ပိုင်ရှင်ရှိပြီသား တံဆိပ်ခက်ထားသော လူတစ်ယောက်ဆီက တနင့်တပိုးတပ်မက်ထားသော မျော်လင့်ချက်များအတွက် တီးတိုးတောင်းပန်ရုံကလွဲ၍ ကျွန်တော်ကိုယ်တိုင်တောင် မနိုင်သော နှလုံးသားကိုတော့ လွှင့်ပစ်ထားသည် ။ ဖြစ်ချင်ရာဖြစ်စမ်းပါစေ ... ဒါကကျွန်တော့်အမှားချည်းပဲမဟုတ်တာတော့သေချာတာပေါ့ ။ ဆရာကရော ? ဘာကြောင့်ပါလဲ .... လူတစ်ချို့ပေါ့ အဲ့လိုလူတစ်ချို့ထဲ ဆရာမပါဘူးလို့ ယုံကြည်ထားပေမဲ့ တစ်ဖက်ကလည်း အဲ့လိုလူတစ်ချို့အကြောင်းတွေးနေမိတယ် ။ အလွယ်ရ အလွယ်လိုချင်နေသလိုမျိုး အချစ်ကိုနင်းပြီး လှည့်စားတာမျိုး ... တကယ်တမ်း ကျွန်တော်တို့ပတ်သတ်သမျှက ဘာလဲဆိုတာ သေချာမသိနိုင်တော့ဘူး ။
ဆရာက ကျွန်တော့်ကိုချစ်တယ်လို့ခံစားမိတိုင်း အနားတိုးသွားမိရင် ဆရာက ကျွန်တော်ဆီက ထွက်ပြေးနေတယ်ဆိုပြီးခံစားရတယ် ။ အဲ့လိုပဲ အချစ်ကိုအတွေ့အကြုံမရှိတဲ့ ကျွန်တော်ရဲ့ တုန်လှုပ်မှုတွေကလည်း ကြောက်ရွံ့မှုတွေတွဲပါနေတယ် ။ တစ်ဖက်က မျော်လင့်ချက်တွေ တပုံတပင်နဲ့ ကျွန်တော်ဘာကိုမျော်လင့်နေပါသလဲ မသိခဲ့သော နေ့ရက်များ၌ ဆရာဆီက ဂရုစိုက်မှုတွေ သီးသန့်ရသော လူတစ်ယောက်အဖြစ်ရပ်တည်နေသည် ။
ကျွန်တော်တို့နှစ်ယောက်ထဲသိပြီး ဖွင့်မပြောခဲ့သော သ၀န်တိုမှုတွေ အသေးစိတ်ဂရုစိုက်မှုတွေ တစ်စုံတစ်ခုအပေါ် လိုက်ပါရူးသွပ်မှုတွေ အဲ့အချိန်ဆို ၁၂ နှစ်ဆိုတဲ့ အသက်ကွာဟမှုက အရေးမပါတော့သလိုပါပဲ ။ တစ်ခါတစ်လေတော့ လူတွေမသိအောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ဖြစ်ကြချိန်တွေမှာ အကြောင်းပြချက် ရေရေရာရာမရှိပြန်ဘူး ။ ဒါဆို ကျွန်တော်တို့ဟာ တစ်ယောက်ကို တစ်ယောက် ခြေတစ်လှမ်းထပ်လှမ်းဖို့ ဘာကိုကြောက်နေခဲ့ပါသလဲ ???
စိမ်းသက်နေသော သူစိမ်းတစ်ယောက်ကနေ တဖြေးဖြေး မသိမသာ အရောင်စွန်းလာသော နေရာတစ်ခုတွင်ရပ်ပြီး အနည်းငယ်တော့ ပွင့်လင်းလာပြီထင်ရသော ဆက်ဆံရေးဆိုတာကလည်း တခြားလူတွေအတွက်ဘာမှမဟုတ်သော်ငြားလည်း ကျွန်တော့်အတွက်ကတော့ ဆရာအနားရှိနေရင်တောင် လုံလောက်နေပြန်သည် ။ ဆရာဟာ Beakhyun ကိုတွဲနေပေမဲ့ မိုက်ရူးရဲဆန်သော နှလုံးသားကတော့ ကျွန်တော့်ကို ချစ်တယ်လို့တွေးနေပြီး ထို Relationship က တမင် သ၀န်တိုအောင် လုပ်ထားသော ဆက်ဆံရေးတစ်ခုအဖြစ် ယုံကြည်မိပြန်သည် ။
ကျွန်တော်ဟာ ထိုလူ့၏အချစ်ကို ဘယ်လောက်အထိ ယုံကြည်ခဲ့ပါသလဲ ?
