေတဲ့ အစ်ကို့စိတ်ကို ဝန်း သိနေတယ် ဆိုတာက ပိုမှန်လိမ့်မယ်။

" အစ်ကိုကွာ...."

အစ်ကို့စိတ်တွေ ပြေလျော့ဖို့ရာ ဝန်းကပင် တစ်ထစ်လျှော့လိုက်သည်။

" ဖုန်းမကိုင်တော့ ကျွန်တော် စိတ်ပူနေတာလေ "

" စိတ်ထဲနေလို့မကောင်းဖြစ်နေတာလားဟင် စိတ်ထဲမထားရဘူးလေ အစ်ကိုပင်ပန်းမှာပေါ့ ကျွန်တော့်ကို ဆူလိုက်နော် "

အဆူခံမယ့် သူက ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုနေတာကို ဆူမယ့် သူက တေမိလုပ်နေသည်။ ရင်ထဲမှာနေရခက်လိုက်တာ။ အစ်ကိုသာ ဝန်းကို ဆူလိုက်ရင် အဆင်ပြေသွားမှာကို။

"အစ်ကို အခုတလော ကျွန်တော့်ဆီ
မလာဘူးနော် ဘာဖြစ်လို့လဲဟင် "

" မနက်ဖြန် ကလောသွားရမှာ ကျွန်တော့်ဆီလာပါဦး "

မနက်ဖြန် ခရီးထွက်ရမှာကို အစ်ကိုသိတယ်။ ခါတိုင်းဆို ဝန်းမသိလိုက်ခင်မှာပင် အိမ်ရောက်လာပြီး ထုတ်ပိုးနေပြီ။

အခုတော့ ရှုပ်ပွနေတဲ့ အခန်းအလယ်မှာ တုံ့ပြန်မှုမရှိတဲ့ Phone call ကို ကိုင်ပြီး တစ်ယောက်ထဲ မေးလိုက် ပြောလိုက်နဲ့ ယောင်ချာချာဖြစ်နေတဲ့ ဝန်းကိုတစ်ယောက်ယောက်များ မြင်ခဲ့ရင် အရူးလို့တောင် ထင်​ကြဦးမယ်။

" ဟင် အစ်ကို လာမယ်မလား "

" ငါ အိပ်တော့မယ် ပင်ပန်းလို့ "

ကျစ် ! ဘယ်တုန်းက ည 8 နာရီမှာ အိပ်လို့လဲ။ တမင်သက်သက် ဝန်းကို ရှောင်နေတာ။ဘယ်လောက် စိတ်ဆိုးဆိုး ဝန်းကို မျက်နှာချင်းဆိုင်ပြီး ရှင်းရမှ ကျေနပ်တဲ့ အစ်ကိုက ဒီလိုရှောင်တာလည်း ဒါက ပထမဦးဆုံးပင်။

" အစ်ကိုမလာမချင်း ကျွန်တော် မအိပ်ဘူး ... ဘာမှလည်း မလုပ်ဘူး... ကလောလည်း မသွားဘူး "

" အင်း သဘောပဲ "

တိခနဲ ကျသွားတဲ့ ဖုန်းကြောင့် ဝန်း ကြောင်လျက်သား။ အစ်ကို အရမ်း ပြောင်းလဲနေတယ်။

အခု ည 10 နာရီ ။ အစ်ကို ရောက်လာသင့်နေပြီလေ။ ည အရမ်း နက်သွားရင် ကားမောင်းရတာ အန္တရာယ် ရှိတာကို။

ဧည့်ခန်းရဲ့ ဘယ်ဘက် ထိပ် နဲ့ ညာဘက်ထိပ်ကို မရေမတွက်နိုင်အောင် ထပ်တလဲတလဲ လျှောက်နေတဲ့ ကောင်လေးတစ်ယောက်။ အိမ်တံခါးဝကို တကြည့်ကြည့်နဲ့ပေါ့လေ။ အိပ်ခန်းထဲက အဝတ်ပုံကြီးကလည်း ပုံမပျက်။ စောင့်နေဆဲ ။
မျှော်နေဆဲ။ အစ်ကိုလာမယ်လို့ ယုံကြည်နေဆဲ ။

နာရီစင်ကနေ ကြားနေရတဲ့ 11 ချက်တီးသံ တဒေါင်ဒေါင်။ တဖြည်းဖြည်းနဲ့ လူတွေ အိပ်မောကျချိန်ကို ရောက်လာပြီ။ရောက်မလာတာက အစ်ကို။

ဆိုဖာထက်ကို စိတ်ပျက်စွာ ထိုင်ချလိုက်ပြီး ခေါင်းကို ငုံ့ချလိုက်ကာ ခြေဖဝါးအောက်က ကြမ်းပြင်ကို မှင်သေသေ
ကြည့်နေမိတယ်။ အစ်ကိုက တကယ်ပဲ။

စိတ် နဲ့ လူနဲ့ မကပ်ဘဲ ထိုင်နေမိတာ နာရီလက်တံ တစ်ပတ်ပြည့်သွားသည်အထိ။
အစ်ကိုက ကျွန်တော့်ဆီမလာမှတော့ ကျွန်တော်က အစ်ကို့ဆီ လာရမှာပေါ့ ။ အစ်ကိုလည်း ကျွန်တော့်ကို စောင့်နေတယ်မလား။

" တီ.တီ.တီ.တီ.တီ.တီ ဂျလောက် "

လျှို့ဝှက်နံပါတ် နှိပ်တဲ့အသံ။ ပြီးတော့ ပွင့်သွားတဲ့ တံခါး။ အမဲရောင်ဟူဒီနဲ့ ဂျင်းဘောင်းဘီ အမဲ ဝတ်ဆင်ထားတဲ့ သွယ်သွယ်လျလျကောင်လေး ။ All Black နဲ့ ပနံသင့်စွာ လိုက်ဖက်နေတဲ့
ဖြူဥဥ အသားအရည်။ ခြေဖဝါး နုနုလေးတွေ။

" အစ်ကို "

ဟုတ်တယ် အစ်ကို သူ့ဆီလာခဲ့တယ်။
ဝန်း သေချာပေါက် သိ​နေတယ်။ အစ်ကိုက ဘယ်တော့မှ ဝန်းကို ပစ်သွားမှာမဟုတ်ဘူး။ ဝန်း ဘေးမှာ အမြဲတမ်းရှိနေမှာ။

" ညအရမ်းနက်နေပြီကို ဘာလို့လာတာလဲ ကျွန်တော် လာမှာပေါ့ ဟီး "

ဖင်တကြွကြွ ရင်တမမ နဲ့ စောင့်မျှော်ခဲ့တဲ့ အစ်ကို လာတော့လည်း အချိန်ကား နောက်တစ်နေ့ပင် ကူးနေပြီမို့ ငါသွားလိုက်ရမှာဆိုပြီး နောင်တရမိပြန်သည်။ ဒါပေမယ့် ပျော်သည်။ အစ်ကို ရောက်လာလို့ ဝန်း သိပ်ပျော်ပါသည်။

သခင်ကိုတွေ့သွားတဲ့ ခွေးပေါက်လေးလို အစ်ကို့ကို ပြေးဖက်ကာ နမ်းဖို့လုပ်တော့ သိသိသာသာ နောက်ဆုတ်သွားတဲ့ အစ်ကို့ခြေလှမ်းတွေ။

" လာမထိနဲ့ "

အပြုံးအရယ် ကင်းမဲ့ကာအလိုမကျမှုတွေ ပြည့်နှက်နေတဲ့ အစ်ကို့ မျက်နှာကြောင့် ရှေ့ဆက်တိုးရဲတဲ့ သတ္တိ ဝန်းမှာမရှိ။

" အစ်ကိုကလည်း "

ပွေ့ဖက်ဖို့ရာ ပြင်မိတဲ့ လက်နှစ်ဖက်ကို အောက်ပြန်ချကာ အစ်ကိုဝင်သွားသော အိပ်ခန်းထဲသို့ လိုက်ဝင်ခဲ့လိုက်သည်။

" ဒါတွေကဘာတွေလည်း "

" ဘာယူရမလဲ မသိလို့ "

ဝန်း ဆွဲချထားတဲ့ အဝတ်ပုံကြီးကို လက်ညိုးထိုးကာ မေးလာတဲ့ အစ်ကို့ကို ပုံမှန်အချိန်တွေတိုင်း စပ်ဖြီးဖြီးလုပ်ကာ ဖြေမိသည်။ အဲ့လို ဖြေလိုက်တာက အစ်ကို့ကို ပိုဒေါသထွက်စေသွားလားမသိပေ။

" မင်း အရမ်းလွန်တယ် ဝန်း ငါက မင်းရဲ့ ကျွန်လား ဟမ်! ဒီလိုကြီး ကျစ် ! ငါ မင်းကို သိပ်စိတ်ပျက်တယ် "

သိပ်စိတ်ပျက်တယ်....သိပ်စိတ်ပျက်တယ် ဆိုတဲ့ စကားက ဝန်း ရင်ကို အစိတ်အမွှာမွှာ ကြေမွစေသည်။ တွဲလာတဲ့ တစ်နှစ်ကျော်အတွင်း အစ်ကို့ဆီက ဒီလိုစကားမျိုး တစ်ခါမှ မကြားခဲ့ရတာကြောင့် ပါးစပ်အဟောင်းသားနဲ့ စိတ်ဆိုးနေတဲ့ အစ်ကို့ကို ကြည့်နေမိသည်။

" အစ် ကို ... "

တုပ်လှုပ်စွာ အစ်ကို့ကို ခေါ်မိတော့ စူးရဲစွာ ပြန်စိုက်ကြည့်နေတဲ့ အစ်ကို။

" ဒါတွေရှင်းခိုင်းဖို့ငါ့ကိုခေါ်တာလား အမြဲတမ်းငါ့ကိုပဲ ခိုင်းစားဖို့​တွေးမနေနဲ့ ကိုယ့်ဘာသာလုပ်တတ်အောင် လုပ်ပါဦး အချိန်တိုင်း ငါက မင်းရဲ့ ချီးသေးကအစ လိုက်လုပ်ပေးနေရမှာလား "

တစ်ခါမှ မမြင်ဖူးခဲ့တဲ့ အစ်ကိုပုံစံကို မြင်နေရတာမို့ ဝန်း တကယ်ကို အံ့သြတုပ်လှုပ်စွာ။ ဘာတွေက ဘယ်လောက်တောင် အစ်ကို့ကို စိတ်ဆိုးစေတာလဲ။

မိဘတွေ အမွေဖြတ်လိုက်တုန်းကတောင် မကျခဲ့တဲ့ မျက်ရည်တွေက အစ်ကို့စကားလုံးတွေရဲ့အောက်မှာတော့ ထိန်းမရအောင် ပြိုဆင်းခဲ့သည်။

"ခါ ခါတိုင်းလည်း ဒီလို ဟာ့ "

ရင်ဘတ်ထဲက ဆို့နစ်မှုတွေက လည်ပင်းမှာ တစ်ဆို့နေတာကြောင့် စကားပြောဖို့ရာ အားအင်တွေ မဲ့ကျကုန်သည်။

" ဒါက မင်း တမင်လုပ်ထားတာလေ ငါ့ကို အဲ့လောက်တောင် ခိုင်းချင်နေတာလား "

အစ်ကို့ခြေဖမိုးထက်က ဝန်း ရဲ့ မျက်ရည်စက်တွေကို အစ်ကိုက မျက်ကွယ်ပြုကာ ဝန်းကို စွပ်စွဲနေဆဲ။

" ခ ခန ကျွန် တော် သန့် စင် ခန်း ခန အစ်ကို ပြန် ချင် ပြန် ပါ မ ဟုတ် ဘူး မပြန် နဲ့ ကျွန် တော် လိုက် ပို့ ပေး မယ် ခ န စောင့်ပေးနော် ခ န"

အစ်ကို့ရှေ့မှာ မျက်ရည်မကျချင်တော့တာကြောင့် ရေချိုးခန်းထဲဝင်ကာ ရေစက်တွေနဲ့အတူ ရောချမိသည်။ အစ်ကို သိပ်ဆိုးတယ်။

အချိန်တော်တော်ကြာ ရေထဲနှစ်ပြီးတဲ့တိုင် ဝမ်းနည်းတဲ့စိတ်က အထွဋ်အထိပ်မှာ။ ဘာမှ မစီစဥ်ထားတာကြောင့် ကလောလည်း သွားနိုင်ဖို့ လမ်းမမြင်တော့။ သွားလည်း မသွားချင်တော့ဘူး။ ဖြစ်ချင်ရာ ဖြစ်တော့။

စိုရွှဲနေတဲ့ အဝတ်အစား တွေကို ချွတ်လိုက်ကာ ရေချိုးခန်းထဲမှာ ရှိတဲ့
တဘတ်ကို ခါးမှာ ပတ်ပြီး ထွက်ခဲ့လိုက်သည်။ အချိန်က အတော့်ကို နောက်ကျနေပြီမလို့ အစ်ကို့ကို လိုက်ပို့ပေးရမယ်။

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်ရပြန်သည်။

ရေချိုးခန်းထဲမှာ ဘယ်လောက်ကြာသွားတယ်မသိ ဝန်း ဖွထားတဲ့ အဝတ်ပုံကြီးကတော့ မရှိတော့ဘူး ။ နာရီတွေ ခါးပတ်​တွေ အကုန်လုံး သူ့နေရာနဲ့သူ အစီအရီပြန်ရောက်နေပြီ။

