Love poison (Uni)
အပိုင်း ၁၅
ရီပေါ် မှိတ်ထားတဲ့မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူ့အစား ဓားထိုးခံလိုက်ရတဲ့ ရူ့လွီကို တွေ့တယ်။ ရူ့လွီက ရီပေါ်နဲ့ မျက်နှာချင်းဆိုင် ကိုမှ ဒူးထောက်ရက်အနေအထားနဲ့ မျက်ရည်စများတွဲလွဲခိုနေတဲ့ မျက်ဝန်းများနဲ့ ရီပေါ့်ကို ကြည့်လို့နေတယ်။ ရီပေါ်လဲ လျင်လျင်မြန်မြန်နဲ့ ရူ့လွီကို ရင်ခွင်ထဲမှာ ပြေးပြီး ပိုက်လိုက်တယ်။သူတို့နှစ်ယောက်က သွေးမတော်သားမဆက်ပေမဲ့ မိသားစု မောင်နှမထက်ပိုထက် သံယောဇဥ်တွေ ရှိကြတယ်။ ရီပေါ့်အတွက်တော့ သူက တစ်ဦးထဲသော ညီမလေးပါ။ ရီပေါ်လဲ ငိုရင်းပြောလိုက်သည်။
"ရူ့လွီရယ် ဘာလို့ ငါ့အစားခံတာလဲ"
"ရူ့ကောအတွက်လုပ်ပေးနိုင်တာ ဒါဘဲ ရှိလို့ပါ"
"သတိထား ကောတို့ အတူထွက်ပြေးကြမယ်နော် ရူ့ အိပ်မပျော်သွားစေနဲ့"
"ကောရယ် ကိုယ့်အကြောင်းကို ကောင်းကောင်းသိပါတယ် ရူ့ တောင့်မခံနိုင်တော့ဘူး ကောသာ ကိုယ်ချစ်တဲ့သူနဲ့ မြန်မြန်ထွက်ပြေးပါ"
ထိုအချိန်သမားတော်ဂူ ရောက်လာသည်မို့ ရူ့လွီက ရီပေါ့်ကို အားကုန်သုံးပြီး တွန်းလိုက်ကာ သမားတော်ဂူနဲ့တိုက်ခိုက်လေသည်။ ရီပေါ်က ရူ့လွီစီ သွားမည်အလုပ်တွင် ရှောင်ကျန့်က မြင်းစီးလာကာ ရီပေါ့်ကို မြင်းပေါ်ကနေ လက်တဖက်ဖြင့် သယ်ကာ မြင်းပေါ်တင်လိုက်လေသည်။ ရူ့လွီကတော့ ဓားချက်ပေါင်းများစွာဖြင့် ရီပေါ်တို့အတွက် လမ်းပိတ်ပေးထားသည်။ရီပေါ်ကတော့
"ရူ့လွီ ရူ့လွီ ရူ့လွီ"
ဆိုပြီး နာမည်ကို အထပ်ထပ်အော်နေသည်။ ရူ့လွီကတော့ အားကုန်သုံးကာ အော်ပြောလိုက်သည်။
"နောင်ဘဝကျရင် ကောရဲ့ ညမလေးအဖြစ် ကောရဲ့အနားမှာ တသက်လုံး သာမန်လူအဖြစ်နဲ့ ရှိချင်တယ်"
ပြောပြီးသည်နှင့် ရူ့လွီလဲ ဓားချက်ပေါင်းများစွာကြောင့် အမြုတေ ပြိုကွဲကာ သေဆုံးသွားလေသည်။ သမားတော်ဂူတို့အဖွဲ့လဲ သေဆုံးသွားတဲ့ ရူ့လွီကိုထားခဲ့ကာ ရီပေါ်တို့နောက်ကို လိုက်သွားလေသည်။