မနက် 8:00 မထိုးခင်ထဲက အောက်ထပ်ရောက်နေသော Kyungsoo ဆီကို အနက်ရောင်ကားလေး တစ်စင်း တဖြေးဖြေးအနားရောက်လာသည် သူစောင့်နေတာ 8:15 မိနစ်ရှိခဲ့ပြီ ။ Chanyeol ကားတော့မဟုတ်ဘူးပေါ့ လာခေါ်မယ်ဆိုပြီး စာမပို့ထားပါပဲ Jongin ရောက်လာခြင်းဖြစ်သည် ။
" တော်သေးတာပေါ့ ကျောင်းသွားပြီထင်နေတာ တက်လေ "
Kyungsoo ဟာသူ့ရဲ့လက်ပတ်နာရီကိုကြည့်လိုက်တော့ ၁၅မိနစ်ကျော်လောက်နောက်ကျနေသော အချိန်ကြောင့် Chanyeol ကိုမစောင့်တော့ပဲ Jongin ကားပေါ်တက်လိုက်သည် ။ မနေ့တုန်းကတော့ လာခေါ်မယ်ဆိုပြီး အခေါက်ခေါက်မှာကာ ရောက်မလာသော Chanyeol ကို သူစိတ်ဆိုးမိတယ် ။ အနည်းဆုံးတော့မလာဘူးဆို စာပို့ပြီးပြောလို့မရဘူးလား ?
" English ဆရာကို စောင့်နေတာလား ? "
" အင်း ကြည့်ရတာ ကျောင်းသွားပြီထင်တယ် ငါအိမ်ကထွက်တာနောက်ကျတာနဲ့ သွားပြီထင်တာနေမှာ မင်းလာတော့ငါအခုမှထွက်လာတာ "
" ဒါ့ကြောင့်လား ? ငါမင်းဆီလာတဲ့လမ်းမှာတောင် Baekhyun နဲ့အတူ ဆရာ့ကိုတွေ့သေးတယ် ။ "
" အင်း "
၀မ်းနည်းနေသော စိတ်ကို မျက်ကွယ်ပြုထားလိုက်တယ် ။ အရင်ကထက်နေသားကျနေတော့အဆင်ပြေသလိုပါပဲ ဒါနဲ့များ ညတုန်းက သူ့ကို မျော်လင့်ချက်တွေပေးသွားခဲ့ပါသေးသည် ။ ကျွန်တော်ကတော့ရူးနေပြီထင်တယ် ဆရာပြောသမျှ အကုန်ယုံနေတော့တာပဲ ။ အမှတ်ကို မရှိဘူး ****
Kyungsoo ကျောင်းကိုရောက်တော့ ဆရာ့ကားထားသော နေရာကိုကြည့်လိုက်တော့ ကားကမရှိသေးဘူး ။ ကြည့်ရတာ နှစ်ယောက်သား ကျောင်းကိုရောက်သေးပုံမရပါ... ထိုနေ့က တစ်နေ့လုံး စိတ်မပါပေမဲ့ လူတစ်ယောက်ရဲ့ စကားနားထောင်တဲ့အနေဖြင့် စာသေချာလိုက်လုပ်နေမိသည် ။ ကျွန်တော်ကိုယ်တိုင်သတိမထားမိတဲ့အချိန်မှာ ပုံစံခွက်ထဲ နေသားကျနေသလိုပါပဲ ။ English အချိန်ရောက်တော့ ဆရာက ကျွန်တော့်ကို လှမ်းကြည့်သည် ဒါပေမဲ့ ကျွန်တော် မျက်နှာလွဲလိုက်မိတယ် ... ဒါကိုချက်ချင်း ဖုန်းထဲ Message ရောက်လာတော့သည်
* စာလုပ်ဖို့အချိန်သာမရှိတာ အလေလိုက်ဖို့တော့ အချိန်ရနေတယ်ပေါ့ *
ဒီစကားအဓိပ္ပာယ်ကို နားမလည်ရိုးအမှန်ပေမဲ့ အသားလွတ်ကြီးစွပ်စွဲလာမှုကိုတော့မခံချင်တာကြောင့်
* ပေးထားတဲ့ ကတိကိုဖျက်တာထက်တော့ကောင်းပါသေးတယ် *
Chanyeol ကသူ့ကိုအတော်စိတ်ဆိုးနေတဲ့ပုံစံဖြင့် အတန်းထိပ်ကနေကြည့်လာခဲ့သည် ။ တကယ့်အကြောင်းပြချက်ကိုတော့ သူဘာဆိုဘာမှမသိနေခဲ့အမှန်ဖြစ်ပေမဲ့ သူကစိတ်ဆိုးရမယ့်ကိစ္စကို ဟိုဘက်ကအရင် လူယုတ်မာဇာတ်သွင်းနေတာကြောင့် ဒေါသထွက်မိပါတယ် ။ ဆရာက ဘာဖြစ်ချင်နေတာလဲ ?? တကယ်ဆိုရင် ငါကတော့ မေ့နေလို့လာမခေါ်နိုင်တာဆိုပြီး အကြောင်းတစ်ခုခုပြသင့်တယ်မဟုတ်လား ??
