နေညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့...

By Z_isnot_yours

58.6K 4.5K 595

Completed Myanmar GL Story🌼 ကျွန်မဟာ သံသရာတကွေ့မှာ ညို့မျက်ဝန်းနက်နက်တွေထဲခြေချော်ကျခဲ့ဖူးပါသည်။ ... More

နိဒါန်း(U+Z)
စာကိုယ် -၁ (U+Z)
စာကိုယ် -၂( U+Z)
စာကိုယ်-၃(U+Z)
စာကိုယ်-၄(U+Z)
စာကိုယ်-၅(U+Z)
နိဒါန်းတစ်ခု၏နိဂုံး(U+Z)
အချပ်ပို(U+Z)🌼

စာကိုယ်-၆(U+Z)

4.2K 443 65
By Z_isnot_yours

Unicode

ထမင်းစားခန်းအတွင်း ကြီးကြီးမြ၏လက်ရာ မနက်စာ အုန်းနို့ခေါက်ဆွဲအရည်အနံ့က ကြိုင်ကြိုင်လှိုင်လှိုင်ရှိနေသည်။ အိပ်ရာစောစောထတတ်တဲ့ ညိုကလည်း ကြီးကြီးမြနှင့်အတူ မနက်စာစားပွဲဝိုင်းကို ကူညီပြင်ဆင်ပေးနေသည်။

" သမီးလေးညို ဒီနေ့ ကြီးကြီး ဘာဟင်းချက်ရင်ကောင်းမလဲကွယ် ၊ တနေ့တနေ့ ဘာချက်ရမှန်းစဉ်းစားရတာလဲ အတော်ခေါင်းကိုက်တာကွဲ့။ သမီးတို့ ဘာစားချင်တာရှိလဲဟင်" ကြီးကြီးမြက ပန်းကန်ပြားတွေထဲ ခေါက်ဆွဲဖတ်များကို လိုက်ထည့်နေရင်းမေးသည်။

" ကြီးကြီးမြ လက်ရာဆို အကုန်ကောင်းပြီးသားဘဲကို ၊ ညိုက ဘာဖြစ်ဖြစ်အကုန်စားပါတယ် ။ ကြီးကြီးမြကြိုက်တာသာချက်ပါ"

" ဒါဆို ပုဇွန်ဆီပြန်ကလေးချက်ရင် ကောင်းမလား၊ အို ၊ ဒါလည်းမဖြစ်သေးပါဘူး။ မနက်စာက အုန်းနို့ခေါက်ဆွဲဆိုတော့ ပုဇွန်ထပ်ချက်လိုက်ရင် တအိမ်လုံးသွေးတိုးကုန်ဦးမယ်နော်။ ဘာချက်ရင် ကောင်းမလဲ.."

မနက်စာပြင်ဆင်ပြီးသွားတဲ့အချိန် ထမင်းစားခန်းထဲ ဝင်လာတဲ့ ဦးနေမင်းရှိန်။ ဖက်ဖူးစိမ်းရောင်ရှပ်အကွက်ကို အနက်ရောင်ပုဆိုးနှင့်တွဲဖက်ဝတ်ဆင်ထားသည်။ မျက်နှာကိုကြည့်ရတာ မျက်ကွင်းတစ်ဝိုက် ခပ်ညိုညိုနှင့် အိပ်ရေးပျက်ထားဟန်ရှိသည်။ ညို့ကိုမြင်တော့ အကြည့်တို့က ပိုခပ်မှိုင်းမှိုင်းဖြစ်သွားကာ စိတ်ရှုပ်ထွေးနေပုံရသည်။

ထမင်းစားဝိုင်းတွင် ဝင်ထိုင်ရင်း ကြီးကြီးမြပြင်ပေးသောအုန်းနို့ခေါက်ဆွဲကို တိတ်တဆိတ်စားနေသည်။ ခဏအကြာတော့ နေရီရီပါ စားပွဲဝိုင်းနားရောက်လာကာ ညို့ဘေးခုံမှာ ဝင်ထိုင်လိုက်သည်။အစားစားရင်းစကားမပြောရခြင်းမှာ ယဉ်ကျေးခြင်းတစ်ရပ်ဖြစ်တာကြောင့် လူလေးယောက်ဟာ အသံမထွက်ဘဲမနက်စာစားခြင်းအမှုကို တိတ်တဆိတ်သာပြုနေသည်။

အုန်းနို့ခေါက်ဆွဲ သိပ်ကြိုက်သော ကိုကိုကြီးက ဒီနေ့မှာ သုံးလေးလုတ်သာစားကာ အသင့်ချထားတဲ့ရေဖန်ခွက်အပြည့်ကို တကျိုက်ထဲ မော့ချလိုက်သည်။ ရင်တွင်းက အပူကိုရေအေးအေးဖြင့် ငြိမ်းစေချင်လို့ဖြစ်နိုင်ပါသည်။

"ဒေစီညို ဆရာကားထဲကစောင့်နှင့်မယ်။ စားပြီးရင်လိုက်လာခဲ့ပါ၊ ဒီနေ့အလုပ်စောစောသွားရအောင် ။ နေရီ ဒီနေ့ အလုပ်မလိုက်ခဲ့နဲ့တော့"

" ကိုကိုကြီး နေရီ.."

" ငါပြောတာ နားထောင်စမ်း မိနေရီ ..မလိုက်နဲ့ဆိုမလိုက်နဲ့ပေါ့။ နှစ်ခါမပြောချင်ဘူး"

ဦးနေမင်းရှိန်၏ခပ်မာမာလေသံကြောင့် အုန်းနို့ခေါက်ဆွဲစားနေသည့်ကြီးမြပင်လျှင်တွန့်ခနဲ ဖြစ်သွားသည်။ နေမင်းရှိန်က သူ့ညီမအပေါ်တခါမှ စိတ်ဆိုးစိတ်တို လေသံမာမာဖြင့်ပြောဖူးသည်မှမရှိဘဲ။ ဘာပြဿနာဖြစ်ထားကြလို့လဲဆိုသည့် စကားကိုအကြည့်ဖြင့်ဘေးနားက
ဒေစီညို့ကိုလှမ်းမေးသည်။ ညိုကတော့ ခပ်မှိုင်းမှိုင်း မျက်ဝန်းတွေနဲ့ ခေါင်းသာအသာခါပြသည်။

စားပွဲပေါ်က လက်ဆွဲအိတ်ကို ဆွဲယူကာ ကိုကိုကြီးကတော့ ထမင်းစားပွဲမှ ထွက်သွားပြီ။ နေရီကတော့ လက်ထဲကိုင်ထားတဲ့ ဇွန်းကိုသာ ခပ်နာနာဖိလိုက်မိသည်။ ညိုကလည်း စားလက်စ ပန်းကန်ကိုချကာ သူ့ဆရာနောက်ကိုလိုက်သွားသည်။ မသွားခင် နေရီ့ ပုခုံးတစ်ဖက်ကို အားနှင့်ဆုပ်ကိုင်လိုက်ကာ အဆင်ပြေသွားမှာပါဆိုသည့်အကြည့်ဖြင့်အားပေးသည်။ မျက်ရည်လွယ်တဲ့ နေရီဟာ ဝမ်းနည်းနေသည့်စိတ်ကိုထိန်းသည့်အနေဖြင့် အောက်နှုတ်ခမ်းကိုသာ ကိုက်ထားမိသည်။ကလေးတွေ။ ဘာများဖြစ်ကြတာပါလိမ့်ဆိုပြီး ကြီးကြီးမြဟာလည်းစိတ်ပူနေရပြီဖြစ်သည်။
-----