ရူ့လွီက သေဆုံးပြီး ခဏ ဝံပုလွေငယ်လေးအဖြစ်သို့ပြောင်းသွားလေသည်။ မိုးရာသီဖြစ်တာကြောင့် မိုးတဖွဲဖွဲ ရွာနေသည့်ကြားထဲ သေဆုံးနေတဲ့ ဝံပုလွေ ငယ်လေးဟာ မိုးစက်ကြားမှာ တကောင်ထဲ အထီးကျန် အေးစက်လို့ နေခဲ့ပါပြီ။ အမြုတေပျက်စီးသွားတဲ့အတွက် သူဟာ နောက်နှစိပေါင်းရာချီတဲ့ထိ ပြန်ဝင်စားနိုင်မှာ မဟုပါဘူး။ ဒါပေမဲ့ သူက နောင်တရမှာ မဟုပါဘူး။ သူ့အတွက် တဦးထဲသော မိသားစုဖြစ်တဲ့ ရီပေါ့်ကို ကယ်တင်နိုင်လို့ပါ။
တဖက်တွင်
ရှောင်ကျန့်ဟာ ရီပေါ်ကို ရင်ခွင်ထဲ ထဲ့ပြီး ခရီးဆက်လာလိုက်ရာ သမားတော်ဂူတို့မမှီတဲ့ နေရာတနေရာအထိ ရောက်လာခဲ့တယ်။ ရှောင်ကျန့်က အနားယူဖို့ သစ်ပင်အကွယ်တွေ အများကြီး ရှိ တဲ့တနေမှာ ရပ်ပြီး မြင်းကို သစ်ပင်မှာ ကြိုးချည်ထားခဲ့တယ်။ ရီပေါ်ကတော့ စကားမပြောဘဲ သွေးပျက်ကာ ခိုင်လို့နေတယ်။ ရှောင်ကျန့်က သစ်ရွက်နု မြက်လေးတွေ ရှာကာ ရီပေါ် တယောက်စာ ကျောလှဲလို့ ရအောင်လုပ်ပေးလိုက်သည်။
"ရီလေး မင်းဒီမှာ ခဏစောင့်နေနော် ကိုယ် ရေသွားခပ်လိုက်အုံးမယ်"
"အင်းကိုကို"
လို့ပြောကာ ခေါင်းညှိမ်းပြသည်။ ရှောင်ကျန့်လဲ သက်ပြင်း တခါချကာ ထွက်သွားတော့သည်။
ရှောင်ကျန့်လဲ စားလို့ရမဲ့ အသီးလေးတွေ ခူးကာ ရေခက်ပြီး ထမယ်အလုပ် ခေါင်းက မိုက်ခနဲဖစ်သွားသည်။ ပြီးတော့ ချောင်းတွေ အဆက်မပြတ်ဆိုးတယ်။
"အဟွတ် အဟွတ် အဟွတ် အဟွတ်"
လက်ဖြင့် အုပ်ပြီး ဆိုးတော့လက်မှာ သွေးတွေ ကို တွေ့ရတယ်။ သူဒီလိုဖြစ်နေတာ တော်တော်ကြာပြီ။ တခါတလေ နှာခေါင်းသွေးပါ လျှံ တတ်သည်။
ရှောင်ကျန့်က သေရမှာကို မကြောက်ပါဘူး။ ကီပေါ့်ကို တယောက်ထဲ ထားခဲ့ရမှာကိုဘဲ ကြောက်တာပါ။ ဒါပေမဲ့ သူဒီလိုဖြစ်နေတာကို ရီပေါ့်ကို ဖုံးကွယ်ဖို့ ကြံနေတယ်။ ခဏကြာတော့ နေလို့နဲနဲကောင်းတာကြောင့် ခူးထားတဲ့သစ်သီးတွေနဲ့ ရေသယ်ကာ ရီပေါ့်စီ ပြန်သွားလေသည်။