ကြမ်းပြင်မှာတော့ လိုအပ်တဲ့ ပစ္စည်းအသုံးအဆောင်တွေ နဲ့ ခရီးဆောင်အိတ်ထဲကို ပစ္စည်းတွေ စနစ်တကျ သပ်သပ်ရပ်ရပ် ထဲ့နေတဲ့ အစ်ကိုပဲ ကျန်တော့တယ် ။

" ဟို အစ်ကို ပင်ပန်းနေတာမလား အိမ်ပြန်နားလေ တောင်းပန်ပါတယ် အစ်ကို နားချင်နေတာကို ကျွန်တော်က အလိုက်မသိဘဲ ခေါ်လိုက်မိတယ် တောင်းပန်ပါတယ် ကျွန်တော် လုပ်လိုက်ပါ့မယ် "

ကြမ်းပြင်ပေါ်ထိုင်နေတဲ့ အစ်ကို့နားသွားကာ ပစ္စည်းတွေကို လှမ်းကိုင်တော့ ဝန်း လက်တွေကို အစ်ကိုက ရိုက်ချသည်။ ပြီးတော့ ဝန်းကို တစ်ချက်မှ လှည့်မ
ကြည့်ဘဲ အစ်ကို့ဘေးနားက သပ်သပ်ဖယ်ထားတဲ့ ညအိပ်ဝမ်းဆက် နဲ့ ဟူဒီကို ပစ်ပေးသည်။

အစ်ကိုက ဝန်း ကို ဂရုစိုက်တုန်းပဲ ။ ရေချိုးခန်းထဲမှာကြာနေလို့ ဟူဒီပါ ထုတ်ထားပေး​​သေးတယ်။
နည်းနည်းတော့ စိတ်ထဲကျေနပ်မိပေ
မယ့် စကားတစ်ခွန်းမှ မပြောဘဲ ဆူပုပ်နေတဲ့ အစ်ကို့ကြောင့် မပျော်ရဲ။

အစ်ကိုပေးတဲ့ အဝတ်တွေကို ဝတ်လိုက်ပြီး ခေါင်းကို ခြောက်အောင် Dryer သုံးလိုက်သည်။ ပုံမှန်ဆို အစ်ကို့ ရင်ခွင်ထဲ ခေါင်းထိုးပေးပြီး ချွဲလိုက်မှာ ။ အခုတော့ ကိုယ့်လက်ကိုယ့်ခြေ။ ဆံပင်ခြောက်အောင် မလုပ်ရင် အစ်ကို ပိုစိတ်ဆိုးလိမ့်မယ်။

ခရီးဆောင်အိတ်ထဲ ပစ္စည်းတွေ ထည့်သို ထုတ်ပိုးပေးပြီး ဝန်း ယူသွားရမယ့် လိုအပ်တာတွေ အကုန်လုံးကို တစ်စုထဲ ထားကာ ကုတင်ပေါ်မှာ တင်ပလင်ခွေပြီး တက်ထိုင်နေတဲ့ အစ်ကို။

မျက်နှာကြောက မလျှော့သေးသလို ဝန်းကိုလည်း တစ်ချက်မှ မကြည့်ဘဲ သက်မဲ့ နရံကြီးကိုသာ မလှုပ်မယှက် စိုက်ကြည့်နေတဲ့ အစ်ကို့ကို နောက်ကနေ ဝန်း ဖက်တွယ်လိုက်သည်။ ဒါကို အစ်ကို ရုန်းနေတာမို့ အစ်ကို့နည်းတူ တင်ပလင်ခွေထင်လိုက်ပြီး အစ်ကို့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထဲ့ကာ ဖြစ်ညစ်ထားလိုက်သည်။ ထိုအခါမှ မရုန်းနိုင်တော့ဘဲ ငြိမ်ကျသွားသည်။ အစ်ကိုက အစ်ကိုနဲ့ မတူစွာ တော်တော်လေးကို စိတ်ဆတ်နေသည်။

မျက်စိရှေ့က ဂုတ်သားဖွေးဖွေးလေးကို အနမ်းတစ်ချက်ပေးလိုက်ပြီး မနေ့ကပေးထားတဲ့ အရာရဲရဲလေးကိုလည်း ငုံ့ကာ နမ်းတော့ အသက်အောင့်ကာ ကျောမတ်ထားပြန်သည်။

" မနမ်းတော့ဘူး အသက်ဝဝရှူ "

အစ်ကိုရဲ့ လည်တိုင်လေးတွေ ဂုတ်ဖွေးဖွေးလေးတွေကို ဝန်း မထိတထိနမ်းတဲ့အချိန်အခါမျိုးတွေမှာ အသဲကျိန်းလို့ဆိုပြီး အသက်အောင့် အောင့်ထားတတ်တဲ့ အကျင့်လေး ရှိတာကြောင့် မထိတထိ သိပ်မလုပ်ရဲဘူး။ အခုလည်း မနမ်းတော့ဘူးဆိုမှ ဝင်လေထွက်လေက မှန်သွားပြီး ဝန်းရင်ခွင်ကြီးထဲ မှုန်ကုပ်ကုပ်လေး ထိုင်နေသည်။

" အစ်ကို့မရှိရင် ဆိုတာကို ကျွန်တော် စိတ်ကူးတောင် ယဥ်လို့မရဘူး "

" ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ထဲရှိတာ အစ်ကိုမရှိရင် ကျွန်တော် သေမှာ "

"အစ်ကို့နေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး ကျွန်တော် ဒါတွေကို မလုပ်တတ်တာမဟုတ်ဘူး အစ်ကို လုပ်ပေးတာကို လိုချင်မိရုံလေး အစ်ကို့ကို
ကျွန်တော့်ရဲ့ နေရာတိုင်းမှာ လိုအပ်ချင်မိတာလေးကြောင့် "

" နေ့လယ်က ကျွန်တော့်ဖုန်း သူများ ကိုင်လို့လား သူက တမင်ကိုင်လိုက်တာမဟုတ်ဘူး အရေးကြီးနေမလားဆိုပြီး စေတနာ​ဇောနဲ့ ကိုင်ပေးလိုက်တာတဲ့ ကျွန်တော်ပြောချင်တာက ရိုးရိုးသားသားဆိုတာ ပြောချင်တာ ဘယ်တော့မှ ဒီလိုထပ်မဖြစ်စေရဘူး စိတ်မဆိုးပါနဲ့ မှားသွားပါတယ် "

ဒီကောင်လေး ဘယ်တုန်းက ဒီလောက်ထိ အငိုသန်သွားတာလဲ။ရေချိုးခန်းထဲ အကြာကြီး သွားငိုထားတာတောင် မလုံလောက်​နိုင်သေးဘူးလား။ ကိုယ့်မှာ အအေးပတ်မှာစိုးလို့ သူဖွထားတာတွေရှင်းလိုက် ရေချိုးခန်းဆီ ပြေးကပ်ပြီး ရေသံနားထောင်လိုက်နဲ့ ကယောက်ဂယက်။

အခုလည်း ရန်း ကို ဖက်ကာ ပြောလိုက် တအီအီရှုံ့ကာ ငိုလိုက်လုပ်နေတဲ့ ငချွဲကြောင့် ရန်း စိတ်တွေ ပြေနေပြီ။ရန်းနဲ့ပတ်သက်လာရင် စိတ်ခံစားမှုလွယ်တဲ့ကောင်လေးကြောင့် နောက်ဆို စိတ်တောင်ဆိုးလို့ရပါတော့မလား။

" ငါ့ အင်္ကျီမှာ နှပ်ချေးတွေ မသုတ်စမ်းနဲ့ "

ရန်းရဲ့ကျောမှာ မျက်နှာကပ်ပြီး သူ့နှပ်တွေကို လာသုတ်နေတဲ့ ကောင် နဲ့ စကားပြောဖို့တော့လိုလာပြီ။

" လူကြီးက ကြီးကောင်ကြီးမားနဲ့ တစ်ခုခုဆို ငိုဖို့ပဲတတ်တယ် "

သူ့ဘက်ကို မျက်နှာချင်းဆိုင် လှည့်ကာ ပြောတော့ ပိုလို့တောင် တရှုံ့ရှုံ့လုပ်ပြနေသေးတယ်။

" တော်ပြီ ငါက မင်းကို ဘာတွေလုပ်နေလို့ ငိုနေရတာလဲ မသိရင် ငါက ရိုက်နှက် နှိပ်စက်နေတာ ကျလို့ တိတ်တော့ "

မျက်ရည်တွေ သုတ်ပေးကာမှ ပိုတိုးလို့ငိုတော့တယ်။ ချော့လေ ငိုလေ ဆိုတာမျိုး။

" ဟ ဘယ်လိုဖြစ်နေတာတုန်း တိတ်တော့လို့ "

" အစ်ကို့ကြောင့် အစ်ကိုက ဆူတာ "

ပြောရင်း ရန်းပေါင်ပေါ် ခေါင်းတင်ပြီး သူ့မျက်နှာကို ရန်း ဗိုက်မှာ လာအပ်ကာ ရန်း အင်္ကျီကို ဆွဲပြီး နှပ်ညစ်နေပြန်သည်။ဝတ်ခဲ့ချင်ဦးဟဲ့ Gucci Hoodie ။အယုတ်တမာကောင်။ နိုင်ငံကျော်မင်းသားက ခုလိုလည်း ညစ်တီးညစ်ပတ်နိုင်သေးတယ်။

" မင်းလုပ်ပုံက ဟုတ်လို့လား "

"သေချာမပြောဘူး အစ်ကိုက ဆူတာ "

ကိုယ်စိတ်ပြေနေပြီဆိုတာ သိတော့ ပေါင်ပေါ်ကနေ မော့ကြည့်ပြီး ကိုယ့်အပြစ်လုပ်နေသည်။နည်းနည်းမှ ချစ်စရာမကောင်းဘူး။

" ငါ မှားသွားတယ်.. ငါ ကလေးဆန်သွားတာ.. ငါ့စိတ်တွေထိန်းမရဖြစ်ပြီး စကားလုံးကြမ်းကြမ်းတွေ ပြောမိသွားတယ်...အမှန်အတိုင်း ပြောရရင် မင်း နဲ့ အဲ့ကောင်လေးကို အကုန်လုံး ဝိုင်းတွဲပေးနေတာတွေ မြင်ပြီး ငါ သဝန်တိုနေတာ သူက ဖုန်းလာကိုင်တော့ ငါ စိတ်တိုမိသွားတာ သဝန်တိုလို့ သဝန်တိုစိတ်ကြောင့် ငါ သဘောထားသိမ်သွားတယ် sorry "

သဝန်တိုစိတ်ကြောင့်တဲ့ ဟဟ။ အရင်က သဝန်အတိုခံချင်လွန်းလို့ သဝန်တိုအောင် အမျိုးမျိုးလုပ်ပြရင်တောင် သူက တပြုံးပြုံးနဲ့ လက်ပိုက်ကြည့်နေတတ်တာ။ အခုကျမှ သဝန်တိုတာတဲ့လေ။အစ်ကိုက တကယ်ကို ချစ်စရာလေးပဲ။

" အာဘွားပေးချင်တယ် "

" ဘာမှ အာမဘွားဘူး! မင်း ဒီလိုတွေ ဖွထားတာတော့ ငါ တကယ် စိတ်တိုတယ် ဝန်း! ဖွ ဖို့က လွယ်တယ် ရှင်း ရတဲ့သူက မသက်သာဘူး ဘာလို့ ဒီလိုတွေ ဆိုးရတာလဲ "

ဘာလဲ ဆူပြန်ပြီလား။ အစ်ကိုကလေ တကယ့် အဘိုးကြီးပေါက်စ ဖြစ်နေပြီ။
ဝန်း က ဘယ်မှာ ဆိုးနေလို့လဲ။ အစ်ကို့ကို တွေ့ချင်လို့ လုပ်မိတာကို ။

" ဖွ လိုက်ရင် အစ်ကို​ရောက်လာမယ်ထင်လို့ "

သူကို ဆိုးတယ်ပြောတော့ နှုတ်ခမ်းကြီး ဆူပြီး မျက်လွှာချကာ ပတ်ခနဲ ပြန်ပြောသည်။

"မင်းက ကလေးလား အဲ့လိုတွေးရအောင် ဟမ် "

"အင်း ကလေးလေး အစ်ကို့ကလေးလေး အာဘွားပေးလို့ရပြီလား "

" ကျစ်! ရှိန်းမြင့်မိုရ်ဝန်း ငါ့စကားကို ပေါ့ပြက်ပြက်သဘောထားနေတာလား "

" ရှိန်းမြင့်မိုရ်ဝန်း လို့ မခေါ်နဲ့ "

" ရှိန်းမြင့်မိုရ်ဝန်း ကို ရှိန်းမြင့်မိုရ်ဝန်း လို့မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ "

" ဝန်း အစ်ကို့ရဲ့ဝန်း အစ်ကိုတစ်ယောက်ထဲ ခေါ်ခွင့်ရှိတဲ့ ဝန်း "