"ညို ဆရာ့ရုံးခန်းထဲ ခဏလိုက်ခဲ့ပါဦး"
ရုံးရောက်တာနဲ့ ဦးနေမင်းရှိန်က သူ့ရုံးခန်းထဲ လာဖို့ပြောသည်။ ဦးနေမင်းရှိန် ဘာပြောမလဲသိနေသည့် ညိုကတော့ သူ့စိတ်ကိုတတ်နိုင်သမျှ ပြင်ဆင်ထားလိုက်ရင်း အခန်းထဲဝင်သွားရတော့သည်။

" ကိုယ်ဘာပြောမယ်ဆိုတာ ညိုခန့်မှန်းမိလောက်မှာပါ။ ကိုယ့်ညီမနဲ့ ညိုနဲ့က ချစ်သူတွေဆိုတာအမှန်ဘဲလား"

"ဟုတ်ပါတယ် ဆရာ"

ညို့ဆီကပါ အတည်ပြုချက်ကို ရလိုက်ပြီမို့ ဦးနေမင်းရှိန်ကတော့ သက်ပြင်းတစ်ချက်ကိုကျယ်ကျယ်ချရတော့သည်။

" နေရီရီဟာ ကိုယ့်ရဲ့တစ်ဦးတည်းသော ညီမလေး ၊ ကိုယ့်ဘဝအတွက် အရေးကြီးဆုံးလူတစ်ယောက်ဆိုလည်းမမှားဘူး။ မိဘတွေမရှိတော့နောက် ဒီလောကကြီးမှာ ကိုယ့်မှာ ပြေးကြည့်မှ တွယ်တာစရာဆိုလို့ ဒီညီမလေးတစ်ယောက်ဘဲရှိတော့တယ်။ ဒီညီမလေးစိတ်ဆင်းရမယ်ဆို ကိုယ်ဘာကိုမှမလုပ်ချင်ဘူး။ ပြီးတော့ နေရီချစ်တဲ့မိန်းကလေးကလည်း တခြားသူမဟုတ်ဘဲ ညို၊ ညို့ကို ဆရာသိလာတဲ့အချိန်အတောအတွင်းမှာ ညိုဟာ အလုပ်အပေါ်မှာ စေတနာထား ပတ်ဝန်းကျင်ပေါ်မှာ စေတနာထားတတ်တဲ့ မိန်းမကောင်းလေးတစ်ယောက်ဆိုတာ သိလာရတယ်။ ရိုးသားကြိုးစားတဲ့ ညို့ကို ဆရာဟာ ကိုယ့်ညီမလေးတစ်ယောက်လိုဘဲ သံယောဇဉ်ဖြစ်မိပါ့တယ် ။ ကိုယ်ဟာ ကိုယ့်ညီမနှစ်ယောက်အပေါ် ထိခိုက်နာကျင်ရအောင် ဘယ်နည်းနဲ့လုပ်နိုင်ပါ့မလဲ"

" ကိုယ်ညက နေရီနဲ့ညို့အကြောင်းတွေးရင်းတစ်ညလုံး အိပ်မပျော်နိုင်ခဲ့ဘူး။ကိုယ်ဘာများ ဆက်လုပ်သင့်လဲဆိုတဲ့အဖြေကို ထိုင်စဉ်းစားခဲ့တယ်။"ကိုကိုကြီးမျက်နှာကအတော်လေးစိတ်ပင်ပန်းထားမှန်းသိသာလွန်းပါသည်။

"'အပ္ပိယေဟိ သမ္ပယောဂေါ
ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော -
မချစ်မနှစ်သက်သော သတ္တဝါတို့နှင့် ပေါင်းသင်းရခြင်းသည် ဆင်းရဲ၏။ ချစ်နှစ်လိုအပ်သော သတ္တဝါတို့နှင့်ကွေကွင်းရခြင်းသည် ဆင်းရဲ၏" ဓမ္မာစကြာပါ ဤဆင်းရဲနှစ်ဖြာကို ကိုယ့်ရဲ့နုနုနယ်နယ် ညီမလေးတွေကို မခံစားစေချင်ဘူး။ နောက်ဆုံးတော့ ဆရာ အဖြေတစ်ခုကိုရခဲ့တယ်။ ချစ်ကြတာဘဲလေ၊ မုန်းကြတာမှ မဟုတ်တာ ။ မုန်းတာထက်စာရင် ချစ်တာက ပိုကောင်းပါတယ်လို့တွေးမိလိုက်ရင်း ဆရာ ညို့တို့ကို နားလည်နိုင်ဖို့ ကြိုးစားကြည့်ချင်တယ် ၊ လောလောဆယ် လုံးဝနားလည်ပေးလိုက်တာတော့မဟုတ်ဘူး။ ဆရာ အချိန်အတိုင်းအတာတစ်ခုထိတော့ ကြိုးစားကြည့်ရဦးမှာ"

ဆရာ့ဆီက ဒီလိုစကားကိုကြားရလိုက်မယ်လို့ ညိုယောင်လို့တောင်မတွေးမိခဲ့တာအမှန်။ သူတို့အကြောင်းတွေ သိသွားလို့ ဆရာ သူ့ကို အလုပ်ထုတ်ပစ်မယ်ဆိုရင်တောင် သူ နည်းနည်းလေးမှဆရာ့အပေါ် စိတ်မဆိုးဘဲ အလုပ်ထွက်ပေးဖို့တောင် စဉ်းစားခဲ့သည် ။

" ညို နေရီအပေါ်မှာချစ်တဲ့အချစ်က ပထမဆုံးနဲ့ နောက်ဆုံးအချစ်ပါဆရာ ၊ ချစ်ခွင့်ရရုံနဲ့တင် ကျေနပ်ပြီမို့ ဝေးသွားခဲ့ရရင်တောင် ဘယ်သူ့အပြစ်မှမဟုတ်ပါဘူးလို့မဟုတ်ပါဘူးလို့တွေးပြီး ညို နေရီ့ကိုလက်လွတ်ပေးလိုက်ပို့ ပြင်ထားပြီးသားပါ။ ကိုယ့်ကျေးဇူးရှင်ဆရာရဲ့ သဘောထားကိုလွန်ဆန်ပြီး ညို ဘာမှဆက်မတိုးချင်ပါဘူး။အခုလို ဆရာ့ဆီက နားလည်လက်ခံပေးဖို့ အထိ ညို့မမျှော်လင့်ရဲပါဘူး"

မျက်ရည်စတွေဝေ့ကာပြောနေတဲ့ ဒေစီညို့ကို ကြည့်ရင်း ကိုကိုကြီးလည်း သက်ပြင်းတချက်ချကာ ခပ်ဖွဖွပြုံးလိုက်သည်။ အေးလေ ချစ်ကြတာဘဲ၊ အပြစ်တစ်ခုရယ်လို့တော့ မခေါ်ထိုက်ပါ။
---------
တနေကုန် ထမင်းမစားဟင်းမစားဘဲ အခန်းထဲထိုင်ငိုနေတဲ့ နေရီ့ကို ကြည့်ပြီး ကြီးကြီးမြလည်း ဘာလုပ်လို့ဘာကိုင်ရမယ်မသိပါ။ ဘာလို့ ငိုရတာလဲဟုမေးတော့လည်း မဖြေ ။ မောင်နှမတွေ ရန်မဖြစ်စဖူး ရန်ဖြစ်ထားကြတာလားဟု မေးပေမယ့်လည်း အကျိုးမထူး။ နေရီလေးဟာ လိမ္မာရေးခြားရှိတဲ့ နူးနူးညံ့ညံ့မိန်းကလေးဆိုပေမယ့် တခါတလေကျတော့လည်း တချို့ကိစ္စတွေမှာ နည်းနည်းခေါင်းမာသည်။ ကိုကိုကြီး မကြိုက်တဲ့ ကိစ္စတခုခုကို လုပ်ထားပုံရလို့ ဟိုက ဆူထားဟန်တူပါသည်ဟုသာ တွေးရင်း ကြီးကြီးမြလည်း ဘာမှဆက်မမေးဖြစ်တော့ပေ။ ခြံရှေ့က ကားဟွန်းသံကြားသည်မို့ ကြီးကြီးမြ ခြံတံခါးကိုအပြေးသွားဖွင့်ရသည်။