ရီပေါ့်စီရောက်တော့ ခင်းပေးထားတဲ့ သစ်ရွက်တွေပေါ်မှာ ခွေခွေလေး အိပ်ပျော်နေတာကို တွေ့ရတယ်။ ရှောင်ကျန့်ယူလာတာတွေကို ချကာ ရီပေါ့်နားမှာ လဲပီး ရီပေါ့်ခေါင်းအောက် လက်ထိုးကာ လက်မောင်းပေါ် ရီပေါ့်ကို အိပ်စေလိုက်ပြီး ရင်ခွင်ထဲထဲ့ကာ ဖက်ထားလိုက်သည်။ ရှောင်ကျန့်ရင်ထဲမှာလဲ အတော်ဝမ်းနဲနေသည်။ သူရဲ့အမည်ဖော်မရတဲ့ ရောဂါက မကြာဖူး သေတော့မယ်ဆိုတာကို သူအတပ်သိတာကြောင့်ပါ။
ရီပေါ်ရဲ့ ဆံပင်လေးကို နှုတ်ခေါင်းဖြင့်ထိုးဆွရင်း ဆံနွယ်နံလေးကို အဝယူနေမိတယ်။ ငူတကယ်မခွဲချင်ပါ။ ဒါပေမဲ့ ကံတရားက ကိုယ့်ဘက်မပါပါဘူး။ဟိုတွေး ဒီတွေး စဥ်းစားရင်း အိပ်ပျော်သွားလေသည်။
မနက်ခင်း နေရောင်ခြည် က သစ်ပင်အကွယ်ကနေ ထိုးဖောက်ကာ မျက်လူံးပေါ် ကျရောက်လာသည်မို့ ရှောင်ကျန့်နိုးသွားလေသည်။ မျက်လုံး ဖွင့်ဖွင့်ချင်း ရီပေါ် မရှိတော့တာမို့ ချက်ချင်း ထထိုင်လိုက်သည်။ နိုးနိုးချင်းထလိုက်တာမို့ မိုက်ခနဲ ခေါင်းမူးသွားသည်။ ခေါင်းကို လက်ဖြင့် အုပ်ကာ အားတင်းကာ ထလိုက်ပြီး ရီပေါ့်ကို လိုက်ရှာလေသည်။
တောလမ်းဖြစ်တာကြောင့် ခလုပ်ခတင်းတွေ အရမ်းများလွန်းတယ်။ ကွေ့ပတ်ပြီး သွားရတာကြောင့် ရှောင်ကျန့် ခေါင်းတွေအရမ်းကိုက်ကာ နှာခေါင်း သွေးတွေ လျှံလာသည်။ အကျိ်လက်ဖြင့် ခက်ကြမ်းကြမ်း သုတ်လိုက်ပြီး ရီပေါ့်ကို ဆက်ရှာလေသည်။
ရှောင်ကျန့် တောင်ပေါ်လမ်းထိ လိုက်ရှာနေလေသည်။ ခေါင်းလဲ မူးနေတာကြောင့် တောင်ပေါ်ကနေ ခြေချော်ပြီး အောက်သို့ တပတ်လည်ကာ ပြုတ်ကျလေသည်။ လမ်းတလျောက် ရွံတွေ အမှိုက်တွေ ကပ်ကာ တောင်အောက်ရောက်တော့ ခေါင်းနဲ့ ကျောက်တုံးနဲ့ ဆောင့်မိကာ သွေးများဖြင့် သတိလစ်သွားတော့သည်။