ကဲ ဒီလိုချုပ်နေမှတော့ ဘယ်လိုဆက်ဆူရမှာလဲ ။ ဆက်ဆူလို့လည်း ရမှာမဟုတ်ဘူး။ ပြောနေတာတွေကို အရေးမလုပ်အ​လေးမထားဘဲ သူလိုချင်တာကိုပဲ တဆာဆာ တောင်းနေတာ။

ဆူတယ်တာပြောတာ အနေအထားက အဆူခံနေတဲ့ တကောင့်သား ကိုယ့်ပေါင်ပေါ်မှာ စနစ်တကျ ခေါင်းအုံးလို့ တစ်ခါတစ်ခါ အင်္ကျီအောက်ထဲ လက်ထိုးပြီး ရန်း ဗိုက်တွေကို လာပွတ်တတ်သေးတယ်။ ဆူတဲ့လူက ခေါင်းကြီး ငုံ့ပြီး ဆူနေရတယ်။ ဒီလိုပုံစံနဲ့ ဆူတာမျိုး ဘယ်မှာ ရှိလို့လဲ။

တဖြည်းဖြည်းနဲ့ ချော့ရမယ့်သူက ရန်းဖြစ်လာပြီ။

" ဝန်း "

" နောက်တစ်ခါဆို ဒီလိုတွေ မလုပ်နဲ့ ငါက အမြဲ အားနေတာမဟုတ်ဘူး အချိန်တွေ အများကြီး မရဘူး အခုကြည့် အချိန်တွေ အလကား ပိုကုန်သွားတယ် လိုချင်တာတွေ ယူချင်တာတွေပဲ ထုတ်ထား "

"ဟုတ် အာဘွားပေးလို့ရပြီလား "

" ဖြန်း "

" အ့ "

​ပြောနေတာကို တစ်စက်မှ စိတ်မဝင်စား ဘူး ထစ်ခနဲဆို အာဘွားလုပ်နေတာကြောင့် တွေ့ရာနေရာ လက်မောင်းကို အားနဲ့ရိုက်ချလိုက်သည်။ တော်တော် အသားနာချင်နေတဲ့ ကောင်။

" ငါ​ပြောတာ နားလည်လား "

နာသွားတဲ့သူ့လက်မောင်းကို ပွတ်ရင်း မျက်နှာကြီးမဲ့ကာ ခေါင်းငြိမ့်ပြသည်။

" ပါးစပ်က ဖြေ "

" နားလည်ပြီ "

ခြေချစရာမရှိအောင် လုပ်ထားတဲ့ ဝန်း ကို တကယ်ဆူချင်သည်။ ကိုယ်မှမလုပ်ပေးရင် တကယ် ဘာမှမလုပ်ဘဲ အလုပ်တွေပျက်မှာ သိလို့ မနေနိုင်မထိုင်နိုင်ဘဲ ညကြီးမင်းကြီး ပြေးလာခဲ့တာကို ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက သွေးတက်စရာ။ နဂိုထဲက ညစ်ညူးနေတဲ့ စိတ်တွေက ဝန်း ဖွထားတဲ့ မျက်စိရှုပ်စရာ မြင်ကွင်းကြောင့် ထိန်းမရဘဲ ပေါက်ကွဲမိသည်။
တမင်သက်သက် ကို လုပ်ချထားတာ။ ရန်း ကို တမင် ခိုင်းချင်လို့ မဟုတ်ဘဲ ရန်း ကို မျှော်နေလို့ဆိုတာ ရန်း နားလည်တယ် ။ ဒါပေမယ့် ဝန်း လုပ်ပုံကြီးက မှန်မနေဘူးလေ။ ရှင်းလိုက်ရတဲ့ ပစ္စည်းပစ္စယ တွေ တကယ်ပင် ဇက်တွေ ညောင်း လက်တွေပြုတ်ထွက်တော့ မတတ်။

"အခုကြည့် တောင်ပုံယာပုံကြီး ရှင်းရတာ ဇက်တွေတောင် ညောင်းတယ် "

" ကျွန်တော် နှိပ်ပေးမှာပေါ့ "

ချက်ချင်း လှဲနေရာက ထလာပြီး လာနှိပ်ပေးသည်။ လုပ်တုန်းကတော့ လုပ်ချင်သလို ထင်တိုင်းကြဲထားပြီ အခုမှ နှိပ်ပေးရတာနဲ့ ဘာနဲ့။ ဆိုင်မှာလည်း ပင်ပန်းတာကြောင့် အဘိုးကြီးလို နေ့တိုင်း ဇက်ကြောတွေ တက်လို့ အနှိပ်ခုံဝယ်ဖို့ စဥ်းစားနေတာ ။ ဒီနေ့က ပိုပင်ပန်းသွားတယ်။ စိတ်ရော လူရော။

" အစ်ကို "

" ဘာလဲ "

" ကျွန်တော့်ကိုချစ်လား "

" ချစ်လားလို့ "

" ချစ်တယ်လို့ "

" ဘယ်လောက်ထိ ချစ်လဲ "

" ဟော....ဒီလောက်ကြီး "

" ကျွန်တော်က ဟော...ဒီလောက်ကြီးရဲ့နှစ်ဆ "

ရန်း ပြုံးလိုက်သည်။ ရန်း ပြုံးသလို ဝန်းလည်း ပြုံးနေမှာပဲ။
နေ့တိုင်း မေးနေ ဖြေနေ ရပေမယ့် ငြီးငွေ့စရာလို့ နည်းနည်းလေးတောင် မမြင်မိဘူး။ မမေးရင်သာ စိတ်ဆိုးမိဦးမှာ။

" ကျွန်တော့်ဆီ အခုတလော ဘာလို့မလာတာလဲ "

" အလုပ်တွေ ရှုပ်နေလို့ "

" ညာတာ အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ် အစ်ကို က ကျွန်တော့်ဆီ မရရအောင် လာနေကြကို "

" မညာပါဘူး ဝန်း ရဲ့ အခုတလော customer တွေက တိုးလာတော့ ဆိုင်ပိတ်ချိန်လေးကို နောက်ဆုတ်ထားတာမို့ "

နေ့စဥ်နဲ့အမျှ ဝန်းကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ များလာတဲ့အခါ ရန်း ကြောင့် တစ်ခုခုထိခိုက်သွားမှာကို စိုးရိမ်နေလို့ ဆိုတာကိုတော့ မပြောပြတော့ပါဘူးလေ။

" ကျွန်တော့်ထက် အစ်ကို့အပင်တွေကို ပိုချစ်တာမလား "

ကြည့် မဟုတ်တာတွေ စလာပြီ။

" မဆိုင်တာတွေ မပြောနဲ့ နှိပ်မှာသာ နှိပ် "

" အကျင့်ပုပ် "

ကလေးကုလားကောင်။

" ညနေက အစ်ကို ဘာဖြစ်လို့လဲ "

" အော်...အဟင်း Documentary Channel တစ်ခုက ငါ့ကို အစီအစဥ် တစ်ခု ရိုက်ဖို့ ကမ်းလှမ်းလာတယ် "

ကောင်းတဲ့ အကြောင်းအရာကို ပြောပြဖို့ ဖုန်းဆက်ခဲ့တာကိုး။

" ဘယ် channel ကလဲ "

" DayTime "

DayTime ဆိုတာ နယ်နယ်ရရမလို့လား။ မြောက်မြားစွာသော လုပ်ငန်းတွေကို ပိုင်ဆိုင်ထားတဲ့ ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားတဲ့ လုပ်ငန်းစု။

DayTime Channel ကိုတော့ တည်ထောင်တာ နှစ်အနည်းငယ်ပဲ ရှိသေးပေမယ့် တစ်ဟုန်ထိုးကို အောင်မြင်နေတဲ့ Channel တစ်ခု ။ ဝန်း တောင် DayTime ရုပ်သံ မှာ တစ်ခါမှ မပါဝင်ဖူးဘူး။ အခု အစ်ကိုက DayTime ရဲ့ ကမ်းလှမ်းမှုကို လက်ခံရတယ်ဆိုတော့ ဘယ်လောက်ကောင်းလိုက်တဲ့ အခွင့်အရေးလဲ။ အစ်ကိုကရော နယ်နယ်ရရ မလို့လား ။ ရှေးဆက်ရန်းလေ
ရှေးဆက်ရန်း။

" ဆက်ပြောပြဦး ဘယ်အစီအစဥ်လဲ"

" သူတို့က ငါနဲ့ အစီအစဥ်တစ်ခုလုပ်ချင်တာ အပင်အကြောင်းတွေကို သုတေသနလုပ်ပြီး တင်ဆက်တာမျိုး အပင်ချစ်တဲ့သူတွေ အတွက် ရည်ရွယ်ထားတဲ့ program လေးလုပ်ချင်တာတဲ့ "

" အော် program အသစ်ပေါ့ အစ်ကို တစ်ယောက်ထဲနဲ့လား "

" အင်း ငါတစ်ယောက်ထဲပဲ တင်ဆက်ရမှာတဲ့ "

" စာချုပ်နဲ့လား "

" သုံးနှစ်စာချုပ်တဲ့ ငွေရေးကြေးရေးက မနက်ဖြန် တွေ့ဆုံပြီး ပြောမယ်တဲ့ မနက်ဖြန်မှ အသေးစိတ် သိရမှာ အခုက ဖုန်း နဲ့ တွေ့ဖို့ ကမ်းလှမ်းရင်း အတိုချုံ့ပြောသွားတာ အကုန်လုံးကို ငါ့စိတ်တိုင်းကျ ညှိပေးမယ်တဲ့ "

သူသဘောကျတဲ့ အလုပ်ကို လုပ်ရမှာဆိုတော့ ပျော်ပြီး တက်ကြွနေတာ။ ပြောပြနေတာကိုက အရမ်းသဘောကျနေမှန်း သိပ်သိသာတယ်။

" အဆင်ပြေတာပေါ့ အစ်ကိုနဲ့ တကယ်တွဲလုပ်ချင်လို့နေမှာ အစ်ကို့သဘောကရော "

" သဘောကျတယ် ငွေရေးကြေးရေးထက် အပင်တွေကို sharing လုပ်ရမှာမို့ ငါကြိုက်တယ် မင်းရော ဘယ်လိုထင်လဲ ငါလုပ်သင့်လား "

" အင်း ကျွန်တော်လည်း သဘောကျတယ် "

အစ်ကို သဘောကျမှတော့ ကျွန်တော်က သဘောမကျဘဲ နေပါ့မလား။ အစ်ကို သဘောကျတဲ့ အရာက ကျွန်တော် မုန်းတဲ့အရာဖြစ်နေရင်တောင် အဲ့အရာကို ချစ်တတ်အောင် ကျွန်တော် ကြိုးစားမှာ။

" သေချာစဥ်းစားကြည့်လိုက်တော့ ငါ သိပ် သဘောမကျသလိုပဲ "

" အင်းနော် ကျွန်တော်လည်း သဘောမကျဘူး "

" ငါ သဘောကျတယ် "

" ကျွန်တော်လည်း သဘောကျတယ် "

" ဟားဟား ငချွဲကောင် "

ပါးလေးကို ဖြစ်ညှစ်ပြီး ပြောလိုက်တော့ သွားတန်းညီညီလေးတွေ ပေါ်တဲ့အထိ ပြန်ရယ်ပြသည်။ ရှိန်းမြင့်မိုရ်ဝန်း ဆိုတာ အဲ့လိုပဲ။ သူမကြိုက်လည်း ကိုယ်ကြိုက်ရင် လိုက်ကြိုက်တာမျိုး။ ကိုယ်မကြိုက်တာကြောင့် သူကြိုက်တာကို
မကြိုက်တော့တာမျိုး။

လူဆိုတာ တစ်ယောက် နဲ့ တစ်ယောက် စိတ်ချင်းထပ်တူမကျနိုင်တာမို့ မင်း စိတ် နဲ့ မင်း လွတ်လွတ်လပ်လပ် ရွေးချယ်ရမယ်လေ လို့ပြောတိုင်း ကျွန်တော်က အစ်ကိုနဲ့ ထပ်တူကျမှာ ဆိုပြီး အတင်းလိုက်ပြီး ထပ်တူကျချင်တာ။ အစ်ကို ကြိုက်တာကို လိုက်ကြိုက်ရမှ စိတ်ထဲပျော်တာ အစ်ကို မကြိုက်တာကို ကြိုက်နေရတာ မပျော်ဘူးတဲ့လေ။

" မနက်ဖြန် သေချာရင် ​ပြောပြဦးလေ "

" အင်း ငါ့မှာ ဒီနေ့လည်း သိသိချင်း မင်းကို ချက်ချင်းဖုန်းဆက်လိုက်တာ အပျော်တွေတောင် ပျောက် "

" ကျွန်တော့်ကို ယုံတယ်မလား "

" အင်း ငါ့စိတ်ကို ငါမနိုင်တာ မင်းကိုက ယုံတယ် "