ကန်တင်းမှာပဲဖြစ်ဖြစ် အချိန်ပိုချိန်မှာပဲ ဖြစ်ဖြစ် ဆရာ့အပြုံးတွေ အမူအရာတွေက အေးစက်သွားမှန်း Kyungsoo သိသည် ။ ထို့အတူ နောက်ဆုံး Final exam ကိုကြိုးစားရမည်ဟုဆိုကာ Aခန်း Bခန်းကလူတစ်ချို့ပါ အချိန်ပိုအချိန်တတ်ကြတာကြောင့် Baekhyun နဲ့ Jongin လည်းပါတာပေါ့ ။ Baekhyun ကသူ့အရှေ့မှာ ရှိသော ထိပ်ဆုံး၌ထိုင်ပြီး Jongin ကတော့ Kyungsoo ဘေးနားသို့လာထိုင်ခဲ့သည် ။ အချိန်ပိုချိန်တွင် English နဲ့ Math ကိုအဓိကသင်ပြီး အချိန်လည်း ပိုကြာသွားကာ ည7:00 မှပြီးတော့သည် ။
အရင်ကဆိုလျှင်အချိန်ပိုချိန်ပြီးရင် အတူပြန်ဖို့ခေါ်တဲ့ဆရာကလေ ကျွန်တော့်ကိုချန်ရစ်ပြီး အခုတော့ Baekhyun နဲ့အတူထွက်သွားခဲ့တယ် ။ Jongin ကတော့သူ့ကားနဲ့လိုက်ဖို့ခေါ်ပေမဲ့ Kyungsoo ဟာသူ့ရဲ့ ရှုပ်ထွေးကာ ပြည့်ကျပ်နေသော နာကျင်မှုတွေအတွက် Bus ကားစီးရန်သာရွေးချယ်ခဲ့ပြီး သူဟာ အိမ်ပြန်လမ်းတစ်လျှောက် ထိုနောက် ကားမှတ်တိုင်ကနေ အိမ်အထိ လေးပင်စွာ လမ်းလျှောက်လာရင်းနဲ့ အနည်းငယ်ေ၀းသောလူတစ်ယောက်ရဲ့တိုက်အောက်ကို လျှောက်လာခဲ့သည် ။ ဒါပေမဲ့ သူ့ထံမှာ ၀င်ရောက်ဖို့အတွက် သတ္တိအလုံအလောက်မရှိတာကြောင့် ပြန်လာခဲ့ရုံသာတတ်နိုင်ခဲ့ပါတယ် ။
ည 9:00 ထိုးတော့မယ့်အချိန်၌ လမ်းပေါ်တွင်သာရှိနေမိပြီး ကျောပိုးအိတ်တစ်လုံးထဲ အပြည့်သယ်လာသော ဘာသာစုံစာအုပ်များစွာကလည်းလေးလွန်းပါတယ် ။ သူကတော့ ....ဒီနေ့ ဆရာ့အိမ်လိုက်ဖို့ စိတ်ကူးယဥ်ထားခဲ့သေးသည် ။ ဒါကလည်း သူ့ကိုယ်သူ ဆရာ့အတွက် အရမ်းအရေးပါတဲ့လူတစ်ယောက်လို့တွက်မိခဲ့တာနဲ့တူပါတယ် ။ တကယ်တမ်းတော့ သူဟာ ဆရာ့အတွက် တပည့်တစ်ယောက်ထက်ပိုခဲ့ဟန်မတူပါ ။
နောက်တစ်နေ့မနက်ပိုင်းရောက်တော့ Kyungsoo အစောကြီးကျောင်းကို Bus ကားနဲ့လာခဲ့သည် ။ အဲ့အချိန် Sehun အိမ်ကကားလည်း ရောက်လာခဲ့တယ် ဒီနေ့မှထူးထူးဆန်းဆန်း သူတို့သူငယ်ချင်းနှစ်ယောက် ကျောင်းကိုစောရောက်နေခြင်းဖြစ်တာကြောင့် Kyungsoo ကအခြေအနေမကောင်းသော Sehun မျက်နှာကိုကြည့်ကာမေးလိုက်သည်
" ဘာဖြစ်ပြန်တာလဲ "
" Kyungsoo မင်းလူတစ်ယောက်ကိုချစ်ဖူးလား ? "
" ဘာဖြစ်လို့လဲ "
" ငါ့ကိုမနေ့ညက Baekhyun ကပြောတယ် မနေ့က English ဆရာ နဲ့နှစ်ယောက်သားပြန်တော့ ဆရာက သူ့ကို ငါနဲ့မပေါင်းဖို့ပြောတယ်တဲ့ "
" ဘာလို့လဲ ? "
" ကြည့်ရတာ ငါနဲ့အရင်တွဲတာ အဲ့ဆရာသိသွားတော့ Jကိုက်တာ နေမှာပေါ့ အဲ့ဒါနဲ့ Baekhyun က ငါ့ကို အဲ့လူရှေ့ သူ့ကိုမခေါ်ဖို့ပြောတယ် Kyungsoo မင်းသိလား သူနဲ့တွဲတုန်းက Hyun ကငါ့ကိုအရမ်းဂရုစိုက်ပေးခဲ့သလို ချစ်လည်းချစ်ပေးခဲ့တော့ ငါ့ခေါင်းထဲ ပျက်သွားလည်း သူငါ့ကိုချစ်နေတုန်းပဲလို့တွေးနေမိတယ် .... ယုတ်စွအဆုံးကွာ သူတို့နှစ်ယောက်တွဲနေတာတောင် ငါ့ကိုအရွဲ့တိုက်ဖို့ သပ်သပ်ပဲ တွေးနေမိတာ ဒါပေမဲ့ မဟုတ်ဘူးကွ "
ဆရာက သူ့ချစ်သူကို ရည်းစားဟောင်းနဲ့တောင်စကားမပြောခိုင်းပဲ သိပ်သ၀န်တိုတာပဲတဲ့လား ? ဒါပေါ့ ဆရာက အရမ်းသ၀န်တိုတတ်ပါတယ် သိတာပေါ့ ။ ဒါဆို ပေးခဲ့တဲ့ အရာတွေက ကျွန်တော်တစ်ယောက်ထဲ စိတ်ကူးထဲအိမ်ဆောက်နေတာပေါ့လေ မဟုတ်ဘူး ဆရာ့ရဲ့အပြုအမူတွေကတစ်ဆင့်သိနေပါတယ် ဆရာကျွန်တော့်ကိုချစ်တယ် ။ ကျွန်တော်တို့ကြားမှာ အဲ့လောက်မရိုးရှင်းခဲ့ပါဘူး ။ ဆရာသိနေရက်နဲ့ ဘာလို့များ ???