ကိုကိုမှာ ဒဏ်ရာတွေ တွေ့တာကြောင့် စားဖိူ့အတွက် ငါးသွားဖမ်းတာ ရေထဲ ပြုတ်ကျသွားတာနဲ့ကြာနေတာ ပြန်ရောက်တော့ ကိုကို မရှိတာကြောင့်စိတ်ပူသွားတယ် ။ ကိုကို ကိုများ ဟိုလူတွေ ဖမ်းသွားတာလား ဆိုပြီ။ ဖမ်းလာတဲ့ငါးတွေကို ချပြီး အပြေးသွားကာ လိုက်ရှာလေသည်။ ထိုအချိန် မိုးကလဲ ရွာလာတာကြောင့် မိုးရွာထဲ ပြေးကာ အရူးတပိုင်း ဖြစ်နေသည်။ရူ့လွီလဲ မရှိတော့တာကြောင့် ရီပေါ့်အတွက် ဒီတလောကလုံးမှာ ရှောင်ကျန့်တယောက်ဘဲ ရှိတော့တာကြောင့် ရှောင်ကျန့်သာ တခုခုဖြစ်ရင် သူလဲ အသက်မရှင်နိုင်တော့ပါ။ရီပေါ့် ရှာနေရင်း စိတ်ပူလွန်းတာကြောင့် မရပ်မနားကို အပြေးအလွှားရှာလို့နေသည်။
အဲ့လိုနဲ့မှောင်ရီရော အချိန်ကို ကူးပြောင်းလာခဲ့တယ်။ မိုးလဲ ရပ်သွားတယ်။ နောက်ဆုံးတော့ ရှောင်ကျန့် ပြုတ်ကျတဲ့ တောင်ကုန်းစီ ရီပေါ်ကောက်လာတယ်။ရီပေါ်က မြေခွေးဆိုတော့ တန်းပြီးတော့ရှောင်ကျန့်အနံ့ကို ရပြီး အောက်မှာ လဲကျနေတာမြင်သွားတယ်။
ကိုကို ကိုကို
^. ...............^
ခုတလော vote တွေနည်းလာကြတယ်နော်။ သာသာ အရေးအသားကို မကြိုက်ကြလို့လား😢
Love poison (Zaw)
အပိုင္း ၁၅
ရီေပၚ မွိတ္ထားတဲ့မ်က္လုံးကို ဖြင့္ၾကည့္လိုက္ေတာ့ သူ႕အစား ဓားထိုးခံလိုက္ရတဲ့ ႐ူ႕လြီကို ေတြ႕တယ္။ ႐ူ႕လြီက ရီေပၚနဲ႕ မ်က္ႏွာခ်င္းဆိုင္ ကိုမွ ဒူးေထာက္ရက္အေနအထားနဲ႕ မ်က္ရည္စမ်ားတြဲလြဲခိုေနတဲ့ မ်က္ဝန္းမ်ားနဲ႕ ရီေပၚ့ကို ၾကည့္လို႔ေနတယ္။ ရီေပၚလဲ လ်င္လ်င္ျမန္ျမန္နဲ႕ ႐ူ႕လြီကို ရင္ခြင္ထဲမွာ ေျပးၿပီး ပိုက္လိုက္တယ္။သူတို႔ႏွစ္ေယာက္က ေသြးမေတာ္သားမဆက္ေပမဲ့ မိသားစု ေမာင္ႏွမထက္ပိုထက္ သံေယာဇဥ္ေတြ ရွိၾကတယ္။ ရီေပၚ့အတြက္ေတာ့ သူက တစ္ဦးထဲေသာ ညီမေလးပါ။ ရီေပၚလဲ ငိုရင္းေျပာလိုက္သည္။
"႐ူ႕လြီရယ္ ဘာလို႔ ငါ့အစားခံတာလဲ"
"႐ူ႕ေကာအတြက္လုပ္ေပးနိုင္တာ ဒါဘဲ ရွိလို႔ပါ"
"သတိထား ေကာတို႔ အတူထြက္ေျပးၾကမယ္ေနာ္ ႐ူ႕ အိပ္မေပ်ာ္သြားေစနဲ႕"