ရန်းလည်း ကိုယ့်စိတ်ကို မသိတော့ဘူး။ တွဲလာတဲ့ တစ်လျှောက် များစွာသော သူတွေနဲ့ ဝန်း တွဲလုပ်ခဲ့ပေမယ့် အလုပ်က အလုပ်ပဲမို့ ဘာမှ မခံစားခဲ့ရဘူး။ သဲသဲလှုပ်နေတဲ့ ဝန်း ရဲ့ Fan တွေရဲ့ အကဲအသဲ စာတွေ ၊ တွဲရိုက်ထားတဲ့ ပုံတွေ မြင်ရင် အော် ဝန်းက အရမ်းကို အချစ်ခံရပါလားဆိုပြီး နောက်ထပ် များများချစ်ပေးကြပါစေ လို့ ပျော်ပျော်ကြီး တောင်းဆုပြုရတာ အမော။

အခုကျမှ... သစ်ခက်လွှားဆိုတဲ့ ကောင်လေးနဲ့မှ။
ကိုကို ကိုကို ဆိုပြီး ခေါ်တဲ့ အဲ့ကောင်လေး အသံကိုလည်း မကြားချင်ဘူး။ အဲ့ကောင်လေး နဲ့ ဝန်းကို လိုက်ဖက်ကြောင်း ပြောပြီး တွဲစေချင်နေတဲ့ လူတွေကိုလည်း သဘောမကျဘူး။ ဝန်း နဲ့ အဲ့ကောင်လေး နှစ်ယောက်ထဲ ပုံတွေကိုလည်း မမြင်ချင်ဘူး။ သဝန်တိုတာလားဆိုရင် ဟုတ်တယ် သဝန်တိုတယ်။

" စိတ်လျှော့ပါ အစ်ကိုရဲ့ ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ပဲ ရှိတာ အစ်ကိုဆူရင် ကျွန်တော် ဝမ်းနည်းတယ် "

" ငါ လွန်သွားတာ စိတ်ထဲက မပါဘူးဆိုတာ သိထားပေး ငါလည်း ဆူပြီးတော့ မင်းထက်ပို ဝမ်းနည်းတယ် နောင်တလည်း ရတယ် မင်းက ငါ့ရဲ့ ချစ်မဝလေးလေ "

ရန်းကရော ဝမ်းမနည်းဘဲနေမလား။ အကြီးဖြစ်ပြီး မရင့်ကျက်ခဲ့မိဘူး။ စိတ်မကောင်း ဖြစ်စရာ အကြောင်းမဟုတ်ပါဘဲနဲ့ ကလေးဆန် မိသွားတာ။ သေချာခြုံကြည့်လိုက်ရင် ရန်း လွန်သွားခဲ့တယ်။

" ဒီနေ့ ကျွန်တော်နဲ့ အိပ်ပေးမှာမလား "

အချိန်က မနက် သုံးနာရီ ဖြစ်နေပြီ။ ဒုက္ခပါဘဲ။ မနက်အစောကြီး ခရီးထွက်ရမယ့် ကလေးက ခုချိန်ထိ ငုပ်တုတ်။ အိပ်ချိန်က ဘယ်လောက်မှ မကျန်တော့။ ရန်း အမှားတွေ ရန်း မှားတာ။

" အိပ်ပေးမှာပေါ့ "

အိပ်ပေးမယ်ဆိုပြီး ကုတင်ပေါ်က ပြေးဆင်းသွားတဲ့ အစ်ကို။

" ဘယ်လဲ "

" ငါ့ ညအိပ်ဝတ်လေး လဲလိုက်ဦးမယ် "

ဝန်း ရဲ့ နက်ပြာရောင် ညဝတ်အိပ်လေးကို ယူကာ ရေချိုးခန်းထဲဝင်သွားသည်။ သူ့ဟာတောင်ဖြစ်ရသေး။ အင်း...သူ့ဟာပါပဲလေ။

/

" ဘာလို့ အတင်းတိုးနေတာတုန်း "

ကုတင်အကျယ်ကြီးဟာကို ရန်း ဘက်အတင်တိုးနေတာကြောင့် ရန်းက ပြုတ်ကျတော့မယ်။

" နေရာမရှိလို့ "

အစ်ကို့ကို ရင်ခွင်ထဲ ထဲ့အိပ်ချင်လို့ဆို ပြီးပြီလေ ။ ဘာကို ဗလောင်းဗလဲ နေရာမရှိလို့လဲ။ ဒီလိုအချိန်မျိုးဆို လူနားကပ်ချင်တဲ့ ကောင်လေး နဲ့ မျက်နှာချင်းဆိုင်လိုက်ကာ ပါး​လေးကို ဖွဖွပွတ်သပ်ပေးတော့ ခွေးပေါက်လေးလို ငြိမ်လို့။

" နှစ်လတောင် ခွဲရမှာ "

" လွမ်းချစ်လေး ချစ်ကြတာပေါ့ " လို့ပြောတော့ နှုတ်ခမ်းက မဲ့ကျလာသည်။
လွမ်းရမှာကို ရန်း ရော ဝန်း ရော မကြိုက်ပေမယ့် လွမ်းရတာကလည်း အချစ်တစ်မျိုးပဲမို့ လွမ်း ကြဦးစို့။

" ကိုနေဦးက 5 နာရီလာမှာ "

" ဘယ်လို လုပ်ကြမလဲ "

5 နာရီထိုးဖို့ နာရီပိုင်းလောက်လေး လိုတော့တာကို အိပ်ရေးဘယ်လို ဝတော့မလဲ။

" စိတ်မပူနဲ့ ကားပေါ်မှာ အိပ်သွားလို့ရတယ် "

" အခုလည်း အိပ်တော့ "

" ဖက်ပေး "

က်ုယ်တော်ချွဲရဲ့ ရင်ခွင်ထဲတိုးလိုက်ကာ ဖက်လိုက်တော့ ရယ်သံလွင်လွင်လေးက ထွက်ခဲ့သေးသည်။

" ချစ်တယ် "

" ငါ လည်း ချစ်တယ် "

အင်း...ချစ်တယ် ။ မင်း ကို ချစ်တဲ့
ကိုယ့်ကိုယ်ကို ကို လည်း သဘောကျတယ်။

/

Zawgyi

ကြန္ဒိုတိုက္ခန္းငယ္ေလးထဲ ေျခခ်လိဳက္ေတာ့ အခန္းငယ္ေလးက အထီးက်န္စြာ တိတ္ဆိတ္လို႔။ မ်က္လုံးတစ္ခ်က္ ေဝ့ၾကည့္လိုက္ေသာ္လည္း သက္ရွိဆိုလို႔ ဝန္း ရယ္ အစ္ကိုလာထားထားတဲ့ အပင္ေတြရယ္သာ ရွိသည္။ ဧည့္စားပြဲေပၚက ပန္းအိုးအျဖဴေလးထဲက ဘယ္ေသာမွ မညွိုးႏြမ္းမယ့္ ေနၾကာပန္းေလးေတြကို ျမင္ေတာ့ ၿပဳံးမိျပန္သည္။ ကြၽန္ေတာ္က အစ္ကို႔တစ္ေယာက္ကိုသာ မ်က္ႏွာမူ
မယ့္ အစ္ကိုပ်ိဳးထားတဲ့ ေနၾကာ။

" အဟမ္း အဟမ္း "

တစ္ေယာက္ေယာက္မ်ား ရွိေနမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႕ အသံျပဳလိုက္ေတာ့ အလုံပိတ္ထားတဲ့ တိုက္ခန္းေလးထဲမွာ ဝန္း အသံက ဟိန္းထြက္သြားတာပဲရွိတယ္ တုံ႕ျပန္သံက ထြက္မလာ။ အခန္းေလးက တိတ္ဆိတ္ၿငိမ္လ်က္သား။

အိပ္ခန္းတံခါးကို အျမန္ဆြဲဖြင့္ကာ ဝင္လိုက္ေတာ့လည္း ေမွ်ာ္လင့္မိတဲ့ ကိုယ့္အရာရာကို မေတြ႕ျပန္။အဝတ္ဗီဒိုကို ဖြင့္ကာ ရွိသမွ် အဝတ္ေတြအကုန္ၾကမ္းျပင္ေပၚ ဆြဲခ်လိဳက္သည္။ အကၤ်ီေဘာင္းဘီ အကုန္အကုန္ ဗီဒိုတစ္ခုလုံး ေျပာင္သလင္းခါသြားသည္အထိ။ ဒါတင္ မလုံေလာက္ေသး ရွိသမွ် ခါးပတ္ေတြ နာရီေတြအကုန္လုံးကိုပါ ၾကမ္းျပင္ေပၚ ပစ္ခ်လိဳက္သည္။ ၾကမ္းျပင္တစ္ခုလုံးေျခခ်စရာမရွိေတာ့တဲ့ အထိ ရွိသမွ် အကုန္သြန္ေမွာက္ၿပီးသြားတဲ့အထိ အစ္ကိုက ေပၚမလာ။ အစ္ကို ရွိမေနဘူး။ အစ္ကို ဝန္းဆီ မလာဘူး။

" တူ.. တူ.. လူႀကီးမင္း ေခၚဆိုေသာ ... "

"က်စ္! " ဒါနဲ႕ဆို အစ္ကို႔ကို ဖုန္းေခၚတာ 15 ႀကိမ္ေျမာက္။ ဘာကိစၥဖုန္းမကိုင္ရတာလဲ။ မၾကားလို႔ မကိုင္တာမဟုတ္ဘူးတမင္ကို ခ်ခ် ပစ္ေနတာ။ လိုင္းေပၚတက္ၾကည့္လိုက္ေတာ့ 13 hours ago တဲ့ ။ လိုင္းလည္းမတက္ဘူး ။ အစ္ကို႔မွာ ကိစၥတစ္ခုခုရွိေနတာ ေသခ်ာသြားၿပီ။ ဒီတစ္ခါ ေနာက္ဆုံးပဲ ဒီတစ္ခါမွ မကိုင္ဘဲ ဖုန္းခ်ပစ္ရင္ အစ္ကို႔ဆီ လိုက္သြားေတာ့မည္။

" ေျပာ "

ဖုန္းဝင္ခ်ိန္ျပည့္ခါနီးမွ ထြက္လာတဲ့ အသံက မကိုင္ခ်င္ဘဲ ကိုင္လိုက္ရတာေၾကာင့္ ခပ္ျပတ္ျပတ္။

" အစ္ကို ဘယ္မွာလဲ "

" ငါ့အိမ္မွာငါေနေနတာေပါ့ဟ ဒီအခ်ိန္ႀကီး ဘယ္မွာရွိေနရမွာလဲ "

စြာလိုက္တဲ့ ေရွးဆက္ရန္း။ ဒါေလးေမးမိတာကို ရန္ေတြ႕ခံလိုက္ရတယ္။ဘာပဲျဖစ္ျဖစ္ အိမ္မွာရွိေနတာမလို႔ ေတာ္ပါေသးတယ္။ စြာေနပုံေထာက္ရင္ေတာ့ ျပႆနာက ဝန္း ျဖစ္ေလာက္တယ္။
ဝန္း ကို စိတ္ဆိုးေနတာလား။

" ဘာကိစၥဖုန္းကိုခ်ခ်ပစ္ေနတာလဲ "

" မကိုင္ခ်င္လို႔ကြာ "

အစ္ကို႔ရဲ႕ပင္ကိုဗီဇ အစြာဓာတ္ကေလးက ဒီေန႕မွာေတာ့ ျပန္ေပၚလာခဲ့ပါၿပီ။ အစ္ကို စိတ္ဆိုးေနရျခင္း အေၾကာင္းအရင္းကို ဝန္း ရိပ္မိသည္။ ဒါေပမယ့္ ဖုန္းထဲမွာထက္ အစ္ကို႔ကို ေပြ႕ဖက္ၿပီး
ဒီကိစၥအတြက္ အစ္ကိုဝမ္းနည္းေနဖို႔
မလိုေၾကာင္း အနမ္းေတြ တဖြဖြေပးရင္း
ေျပာျပခ်င္သည္။

" ဘာကိစၥမကိုင္ခ်င္ရတာလဲ "

အစ္ကို႔ကို ဝန္း လိုအပ္ေနေသာ္လည္း ဖုန္း ခ်ခ်ပစ္တဲ့အတြက္ နည္းနည္း စိတ္ဆိုးခ်င္ေသးတယ္။
ေလာေလာဆယ္ေတာ့ ဝန္း ရဲ႕ အသံသည္လည္း အစ္ကို႔နည္းတူ မာေၾကာေၾကာပင္။

" က်စ္! ငါနားခ်င္ၿပီ ဒါပဲ "

အစ္ကိုက ၾကည့္ရတာ နည္းနည္းေလးေတာင္မွ ဝန္းနဲ႕ စကားေျပာခ်င္စိတ္ မရွိဘူးထင္တယ္။

တစ္ေန႕လုံး အစ္ကို႔အေၾကာင္းကိုသာ ေတြးေနၿပီး လြမ္းနာက်ေနတဲ့လူကို စကားေျပာခြင့္ မေပးခ်င္တဲ့ အစ္ကိုက ဖုန္းခ်ဖိဳ႕သာ အားသန္ေနတာေၾကာင့္ စိတ္ေတြက အစိုးမရေတာ့။

" ကြၽန္ေတာ့္ကို စိတ္ဆိုးေနတာလား အစ္ကို... ကြၽန္ေတာ္တို႔ ေတြ႕ၿပီးစကားေျပာၾကရေအာင္ေလ... အစ္ကို႔ဆီ ကြၽန္ေတာ္ လာခဲ့မယ္ "

" မလာနဲ႕ မေတြ႕ခ်င္ဘူး ဘာစကားမွလည္း မေျပာခ်င္ဘူး "

" ေရွးဆက္ရန္း ! "

" ဘာလဲ ရွိန္းျမင့္မိုရ္ဝန္း ! "

ေအာ္လာတဲ့ အသံက ဆို႔နစ္ေၾကကြဲေနတဲ့ အသံ။ အစ္ကို ဘာလို႔ အရမ္းခံစားေနရတာလဲ။ ဝန္းက အစ္ကို႔အတြက္ပဲဆိုတာ အစ္ကို ေမ့ေလ်ာ့ေနတာလား။

စိတ္ကိုအလိုလိုက္ကာ အစ္ကို႔ကို ေအာ္မိလိုက္တာေၾကာင့္ ကိုယ့္ပါးစပ္ကို ခပ္ျပင္းျပင္း ရိုက္ခ်လိဳက္သည္။ မညွာပဲ အားနဲ႕ ရိုက္လိုက္တာမို႔ နာသည္။ ဒီထက္ပိုၿပီး နာသင့္ေသးသည္။

ဘာမွမေျပာျဖစ္ၾကေပမယ့္ ဖုန္းလည္း မခ်ျဖစ္ၾကေသး။ ဒီလိုအေျခအေနႀကီးက ဝန္း တို႔ႏွစ္ေယာက္ၾကားမွာ ပထမဆုံး ႀကဳံေတြ႕ရျခင္းပင္ ။ ဒါေပမယ့္ ဒီအေျခအေနကို ဝန္း နားလည္သည္။ အခုခံစားေနတဲ့ အစ္ကို႔စိတ္ကို ဝန္း သိေနတယ္ ဆိုတာက ပိုမွန္လိမ့္မယ္။

" အစ္ကိုကြာ...."