" သားတို့တောင်ပြန်လာပြီဘဲ။ ဟိုမှာကွယ် မင့်ညီမလေး တနေကုန်အခန်းထဲထိုင်ငိုနေတယ်။ ကြီးမြမေးတော့လည်းမဖြေ။ နေရီလေးကိုသိပ်လည်းမဆူပါနဲ့ သားရယ်။ သမီးလေးကလိမ္မာရှာပါတယ်ကွဲ့"သုံးယောက်သား အိမ်ထဲပြန်အဝင်လာတွင် ကြီးကြီးမြက နေမင်းရှိန်ကိုပြောသည်။

"ကြီးမြကလည်းဗျာ ၊ ကျွန်တော်သူ့ကို ဘာမှတောင်မဆူရသေးပါဘူး ၊ သူကအရင်ဦးအောင်ငိုနေရတယ်လို့" ဦးနေမင်းရှိန်ကတော့ နှာခေါင်းရှုံကာ ပြောသည်။

" မောင်နှမတွေ စိတ်ဆိုးစရာရှိလည်း ခဏပေါ့ကွယ်၊ သွားသွား သားညီမလေးကိုသွားချော့လိုက်ပါဦး"

ကြီးမြအပြောကြောင့် ညိုရော ဦးနေမင်းရှိန်ပါ နေရီ့အခန်းဆီတက်သွားကြသည် ။ ဖွင့်ထားတဲ့ အခန်းတံခါးဝကိုအရောက် နှာတရှုံ့ရှုံ့နှင့် ငိုနေသော နေရီ့ကိုတွေ့ရသည်။

" ဘာတွေ မလွမ်းပိုထိုင်လုပ်နေရတာလဲ ။ နင့်ညိုကိုလည်းအကျိုးအကြောင်းမေးကြည့်ပါဦး" ဦးနေမင်းရှိန်က တံခါးဝကနေ လှမ်းအော်ကာ သူ့အခန်းဘက်ကို ဆက်လျှောက်သွားသည်။ ညိုကသာ နေရီ့အခန်းထဲ ဝင်လာသည်။

" ညို ၊ ဘာတဲ့လဲဟင်၊ ကိုကိုကြီးက ညို့ကိုရောဆူသေးလား။ တို့နှစ်ယောက်ကို သဘောမတူဘူးတဲ့လား။ ညို ဘာမှစိတ်မပူနဲ့။ ကိုကိုကြီးသဘောမတူရင်တောင် ညို့ကို တို့ခိုးပြေးမှာ။ ဘယ်ကို ခိုးပြေးရင်ကောင်းမလဲ တို့ငိုရင်းထိုင်စဉ်းစားနေတာ သိလား" နှာလုံးလုံးလေးပါ နီရဲနေအောင် ငိုထားသည့် နေရီ့ပုံစံလေးကို ကြည့်ရင်းညို ပြုံးမိသွားသည်။ ကြည့်ပါဦး အသည်းယားစရာလေး။ ညိုကနေရီ့ကုတင်တွင်တင်ပါးလွှဲဝင်ထိုင်လိုက်သည်။

" နေရီကတော့လေ၊ တကယ်မလွယ်ဘူး။ ဘာလို့ ဒီလောက်တောင် အတွေးလွန်နေရတာတုန်း။ ဆရာ့သဘောထားကိုလည်းမသိသေးဘဲနဲ့"

နေရီ့ပါးနုနုပေါ်က မျက်ရည်စတို့ကို ညို့ကို ခပ်ဖွဖွသုတ်ပေးကာပြောလာသည်။

" ရုံးရောက်တော့ ဆရာ ညို့ကိုပြောတယ်။ သူ ညိုနဲ့နေရီ့ကိစ္စကိုတွေးပြီး ဘာဆက်လုပ်ရင်ကောင်းမလဲ စဉ်းစားနေတာနဲ့ တစ်ညလုံးတောင် အိပ်မရခဲ့ပါဘူးတဲ့"

"ဆရာကလေ နေရီ့ကိုသိပ်ချစ်တာဘဲနော်၊ သူ့ညီမစိတ်ဆင်းရဲရမယိ့ ကိစ္စဆို မလုပ်ရက်တာမို့ သူ့ဘက်က တထစ်လျှော့ပြီး နေရီနဲ့ ညို့ကို နားလည်ပေးဖို့ကြိုးစားပါ့မယ်တဲ့" ညို့စကားအဆုံး နေရီကသူ့ဘေးနားက ကိုယ်လုံးလေးကို တင်းတင်းကျပ်ကျပ်ဖက်ပစ်လိုက်သည်။

" ဟင်၊ တကယ်ဘဲ ကိုကိုကြီးကအဲ့လိုပြောသလား ၊ ဝမ်းသာလိုက်တာ ညိုရယ်"

" ဝမ်းသာတာ ဒီအတိုင်း ဝမ်းသာလို့ရတာဘဲ၊ ဘာလို့ အားနဲ့လာဖက်နေတာတုန်း၊ လွှတ်ပါဦး" နှုတ်ကသာလွှတ်ပါဦးပြောတာ ညိုက နည်းနည်းလေးမှတောင်မရုန်း။

" ဟီး အပျော်လွန်သွားလို့ ဖက်တာပေါ့ တို့ရဲ့တရားဝင် ရည်းစားလေးရဲ့ ၊ နောက်ဆို ဖက်တဲ့အဆင့်ကိုတောင် ကျော်ရတော့မှာဘဲကို ဟီးဟိ" တကယ်ပါ။ ဗလွတ်ရွှတ်တောက်ပြောတတ်တဲ့ နေရီ့အကျင့်ကပျောက်မှာကိုမဟုတ်တာပါ။

"နေဦး။ နေရီ ကိုကိုကြီးဆီသွားလိုက်ဦးမယ်" ညို့ပါးတစ်ဖက်ကို ဖြတ်ခနဲ လှမ်းနမ်းသွားကာ ကုတင်ပေါ်က ပြေးဆင်းသွားသည်။ ကျန်ခဲ့ရသည့် လူကသာ နားရွက်ဖျားတွေနီလို့။

----------

" ဘာလာရှုပ်တာတုန်း အရှုပ်မလေး ၊ ငါ အိပ်ရေးပျက်ထားလို့အိပ်တော့မလို့"

ကိုကိုကြီး အခန်းထဲကို နေရီက အပြေးတစ်ပိုင်းဝင်လာတာမြင်တော့ ကိုကိုကြီးက လက်ထဲကခြင်ထောင်ကြိုးကိုချလိုက်ကာပြောသည်။

" ကိုကိုကြီး ၊ နေရီနဲ့ ညို့ကိုသဘောတူပေးဖို့ကြိုးစားပေးမယ်ဆိုတာအမှန်ဘဲလားဟင်"