Kyungsoo ကျောင်းအခန်းထဲမ၀င်ပဲ ကျောင်းထဲကနေပြန်ထွက်သွားခဲ့သည် ။ သူ့စိတ်တွေအတော်လေး ဆောက်တည်ရာမဲ့နေလို့ နေရာတစ်ခုရှာပြီး ပုန်းအောင်းလိုက်ချင်တယ် ။ ပါးပေါ်က မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး Bus ကားထဲပြည့်နေသော လူတွေကြား မငိုချင်တာကြောင့် Taxi ငှားလိုက်သည် ။ လူမရှိတဲ့နေရာတစ်ခုကိုသာပို့ပေးပါ ။ မွန်းကျပ်လွန်းပြီး လစ်ဟာနေလွန်းတယ် .... ဘာကဘယ်လိုစ၍ ဘယ်လိုဖြစ်သွားလဲဆိုပြီးလည်း မသိတော့ပါဘူး ။ အကျယ်ကြီးအော်ပြောချင်တယ် ဆရာ့ဆီက ကျွန်တော်လည်း ဂရုစိုက်မှုတွေ သ၀န်တိုမှုတွေ လိုချင်ပါတယ်လို့ ။ ဆရာကို အရမ်း သဘောကျတယ် ။ ဆရာ့ကြောင့် ဆရာ့ကြောင့် ကိုယ့်ကိုကိုယ် ဘယ်လောက်အထိ မုန်းခဲ့လဲဆိုတာ မသိပဲနဲ့ ။။။။
Kyungsoo ဟာ တစ်နေ့လုံးဖုန်းပိတ်ထားပြီး ညမိုးချုပ်တဲ့အထိ နေရာအနှံ့ကို လျှောက်သွားနေခဲ့တယ် ။ ဒီလိုဆိုသက်သာမလားပေါ့ ရပ်ကွက်နားက ကစားကွင်းတစ်ခု၌ထိုင်ရင်း ကျောပိုးအိတ်ထဲကဖုန်းကိုထုတ်ကာ power ဖွင့်လိုက်သည် ။ သူမျော်လင့်နေတာက တစ်စုံတစ်ယောက်ဆီက သူ ပျောက်လို့စိတ်ပူနေတဲ့ Message လေးတစ်ကြောင်းလောက်ပေါ့ ။ ဒါပေမဲ့ တကယ်တမ်းဖုန်းပွင့်သွားတဲ့အခါ Jongin ဆီက * နေမကောင်းဖူးလား * ဆိုတဲ့ Message တစ်ခုကလွဲ၍ရောက်မလာခဲ့ပါ ။
ဘယ်အချိန်ကစပြီး ကျွန်တော်ဟာ ကိုယ့်ကိုကိုယ် လိမ်ညာခဲ့တာလဲဆိုတာ ပြောပါကြဦး ။ ဆရာတစ်ယောက်ရဲ့ ဂရူစိုက်မှုကို အရောင်စွန်းနေတဲ့ စိတ်ဆိုပြီး စိတ်ကူးယှဥ်ခဲ့မိတဲ့ ရူးနေတဲ့ အရူးတစ်ယောက် ။ လူတစ်ယောက်ရည်းစားထားတာနဲ့ ကိုယ့်ကို သ၀န်တိုအောင်လို့ဆိုပြီး ယုံကြည်နေတဲ့ တစ်ဖက်ပိတ် ဦးနှောက်နဲ့ကျွန်တော်ကပဲ မှားခဲ့တာလား ??? ကျွန်တော်မေးချင်တယ် ဆရာကျွန်တော်အပေါ် နည်းနည်းလေး သဘောကျခဲ့ဖူးပါသလား ?