"ေကာရယ္ ကိုယ့္အေၾကာင္းကို ေကာင္းေကာင္းသိပါတယ္ ႐ူ႕ ေတာင့္မခံနိုင္ေတာ့ဘူး ေကာသာ ကိုယ္ခ်စ္တဲ့သူနဲ႕ ျမန္ျမန္ထြက္ေျပးပါ"
ထိုအခ်ိန္သမားေတာ္ဂူ ေရာက္လာသည္မို႔ ႐ူ႕လြီက ရီေပၚ့ကို အားကုန္သုံးၿပီး တြန္းလိုက္ကာ သမားေတာ္ဂူနဲ႕တိုက္ခိုက္ေလသည္။ ရီေပၚက ႐ူ႕လြီစီ သြားမည္အလုပ္တြင္ ေရွာင္က်န့္က ျမင္းစီးလာကာ ရီေပၚ့ကို ျမင္းေပၚကေန လက္တဖက္ျဖင့္ သယ္ကာ ျမင္းေပၚတင္လိုက္ေလသည္။ ႐ူ႕လြီကေတာ့ ဓားခ်က္ေပါင္းမ်ားစြာျဖင့္ ရီေပၚတို႔အတြက္ လမ္းပိတ္ေပးထားသည္။ရီေပၚကေတာ့
"႐ူ႕လြီ ႐ူ႕လြီ ႐ူ႕လြီ"
ဆိုၿပီး နာမည္ကို အထပ္ထပ္ေအာ္ေနသည္။ ႐ူ႕လြီကေတာ့ အားကုန္သုံးကာ ေအာ္ေျပာလိုက္သည္။
"ေနာင္ဘဝက်ရင္ ေကာရဲ႕ ညမေလးအျဖစ္ ေကာရဲ႕အနားမွာ တသက္လုံး သာမန္လူအျဖစ္နဲ႕ ရွိခ်င္တယ္"
ေျပာၿပီးသည္ႏွင့္ ႐ူ႕လြီလဲ ဓားခ်က္ေပါင္းမ်ားစြာေၾကာင့္ အျမဳေတ ၿပိဳကြဲကာ ေသဆုံးသြားေလသည္။ သမားေတာ္ဂူတို႔အဖြဲ႕လဲ ေသဆုံးသြားတဲ့ ႐ူ႕လြီကိုထားခဲ့ကာ ရီေပၚတို႔ေနာက္ကို လိုက္သြားေလသည္။
႐ူ႕လြီက ေသဆုံးၿပီး ခဏ ဝံပုေလြငယ္ေလးအျဖစ္သို႔ေျပာင္းသြားေလသည္။ မိုးရာသီျဖစ္တာေၾကာင့္ မိုးတဖြဲဖြဲ ႐ြာေနသည့္ၾကားထဲ ေသဆုံးေနတဲ့ ဝံပုေလြ ငယ္ေလးဟာ မိုးစက္ၾကားမွာ တေကာင္ထဲ အထီးက်န္ ေအးစက္လို႔ ေနခဲ့ပါၿပီ။ အျမဳေတပ်က္စီးသြားတဲ့အတြက္ သူဟာ ေနာက္ႏွစိေပါင္းရာခ်ီတဲ့ထိ ျပန္ဝင္စားနိုင္မွာ မဟုပါဘူး။ ဒါေပမဲ့ သူက ေနာင္တရမွာ မဟုပါဘူး။ သူ႕အတြက္ တဦးထဲေသာ မိသားစုျဖစ္တဲ့ ရီေပၚ့ကို ကယ္တင္နိုင္လို႔ပါ။
တဖက္တြင္
ေရွာင္က်န့္ဟာ ရီေပၚကို ရင္ခြင္ထဲ ထဲ့ၿပီး ခရီးဆက္လာလိုက္ရာ သမားေတာ္ဂူတို႔မမွီတဲ့ ေနရာတေနရာအထိ ေရာက္လာခဲ့တယ္။ ေရွာင္က်န့္က အနားယူဖို႔ သစ္ပင္အကြယ္ေတြ အမ်ားႀကီး ရွိ တဲ့တေနမွာ ရပ္ၿပီး ျမင္းကို သစ္ပင္မွာ ႀကိဳးခ်ည္ထားခဲ့တယ္။ ရီေပၚကေတာ့ စကားမေျပာဘဲ ေသြးပ်က္ကာ ခိုင္လို႔ေနတယ္။ ေရွာင္က်န့္က သစ္႐ြက္ႏု ျမက္ေလးေတြ ရွာကာ ရီေပၚ တေယာက္စာ ေက်ာလွဲလို႔ ရေအာင္လုပ္ေပးလိုက္သည္။