"မဟုတ်ဘူး ငါနောက်နေတာ" ဟွန့်ခနဲ နှာရှုံ့ကာ ကိုကိုကြီးကပြောသည်။

" ဟာ ၊ ကိုကိုကြီးကလည်း"

" စဉ်းစားပေးမယ်ဆို စဉ်းစားပေးမယ်ပေါ့၊ လာပြီးအတည်ပြုချက်တောင်းနေရသေးလား အရှုပ်မလေး"

"ကိုကိုကြီးကလည်း စဉ်းစားမနေဘဲ အခုသဘောတူလိုက်ပါတော့လား။ နေရီ့မှာ ပျော်ရမလို မပျော်ရမလို တဝက်တပျက်ကြီး ဟီး၊ ကိုကိုကြီးကလည်း တစ်ယောက်ထဲရှိတဲ့ ညီမလေးကို နည်းနည်းလေးလောက်အလိုလိုက်ပေါ့လို့" တကယ်ပါ ။ နေရီရီကလူဆိုးမလေး။

" ငါအလိုလိုက်ကောင်းလို့ ညီမတစ်‌ယောက်လုံး ယောက်ျားမယူဘဲ မိန်းမယူတော့မယ့်အဖြစ်လေ ၊ ဒီထက်အလိုသာ လိုက်ရရင် ငါ့ကိုပါ ယောက်ျားပေးစားတော့မလားဘဲ" ကိုကိုကြီးက ခပ်ငေါက်ငေါက်ကလေးပြောသည်။

" ကိုကိုကြီးရော ယောက်ျားယူမလား ဟို ကာတွန်းဆရာတင်အောင်ဆိုရင်ရော၊ ဒါမှမဟုတ် ညီမလေးကျောင်းနေဖက် မြင့်သူဆိုရင်ရော ကိုကိုကြီးကြိုက်တာ ရွေးလိုက်လေ အဟီး"

" မျက်နှာလာပြောင်မနေနဲ့၊ ငါခေါက်လိုက်ရ"

မောင်နှမနှစ်ယောက်လုံံး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်လိုက်ကြသည်။ အေးလေ ငါ့ညီမလေး ပြုံးပျော်နေဖို့ကလွဲရင် ဒီထက် ဘာမှအရေးမကြီးတော့ပါ။

ရယ်ရယ်မောမောဖြစ်နေသည့် ကိုကိုကြီးမျက်နှာက အနည်းငယ်ပြန်တည်သွားသည်။ သေချာသည် တခုခုကိုလေးလေးနက်နက်ပြောတော့မည့်ဟန်။

" ကိုကိုကြီး အခုပြောမယ့်စကားကို သေချာနားထောင်နော် ညီမလေး။ ကိုကိုကြီးကတော့ ငါ့ညီမလေးနှစ်ယောက်ကို သဘောတူလိုက်ပြီဘဲထား၊ ဒါပေမယ့် သဘာဝကို ဆန့်ကျင်ထားတဲ့ ငါ့ညီမလေးတွေက သဘာဝတရားနဲ့ပတ်ဝန်းကျင်ဆိုတာကိုကောင်းကောင်းကြီးစရင်ဆိုင်ရတော့မှာ ။ ကိုကိုကြီး သဘောတူလိုက်လို့ပြီးသွားမယ့် ဇာတ်မဟုတ်ဘဲ အခုမှ ဘဝကိုစရင်ဆိုင်ရတော့မှာ ။ မိန်းမသားတစ်ယောက် ယောက်ျားတစ်ယောက်ကို လက်ထပ်ပေါင်းသင်းလိုက်တယ်ဆိုတာ သူ့ဘဝတစ်ယောက်လုံးကိုအကာအကွယ်ပေးမယ့်၊ အားကိုးအားထားပြုရမယ့် ယောက်ျားသားတစ်ယောက်ရှာလိုက်တာဘဲ ။ အခု ညီမလေးတို့နှစ်ယောက်လုံးဟာ မိန်းမသားတွေဖြစ်နေတာမို့ အကာအကွယ်ပေးမယ့် ယောက်ျားသားမရှိဘူး။ နှစ်ယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက် ကာကွယ်ကြရမယ် ၊ အားကိုးကြရမယ် ၊ မိန်းကလေးနှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ သိပ်လွယ်ကူမှာမဟုတ်လောက်ဘူး နားလည်မှုတွေ ယုံကြည်မှုကိုသိပ်လိုအပ်လောက်မယ်လို့ ကိုကိုကြီးထင်တယ်၊။ ရှေ့လျှောက် ကြုံတွေ့မယ့် အခက်အခဲတွေ ညီမလေးတို့ရင်ဆိုင်နိုင်လောက်ပါ့မလား"

" ညီမလေးမှာ ညိုသာရှိနေရင် အားလုံးကိုရင်ဆိုင်နိုင်ပါတယ်။ ညို့အပေါ်ထားတဲ့ နေရီ့မေတ္တာအပေါ်မှာ သံသယမြူတစ်မှုန်တောင်မရှိပါဘူး ကိုကိုကြီး" ဒီစကားက နေရီ့ရင်ထဲက လာသည့်အလေးအနက် စကား။

"ကောင်းပြီလေ ဒါဆိုလည်း ညို့ဆီသွားပြောလိုက်ပါဦး၊ ကိုကိုကြီးက လုံးဝသဘောတူလိုက်ပါပြီလို့ ။ ငါ့အဖြစ်ဟာ မနက်ကမှ စဉ်းစားတုန်း ညနေကျတော့ တန်းသဘောတူလိုက်ရပြီ ဟားဟား"

"ဟီး အဲ့တာကြောင့် နေရီက ကိုကိုကြီးကို ချစ်ရတာ"
နေရီကကိုကိုကြီးကခါးကိုဖက်ကာ ရင်ခွင်ထဲခေါင်းတိုးချွဲတော့ ကိုကိုကြီးကလည်း နေရီ့ခေါင်းကိုခပ်ဖွဖွလေးပြန်ပုတ်ပေးသည်။

၁၅၀၀ကြောင့်ဖြစ်ဖြစ် ၅၂၈ကြောင့်ဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေယှဉ်ပြိုင်စီးချင်းထိုးရသည့်အခါတိုင်း နှလုံးသားနုကာ သမုဒယထူထပ်သည့် လူသားတိုင်းကတော့ ဦးနှောက်ကိုအနိုင်ယူပစ်လိုက်ကြတာချည်း။

------
Zawgyi

ထမင္းစားခန္းအတြင္း ႀကီးႀကီးျမ၏လက္ရာ မနက္စာ အုန္းနို႔ေခါက္ဆြဲအရည္အနံ႕က ႀကိဳင္ႀကိဳင္လွိုင္လွိုင္ရွိေနသည္။ အိပ္ရာေစာေစာထတတ္တဲ့ ညိုကလည္း ႀကီးႀကီးျမႏွင့္အတူ မနက္စာစားပြဲဝိုင္းကို ကူညီျပင္ဆင္ေပးေနသည္။

" သမီးေလးညို ဒီေန႕ ႀကီးႀကီး ဘာဟင္းခ်က္ရင္ေကာင္းမလဲကြယ္ ၊ တေန႕တေန႕ ဘာခ်က္ရမွန္းစဥ္းစားရတာလဲ အေတာ္ေခါင္းကိုက္တာကြဲ႕။ သမီးတို႔ ဘာစားခ်င္တာရွိလဲဟင္" ႀကီးႀကီးျမက ပန္းကန္ျပားေတြထဲ ေခါက္ဆြဲဖတ္မ်ားကို လိုက္ထည့္ေနရင္းေမးသည္။

" ႀကီးႀကီးျမ လက္ရာဆို အကုန္ေကာင္းၿပီးသားဘဲကို ၊ ညိုက ဘာျဖစ္ျဖစ္အကုန္စားပါတယ္ ။ ႀကီးႀကီးျမႀကိဳက္တာသာခ်က္ပါ"

" ဒါဆို ပုဇြန္ဆီျပန္ကေလးခ်က္ရင္ ေကာင္းမလား၊ အို ၊ ဒါလည္းမျဖစ္ေသးပါဘူး။ မနက္စာက အုန္းနို႔ေခါက္ဆြဲဆိုေတာ့ ပုဇြန္ထပ္ခ်က္လိုက္ရင္ တအိမ္လုံးေသြးတိုးကုန္ဦးမယ္ေနာ္။ ဘာခ်က္ရင္ ေကာင္းမလဲ.."