Zawgyi
ပိုင္ရွင္ရွိၿပီသား တံဆိပ္ခက္ထားေသာ လူတစ္ေယာက္ဆီက တနင့္တပိုးတပ္မက္ထားေသာ ေမ်ာ္လင့္ခ်က္မ်ားအတြက္ တီးတိုးေတာင္းပန္႐ုံကလြဲ၍ ကၽြန္ေတာ္ကိုယ္တိုင္ေတာင္ မနိုင္ေသာ ႏွလုံးသားကိုေတာ့ လႊင့္ပစ္ထားသည္ ။ ျဖစ္ခ်င္ရာျဖစ္စမ္းပါေစ ... ဒါကကၽြန္ေတာ့္အမွားခ်ည္းပဲမဟုတ္တာေတာ့ေသခ်ာတာေပါ့ ။ ဆရာကေရာ ? ဘာေၾကာင့္ပါလဲ .... လူတစ္ခ်ိဳ႕ေပါ့ အဲ့လိုလူတစ္ခ်ိဳ႕ထဲ ဆရာမပါဘူးလို႔ ယုံၾကည္ထားေပမဲ့ တစ္ဖက္ကလည္း အဲ့လိုလူတစ္ခ်ိဳ႕အေၾကာင္းေတြးေနမိတယ္ ။ အလြယ္ရ အလြယ္လိုခ်င္ေနသလိုမ်ိဳး အခ်စ္ကိုနင္းၿပီး လွည့္စားတာမ်ိဳး ... တကယ္တမ္း ကၽြန္ေတာ္တို႔ပတ္သတ္သမၽွက ဘာလဲဆိုတာ ေသခ်ာမသိနိုင္ေတာ့ဘူး ။
ဆရာက ကၽြန္ေတာ့္ကိုခ်စ္တယ္လို႔ခံစားမိတိုင္း အနားတိုးသြားမိရင္ ဆရာက ကၽြန္ေတာ္ဆီက ထြက္ေျပးေနတယ္ဆိုၿပီးခံစားရတယ္ ။ အဲ့လိုပဲ အခ်စ္ကိုအေတြ႕အၾကဳံမရွိတဲ့ ကၽြန္ေတာ္ရဲ့ တုန္လႈပ္မႈေတြကလည္း ေၾကာက္ရြံ့မႈေတြတြဲပါေနတယ္ ။ တစ္ဖက္က ေမ်ာ္လင့္ခ်က္ေတြ တပုံတပင္နဲ႔ ကၽြန္ေတာ္ဘာကိုေမ်ာ္လင့္ေနပါသလဲ မသိခဲ့ေသာ ေန႔ရက္မ်ား၌ ဆရာဆီက ဂ႐ုစိုက္မႈေတြ သီးသန္႔ရေသာ လူတစ္ေယာက္အျဖစ္ရပ္တည္ေနသည္ ။
ကၽြန္ေတာ္တို႔ႏွစ္ေယာက္ထဲသိၿပီး ဖြင့္မေျပာခဲ့ေသာ သ၀န္တိုမႈေတြ အေသးစိတ္ဂ႐ုစိုက္မႈေတြ တစ္စုံတစ္ခုအေပၚ လိုက္ပါ႐ူးသြပ္မႈေတြ အဲ့အခ်ိန္ဆို ၁၂ ႏွစ္ဆိုတဲ့ အသက္ကြာဟမႈက အေရးမပါေတာ့သလိုပါပဲ ။ တစ္ခါတစ္ေလေတာ့ လူေတြမသိေအာင္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ရယ္ျဖစ္ၾကခ်ိန္ေတြမွာ အေၾကာင္းျပခ်က္ ေရေရရာရာမရွိျပန္ဘူး ။ ဒါဆို ကၽြန္ေတာ္တို႔ဟာ တစ္ေယာက္ကို တစ္ေယာက္ ေျခတစ္လွမ္းထပ္လွမ္းဖို႔ ဘာကိုေၾကာက္ေနခဲ့ပါသလဲ ???
စိမ္းသက္ေနေသာ သူစိမ္းတစ္ေယာက္ကေန တေျဖးေျဖး မသိမသာ အေရာင္စြန္းလာေသာ ေနရာတစ္ခုတြင္ရပ္ၿပီး အနည္းငယ္ေတာ့ ပြင့္လင္းလာၿပီထင္ရေသာ ဆက္ဆံေရးဆိုတာကလည္း တျခားလူေတြအတြက္ဘာမွမဟုတ္ေသာ္ျငားလည္း ကၽြန္ေတာ့္အတြက္ကေတာ့ ဆရာအနားရွိေနရင္ေတာင္ လုံေလာက္ေနျပန္သည္ ။ ဆရာဟာ Beakhyun ကိုတြဲေနေပမဲ့ မိုက္႐ူးရဲဆန္ေသာ ႏွလုံးသားကေတာ့ ကၽြန္ေတာ့္ကို ခ်စ္တယ္လို႔ေတြးေနၿပီး ထို Relationship က တမင္ သ၀န္တိုေအာင္ လုပ္ထားေသာ ဆက္ဆံေရးတစ္ခုအျဖစ္ ယုံၾကည္မိျပန္သည္ ။
ကၽြန္ေတာ္ဟာ ထိုလူ႔၏အခ်စ္ကို ဘယ္ေလာက္အထိ ယုံၾကည္ခဲ့ပါသလဲ ?
မနက္ 8:00 မထိုးခင္ထဲက ေအာက္ထပ္ေရာက္ေနေသာ Kyungsoo ဆီကို အနက္ေရာင္ကားေလး တစ္စင္း တေျဖးေျဖးအနားေရာက္လာသည္ သူေစာင့္ေနတာ 8:15 မိနစ္ရွိခဲ့ၿပီ ။ Chanyeol ကားေတာ့မဟုတ္ဘူးေပါ့ လာေခၚမယ္ဆိုၿပီး စာမပို႔ထားပါပဲ Jongin ေရာက္လာျခင္းျဖစ္သည္ ။
" ေတာ္ေသးတာေပါ့ ေက်ာင္းသြားၿပီထင္ေနတာ တက္ေလ "
Kyungsoo ဟာသူ႔ရဲ့လက္ပတ္နာရီကိုၾကည့္လိုက္ေတာ့ ၁၅မိနစ္ေက်ာ္ေလာက္ေနာက္က်ေနေသာ အခ်ိန္ေၾကာင့္ Chanyeol ကိုမေစာင့္ေတာ့ပဲ Jongin ကားေပၚတက္လိုက္သည္ ။ မေန႔တုန္းကေတာ့ လာေခၚမယ္ဆိုၿပီး အေခါက္ေခါက္မွာကာ ေရာက္မလာေသာ Chanyeol ကို သူစိတ္ဆိုးမိတယ္ ။ အနည္းဆုံးေတာ့မလာဘူးဆို စာပို႔ၿပီးေျပာလို႔မရဘူးလား ?