"ရီေလး မင္းဒီမွာ ခဏေစာင့္ေနေနာ္ ကိုယ္ ေရသြားခပ္လိုက္အုံးမယ္"
"အင္းကိုကို"
လို႔ေျပာကာ ေခါင္းညွိမ္းျပသည္။ ေရွာင္က်န့္လဲ သက္ျပင္း တခါခ်ကာ ထြက္သြားေတာ့သည္။
ေရွာင္က်န့္လဲ စားလို႔ရမဲ့ အသီးေလးေတြ ခူးကာ ေရခက္ၿပီး ထမယ္အလုပ္ ေခါင္းက မိုက္ခနဲဖစ္သြားသည္။ ၿပီးေတာ့ ေခ်ာင္းေတြ အဆက္မျပတ္ဆိုးတယ္။
"အဟြတ္ အဟြတ္ အဟြတ္ အဟြတ္"
လက္ျဖင့္ အုပ္ၿပီး ဆိုးေတာ့လက္မွာ ေသြးေတြ ကို ေတြ႕ရတယ္။ သူဒီလိုျဖစ္ေနတာ ေတာ္ေတာ္ၾကာၿပီ။ တခါတေလ ႏွာေခါင္းေသြးပါ လွ်ံ တတ္သည္။
ေရွာင္က်န့္က ေသရမွာကို မေၾကာက္ပါဘူး။ ကီေပၚ့ကို တေယာက္ထဲ ထားခဲ့ရမွာကိုဘဲ ေၾကာက္တာပါ။ ဒါေပမဲ့ သူဒီလိုျဖစ္ေနတာကို ရီေပၚ့ကို ဖုံးကြယ္ဖို႔ ႀကံေနတယ္။ ခဏၾကာေတာ့ ေနလို႔နဲနဲေကာင္းတာေၾကာင့္ ခူးထားတဲ့သစ္သီးေတြနဲ႕ ေရသယ္ကာ ရီေပၚ့စီ ျပန္သြားေလသည္။
ရီေပၚ့စီေရာက္ေတာ့ ခင္းေပးထားတဲ့ သစ္႐ြက္ေတြေပၚမွာ ေခြေခြေလး အိပ္ေပ်ာ္ေနတာကို ေတြ႕ရတယ္။ ေရွာင္က်န့္ယူလာတာေတြကို ခ်ကာ ရီေပၚ့နားမွာ လဲပီး ရီေပၚ့ေခါင္းေအာက္ လက္ထိုးကာ လက္ေမာင္းေပၚ ရီေပၚ့ကို အိပ္ေစလိုက္ၿပီး ရင္ခြင္ထဲထဲ့ကာ ဖက္ထားလိုက္သည္။ ေရွာင္က်န့္ရင္ထဲမွာလဲ အေတာ္ဝမ္းနဲေနသည္။ သူရဲ႕အမည္ေဖာ္မရတဲ့ ေရာဂါက မၾကာဖူး ေသေတာ့မယ္ဆိုတာကို သူအတပ္သိတာေၾကာင့္ပါ။
ရီေပၚရဲ႕ ဆံပင္ေလးကို ႏႈတ္ေခါင္းျဖင့္ထိုးဆြရင္း ဆံႏြယ္နံေလးကို အဝယူေနမိတယ္။ ငူတကယ္မခြဲခ်င္ပါ။ ဒါေပမဲ့ ကံတရားက ကိုယ့္ဘက္မပါပါဘူး။ဟိုေတြး ဒီေတြး စဥ္းစားရင္း အိပ္ေပ်ာ္သြားေလသည္။