မနက္စာျပင္ဆင္ၿပီးသြားတဲ့အခ်ိန္ ထမင္းစားခန္းထဲ ဝင္လာတဲ့ ဦးေနမင္းရွိန္။ ဖက္ဖူးစိမ္းေရာင္ရွပ္အကြက္ကို အနက္ေရာင္ပုဆိုးႏွင့္တြဲဖက္ဝတ္ဆင္ထားသည္။ မ်က္ႏွာကိုၾကည့္ရတာ မ်က္ကြင္းတစ္ဝိုက္ ခပ္ညိုညိုႏွင့္ အိပ္ေရးပ်က္ထားဟန္ရွိသည္။ ညို႔ကိုျမင္ေတာ့ အၾကည့္တို႔က ပိုခပ္မွိုင္းမွိုင္းျဖစ္သြားကာ စိတ္ရႈပ္ေထြးေနပုံရသည္။

ထမင္းစားဝိုင္းတြင္ ဝင္ထိုင္ရင္း ႀကီးႀကီးျမျပင္ေပးေသာအုန္းနို႔ေခါက္ဆြဲကို တိတ္တဆိတ္စားေနသည္။ ခဏအၾကာေတာ့ ေနရီရီပါ စားပြဲဝိုင္းနားေရာက္လာကာ ညို႔ေဘးခုံမွာ ဝင္ထိုင္လိုက္သည္။အစားစားရင္းစကားမေျပာရျခင္းမွာ ယဥ္ေက်းျခင္းတစ္ရပ္ျဖစ္တာေၾကာင့္ လူေလးေယာက္ဟာ အသံမထြက္ဘဲမနက္စာစားျခင္းအမႈကို တိတ္တဆိတ္သာျပဳေနသည္။

အုန္းနို႔ေခါက္ဆြဲ သိပ္ႀကိဳက္ေသာ ကိုကိုႀကီးက ဒီေန႕မွာ သုံးေလးလုတ္သာစားကာ အသင့္ခ်ထားတဲ့ေရဖန္ခြက္အျပည့္ကို တက်ိဳက္ထဲ ေမာ့ခ်လိဳက္သည္။ ရင္တြင္းက အပူကိုေရေအးေအးျဖင့္ ၿငိမ္းေစခ်င္လို႔ျဖစ္နိုင္ပါသည္။

"ေဒစီညို ဆရာကားထဲကေစာင့္ႏွင့္မယ္။ စားၿပီးရင္လိုက္လာခဲ့ပါ၊ ဒီေန႕အလုပ္ေစာေစာသြားရေအာင္ ။ ေနရီ ဒီေန႕ အလုပ္မလိုက္ခဲ့နဲ႕ေတာ့"

" ကိုကိုႀကီး ေနရီ.."

" ငါေျပာတာ နားေထာင္စမ္း မိေနရီ ..မလိုက္နဲ႕ဆိုမလိုက္နဲ႕ေပါ့။ ႏွစ္ခါမေျပာခ်င္ဘူး"

ဦးေနမင္းရွိန္၏ခပ္မာမာေလသံေၾကာင့္ အုန္းနို႔ေခါက္ဆြဲစားေနသည့္ႀကီးျမပင္လွ်င္တြန႔္ခနဲ ျဖစ္သြားသည္။ ေနမင္းရွိန္က သူ႕ညီမအေပၚတခါမွ စိတ္ဆိုးစိတ္တို ေလသံမာမာျဖင့္ေျပာဖူးသည္မွမရွိဘဲ။ ဘာျပႆနာျဖစ္ထားၾကလို႔လဲဆိုသည့္ စကားကိုအၾကည့္ျဖင့္ေဘးနားက
ေဒစီညို႔ကိုလွမ္းေမးသည္။ ညိုကေတာ့ ခပ္မွိုင္းမွိုင္း မ်က္ဝန္းေတြနဲ႕ ေခါင္းသာအသာခါျပသည္။

စားပြဲေပၚက လက္ဆြဲအိတ္ကို ဆြဲယူကာ ကိုကိုႀကီးကေတာ့ ထမင္းစားပြဲမွ ထြက္သြားၿပီ။ ေနရီကေတာ့ လက္ထဲကိုင္ထားတဲ့ ဇြန္းကိုသာ ခပ္နာနာဖိလိုက္မိသည္။ ညိုကလည္း စားလက္စ ပန္းကန္ကိုခ်ကာ သူ႕ဆရာေနာက္ကိုလိုက္သြားသည္။ မသြားခင္ ေနရီ႕ ပုခုံးတစ္ဖက္ကို အားႏွင့္ဆုပ္ကိုင္လိုက္ကာ အဆင္ေျပသြားမွာပါဆိုသည့္အၾကည့္ျဖင့္အားေပးသည္။ မ်က္ရည္လြယ္တဲ့ ေနရီဟာ ဝမ္းနည္းေနသည့္စိတ္ကိုထိန္းသည့္အေနျဖင့္ ေအာက္ႏႈတ္ခမ္းကိုသာ ကိုက္ထားမိသည္။ကေလးေတြ။ ဘာမ်ားျဖစ္ၾကတာပါလိမ့္ဆိုၿပီး ႀကီးႀကီးျမဟာလည္းစိတ္ပူေနရၿပီျဖစ္သည္။
-----

"ညို ဆရာ့႐ုံးခန္းထဲ ခဏလိုက္ခဲ့ပါဦး"
႐ုံးေရာက္တာနဲ႕ ဦးေနမင္းရွိန္က သူ႕႐ုံးခန္းထဲ လာဖို႔ေျပာသည္။ ဦးေနမင္းရွိန္ ဘာေျပာမလဲသိေနသည့္ ညိုကေတာ့ သူ႕စိတ္ကိုတတ္နိုင္သမွ် ျပင္ဆင္ထားလိုက္ရင္း အခန္းထဲဝင္သြားရေတာ့သည္။

" ကိုယ္ဘာေျပာမယ္ဆိုတာ ညိုခန႔္မွန္းမိေလာက္မွာပါ။ ကိုယ့္ညီမနဲ႕ ညိုနဲ႕က ခ်စ္သူေတြဆိုတာအမွန္ဘဲလား"

"ဟုတ္ပါတယ္ ဆရာ"

ညို႔ဆီကပါ အတည္ျပဳခ်က္ကို ရလိုက္ၿပီမို႔ ဦးေနမင္းရွိန္ကေတာ့ သက္ျပင္းတစ္ခ်က္ကိုက်ယ္က်ယ္ခ်ရေတာ့သည္။