အစ္ကို႔စိတ္ေတြ ေျပေလ်ာ့ဖို႔ရာ ဝန္းကပင္ တစ္ထစ္ေလွ်ာ့လိုက္သည္။

" ဖုန္းမကိုင္ေတာ့ ကြၽန္ေတာ္ စိတ္ပူေနတာေလ "

" စိတ္ထဲေနလို႔မေကာင္းျဖစ္ေနတာလားဟင္ စိတ္ထဲမထားရဘူးေလ အစ္ကိုပင္ပန္းမွာေပါ့ ကြၽန္ေတာ့္ကို ဆူလိုက္ေနာ္ "

အဆူခံမယ့္ သူက ကိုယ္တိုင္ကိုယ္က် ေတာင္းဆိုေနတာကို ဆူမယ့္ သူက ေတမိလုပ္ေနသည္။ ရင္ထဲမွာေနရခက္လိုက္တာ။ အစ္ကိုသာ ဝန္းကို ဆူလိုက္ရင္ အဆင္ေျပသြားမွာကို။

"အစ္ကို အခုတေလာ ကြၽန္ေတာ့္ဆီ
မလာဘူးေနာ္ ဘာျဖစ္လို႔လဲဟင္ "

" မနက္ျဖန္ ကေလာသြားရမွာ ကြၽန္ေတာ့္ဆီလာပါဦး "

မနက္ျဖန္ ခရီးထြက္ရမွာကို အစ္ကိုသိတယ္။ ခါတိုင္းဆို ဝန္းမသိလိုက္ခင္မွာပင္ အိမ္ေရာက္လာၿပီး ထုတ္ပိုးေနၿပီ။

အခုေတာ့ ရႈပ္ပြေနတဲ့ အခန္းအလယ္မွာ တုံ႕ျပန္မႈမရွိတဲ့ Phone call ကို ကိုင္ၿပီး တစ္ေယာက္ထဲ ေမးလိုက္ ေျပာလိုက္နဲ႕ ေယာင္ခ်ာခ်ာျဖစ္ေနတဲ့ ဝန္းကိုတစ္ေယာက္ေယာက္မ်ား ျမင္ခဲ့ရင္ အ႐ူးလို႔ေတာင္ ထင္ၾကဦးမယ္။

" ဟင္ အစ္ကို လာမယ္မလား "

" ငါ အိပ္ေတာ့မယ္ ပင္ပန္းလို႔ "

က်စ္ ! ဘယ္တုန္းက ည 8 နာရီမွာ အိပ္လို႔လဲ။ တမင္သက္သက္ ဝန္းကို ေရွာင္ေနတာ။ဘယ္ေလာက္ စိတ္ဆိုးဆိုး ဝန္းကို မ်က္ႏွာခ်င္းဆိုင္ၿပီး ရွင္းရမွ ေက်နပ္တဲ့ အစ္ကိုက ဒီလိုေရွာင္တာလည္း ဒါက ပထမဦးဆုံးပင္။

" အစ္ကိုမလာမခ်င္း ကြၽန္ေတာ္ မအိပ္ဘူး ... ဘာမွလည္း မလုပ္ဘူး... ကေလာလည္း မသြားဘူး "

" အင္း သေဘာပဲ "

တိခနဲ က်သြားတဲ့ ဖုန္းေၾကာင့္ ဝန္း ေၾကာင္လ်က္သား။ အစ္ကို အရမ္း ေျပာင္းလဲေနတယ္။

အခု ည 10 နာရီ ။ အစ္ကို ေရာက္လာသင့္ေနၿပီေလ။ ည အရမ္း နက္သြားရင္ ကားေမာင္းရတာ အႏၱရာယ္ ရွိတာကို။

ဧည့္ခန္းရဲ႕ ဘယ္ဘက္ ထိပ္ နဲ႕ ညာဘက္ထိပ္ကို မေရမတြက္နိုင္ေအာင္ ထပ္တလဲတလဲ ေလွ်ာက္ေနတဲ့ ေကာင္ေလးတစ္ေယာက္။ အိမ္တံခါးဝကို တၾကည့္ၾကည့္နဲ႕ေပါ့ေလ။ အိပ္ခန္းထဲက အဝတ္ပုံႀကီးကလည္း ပုံမပ်က္။ ေစာင့္ေနဆဲ ။
ေမွ်ာ္ေနဆဲ။ အစ္ကိုလာမယ္လို႔ ယုံၾကည္ေနဆဲ ။

နာရီစင္ကေန ၾကားေနရတဲ့ 11 ခ်က္တီးသံ တေဒါင္ေဒါင္။ တျဖည္းျဖည္းနဲ႕ လူေတြ အိပ္ေမာက်ခ်ိန္ကို ေရာက္လာၿပီ။ေရာက္မလာတာက အစ္ကို။

ဆိုဖာထက္ကို စိတ္ပ်က္စြာ ထိုင္ခ်လိဳက္ၿပီး ေခါင္းကို ငုံ႕ခ်လိဳက္ကာ ေျခဖဝါးေအာက္က ၾကမ္းျပင္ကို မွင္ေသေသ
ၾကည့္ေနမိတယ္။ အစ္ကိုက တကယ္ပဲ။

စိတ္ နဲ႕ လူနဲ႕ မကပ္ဘဲ ထိုင္ေနမိတာ နာရီလက္တံ တစ္ပတ္ျပည့္သြားသည္အထိ။
အစ္ကိုက ကြၽန္ေတာ့္ဆီမလာမွေတာ့ ကြၽန္ေတာ္က အစ္ကို႔ဆီ လာရမွာေပါ့ ။ အစ္ကိုလည္း ကြၽန္ေတာ့္ကို ေစာင့္ေနတယ္မလား။

" တီ.တီ.တီ.တီ.တီ.တီ ဂ်ေလာက္ "

လွ်ို႔ဝွက္နံပါတ္ ႏွိပ္တဲ့အသံ။ ၿပီးေတာ့ ပြင့္သြားတဲ့ တံခါး။ အမဲေရာင္ဟူဒီနဲ႕ ဂ်င္းေဘာင္းဘီ အမဲ ဝတ္ဆင္ထားတဲ့ သြယ္သြယ္လ်လ်ေကာင္ေလး ။ All Black နဲ႕ ပနံသင့္စြာ လိုက္ဖက္ေနတဲ့
ျဖဴဥဥ အသားအရည္။ ေျခဖဝါး ႏုႏုေလးေတြ။

" အစ္ကို "

ဟုတ္တယ္ အစ္ကို သူ႕ဆီလာခဲ့တယ္။
ဝန္း ေသခ်ာေပါက္ သိေနတယ္။ အစ္ကိုက ဘယ္ေတာ့မွ ဝန္းကို ပစ္သြားမွာမဟုတ္ဘူး။ ဝန္း ေဘးမွာ အၿမဲတမ္းရွိေနမွာ။

" ညအရမ္းနက္ေနၿပီကို ဘာလို႔လာတာလဲ ကြၽန္ေတာ္ လာမွာေပါ့ ဟီး "

ဖင္တႂကြႂကြ ရင္တမမ နဲ႕ ေစာင့္ေမွ်ာ္ခဲ့တဲ့ အစ္ကို လာေတာ့လည္း အခ်ိန္ကား ေနာက္တစ္ေန႕ပင္ ကူးေနၿပီမို႔ ငါသြားလိုက္ရမွာဆိုၿပီး ေနာင္တရမိျပန္သည္။ ဒါေပမယ့္ ေပ်ာ္သည္။ အစ္ကို ေရာက္လာလို႔ ဝန္း သိပ္ေပ်ာ္ပါသည္။

သခင္ကိုေတြ႕သြားတဲ့ ေခြးေပါက္ေလးလို အစ္ကို႔ကို ေျပးဖက္ကာ နမ္းဖို႔လုပ္ေတာ့ သိသိသာသာ ေနာက္ဆုတ္သြားတဲ့ အစ္ကို႔ေျခလွမ္းေတြ။

" လာမထိနဲ႕ "

အၿပဳံးအရယ္ ကင္းမဲ့ကာအလိုမက်မႈေတြ ျပည့္ႏွက္ေနတဲ့ အစ္ကို႔ မ်က္ႏွာေၾကာင့္ ေရွ႕ဆက္တိုးရဲတဲ့ သတၱိ ဝန္းမွာမရွိ။

" အစ္ကိုကလည္း "

ေပြ႕ဖက္ဖို႔ရာ ျပင္မိတဲ့ လက္ႏွစ္ဖက္ကို ေအာက္ျပန္ခ်ကာ အစ္ကိုဝင္သြားေသာ အိပ္ခန္းထဲသို႔ လိုက္ဝင္ခဲ့လိုက္သည္။

" ဒါေတြကဘာေတြလည္း "

" ဘာယူရမလဲ မသိလို႔ "

ဝန္း ဆြဲခ်ထားတဲ့ အဝတ္ပုံႀကီးကို လက္ညိုးထိုးကာ ေမးလာတဲ့ အစ္ကို႔ကို ပုံမွန္အခ်ိန္ေတြတိုင္း စပ္ၿဖီးၿဖီးလုပ္ကာ ေျဖမိသည္။ အဲ့လို ေျဖလိုက္တာက အစ္ကို႔ကို ပိုေဒါသထြက္ေစသြားလားမသိေပ။

" မင္း အရမ္းလြန္တယ္ ဝန္း ငါက မင္းရဲ႕ ကြၽန္လား ဟမ္! ဒီလိုႀကီး က်စ္ ! ငါ မင္းကို သိပ္စိတ္ပ်က္တယ္ "

သိပ္စိတ္ပ်က္တယ္....သိပ္စိတ္ပ်က္တယ္ ဆိုတဲ့ စကားက ဝန္း ရင္ကို အစိတ္အမႊာမႊာ ေၾကမြေစသည္။ တြဲလာတဲ့ တစ္ႏွစ္ေက်ာ္အတြင္း အစ္ကို႔ဆီက ဒီလိုစကားမ်ိဳး တစ္ခါမွ မၾကားခဲ့ရတာေၾကာင့္ ပါးစပ္အေဟာင္းသားနဲ႕ စိတ္ဆိုးေနတဲ့ အစ္ကို႔ကို ၾကည့္ေနမိသည္။

" အစ္ ကို ... "

တုပ္လႈပ္စြာ အစ္ကို႔ကို ေခၚမိေတာ့ စူးရဲစြာ ျပန္စိုက္ၾကည့္ေနတဲ့ အစ္ကို။

" ဒါေတြရွင္းခိုင္းဖို႔ငါ့ကိုေခၚတာလား အၿမဲတမ္းငါ့ကိုပဲ ခိုင္းစားဖို႔ေတြးမေနနဲ႕ ကိုယ့္ဘာသာလုပ္တတ္ေအာင္ လုပ္ပါဦး အခ်ိန္တိုင္း ငါက မင္းရဲ႕ ခ်ီးေသးကအစ လိုက္လုပ္ေပးေနရမွာလား "

တစ္ခါမွ မျမင္ဖူးခဲ့တဲ့ အစ္ကိုပုံစံကို ျမင္ေနရတာမို႔ ဝန္း တကယ္ကို အံ့ၾသတုပ္လႈပ္စြာ။ ဘာေတြက ဘယ္ေလာက္ေတာင္ အစ္ကို႔ကို စိတ္ဆိုးေစတာလဲ။

မိဘေတြ အေမြျဖတ္လိုက္တုန္းကေတာင္ မက်ခဲ့တဲ့ မ်က္ရည္ေတြက အစ္ကို႔စကားလုံးေတြရဲ႕ေအာက္မွာေတာ့ ထိန္းမရေအာင္ ၿပိဳဆင္းခဲ့သည္။