မနက္ခင္း ေနေရာင္ျခည္ က သစ္ပင္အကြယ္ကေန ထိုးေဖာက္ကာ မ်က္လူံးေပၚ က်ေရာက္လာသည္မို႔ ေရွာင္က်န့္နိုးသြားေလသည္။ မ်က္လုံး ဖြင့္ဖြင့္ခ်င္း ရီေပၚ မရွိေတာ့တာမို႔ ခ်က္ခ်င္း ထထိုင္လိုက္သည္။ နိုးနိုးခ်င္းထလိုက္တာမို႔ မိုက္ခနဲ ေခါင္းမူးသြားသည္။ ေခါင္းကို လက္ျဖင့္ အုပ္ကာ အားတင္းကာ ထလိုက္ၿပီး ရီေပၚ့ကို လိုက္ရွာေလသည္။
ေတာလမ္းျဖစ္တာေၾကာင့္ ခလုပ္ခတင္းေတြ အရမ္းမ်ားလြန္းတယ္။ ေကြ႕ပတ္ၿပီး သြားရတာေၾကာင့္ ေရွာင္က်န့္ ေခါင္းေတြအရမ္းကိုက္ကာ ႏွာေခါင္း ေသြးေတြ လွ်ံလာသည္။ အက်ိ္လက္ျဖင့္ ခက္ၾကမ္းၾကမ္း သုတ္လိုက္ၿပီး ရီေပၚ့ကို ဆက္ရွာေလသည္။
ေရွာင္က်န့္ ေတာင္ေပၚလမ္းထိ လိုက္ရွာေနေလသည္။ ေခါင္းလဲ မူးေနတာေၾကာင့္ ေတာင္ေပၚကေန ေျခေခ်ာ္ၿပီး ေအာက္သို႔ တပတ္လည္ကာ ျပဳတ္က်ေလသည္။ လမ္းတေလ်ာက္ ႐ြံေတြ အမွိုက္ေတြ ကပ္ကာ ေတာင္ေအာက္ေရာက္ေတာ့ ေခါင္းနဲ႕ ေက်ာက္တုံးနဲ႕ ေဆာင့္မိကာ ေသြးမ်ားျဖင့္ သတိလစ္သြားေတာ့သည္။
ကိုကိုမွာ ဒဏ္ရာေတြ ေတြ႕တာေၾကာင့္ စားဖိူ႕အတြက္ ငါးသြားဖမ္းတာ ေရထဲ ျပဳတ္က်သြားတာနဲ႕ၾကာေနတာ ျပန္ေရာက္ေတာ့ ကိုကို မရွိတာေၾကာင့္စိတ္ပူသြားတယ္ ။ ကိုကို ကိုမ်ား ဟိုလူေတြ ဖမ္းသြားတာလား ဆိုၿပီ။ ဖမ္းလာတဲ့ငါးေတြကို ခ်ၿပီး အေျပးသြားကာ လိုက္ရွာေလသည္။ ထိုအခ်ိန္ မိုးကလဲ ႐ြာလာတာေၾကာင့္ မိုး႐ြာထဲ ေျပးကာ အ႐ူးတပိုင္း ျဖစ္ေနသည္။႐ူ႕လြီလဲ မရွိေတာ့တာေၾကာင့္ ရီေပၚ့အတြက္ ဒီတေလာကလုံးမွာ ေရွာင္က်န့္တေယာက္ဘဲ ရွိေတာ့တာေၾကာင့္ ေရွာင္က်န့္သာ တခုခုျဖစ္ရင္ သူလဲ အသက္မရွင္နိုင္ေတာ့ပါ။ရီေပၚ့ ရွာေနရင္း စိတ္ပူလြန္းတာေၾကာင့္ မရပ္မနားကို အေျပးအလႊားရွာလို႔ေနသည္။
အဲ့လိုနဲ႕ေမွာင္ရီေရာ အခ်ိန္ကို ကူးေျပာင္းလာခဲ့တယ္။ မိုးလဲ ရပ္သြားတယ္။ ေနာက္ဆုံးေတာ့ ေရွာင္က်န့္ ျပဳတ္က်တဲ့ ေတာင္ကုန္းစီ ရီေပၚေကာက္လာတယ္။ရီေပၚက ေျမေခြးဆိုေတာ့ တန္းၿပီးေတာ့ေရွာင္က်န့္အနံ႕ကို ရၿပီး ေအာက္မွာ လဲက်ေနတာျမင္သြားတယ္။
ကိုကို ကိုကို
^. ...............^