" ေနရီရီဟာ ကိုယ့္ရဲ႕တစ္ဦးတည္းေသာ ညီမေလး ၊ ကိုယ့္ဘဝအတြက္ အေရးႀကီးဆုံးလူတစ္ေယာက္ဆိုလည္းမမွားဘူး။ မိဘေတြမရွိေတာ့ေနာက္ ဒီေလာကႀကီးမွာ ကိုယ့္မွာ ေျပးၾကည့္မွ တြယ္တာစရာဆိုလို႔ ဒီညီမေလးတစ္ေယာက္ဘဲရွိေတာ့တယ္။ ဒီညီမေလးစိတ္ဆင္းရမယ္ဆို ကိုယ္ဘာကိုမွမလုပ္ခ်င္ဘူး။ ၿပီးေတာ့ ေနရီခ်စ္တဲ့မိန္းကေလးကလည္း တျခားသူမဟုတ္ဘဲ ညို၊ ညို႔ကို ဆရာသိလာတဲ့အခ်ိန္အေတာအတြင္းမွာ ညိုဟာ အလုပ္အေပၚမွာ ေစတနာထား ပတ္ဝန္းက်င္ေပၚမွာ ေစတနာထားတတ္တဲ့ မိန္းမေကာင္းေလးတစ္ေယာက္ဆိုတာ သိလာရတယ္။ ရိုးသားႀကိဳးစားတဲ့ ညို႔ကို ဆရာဟာ ကိုယ့္ညီမေလးတစ္ေယာက္လိုဘဲ သံေယာဇဥ္ျဖစ္မိပါ့တယ္ ။ ကိုယ္ဟာ ကိုယ့္ညီမႏွစ္ေယာက္အေပၚ ထိခိုက္နာက်င္ရေအာင္ ဘယ္နည္းနဲ႕လုပ္နိုင္ပါ့မလဲ"

" ကိုယ္ညက ေနရီနဲ႕ညို႔အေၾကာင္းေတြးရင္းတစ္ညလုံး အိပ္မေပ်ာ္နိုင္ခဲ့ဘူး။ကိုယ္ဘာမ်ား ဆက္လုပ္သင့္လဲဆိုတဲ့အေျဖကို ထိုင္စဥ္းစားခဲ့တယ္။"ကိုကိုႀကီးမ်က္ႏွာကအေတာ္ေလးစိတ္ပင္ပန္းထားမွန္းသိသာလြန္းပါသည္။

"'အပၸိေယဟိ သမၸေယာေဂါ
ဒုေကၡာ၊ ပိေယဟိ ဝိပၸေယာေဂါ ဒုေကၡာ -
မခ်စ္မႏွစ္သက္ေသာ သတၱဝါတို႔ႏွင့္ ေပါင္းသင္းရျခင္းသည္ ဆင္းရဲ၏။ ခ်စ္ႏွစ္လိုအပ္ေသာ သတၱဝါတို႔ႏွင့္ေကြကြင္းရျခင္းသည္ ဆင္းရဲ၏" ဓမၼာစၾကာပါ ဤဆင္းရဲႏွစ္ျဖာကို ကိုယ့္ရဲ႕ႏုႏုနယ္နယ္ ညီမေလးေတြကို မခံစားေစခ်င္ဘူး။ ေနာက္ဆုံးေတာ့ ဆရာ အေျဖတစ္ခုကိုရခဲ့တယ္။ ခ်စ္ၾကတာဘဲေလ၊ မုန္းၾကတာမွ မဟုတ္တာ ။ မုန္းတာထက္စာရင္ ခ်စ္တာက ပိုေကာင္းပါတယ္လို႔ေတြးမိလိုက္ရင္း ဆရာ ညို႔တို႔ကို နားလည္နိုင္ဖို႔ ႀကိဳးစားၾကည့္ခ်င္တယ္ ၊ ေလာေလာဆယ္ လုံးဝနားလည္ေပးလိုက္တာေတာ့မဟုတ္ဘူး။ ဆရာ အခ်ိန္အတိုင္းအတာတစ္ခုထိေတာ့ ႀကိဳးစားၾကည့္ရဦးမွာ"

ဆရာ့ဆီက ဒီလိုစကားကိုၾကားရလိုက္မယ္လို႔ ညိုေယာင္လို႔ေတာင္မေတြးမိခဲ့တာအမွန္။ သူတို႔အေၾကာင္းေတြ သိသြားလို႔ ဆရာ သူ႕ကို အလုပ္ထုတ္ပစ္မယ္ဆိုရင္ေတာင္ သူ နည္းနည္းေလးမွဆရာ့အေပၚ စိတ္မဆိုးဘဲ အလုပ္ထြက္ေပးဖို႔ေတာင္ စဥ္းစားခဲ့သည္ ။

" ညို ေနရီအေပၚမွာခ်စ္တဲ့အခ်စ္က ပထမဆုံးနဲ႕ ေနာက္ဆုံးအခ်စ္ပါဆရာ ၊ ခ်စ္ခြင့္ရ႐ုံနဲ႕တင္ ေက်နပ္ၿပီမို႔ ေဝးသြားခဲ့ရရင္ေတာင္ ဘယ္သူ႕အျပစ္မွမဟုတ္ပါဘူးလို႔မဟုတ္ပါဘူးလို႔ေတြးၿပီး ညို ေနရီ႕ကိုလက္လြတ္ေပးလိုက္ပို႔ ျပင္ထားၿပီးသားပါ။ ကိုယ့္ေက်းဇူးရွင္ဆရာရဲ႕ သေဘာထားကိုလြန္ဆန္ၿပီး ညို ဘာမွဆက္မတိုးခ်င္ပါဘူး။အခုလို ဆရာ့ဆီက နားလည္လက္ခံေပးဖို႔ အထိ ညို႔မေမွ်ာ္လင့္ရဲပါဘူး"

မ်က္ရည္စေတြေဝ့ကာေျပာေနတဲ့ ေဒစီညို႔ကို ၾကည့္ရင္း ကိုကိုႀကီးလည္း သက္ျပင္းတခ်က္ခ်ကာ ခပ္ဖြဖြၿပဳံးလိုက္သည္။ ေအးေလ ခ်စ္ၾကတာဘဲ၊ အျပစ္တစ္ခုရယ္လို႔ေတာ့ မေခၚထိုက္ပါ။
---------
တေနကုန္ ထမင္းမစားဟင္းမစားဘဲ အခန္းထဲထိုင္ငိုေနတဲ့ ေနရီ႕ကို ၾကည့္ၿပီး ႀကီးႀကီးျမလည္း ဘာလုပ္လို႔ဘာကိုင္ရမယ္မသိပါ။ ဘာလို႔ ငိုရတာလဲဟုေမးေတာ့လည္း မေျဖ ။ ေမာင္ႏွမေတြ ရန္မျဖစ္စဖူး ရန္ျဖစ္ထားၾကတာလားဟု ေမးေပမယ့္လည္း အက်ိဳးမထူး။ ေနရီေလးဟာ လိမၼာေရးျခားရွိတဲ့ ႏူးႏူးညံ့ညံ့မိန္းကေလးဆိုေပမယ့္ တခါတေလက်ေတာ့လည္း တခ်ိဳ႕ကိစၥေတြမွာ နည္းနည္းေခါင္းမာသည္။ ကိုကိုႀကီး မႀကိဳက္တဲ့ ကိစၥတခုခုကို လုပ္ထားပုံရလို႔ ဟိုက ဆူထားဟန္တူပါသည္ဟုသာ ေတြးရင္း ႀကီးႀကီးျမလည္း ဘာမွဆက္မေမးျဖစ္ေတာ့ေပ။ ၿခံေရွ႕က ကားဟြန္းသံၾကားသည္မို႔ ႀကီးႀကီးျမ ၿခံတံခါးကိုအေျပးသြားဖြင့္ရသည္။