"ခါ ခါတိုင္းလည္း ဒီလို ဟာ့ "

ရင္ဘတ္ထဲက ဆို႔နစ္မႈေတြက လည္ပင္းမွာ တစ္ဆို႔ေနတာေၾကာင့္ စကားေျပာဖို႔ရာ အားအင္ေတြ မဲ့က်ကဳန္သည္။

" ဒါက မင္း တမင္လုပ္ထားတာေလ ငါ့ကို အဲ့ေလာက္ေတာင္ ခိုင္းခ်င္ေနတာလား "

အစ္ကို႔ေျခဖမိုးထက္က ဝန္း ရဲ႕ မ်က္ရည္စက္ေတြကို အစ္ကိုက မ်က္ကြယ္ျပဳကာ ဝန္းကို စြပ္စြဲေနဆဲ။

" ခ ခန ကြၽန္ ေတာ္ သန့္ စင္ ခန္း ခန အစ္ကို ျပန္ ခ်င္ ျပန္ ပါ မ ဟုတ္ ဘူး မျပန္ နဲ႕ ကြၽန္ ေတာ္ လိုက္ ပို႔ ေပး မယ္ ခ န ေစာင့္ေပးေနာ္ ခ န"

အစ္ကို႔ေရွ႕မွာ မ်က္ရည္မက်ခ်င္ေတာ့တာေၾကာင့္ ေရခ်ိဳးခန္းထဲဝင္ကာ ေရစက္ေတြနဲ႕အတူ ေရာခ်မိသည္။ အစ္ကို သိပ္ဆိုးတယ္။

အခ်ိန္ေတာ္ေတာ္ၾကာ ေရထဲႏွစ္ၿပီးတဲ့တိုင္ ဝမ္းနည္းတဲ့စိတ္က အထြဋ္အထိပ္မွာ။ ဘာမွ မစီစဥ္ထားတာေၾကာင့္ ကေလာလည္း သြားနိုင္ဖို႔ လမ္းမျမင္ေတာ့။ သြားလည္း မသြားခ်င္ေတာ့ဘူး။ ျဖစ္ခ်င္ရာ ျဖစ္ေတာ့။

စို႐ႊဲေနတဲ့ အဝတ္အစား ေတြကို ခြၽတ္လိုက္ကာ ေရခ်ိဳးခန္းထဲမွာ ရွိတဲ့
တဘတ္ကို ခါးမွာ ပတ္ၿပီး ထြက္ခဲ့လိုက္သည္။ အခ်ိန္က အေတာ့္ကို ေနာက္က်ေနၿပီမလို႔ အစ္ကို႔ကို လိုက္ပို႔ေပးရမယ္။

ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ ပါးစပ္အေဟာင္းသား ျဖစ္ရျပန္သည္။

ေရခ်ိဳးခန္းထဲမွာ ဘယ္ေလာက္ၾကာသြားတယ္မသိ ဝန္း ဖြထားတဲ့ အဝတ္ပုံႀကီးကေတာ့ မရွိေတာ့ဘူး ။ နာရီေတြ ခါးပတ္ေတြ အကုန္လုံး သူ႕ေနရာနဲ႕သူ အစီအရီျပန္ေရာက္ေနၿပီ။

ၾကမ္းျပင္မွာေတာ့ လိုအပ္တဲ့ ပစၥည္းအသုံးအေဆာင္ေတြ နဲ႕ ခရီးေဆာင္အိတ္ထဲကို ပစၥည္းေတြ စနစ္တက် သပ္သပ္ရပ္ရပ္ ထဲ့ေနတဲ့ အစ္ကိုပဲ က်န္ေတာ့တယ္ ။

" ဟို အစ္ကို ပင္ပန္းေနတာမလား အိမ္ျပန္နားေလ ေတာင္းပန္ပါတယ္ အစ္ကို နားခ်င္ေနတာကို ကြၽန္ေတာ္က အလိုက္မသိဘဲ ေခၚလိုက္မိတယ္ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ လုပ္လိုက္ပါ့မယ္ "

ၾကမ္းျပင္ေပၚထိုင္ေနတဲ့ အစ္ကို႔နားသြားကာ ပစၥည္းေတြကို လွမ္းကိုင္ေတာ့ ဝန္း လက္ေတြကို အစ္ကိုက ရိုက္ခ်သည္။ ၿပီးေတာ့ ဝန္းကို တစ္ခ်က္မွ လွည့္မ
ၾကည့္ဘဲ အစ္ကို႔ေဘးနားက သပ္သပ္ဖယ္ထားတဲ့ ညအိပ္ဝမ္းဆက္ နဲ႕ ဟူဒီကို ပစ္ေပးသည္။

အစ္ကိုက ဝန္း ကို ဂ႐ုစိုက္တုန္းပဲ ။ ေရခ်ိဳးခန္းထဲမွာၾကာေနလို႔ ဟူဒီပါ ထုတ္ထားေပးေသးတယ္။
နည္းနည္းေတာ့ စိတ္ထဲေက်နပ္မိေပ
မယ့္ စကားတစ္ခြန္းမွ မေျပာဘဲ ဆူပုပ္ေနတဲ့ အစ္ကို႔ေၾကာင့္ မေပ်ာ္ရဲ။

အစ္ကိုေပးတဲ့ အဝတ္ေတြကို ဝတ္လိုက္ၿပီး ေခါင္းကို ေျခာက္ေအာင္ Dryer သုံးလိုက္သည္။ ပုံမွန္ဆို အစ္ကို႔ ရင္ခြင္ထဲ ေခါင္းထိုးေပးၿပီး ခြၽဲလိုက္မွာ ။ အခုေတာ့ ကိုယ့္လက္ကိုယ့္ေျခ။ ဆံပင္ေျခာက္ေအာင္ မလုပ္ရင္ အစ္ကို ပိုစိတ္ဆိုးလိမ့္မယ္။

ခရီးေဆာင္အိတ္ထဲ ပစၥည္းေတြ ထည့္သို ထုတ္ပိုးေပးၿပီး ဝန္း ယူသြားရမယ့္ လိုအပ္တာေတြ အကုန္လုံးကို တစ္စုထဲ ထားကာ ကုတင္ေပၚမွာ တင္ပလင္ေခြၿပီး တက္ထိုင္ေနတဲ့ အစ္ကို။

မ်က္ႏွာေၾကာက မေလွ်ာ့ေသးသလို ဝန္းကိုလည္း တစ္ခ်က္မွ မၾကည့္ဘဲ သက္မဲ့ နရံႀကီးကိုသာ မလႈပ္မယွက္ စိုက္ၾကည့္ေနတဲ့ အစ္ကို႔ကို ေနာက္ကေန ဝန္း ဖက္တြယ္လိုက္သည္။ ဒါကို အစ္ကို ႐ုန္းေနတာမို႔ အစ္ကို႔နည္းတူ တင္ပလင္ေခြထင္လိုက္ၿပီး အစ္ကို႔တစ္ကိုယ္လုံးကို ရင္ခြင္ထဲထဲ့ကာ ျဖစ္ညစ္ထားလိုက္သည္။ ထိုအခါမွ မ႐ုန္းနိုင္ေတာ့ဘဲ ၿငိမ္က်သြားသည္။ အစ္ကိုက အစ္ကိုနဲ႕ မတူစြာ ေတာ္ေတာ္ေလးကို စိတ္ဆတ္ေနသည္။

မ်က္စိေရွ႕က ဂုတ္သားေဖြးေဖြးေလးကို အနမ္းတစ္ခ်က္ေပးလိုက္ၿပီး မေန႕ကေပးထားတဲ့ အရာရဲရဲေလးကိုလည္း ငုံ႕ကာ နမ္းေတာ့ အသက္ေအာင့္ကာ ေက်ာမတ္ထားျပန္သည္။

" မနမ္းေတာ့ဘူး အသက္ဝဝရႉ "

အစ္ကိုရဲ႕ လည္တိုင္ေလးေတြ ဂုတ္ေဖြးေဖြးေလးေတြကို ဝန္း မထိတထိနမ္းတဲ့အခ်ိန္အခါမ်ိဳးေတြမွာ အသဲက်ိန္းလို႔ဆိုၿပီး အသက္ေအာင့္ ေအာင့္ထားတတ္တဲ့ အက်င့္ေလး ရွိတာေၾကာင့္ မထိတထိ သိပ္မလုပ္ရဲဘူး။ အခုလည္း မနမ္းေတာ့ဘူးဆိုမွ ဝင္ေလထြက္ေလက မွန္သြားၿပီး ဝန္းရင္ခြင္ႀကီးထဲ မႈန္ကုပ္ကုပ္ေလး ထိုင္ေနသည္။

" အစ္ကို႔မရွိရင္ ဆိုတာကို ကြၽန္ေတာ္ စိတ္ကူးေတာင္ ယဥ္လို႔မရဘူး "

" ကြၽန္ေတာ့္မွာ အစ္ကိုတစ္ေယာက္ထဲရွိတာ အစ္ကိုမရွိရင္ ကြၽန္ေတာ္ ေသမွာ "

"အစ္ကို႔ေနရာမွာ ဘယ္သူ႕ကိုမွ အစားမထိုးနိုင္ဘူး ကြၽန္ေတာ္ ဒါေတြကို မလုပ္တတ္တာမဟုတ္ဘူး အစ္ကို လုပ္ေပးတာကို လိုခ်င္မိ႐ုံေလး အစ္ကို႔ကို
ကြၽန္ေတာ့္ရဲ႕ ေနရာတိုင္းမွာ လိုအပ္ခ်င္မိတာေလးေၾကာင့္ "

" ေန႕လယ္က ကြၽန္ေတာ့္ဖုန္း သူမ်ား ကိုင္လို႔လား သူက တမင္ကိုင္လိုက္တာမဟုတ္ဘူး အေရးႀကီးေနမလားဆိုၿပီး ေစတနာေဇာနဲ႕ ကိုင္ေပးလိုက္တာတဲ့ ကြၽန္ေတာ္ေျပာခ်င္တာက ရိုးရိုးသားသားဆိုတာ ေျပာခ်င္တာ ဘယ္ေတာ့မွ ဒီလိုထပ္မျဖစ္ေစရဘူး စိတ္မဆိုးပါနဲ႕ မွားသြားပါတယ္ "

ဒီေကာင္ေလး ဘယ္တုန္းက ဒီေလာက္ထိ အငိုသန္သြားတာလဲ။ေရခ်ိဳးခန္းထဲ အၾကာႀကီး သြားငိုထားတာေတာင္ မလုံေလာက္နိုင္ေသးဘူးလား။ ကိုယ့္မွာ အေအးပတ္မွာစိုးလို႔ သူဖြထားတာေတြရွင္းလိုက္ ေရခ်ိဳးခန္းဆီ ေျပးကပ္ၿပီး ေရသံနားေထာင္လိုက္နဲ႕ ကေယာက္ဂယက္။

အခုလည္း ရန္း ကို ဖက္ကာ ေျပာလိုက္ တအီအီရႈံ႕ကာ ငိုလိုက္လုပ္ေနတဲ့ ငခြၽဲေၾကာင့္ ရန္း စိတ္ေတြ ေျပေနၿပီ။ရန္းနဲ႕ပတ္သက္လာရင္ စိတ္ခံစားမႈလြယ္တဲ့ေကာင္ေလးေၾကာင့္ ေနာက္ဆို စိတ္ေတာင္ဆိုးလို႔ရပါေတာ့မလား။

" ငါ့ အကၤ်ီမွာ ႏွပ္ေခ်းေတြ မသုတ္စမ္းနဲ႕ "

ရန္းရဲ႕ေက်ာမွာ မ်က္ႏွာကပ္ၿပီး သူ႕ႏွပ္ေတြကို လာသုတ္ေနတဲ့ ေကာင္ နဲ႕ စကားေျပာဖို႔ေတာ့လိုလာၿပီ။

" လူႀကီးက ႀကီးေကာင္ႀကီးမားနဲ႕ တစ္ခုခုဆို ငိုဖို႔ပဲတတ္တယ္ "

သူ႕ဘက္ကို မ်က္ႏွာခ်င္းဆိုင္ လွည့္ကာ ေျပာေတာ့ ပိုလို႔ေတာင္ တရႈံ႕ရႈံ႕လုပ္ျပေနေသးတယ္။

" ေတာ္ၿပီ ငါက မင္းကို ဘာေတြလုပ္ေနလို႔ ငိုေနရတာလဲ မသိရင္ ငါက ရိုက္ႏွက္ ႏွိပ္စက္ေနတာ က်လိဳ႕ တိတ္ေတာ့ "

မ်က္ရည္ေတြ သုတ္ေပးကာမွ ပိုတိုးလို႔ငိုေတာ့တယ္။ ေခ်ာ့ေလ ငိုေလ ဆိုတာမ်ိဳး။

" ဟ ဘယ္လိုျဖစ္ေနတာတုန္း တိတ္ေတာ့လို႔ "

" အစ္ကို႔ေၾကာင့္ အစ္ကိုက ဆူတာ "