" English ဆရာကို ေစာင့္ေနတာလား ? "
" အင္း ၾကည့္ရတာ ေက်ာင္းသြားၿပီထင္တယ္ ငါအိမ္ကထြက္တာေနာက္က်တာနဲ႔ သြားၿပီထင္တာေနမွာ မင္းလာေတာ့ငါအခုမွထြက္လာတာ "
" ဒါ့ေၾကာင့္လား ? ငါမင္းဆီလာတဲ့လမ္းမွာေတာင္ Baekhyun နဲ႔အတူ ဆရာ့ကိုေတြ႕ေသးတယ္ ။ "
" အင္း "
၀မ္းနည္းေနေသာ စိတ္ကို မ်က္ကြယ္ျပဳထားလိုက္တယ္ ။ အရင္ကထက္ေနသားက်ေနေတာ့အဆင္ေျပသလိုပါပဲ ဒါနဲ႔မ်ား ညတုန္းက သူ႔ကို ေမ်ာ္လင့္ခ်က္ေတြေပးသြားခဲ့ပါေသးသည္ ။ ကၽြန္ေတာ္ကေတာ့႐ူးေနၿပီထင္တယ္ ဆရာေျပာသမၽွ အကုန္ယုံေနေတာ့တာပဲ ။ အမွတ္ကို မရွိဘူး ****
Kyungsoo ေက်ာင္းကိုေရာက္ေတာ့ ဆရာ့ကားထားေသာ ေနရာကိုၾကည့္လိုက္ေတာ့ ကားကမရွိေသးဘူး ။ ၾကည့္ရတာ ႏွစ္ေယာက္သား ေက်ာင္းကိုေရာက္ေသးပုံမရပါ... ထိုေန႔က တစ္ေန႔လုံး စိတ္မပါေပမဲ့ လူတစ္ေယာက္ရဲ့ စကားနားေထာင္တဲ့အေနျဖင့္ စာေသခ်ာလိုက္လုပ္ေနမိသည္ ။ ကၽြန္ေတာ္ကိုယ္တိုင္သတိမထားမိတဲ့အခ်ိန္မွာ ပုံစံခြက္ထဲ ေနသားက်ေနသလိုပါပဲ ။ English အခ်ိန္ေရာက္ေတာ့ ဆရာက ကၽြန္ေတာ့္ကို လွမ္းၾကည့္သည္ ဒါေပမဲ့ ကၽြန္ေတာ္ မ်က္ႏွာလြဲလိုက္မိတယ္ ... ဒါကိုခ်က္ခ်င္း ဖုန္းထဲ Message ေရာက္လာေတာ့သည္
* စာလုပ္ဖို႔အခ်ိန္သာမရွိတာ အေလလိုက္ဖို႔ေတာ့ အခ်ိန္ရေနတယ္ေပါ့ *
ဒီစကားအဓိပၸာယ္ကို နားမလည္ရိုးအမွန္ေပမဲ့ အသားလြတ္ႀကီးစြပ္စြဲလာမႈကိုေတာ့မခံခ်င္တာေၾကာင့္
* ေပးထားတဲ့ ကတိကိုဖ်က္တာထက္ေတာ့ေကာင္းပါေသးတယ္ *
Chanyeol ကသူ႔ကိုအေတာ္စိတ္ဆိုးေနတဲ့ပုံစံျဖင့္ အတန္းထိပ္ကေနၾကည့္လာခဲ့သည္ ။ တကယ့္အေၾကာင္းျပခ်က္ကိုေတာ့ သူဘာဆိုဘာမွမသိေနခဲ့အမွန္ျဖစ္ေပမဲ့ သူကစိတ္ဆိုးရမယ့္ကိစၥကို ဟိုဘက္ကအရင္ လူယုတ္မာဇာတ္သြင္းေနတာေၾကာင့္ ေဒါသထြက္မိပါတယ္ ။ ဆရာက ဘာျဖစ္ခ်င္ေနတာလဲ ?? တကယ္ဆိုရင္ ငါကေတာ့ ေမ့ေနလို႔လာမေခၚနိုင္တာဆိုၿပီး အေၾကာင္းတစ္ခုခုျပသင့္တယ္မဟုတ္လား ??