" သားတို႔ေတာင္ျပန္လာၿပီဘဲ။ ဟိုမွာကြယ္ မင့္ညီမေလး တေနကုန္အခန္းထဲထိုင္ငိုေနတယ္။ ႀကီးျမေမးေတာ့လည္းမေျဖ။ ေနရီေလးကိုသိပ္လည္းမဆူပါနဲ႕ သားရယ္။ သမီးေလးကလိမၼာရွာပါတယ္ကြဲ႕"သုံးေယာက္သား အိမ္ထဲျပန္အဝင္လာတြင္ ႀကီးႀကီးျမက ေနမင္းရွိန္ကိုေျပာသည္။

"ႀကီးျမကလည္းဗ်ာ ၊ ကြၽန္ေတာ္သူ႕ကို ဘာမွေတာင္မဆူရေသးပါဘူး ၊ သူကအရင္ဦးေအာင္ငိုေနရတယ္လို႔" ဦးေနမင္းရွိန္ကေတာ့ ႏွာေခါင္းရႈံကာ ေျပာသည္။

" ေမာင္ႏွမေတြ စိတ္ဆိုးစရာရွိလည္း ခဏေပါ့ကြယ္၊ သြားသြား သားညီမေလးကိုသြားေခ်ာ့လိုက္ပါဦး"

ႀကီးျမအေျပာေၾကာင့္ ညိုေရာ ဦးေနမင္းရွိန္ပါ ေနရီ႕အခန္းဆီတက္သြားၾကသည္ ။ ဖြင့္ထားတဲ့ အခန္းတံခါးဝကိုအေရာက္ ႏွာတရႈံ႕ရႈံ႕ႏွင့္ ငိုေနေသာ ေနရီ႕ကိုေတြ႕ရသည္။

" ဘာေတြ မလြမ္းပိုထိုင္လုပ္ေနရတာလဲ ။ နင့္ညိုကိုလည္းအက်ိဳးအေၾကာင္းေမးၾကည့္ပါဦး" ဦးေနမင္းရွိန္က တံခါးဝကေန လွမ္းေအာ္ကာ သူ႕အခန္းဘက္ကို ဆက္ေလွ်ာက္သြားသည္။ ညိုကသာ ေနရီ႕အခန္းထဲ ဝင္လာသည္။

" ညို ၊ ဘာတဲ့လဲဟင္၊ ကိုကိုႀကီးက ညို႔ကိုေရာဆူေသးလား။ တို႔ႏွစ္ေယာက္ကို သေဘာမတူဘူးတဲ့လား။ ညို ဘာမွစိတ္မပူနဲ႕။ ကိုကိုႀကီးသေဘာမတူရင္ေတာင္ ညို႔ကို တို႔ခိုးေျပးမွာ။ ဘယ္ကို ခိုးေျပးရင္ေကာင္းမလဲ တို႔ငိုရင္းထိုင္စဥ္းစားေနတာ သိလား" ႏွာလုံးလုံးေလးပါ နီရဲေနေအာင္ ငိုထားသည့္ ေနရီ႕ပုံစံေလးကို ၾကည့္ရင္းညို ၿပဳံးမိသြားသည္။ ၾကည့္ပါဦး အသည္းယားစရာေလး။ ညိုကေနရီ႕ကုတင္တြင္တင္ပါးလႊဲဝင္ထိုင္လိုက္သည္။

" ေနရီကေတာ့ေလ၊ တကယ္မလြယ္ဘူး။ ဘာလို႔ ဒီေလာက္ေတာင္ အေတြးလြန္ေနရတာတုန္း။ ဆရာ့သေဘာထားကိုလည္းမသိေသးဘဲနဲ႕"

ေနရီ႕ပါးႏုႏုေပၚက မ်က္ရည္စတို႔ကို ညို႔ကို ခပ္ဖြဖြသုတ္ေပးကာေျပာလာသည္။

" ႐ုံးေရာက္ေတာ့ ဆရာ ညို႔ကိုေျပာတယ္။ သူ ညိုနဲ႕ေနရီ႕ကိစၥကိုေတြးၿပီး ဘာဆက္လုပ္ရင္ေကာင္းမလဲ စဥ္းစားေနတာနဲ႕ တစ္ညလုံးေတာင္ အိပ္မရခဲ့ပါဘူးတဲ့"

"ဆရာကေလ ေနရီ႕ကိုသိပ္ခ်စ္တာဘဲေနာ္၊ သူ႕ညီမစိတ္ဆင္းရဲရမယိ့ ကိစၥဆို မလုပ္ရက္တာမို႔ သူ႕ဘက္က တထစ္ေလွ်ာ့ၿပီး ေနရီနဲ႕ ညို႔ကို နားလည္ေပးဖို႔ႀကိဳးစားပါ့မယ္တဲ့" ညို႔စကားအဆုံး ေနရီကသူ႕ေဘးနားက ကိုယ္လုံးေလးကို တင္းတင္းက်ပ္က်ပ္ဖက္ပစ္လိုက္သည္။

" ဟင္၊ တကယ္ဘဲ ကိုကိုႀကီးကအဲ့လိုေျပာသလား ၊ ဝမ္းသာလိုက္တာ ညိုရယ္"

" ဝမ္းသာတာ ဒီအတိုင္း ဝမ္းသာလို႔ရတာဘဲ၊ ဘာလို႔ အားနဲ႕လာဖက္ေနတာတုန္း၊ လႊတ္ပါဦး" ႏႈတ္ကသာလႊတ္ပါဦးေျပာတာ ညိုက နည္းနည္းေလးမွေတာင္မ႐ုန္း။

" ဟီး အေပ်ာ္လြန္သြားလို႔ ဖက္တာေပါ့ တို႔ရဲ႕တရားဝင္ ရည္းစားေလးရဲ႕ ၊ ေနာက္ဆို ဖက္တဲ့အဆင့္ကိုေတာင္ ေက်ာ္ရေတာ့မွာဘဲကို ဟီးဟိ" တကယ္ပါ။ ဗလြတ္႐ႊတ္ေတာက္ေျပာတတ္တဲ့ ေနရီ႕အက်င့္ကေပ်ာက္မွာကိုမဟုတ္တာပါ။

"ေနဦး။ ေနရီ ကိုကိုႀကီးဆီသြားလိုက္ဦးမယ္" ညို႔ပါးတစ္ဖက္ကို ျဖတ္ခနဲ လွမ္းနမ္းသြားကာ ကုတင္ေပၚက ေျပးဆင္းသြားသည္။ က်န္ခဲ့ရသည့္ လူကသာ နား႐ြက္ဖ်ားေတြနီလို႔။

----------

" ဘာလာရႈပ္တာတုန္း အရႈပ္မေလး ၊ ငါ အိပ္ေရးပ်က္ထားလို႔အိပ္ေတာ့မလို႔"

ကိုကိုႀကီး အခန္းထဲကို ေနရီက အေျပးတစ္ပိုင္းဝင္လာတာျမင္ေတာ့ ကိုကိုႀကီးက လက္ထဲကျခင္ေထာင္ႀကိဳးကိုခ်လိဳက္ကာေျပာသည္။

" ကိုကိုႀကီး ၊ ေနရီနဲ႕ ညို႔ကိုသေဘာတူေပးဖို႔ႀကိဳးစားေပးမယ္ဆိုတာအမွန္ဘဲလားဟင္"

"မဟုတ္ဘူး ငါေနာက္ေနတာ" ဟြန႔္ခနဲ ႏွာရႈံ႕ကာ ကိုကိုႀကီးကေျပာသည္။

" ဟာ ၊ ကိုကိုႀကီးကလည္း"