ေျပာရင္း ရန္းေပါင္ေပၚ ေခါင္းတင္ၿပီး သူ႕မ်က္ႏွာကို ရန္း ဗိုက္မွာ လာအပ္ကာ ရန္း အကၤ်ီကို ဆြဲၿပီး ႏွပ္ညစ္ေနျပန္သည္။ဝတ္ခဲ့ခ်င္ဦးဟဲ့ Gucci Hoodie ။အယုတ္တမာေကာင္။ နိုင္ငံေက်ာ္မင္းသားက ခုလိုလည္း ညစ္တီးညစ္ပတ္နိုင္ေသးတယ္။

" မင္းလုပ္ပုံက ဟုတ္လို႔လား "

"ေသခ်ာမေျပာဘူး အစ္ကိုက ဆူတာ "

ကိုယ္စိတ္ေျပေနၿပီဆိုတာ သိေတာ့ ေပါင္ေပၚကေန ေမာ့ၾကည့္ၿပီး ကိုယ့္အျပစ္လုပ္ေနသည္။နည္းနည္းမွ ခ်စ္စရာမေကာင္းဘူး။

" ငါ မွားသြားတယ္.. ငါ ကေလးဆန္သြားတာ.. ငါ့စိတ္ေတြထိန္းမရျဖစ္ၿပီး စကားလုံးၾကမ္းၾကမ္းေတြ ေျပာမိသြားတယ္...အမွန္အတိုင္း ေျပာရရင္ မင္း နဲ႕ အဲ့ေကာင္ေလးကို အကုန္လုံး ဝိုင္းတြဲေပးေနတာေတြ ျမင္ၿပီး ငါ သဝန္တိုေနတာ သူက ဖုန္းလာကိုင္ေတာ့ ငါ စိတ္တိုမိသြားတာ သဝန္တိုလို႔ သဝန္တိုစိတ္ေၾကာင့္ ငါ သေဘာထားသိမ္သြားတယ္ sorry "

သဝန္တိုစိတ္ေၾကာင့္တဲ့ ဟဟ။ အရင္က သဝန္အတိုခံခ်င္လြန္းလို႔ သဝန္တိုေအာင္ အမ်ိဳးမ်ိဳးလုပ္ျပရင္ေတာင္ သူက တၿပဳံးၿပဳံးနဲ႕ လက္ပိုက္ၾကည့္ေနတတ္တာ။ အခုက်မွ သဝန္တိုတာတဲ့ေလ။အစ္ကိုက တကယ္ကို ခ်စ္စရာေလးပဲ။

" အာဘြားေပးခ်င္တယ္ "

" ဘာမွ အာမဘြားဘူး! မင္း ဒီလိုေတြ ဖြထားတာေတာ့ ငါ တကယ္ စိတ္တိုတယ္ ဝန္း! ဖြ ဖို႔က လြယ္တယ္ ရွင္း ရတဲ့သူက မသက္သာဘူး ဘာလို႔ ဒီလိုေတြ ဆိုးရတာလဲ "

ဘာလဲ ဆူျပန္ၿပီလား။ အစ္ကိုကေလ တကယ့္ အဘိုးႀကီးေပါက္စ ျဖစ္ေနၿပီ။
ဝန္း က ဘယ္မွာ ဆိုးေနလို႔လဲ။ အစ္ကို႔ကို ေတြ႕ခ်င္လို႔ လုပ္မိတာကို ။

" ဖြ လိုက္ရင္ အစ္ကိုေရာက္လာမယ္ထင္လို႔ "

သူကို ဆိုးတယ္ေျပာေတာ့ ႏႈတ္ခမ္းႀကီး ဆူၿပီး မ်က္လႊာခ်ကာ ပတ္ခနဲ ျပန္ေျပာသည္။

"မင္းက ကေလးလား အဲ့လိုေတြးရေအာင္ ဟမ္ "

"အင္း ကေလးေလး အစ္ကို႔ကေလးေလး အာဘြားေပးလို႔ရၿပီလား "

" က်စ္! ရွိန္းျမင့္မိုရ္ဝန္း ငါ့စကားကို ေပါ့ျပက္ျပက္သေဘာထားေနတာလား "

" ရွိန္းျမင့္မိုရ္ဝန္း လို႔ မေခၚနဲ႕ "

" ရွိန္းျမင့္မိုရ္ဝန္း ကို ရွိန္းျမင့္မိုရ္ဝန္း လို႔မေခၚလို႔ ဘယ္လိုေခၚရမွာလဲ "

" ဝန္း အစ္ကို႔ရဲ႕ဝန္း အစ္ကိုတစ္ေယာက္ထဲ ေခၚခြင့္ရွိတဲ့ ဝန္း "

ကဲ ဒီလိုခ်ဳပ္ေနမွေတာ့ ဘယ္လိုဆက္ဆူရမွာလဲ ။ ဆက္ဆူလို႔လည္း ရမွာမဟုတ္ဘူး။ ေျပာေနတာေတြကို အေရးမလုပ္အေလးမထားဘဲ သူလိုခ်င္တာကိုပဲ တဆာဆာ ေတာင္းေနတာ။

ဆူတယ္တာေျပာတာ အေနအထားက အဆူခံေနတဲ့ တေကာင့္သား ကိုယ့္ေပါင္ေပၚမွာ စနစ္တက် ေခါင္းအုံးလို႔ တစ္ခါတစ္ခါ အကၤ်ီေအာက္ထဲ လက္ထိုးၿပီး ရန္း ဗိုက္ေတြကို လာပြတ္တတ္ေသးတယ္။ ဆူတဲ့လူက ေခါင္းႀကီး ငုံ႕ၿပီး ဆူေနရတယ္။ ဒီလိုပုံစံနဲ႕ ဆူတာမ်ိဳး ဘယ္မွာ ရွိလို႔လဲ။

တျဖည္းျဖည္းနဲ႕ ေခ်ာ့ရမယ့္သူက ရန္းျဖစ္လာၿပီ။

" ဝန္း "

" ေနာက္တစ္ခါဆို ဒီလိုေတြ မလုပ္နဲ႕ ငါက အၿမဲ အားေနတာမဟုတ္ဘူး အခ်ိန္ေတြ အမ်ားႀကီး မရဘူး အခုၾကည့္ အခ်ိန္ေတြ အလကား ပိုကုန္သြားတယ္ လိုခ်င္တာေတြ ယူခ်င္တာေတြပဲ ထုတ္ထား "

"ဟုတ္ အာဘြားေပးလို႔ရၿပီလား "

" ျဖန္း "

" အ့ "

ေျပာေနတာကို တစ္စက္မွ စိတ္မဝင္စား ဘူး ထစ္ခနဲဆို အာဘြားလုပ္ေနတာေၾကာင့္ ေတြ႕ရာေနရာ လက္ေမာင္းကို အားနဲ႕ရိုက္ခ်လိဳက္သည္။ ေတာ္ေတာ္ အသားနာခ်င္ေနတဲ့ ေကာင္။

" ငါေျပာတာ နားလည္လား "

နာသြားတဲ့သူ႕လက္ေမာင္းကို ပြတ္ရင္း မ်က္ႏွာႀကီးမဲ့ကာ ေခါင္းၿငိမ့္ျပသည္။

" ပါးစပ္က ေျဖ "

" နားလည္ၿပီ "

ေျခခ်စရာမရွိေအာင္ လုပ္ထားတဲ့ ဝန္း ကို တကယ္ဆူခ်င္သည္။ ကိုယ္မွမလုပ္ေပးရင္ တကယ္ ဘာမွမလုပ္ဘဲ အလုပ္ေတြပ်က္မွာ သိလို႔ မေနနိုင္မထိုင္နိုင္ဘဲ ညႀကီးမင္းႀကီး ေျပးလာခဲ့တာကို ေရာက္ေရာက္ခ်င္း ျမင္လိုက္ရတဲ့ ျမင္ကြင္းက ေသြးတက္စရာ။ နဂိုထဲက ညစ္ၫူးေနတဲ့ စိတ္ေတြက ဝန္း ဖြထားတဲ့ မ်က္စိရႈပ္စရာ ျမင္ကြင္းေၾကာင့္ ထိန္းမရဘဲ ေပါက္ကြဲမိသည္။
တမင္သက္သက္ ကို လုပ္ခ်ထားတာ။ ရန္း ကို တမင္ ခိုင္းခ်င္လို႔ မဟုတ္ဘဲ ရန္း ကို ေမွ်ာ္ေနလို႔ဆိုတာ ရန္း နားလည္တယ္ ။ ဒါေပမယ့္ ဝန္း လုပ္ပုံႀကီးက မွန္မေနဘူးေလ။ ရွင္းလိုက္ရတဲ့ ပစၥည္းပစၥယ ေတြ တကယ္ပင္ ဇက္ေတြ ေညာင္း လက္ေတြျပဳတ္ထြက္ေတာ့ မတတ္။

"အခုၾကည့္ ေတာင္ပုံယာပုံႀကီး ရွင္းရတာ ဇက္ေတြေတာင္ ေညာင္းတယ္ "

" ကြၽန္ေတာ္ ႏွိပ္ေပးမွာေပါ့ "

ခ်က္ခ်င္း လွဲေနရာက ထလာၿပီး လာႏွိပ္ေပးသည္။ လုပ္တုန္းကေတာ့ လုပ္ခ်င္သလို ထင္တိုင္းႀကဲထားၿပီ အခုမွ ႏွိပ္ေပးရတာနဲ႕ ဘာနဲ႕။ ဆိုင္မွာလည္း ပင္ပန္းတာေၾကာင့္ အဘိုးႀကီးလို ေန႕တိုင္း ဇက္ေၾကာေတြ တက္လို႔ အႏွိပ္ခုံဝယ္ဖို႔ စဥ္းစားေနတာ ။ ဒီေန႕က ပိုပင္ပန္းသြားတယ္။ စိတ္ေရာ လူေရာ။

" အစ္ကို "

" ဘာလဲ "

" ကြၽန္ေတာ့္ကိုခ်စ္လား "

" ခ်စ္လားလို႔ "

" ခ်စ္တယ္လို႔ "

" ဘယ္ေလာက္ထိ ခ်စ္လဲ "

" ေဟာ....ဒီေလာက္ႀကီး "

" ကြၽန္ေတာ္က ေဟာ...ဒီေလာက္ႀကီးရဲ႕ႏွစ္ဆ "

ရန္း ၿပဳံးလိုက္သည္။ ရန္း ၿပဳံးသလို ဝန္းလည္း ၿပဳံးေနမွာပဲ။
ေန႕တိုင္း ေမးေန ေျဖေန ရေပမယ့္ ၿငီးေငြ႕စရာလို႔ နည္းနည္းေလးေတာင္ မျမင္မိဘူး။ မေမးရင္သာ စိတ္ဆိုးမိဦးမွာ။

" ကြၽန္ေတာ့္ဆီ အခုတေလာ ဘာလို႔မလာတာလဲ "

" အလုပ္ေတြ ရႈပ္ေနလို႔ "

" ညာတာ အလုပ္ေတြ ဘယ္ေလာက္ရႈပ္ရႈပ္ အစ္ကို က ကြၽန္ေတာ့္ဆီ မရရေအာင္ လာေနၾကကို "

" မညာပါဘူး ဝန္း ရဲ႕ အခုတေလာ customer ေတြက တိုးလာေတာ့ ဆိုင္ပိတ္ခ်ိန္ေလးကို ေနာက္ဆုတ္ထားတာမို႔ "

ေန႕စဥ္နဲ႕အမွ် ဝန္းကို ေစာင့္ၾကည့္ေနတဲ့ မ်က္လုံးေတြ မ်ားလာတဲ့အခါ ရန္း ေၾကာင့္ တစ္ခုခုထိခိုက္သြားမွာကို စိုးရိမ္ေနလို႔ ဆိုတာကိုေတာ့ မေျပာျပေတာ့ပါဘူးေလ။

" ကြၽန္ေတာ့္ထက္ အစ္ကို႔အပင္ေတြကို ပိုခ်စ္တာမလား "

ၾကည့္ မဟုတ္တာေတြ စလာၿပီ။

" မဆိုင္တာေတြ မေျပာနဲ႕ ႏွိပ္မွာသာ ႏွိပ္ "

" အက်င့္ပုပ္ "

ကေလးကုလားေကာင္။

" ညေနက အစ္ကို ဘာျဖစ္လို႔လဲ "

" ေအာ္...အဟင္း Documentary Channel တစ္ခုက ငါ့ကို အစီအစဥ္ တစ္ခု ရိုက္ဖို႔ ကမ္းလွမ္းလာတယ္ "

ေကာင္းတဲ့ အေၾကာင္းအရာကို ေျပာျပဖို႔ ဖုန္းဆက္ခဲ့တာကိုး။

" ဘယ္ channel ကလဲ "

" DayTime "

DayTime ဆိုတာ နယ္နယ္ရရမလို႔လား။ ေျမာက္ျမားစြာေသာ လုပ္ငန္းေတြကို ပိုင္ဆိုင္ထားတဲ့ ေၾကာက္စရာေကာင္းေလာက္ေအာင္ အင္အားႀကီးမားတဲ့ လုပ္ငန္းစု။