ကန္တင္းမွာပဲျဖစ္ျဖစ္ အခ်ိန္ပိုခ်ိန္မွာပဲ ျဖစ္ျဖစ္ ဆရာ့အျပဳံးေတြ အမူအရာေတြက ေအးစက္သြားမွန္း Kyungsoo သိသည္ ။ ထို႔အတူ ေနာက္ဆုံး Final exam ကိုႀကိဳးစားရမည္ဟုဆိုကာ Aခန္း Bခန္းကလူတစ္ခ်ိဳ႕ပါ အခ်ိန္ပိုအခ်ိန္တတ္ၾကတာေၾကာင့္ Baekhyun နဲ႔ Jongin လည္းပါတာေပါ့ ။ Baekhyun ကသူ႔အေရွ႕မွာ ရွိေသာ ထိပ္ဆုံး၌ထိုင္ၿပီး Jongin ကေတာ့ Kyungsoo ေဘးနားသို႔လာထိုင္ခဲ့သည္ ။ အခ်ိန္ပိုခ်ိန္တြင္ English နဲ႔ Math ကိုအဓိကသင္ၿပီး အခ်ိန္လည္း ပိုၾကာသြားကာ ည7:00 မွၿပီးေတာ့သည္ ။
အရင္ကဆိုလၽွင္အခ်ိန္ပိုခ်ိန္ၿပီးရင္ အတူျပန္ဖို႔ေခၚတဲ့ဆရာကေလ ကၽြန္ေတာ့္ကိုခ်န္ရစ္ၿပီး အခုေတာ့ Baekhyun နဲ႔အတူထြက္သြားခဲ့တယ္ ။ Jongin ကေတာ့သူ႔ကားနဲ႔လိုက္ဖို႔ေခၚေပမဲ့ Kyungsoo ဟာသူ႔ရဲ့ ရႈပ္ေထြးကာ ျပည့္က်ပ္ေနေသာ နာက်င္မႈေတြအတြက္ Bus ကားစီးရန္သာေရြးခ်ယ္ခဲ့ၿပီး သူဟာ အိမ္ျပန္လမ္းတစ္ေလၽွာက္ ထိုေနာက္ ကားမွတ္တိုင္ကေန အိမ္အထိ ေလးပင္စြာ လမ္းေလၽွာက္လာရင္းနဲ႔ အနည္းငယ္ေ၀းေသာလူတစ္ေယာက္ရဲ့တိုက္ေအာက္ကို ေလၽွာက္လာခဲ့သည္ ။ ဒါေပမဲ့ သူ႔ထံမွာ ၀င္ေရာက္ဖို႔အတြက္ သတၱိအလုံအေလာက္မရွိတာေၾကာင့္ ျပန္လာခဲ့႐ုံသာတတ္နိုင္ခဲ့ပါတယ္ ။
ည 9:00 ထိုးေတာ့မယ့္အခ်ိန္၌ လမ္းေပၚတြင္သာရွိေနမိၿပီး ေက်ာပိုးအိတ္တစ္လုံးထဲ အျပည့္သယ္လာေသာ ဘာသာစုံစာအုပ္မ်ားစြာကလည္းေလးလြန္းပါတယ္ ။ သူကေတာ့ ....ဒီေန႔ ဆရာ့အိမ္လိုက္ဖို႔ စိတ္ကူးယဥ္ထားခဲ့ေသးသည္ ။ ဒါကလည္း သူ႔ကိုယ္သူ ဆရာ့အတြက္ အရမ္းအေရးပါတဲ့လူတစ္ေယာက္လို႔တြက္မိခဲ့တာနဲ႔တူပါတယ္ ။ တကယ္တမ္းေတာ့ သူဟာ ဆရာ့အတြက္ တပည့္တစ္ေယာက္ထက္ပိုခဲ့ဟန္မတူပါ ။
ေနာက္တစ္ေန႔မနက္ပိုင္းေရာက္ေတာ့ Kyungsoo အေစာႀကီးေက်ာင္းကို Bus ကားနဲ႔လာခဲ့သည္ ။ အဲ့အခ်ိန္ Sehun အိမ္ကကားလည္း ေရာက္လာခဲ့တယ္ ဒီေန႔မွထူးထူးဆန္းဆန္း သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ ေက်ာင္းကိုေစာေရာက္ေနျခင္းျဖစ္တာေၾကာင့္ Kyungsoo ကအေျခအေနမေကာင္းေသာ Sehun မ်က္ႏွာကိုၾကည့္ကာေမးလိုက္သည္
" ဘာျဖစ္ျပန္တာလဲ "
" Kyungsoo မင္းလူတစ္ေယာက္ကိုခ်စ္ဖူးလား ? "
" ဘာျဖစ္လို႔လဲ "
" ငါ့ကိုမေန႔ညက Baekhyun ကေျပာတယ္ မေန႔က English ဆရာ နဲ႔ႏွစ္ေယာက္သားျပန္ေတာ့ ဆရာက သူ႔ကို ငါနဲ႔မေပါင္းဖို႔ေျပာတယ္တဲ့ "
" ဘာလို႔လဲ ? "
" ၾကည့္ရတာ ငါနဲ႔အရင္တြဲတာ အဲ့ဆရာသိသြားေတာ့ Jကိုက္တာ ေနမွာေပါ့ အဲ့ဒါနဲ႔ Baekhyun က ငါ့ကို အဲ့လူေရွ႕ သူ႔ကိုမေခၚဖို႔ေျပာတယ္ Kyungsoo မင္းသိလား သူနဲ႔တြဲတုန္းက Hyun ကငါ့ကိုအရမ္းဂ႐ုစိုက္ေပးခဲ့သလို ခ်စ္လည္းခ်စ္ေပးခဲ့ေတာ့ ငါ့ေခါင္းထဲ ပ်က္သြားလည္း သူငါ့ကိုခ်စ္ေနတုန္းပဲလို႔ေတြးေနမိတယ္ .... ယုတ္စြအဆုံးကြာ သူတို႔ႏွစ္ေယာက္တြဲေနတာေတာင္ ငါ့ကိုအရြဲ႕တိုက္ဖို႔ သပ္သပ္ပဲ ေတြးေနမိတာ ဒါေပမဲ့ မဟုတ္ဘူးကြ "
ဆရာက သူ႔ခ်စ္သူကို ရည္းစားေဟာင္းနဲ႔ေတာင္စကားမေျပာခိုင္းပဲ သိပ္သ၀န္တိုတာပဲတဲ့လား ? ဒါေပါ့ ဆရာက အရမ္းသ၀န္တိုတတ္ပါတယ္ သိတာေပါ့ ။ ဒါဆို ေပးခဲ့တဲ့ အရာေတြက ကၽြန္ေတာ္တစ္ေယာက္ထဲ စိတ္ကူးထဲအိမ္ေဆာက္ေနတာေပါ့ေလ မဟုတ္ဘူး ဆရာ့ရဲ့အျပဳအမူေတြကတစ္ဆင့္သိေနပါတယ္ ဆရာကၽြန္ေတာ့္ကိုခ်စ္တယ္ ။ ကၽြန္ေတာ္တို႔ၾကားမွာ အဲ့ေလာက္မရိုးရွင္းခဲ့ပါဘူး ။ ဆရာသိေနရက္နဲ႔ ဘာလို႔မ်ား ???