" စဥ္းစားေပးမယ္ဆို စဥ္းစားေပးမယ္ေပါ့၊ လာၿပီးအတည္ျပဳခ်က္ေတာင္းေနရေသးလား အရႈပ္မေလး"

"ကိုကိုႀကီးကလည္း စဥ္းစားမေနဘဲ အခုသေဘာတူလိုက္ပါေတာ့လား။ ေနရီ႕မွာ ေပ်ာ္ရမလို မေပ်ာ္ရမလို တဝက္တပ်က္ႀကီး ဟီး၊ ကိုကိုႀကီးကလည္း တစ္ေယာက္ထဲရွိတဲ့ ညီမေလးကို နည္းနည္းေလးေလာက္အလိုလိုက္ေပါ့လို႔" တကယ္ပါ ။ ေနရီရီကလူဆိုးမေလး။

" ငါအလိုလိုက္ေကာင္းလို႔ ညီမတစ္‌ေယာက္လုံး ေယာက္်ားမယူဘဲ မိန္းမယူေတာ့မယ့္အျဖစ္ေလ ၊ ဒီထက္အလိုသာ လိုက္ရရင္ ငါ့ကိုပါ ေယာက္်ားေပးစားေတာ့မလားဘဲ" ကိုကိုႀကီးက ခပ္ေငါက္ေငါက္ကေလးေျပာသည္။

" ကိုကိုႀကီးေရာ ေယာက္်ားယူမလား ဟို ကာတြန္းဆရာတင္ေအာင္ဆိုရင္ေရာ၊ ဒါမွမဟုတ္ ညီမေလးေက်ာင္းေနဖက္ ျမင့္သူဆိုရင္ေရာ ကိုကိုႀကီးႀကိဳက္တာ ေ႐ြးလိုက္ေလ အဟီး"

" မ်က္ႏွာလာေျပာင္မေနနဲ႕၊ ငါေခါက္လိုက္ရ"

ေမာင္ႏွမႏွစ္ေယာက္လုံံး တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ ရယ္လိုက္ၾကသည္။ ေအးေလ ငါ့ညီမေလး ၿပဳံးေပ်ာ္ေနဖို႔ကလြဲရင္ ဒီထက္ ဘာမွအေရးမႀကီးေတာ့ပါ။

ရယ္ရယ္ေမာေမာျဖစ္ေနသည့္ ကိုကိုႀကီးမ်က္ႏွာက အနည္းငယ္ျပန္တည္သြားသည္။ ေသခ်ာသည္ တခုခုကိုေလးေလးနက္နက္ေျပာေတာ့မည့္ဟန္။

" ကိုကိုႀကီး အခုေျပာမယ့္စကားကို ေသခ်ာနားေထာင္ေနာ္ ညီမေလး။ ကိုကိုႀကီးကေတာ့ ငါ့ညီမေလးႏွစ္ေယာက္ကို သေဘာတူလိုက္ၿပီဘဲထား၊ ဒါေပမယ့္ သဘာဝကို ဆန႔္က်င္ထားတဲ့ ငါ့ညီမေလးေတြက သဘာဝတရားနဲ႕ပတ္ဝန္းက်င္ဆိုတာကိုေကာင္းေကာင္းႀကီးစရင္ဆိုင္ရေတာ့မွာ ။ ကိုကိုႀကီး သေဘာတူလိုက္လို႔ၿပီးသြားမယ့္ ဇာတ္မဟုတ္ဘဲ အခုမွ ဘဝကိုစရင္ဆိုင္ရေတာ့မွာ ။ မိန္းမသားတစ္ေယာက္ ေယာက္်ားတစ္ေယာက္ကို လက္ထပ္ေပါင္းသင္းလိုက္တယ္ဆိုတာ သူ႕ဘဝတစ္ေယာက္လုံးကိုအကာအကြယ္ေပးမယ့္၊ အားကိုးအားထားျပဳရမယ့္ ေယာက္်ားသားတစ္ေယာက္ရွာလိုက္တာဘဲ ။ အခု ညီမေလးတို႔ႏွစ္ေယာက္လုံးဟာ မိန္းမသားေတြျဖစ္ေနတာမို႔ အကာအကြယ္ေပးမယ့္ ေယာက္်ားသားမရွိဘူး။ ႏွစ္ေယာက္လုံးဟာ တစ္ေယာက္ကိုတစ္ေယာက္ ကာကြယ္ၾကရမယ္ ၊ အားကိုးၾကရမယ္ ၊ မိန္းကေလးႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးဟာ သိပ္လြယ္ကူမွာမဟုတ္ေလာက္ဘူး နားလည္မႈေတြ ယုံၾကည္မႈကိုသိပ္လိုအပ္ေလာက္မယ္လို႔ ကိုကိုႀကီးထင္တယ္၊။ ေရွ႕ေလွ်ာက္ ႀကဳံေတြ႕မယ့္ အခက္အခဲေတြ ညီမေလးတို႔ရင္ဆိုင္နိုင္ေလာက္ပါ့မလား"

" ညီမေလးမွာ ညိုသာရွိေနရင္ အားလုံးကိုရင္ဆိုင္နိုင္ပါတယ္။ ညို႔အေပၚထားတဲ့ ေနရီ႕ေမတၱာအေပၚမွာ သံသယျမဴတစ္မႈန္ေတာင္မရွိပါဘူး ကိုကိုႀကီး" ဒီစကားက ေနရီ႕ရင္ထဲက လာသည့္အေလးအနက္ စကား။

"ေကာင္းၿပီေလ ဒါဆိုလည္း ညို႔ဆီသြားေျပာလိုက္ပါဦး၊ ကိုကိုႀကီးက လုံးဝသေဘာတူလိုက္ပါၿပီလို႔ ။ ငါ့အျဖစ္ဟာ မနက္ကမွ စဥ္းစားတုန္း ညေနက်ေတာ့ တန္းသေဘာတူလိုက္ရၿပီ ဟားဟား"

"ဟီး အဲ့တာေၾကာင့္ ေနရီက ကိုကိုႀကီးကို ခ်စ္ရတာ"
ေနရီကကိုကိုႀကီးကခါးကိုဖက္ကာ ရင္ခြင္ထဲေခါင္းတိုးခြၽဲေတာ့ ကိုကိုႀကီးကလည္း ေနရီ႕ေခါင္းကိုခပ္ဖြဖြေလးျပန္ပုတ္ေပးသည္။

၁၅၀၀ေၾကာင့္ျဖစ္ျဖစ္ ၅၂၈ေၾကာင့္ျဖစ္ျဖစ္ ဆုံးျဖတ္ခ်က္ေတြယွဥ္ၿပိဳင္စီးခ်င္းထိုးရသည့္အခါတိုင္း ႏွလုံးသားႏုကာ သမုဒယထူထပ္သည့္ လူသားတိုင္းကေတာ့ ဦးေႏွာက္ကိုအနိုင္ယူပစ္လိုက္ၾကတာခ်ည္း။

------


Continue Reading

You'll Also Like

2.3M 171K 43
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
2.6M 94.4K 30
Dawn, a girl in her early twenties living in a poor neighborhood with her sick mother and teenage brother. Her father has abandoned them for a rich w...
1M 89.7K 50
21.12.2021 21. 2 .2022 Photo Crd Part 38,Extra 4 ကမ္ဘာတစ်ဝန်းမှာ လူတွေရဲ့ဉာဏ်စဥ်နဲ့လိုက်မမီနိုင်တဲ့ အရာပေါင်းများစွာရှိနေသလို ထိုအရာတွေထဲက အဖြစ်အပျက...