DayTime Channel ကိုေတာ့ တည္ေထာင္တာ ႏွစ္အနည္းငယ္ပဲ ရွိေသးေပမယ့္ တစ္ဟုန္ထိုးကို ေအာင္ျမင္ေနတဲ့ Channel တစ္ခု ။ ဝန္း ေတာင္ DayTime ႐ုပ္သံ မွာ တစ္ခါမွ မပါဝင္ဖူးဘူး။ အခု အစ္ကိုက DayTime ရဲ႕ ကမ္းလွမ္းမႈကို လက္ခံရတယ္ဆိုေတာ့ ဘယ္ေလာက္ေကာင္းလိုက္တဲ့ အခြင့္အေရးလဲ။ အစ္ကိုကေရာ နယ္နယ္ရရ မလို႔လား ။ ေရွးဆက္ရန္းေလ
ေရွးဆက္ရန္း။

" ဆက္ေျပာျပဦး ဘယ္အစီအစဥ္လဲ"

" သူတို႔က ငါနဲ႕ အစီအစဥ္တစ္ခုလုပ္ခ်င္တာ အပင္အေၾကာင္းေတြကို သုေတသနလုပ္ၿပီး တင္ဆက္တာမ်ိဳး အပင္ခ်စ္တဲ့သူေတြ အတြက္ ရည္႐ြယ္ထားတဲ့ program ေလးလုပ္ခ်င္တာတဲ့ "

" ေအာ္ program အသစ္ေပါ့ အစ္ကို တစ္ေယာက္ထဲနဲ႕လား "

" အင္း ငါတစ္ေယာက္ထဲပဲ တင္ဆက္ရမွာတဲ့ "

" စာခ်ဳပ္နဲ႕လား "

" သုံးႏွစ္စာခ်ဳပ္တဲ့ ေငြေရးေၾကးေရးက မနက္ျဖန္ ေတြ႕ဆုံၿပီး ေျပာမယ္တဲ့ မနက္ျဖန္မွ အေသးစိတ္ သိရမွာ အခုက ဖုန္း နဲ႕ ေတြ႕ဖို႔ ကမ္းလွမ္းရင္း အတိုခ်ဳံ႕ေျပာသြားတာ အကုန္လုံးကို ငါ့စိတ္တိုင္းက် ညွိေပးမယ္တဲ့ "

သူသေဘာက်တဲ့ အလုပ္ကို လုပ္ရမွာဆိုေတာ့ ေပ်ာ္ၿပီး တက္ႂကြေနတာ။ ေျပာျပေနတာကိုက အရမ္းသေဘာက်ေနမွန္း သိပ္သိသာတယ္။

" အဆင္ေျပတာေပါ့ အစ္ကိုနဲ႕ တကယ္တြဲလုပ္ခ်င္လို႔ေနမွာ အစ္ကို႔သေဘာကေရာ "

" သေဘာက်တယ္ ေငြေရးေၾကးေရးထက္ အပင္ေတြကို sharing လုပ္ရမွာမို႔ ငါႀကိဳက္တယ္ မင္းေရာ ဘယ္လိုထင္လဲ ငါလုပ္သင့္လား "

" အင္း ကြၽန္ေတာ္လည္း သေဘာက်တယ္ "

အစ္ကို သေဘာက်မွေတာ့ ကြၽန္ေတာ္က သေဘာမက်ဘဲ ေနပါ့မလား။ အစ္ကို သေဘာက်တဲ့ အရာက ကြၽန္ေတာ္ မုန္းတဲ့အရာျဖစ္ေနရင္ေတာင္ အဲ့အရာကို ခ်စ္တတ္ေအာင္ ကြၽန္ေတာ္ ႀကိဳးစားမွာ။

" ေသခ်ာစဥ္းစားၾကည့္လိုက္ေတာ့ ငါ သိပ္ သေဘာမက်သလိုပဲ "

" အင္းေနာ္ ကြၽန္ေတာ္လည္း သေဘာမက်ဘဴး "

" ငါ သေဘာက်တယ္ "

" ကြၽန္ေတာ္လည္း သေဘာက်တယ္ "

" ဟားဟား ငခြၽဲေကာင္ "

ပါးေလးကို ျဖစ္ညွစ္ၿပီး ေျပာလိုက္ေတာ့ သြားတန္းညီညီေလးေတြ ေပၚတဲ့အထိ ျပန္ရယ္ျပသည္။ ရွိန္းျမင့္မိုရ္ဝန္း ဆိုတာ အဲ့လိုပဲ။ သူမႀကိဳက္လည္း ကိုယ္ႀကိဳက္ရင္ လိုက္ႀကိဳက္တာမ်ိဳး။ ကိုယ္မႀကိဳက္တာေၾကာင့္ သူႀကိဳက္တာကို
မႀကိဳက္ေတာ့တာမ်ိဳး။

လူဆိုတာ တစ္ေယာက္ နဲ႕ တစ္ေယာက္ စိတ္ခ်င္းထပ္တူမက်နိဳင္တာမို႔ မင္း စိတ္ နဲ႕ မင္း လြတ္လြတ္လပ္လပ္ ေ႐ြးခ်ယ္ရမယ္ေလ လို႔ေျပာတိုင္း ကြၽန္ေတာ္က အစ္ကိုနဲ႕ ထပ္တူက်မွာ ဆိုၿပီး အတင္းလိုက္ၿပီး ထပ္တူက်ခ်င္တာ။ အစ္ကို ႀကိဳက္တာကို လိုက္ႀကိဳက္ရမွ စိတ္ထဲေပ်ာ္တာ အစ္ကို မႀကိဳက္တာကို ႀကိဳက္ေနရတာ မေပ်ာ္ဘူးတဲ့ေလ။

" မနက္ျဖန္ ေသခ်ာရင္ ေျပာျပဦးေလ "

" အင္း ငါ့မွာ ဒီေန႕လည္း သိသိခ်င္း မင္းကို ခ်က္ခ်င္းဖုန္းဆက္လိုက္တာ အေပ်ာ္ေတြေတာင္ ေပ်ာက္ "

" ကြၽန္ေတာ့္ကို ယုံတယ္မလား "

" အင္း ငါ့စိတ္ကို ငါမနိုင္တာ မင္းကိုက ယုံတယ္ "

ရန္းလည္း ကိုယ့္စိတ္ကို မသိေတာ့ဘူး။ တြဲလာတဲ့ တစ္ေလွ်ာက္ မ်ားစြာေသာ သူေတြနဲ႕ ဝန္း တြဲလုပ္ခဲ့ေပမယ့္ အလုပ္က အလုပ္ပဲမို႔ ဘာမွ မခံစားခဲ့ရဘူး။ သဲသဲလႈပ္ေနတဲ့ ဝန္း ရဲ႕ Fan ေတြရဲ႕ အကဲအသဲ စာေတြ ၊ တြဲရိုက္ထားတဲ့ ပုံေတြ ျမင္ရင္ ေအာ္ ဝန္းက အရမ္းကို အခ်စ္ခံရပါလားဆိုၿပီး ေနာက္ထပ္ မ်ားမ်ားခ်စ္ေပးၾကပါေစ လို႔ ေပ်ာ္ေပ်ာ္ႀကီး ေတာင္းဆုျပဳရတာ အေမာ။

အခုက်မွ... သစ္ခက္လႊားဆိုတဲ့ ေကာင္ေလးနဲ႕မွ။
ကိုကို ကိုကို ဆိုၿပီး ေခၚတဲ့ အဲ့ေကာင္ေလး အသံကိုလည္း မၾကားခ်င္ဘူး။ အဲ့ေကာင္ေလး နဲ႕ ဝန္းကို လိုက္ဖက္ေၾကာင္း ေျပာၿပီး တြဲေစခ်င္ေနတဲ့ လူေတြကိုလည္း သေဘာမက်ဘဴး။ ဝန္း နဲ႕ အဲ့ေကာင္ေလး ႏွစ္ေယာက္ထဲ ပုံေတြကိုလည္း မျမင္ခ်င္ဘူး။ သဝန္တိုတာလားဆိုရင္ ဟုတ္တယ္ သဝန္တိုတယ္။

" စိတ္ေလွ်ာ့ပါ အစ္ကိုရဲ႕ ကြၽန္ေတာ့္မွာ အစ္ကိုတစ္ေယာက္ပဲ ရွိတာ အစ္ကိုဆူရင္ ကြၽန္ေတာ္ ဝမ္းနည္းတယ္ "

" ငါ လြန္သြားတာ စိတ္ထဲက မပါဘူးဆိုတာ သိထားေပး ငါလည္း ဆူၿပီးေတာ့ မင္းထက္ပို ဝမ္းနည္းတယ္ ေနာင္တလည္း ရတယ္ မင္းက ငါ့ရဲ႕ ခ်စ္မဝေလးေလ "

ရန္းကေရာ ဝမ္းမနည္းဘဲေနမလား။ အႀကီးျဖစ္ၿပီး မရင့္က်က္ခဲ့မိဘူး။ စိတ္မေကာင္း ျဖစ္စရာ အေၾကာင္းမဟုတ္ပါဘဲနဲ႕ ကေလးဆန္ မိသြားတာ။ ေသခ်ာၿခဳံၾကည့္လိုက္ရင္ ရန္း လြန္သြားခဲ့တယ္။

" ဒီေန႕ ကြၽန္ေတာ္နဲ႕ အိပ္ေပးမွာမလား "

အခ်ိန္က မနက္ သုံးနာရီ ျဖစ္ေနၿပီ။ ဒုကၡပါဘဲ။ မနက္အေစာႀကီး ခရီးထြက္ရမယ့္ ကေလးက ခုခ်ိန္ထိ ငုပ္တုတ္။ အိပ္ခ်ိန္က ဘယ္ေလာက္မွ မက်န္ေတာ့။ ရန္း အမွားေတြ ရန္း မွားတာ။

" အိပ္ေပးမွာေပါ့ "

အိပ္ေပးမယ္ဆိုၿပီး ကုတင္ေပၚက ေျပးဆင္းသြားတဲ့ အစ္ကို။

" ဘယ္လဲ "

" ငါ့ ညအိပ္ဝတ္ေလး လဲလိုက္ဦးမယ္ "

ဝန္း ရဲ႕ နက္ျပာေရာင္ ညဝတ္အိပ္ေလးကို ယူကာ ေရခ်ိဳးခန္းထဲဝင္သြားသည္။ သူ႕ဟာေတာင္ျဖစ္ရေသး။ အင္း...သူ႕ဟာပါပဲေလ။

/

" ဘာလို႔ အတင္းတိုးေနတာတုန္း "

ကုတင္အက်ယ္ႀကီးဟာကို ရန္း ဘက္အတင္တိုးေနတာေၾကာင့္ ရန္းက ျပဳတ္က်ေတာ့မယ္။

" ေနရာမရွိလို႔ "

အစ္ကို႔ကို ရင္ခြင္ထဲ ထဲ့အိပ္ခ်င္လို႔ဆို ၿပီးၿပီေလ ။ ဘာကို ဗေလာင္းဗလဲ ေနရာမရွိလို႔လဲ။ ဒီလိုအခ်ိန္မ်ိဳးဆို လူနားကပ္ခ်င္တဲ့ ေကာင္ေလး နဲ႕ မ်က္ႏွာခ်င္းဆိုင္လိုက္ကာ ပါးေလးကို ဖြဖြပြတ္သပ္ေပးေတာ့ ေခြးေပါက္ေလးလို ၿငိမ္လို႔။

" ႏွစ္လေတာင္ ခြဲရမွာ "

" လြမ္းခ်စ္ေလး ခ်စ္ၾကတာေပါ့ " လို႔ေျပာေတာ့ ႏႈတ္ခမ္းက မဲ့က်လာသည္။
လြမ္းရမွာကို ရန္း ေရာ ဝန္း ေရာ မႀကိဳက္ေပမယ့္ လြမ္းရတာကလည္း အခ်စ္တစ္မ်ိဳးပဲမို႔ လြမ္း ၾကဦးစို႔။

" ကိုေနဦးက 5 နာရီလာမွာ "

" ဘယ္လို လုပ္ၾကမလဲ "

5 နာရီထိုးဖို႔ နာရီပိုင္းေလာက္ေလး လိုေတာ့တာကို အိပ္ေရးဘယ္လို ဝေတာ့မလဲ။

" စိတ္မပူနဲ႕ ကားေပၚမွာ အိပ္သြားလို႔ရတယ္ "

" အခုလည္း အိပ္ေတာ့ "

" ဖက္ေပး "

ကိုယ္ေတာ္ခြၽဲရဲ႕ ရင္ခြင္ထဲတိုးလိုက္ကာ ဖက္လိုက္ေတာ့ ရယ္သံလြင္လြင္ေလးက ထြက္ခဲ့ေသးသည္။

" ခ်စ္တယ္ "

" ငါ လည္း ခ်စ္တယ္ "

အင္း...ခ်စ္တယ္ ။ မင္း ကို ခ်စ္တဲ့
ကိုယ့္ကိုယ္ကို ကို လည္း သေဘာက်တယ္။

/

Continue Reading

You'll Also Like

17.6M 550K 37
"It's like he's a different breed of werewolf. Something... beyond us." • • • Adrienne Gage has spent her entire life being shunned and punished for...
55.3M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
1.8M 206K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...
9.6M 654K 82
[ BOOK 1 OF AZITERA: YTHER'S QUEEN ] Consumed by avarice, the four human kingdoms-the Infernal Empire, the Kingdom of Caelum, the Kingdom of Treterra...