Kyungsoo ေက်ာင္းအခန္းထဲမ၀င္ပဲ ေက်ာင္းထဲကေနျပန္ထြက္သြားခဲ့သည္ ။ သူ႔စိတ္ေတြအေတာ္ေလး ေဆာက္တည္ရာမဲ့ေနလို႔ ေနရာတစ္ခုရွာၿပီး ပုန္းေအာင္းလိုက္ခ်င္တယ္ ။ ပါးေပၚက မ်က္ရည္ေတြကို ခပ္ၾကမ္းၾကမ္းသုတ္လိုက္ၿပီး Bus ကားထဲျပည့္ေနေသာ လူေတြၾကား မငိုခ်င္တာေၾကာင့္ Taxi ငွားလိုက္သည္ ။ လူမရွိတဲ့ေနရာတစ္ခုကိုသာပို႔ေပးပါ ။ မြန္းက်ပ္လြန္းၿပီး လစ္ဟာေနလြန္းတယ္ .... ဘာကဘယ္လိုစ၍ ဘယ္လိုျဖစ္သြားလဲဆိုၿပီးလည္း မသိေတာ့ပါဘူး ။ အက်ယ္ႀကီးေအာ္ေျပာခ်င္တယ္ ဆရာ့ဆီက ကၽြန္ေတာ္လည္း ဂ႐ုစိုက္မႈေတြ သ၀န္တိုမႈေတြ လိုခ်င္ပါတယ္လို႔ ။ ဆရာကို အရမ္း သေဘာက်တယ္ ။ ဆရာ့ေၾကာင့္ ဆရာ့ေၾကာင့္ ကိုယ့္ကိုကိုယ္ ဘယ္ေလာက္အထိ မုန္းခဲ့လဲဆိုတာ မသိပဲနဲ႔ ။။။။
Kyungsoo ဟာ တစ္ေန႔လုံးဖုန္းပိတ္ထားၿပီး ညမိုးခ်ဳပ္တဲ့အထိ ေနရာအႏွံ့ကို ေလၽွာက္သြားေနခဲ့တယ္ ။ ဒီလိုဆိုသက္သာမလားေပါ့ ရပ္ကြက္နားက ကစားကြင္းတစ္ခု၌ထိုင္ရင္း ေက်ာပိုးအိတ္ထဲကဖုန္းကိုထုတ္ကာ power ဖြင့္လိုက္သည္ ။ သူေမ်ာ္လင့္ေနတာက တစ္စုံတစ္ေယာက္ဆီက သူ ေပ်ာက္လို႔စိတ္ပူေနတဲ့ Message ေလးတစ္ေၾကာင္းေလာက္ေပါ့ ။ ဒါေပမဲ့ တကယ္တမ္းဖုန္းပြင့္သြားတဲ့အခါ Jongin ဆီက * ေနမေကာင္းဖူးလား * ဆိုတဲ့ Message တစ္ခုကလြဲ၍ေရာက္မလာခဲ့ပါ ။
ဘယ္အခ်ိန္ကစၿပီး ကၽြန္ေတာ္ဟာ ကိုယ့္ကိုကိုယ္ လိမ္ညာခဲ့တာလဲဆိုတာ ေျပာပါၾကဦး ။ ဆရာတစ္ေယာက္ရဲ့ ဂ႐ူစိုက္မႈကို အေရာင္စြန္းေနတဲ့ စိတ္ဆိုၿပီး စိတ္ကူးယွဥ္ခဲ့မိတဲ့ ႐ူးေနတဲ့ အ႐ူးတစ္ေယာက္ ။ လူတစ္ေယာက္ရည္းစားထားတာနဲ႔ ကိုယ့္ကို သ၀န္တိုေအာင္လို႔ဆိုၿပီး ယုံၾကည္ေနတဲ့ တစ္ဖက္ပိတ္ ဦးေႏွာက္နဲ႔ကၽြန္ေတာ္ကပဲ မွားခဲ့တာလား ??? ကၽြန္ေတာ္ေမးခ်င္တယ္ ဆရာကၽြန္ေတာ္အေပၚ နည္းနည္းေလး သေဘာက်ခဲ့ဖူးပါသလား ?