(Unicode Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Chapter - 5(C)
အပိုင်း (၁၅)
" အိုကေ.... ခေါင်းဆောင် ခုချိန်ကစပြီး ကျွန်တော် ဘယ်နေရာသွားသွား အမြဲတမ်း ခေါင်းဆောင်ကို အကြောင်းကြားပါ့မယ် အိုကေလား ''
" မင်း ဘာဖြစ်နေတာလဲ ''
" ခေါင်းဆောင်က ထူးထူးဆန်းဆန်း တိတ်နေလို့လေ ခေါင်းဆောင် ဆူလိုက်တာကမှ ပိုကောင်းဦးမယ် ''
ဒါဆို တွန်ပြောသည့် စကားမှန်သွားလေသည်။ ဆရာလေးထီရန်က အဲသလို ခေါင်းဆောင်ဖူဖာက သူ့ကို အော်တာကို ကြွေသွား၍ ယခုလို ပြောခြင်း ဖြစ်နေသည် ထင်၏။
ခေါင်းဆောင်ဖူဖာလည်း ထူးထူးဆန်းဆန်း ဆရာလေးထီရန်ကို အပြောတွေချို အချိုတွေကျွေး နေလေသည်။
" ဘယ်သွားခဲ့တာလဲ ''
" သူငယ်ချင်းက ရုတ်တရက် လာတွေ့လို့ ကျွန်တော့်သူငယ်ချင်းနဲ့ လျှောက်လည်နေတာ ''
" နောက်တစ်ခါကျရင်.... ''
ခေါင်းဆောင်ဖူဖာက စကားကို အချိုတွေပြောထွက်ဖို့ ထိန်း၍ပြောနေပေမယ့် အမိန့်ပေးသည့်လေသံ ခပ်တည်တည်နေသည့်လေသံပြန်ဖြစ်လာသမို့ မနေ့ညက ဝီစကီဝိုင်းမှာ ဒေါက်တာနမ် ပြောခဲ့သည့်စကားကို သတိရသွားလေတော့သည်။
" မင်း သူ့ကို ကောင်းကောင်းဆက်ဆံ တင်းနေတဲ့မျက်နှာကျောကိုလျှော့ အမိန့်ပေးတဲ့လေ
သံကြီးရောပဲ ''
မှန်၏။ ခေါင်းဆောင်ဆိုသည့် အမည်နှင့်လိုက်အောင် အဲသလို အကျင့်ပါနေသမို့ စကားကို ထိုသိုအမိန့်ပေးသည့်လေသံမဖြစ်အောင် ထိန်းနေရာမှ အမိန့်ပေးသည့်လေသံ ဖြစ်လာတော့မည့်အချိန် ခေါင်းဆောင်ဖူဖာက ဒေါက်တာနမ်ပြောတာကို သတိရပြီး သူ၏စိတ်ကို ပြန်ထိန်းကာ ချိုချိုသာသာနဲ့ ပြောလိုက်လေသည်။
" နောက်တစ်ခါကျရင် မင်းသူငယ်ချင်းကို ရွာဆီ ခေါ်လာလည်းရတယ်လေ ''
ဆရာလေးထီရန်က အဲသလို စကားကို ချိုချိုသာသာမပြောဖူးသည့် သူချစ်နေသည့် သူ့ဘဲကြီး ခေါင်းဆောင်ဖူဖာက ယခုလို ချိုချိုသာသာပြောလာသမို့ သူ့ဘဲကြီးကို ထူးထူးဆန်းဆန်း ကြည့်နေလေသည်။
" အခု သူငယ်ချင်းက ဘယ်မှာလဲ ''
" အော် သူငယ်ချင်းက အိမ်ပြန်သွားပြီ ''
အဲသလို ကားပေါ်မှာ ခေါင်းဆောင်ဖူဖာကလည်း ကားမောင်းရင်း သူ၏စိတ်ထဲက ဆရာလေးထီရန်ကို သဘောကျနေပေမယ့် ဆရာလေးထီရန်မှာ ရှေ့ဆက်ရမည့်အနာဂါတ်ရှိနေသမို့ ကလေးကို ဖွင့်မပြောဝံ့သေးတဲ့ ခေါင်းဆောင်ဖူဖာ နှင့် သူ့ကိုယ်သူ ခေါင်းဆောင်ဖူဖာကို ချစ်တယ်ဆိုတာ ဝန်ခံလိုက်တဲ့ ဆရာလေးထီရန်တို့ အဲသလို စကားပြော၍ ကားအတူတူ မောင်း၍ စီးလာကြလေသည်။
" ဒါဆို ဘာစားပြီးပြီလဲ ''
" အော် အော် မစားရသေးဘူး ဗိုက်မဆာသေးလို့ ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက သစ်တောထိန်းသိန်းရေးဝန်ထမ်းဖြစ်သမို့ အမြဲတမ်း ခေါင်းဆောင်လိုနေလာတာ အချစ်ရေးမှာသိပ်မကျွမ်းကျင်သည် ဖြစ်သမို့ ဒေါက်တာနမ်ပြောတာကို ထပ်ပြီးသတိရပြန်လေသည်။
" မင်း သူ့ကို အလိုလိုက်တတ်အောင်လည်း သင်ယူဦး ညီလေးထီရန်က စာသင်ဖို့ ဒီအထိလာခဲ့တာ
အတန်းပြီးသွားရင် အိမ်တန်းပြန်တယ် သူလည်း လျှောက်လည်ချင်မှာပေါ့ ''
အဲသလို သက်ပြင်းတွေချကာ သတိရနေသည့် ခေါင်းဆောင်ဖူဖာ သူမောင်းလာသည့်ကားလမ်းမကြီး ကားအပြင်ဘက်ကို ကြည့်၍ ဖာပန်းဒေါင်းကို ပြန်သည့်လမ်းမဟုတ်ဘဲ လမ်းကြောင်းလွှဲလိုက်လေသည်။
" ဟေး ခေါင်းဆောင် ဒါက ဖာပန်းဒေါင်းရွာကို သွားတဲ့လမ်း မဟုတ်ဘူးလေ ''
" အလည်လိုက်ပို့မလို့ ''
" ဟမ် ခေါင်းဆောင်ကလား အလည်လိုက်ပို့မှာ ''
" မသွားချင်ဘူးလား ''
" သွားမယ် သွားမယ် သွားချင်တယ် ''
အဲဒီလို ခေါင်းဆောင်ဖူဖာလည်း အချစ်ရေးမှာ သိပ်မကျွမ်းကျင်၍ ဒေါက်တာနမ်တို့ ပြောသည့်အတိုင်း အလည်လိုက်ပို့ဖို့ ပြောကြည့်ရာ ခေါင်းဆောင်ဖူဖာကို သဘောကျနေသည့် ဆရာလေးထီရန် သူ့ဘဲကြီးနဲ့ သွားရမည်မို့ နည်းနည်းလေးမှ မလိုက်ချင်ရှာဘူး လိုက်ချင်လွန်းလို့ ပျော်၍ သွားတွေတောင် အအေးပတ်မတတ် ပြုံးနေလိုက်သည်မှာ သူ့ဘဲကြီးကိုချစ်တာ လွန်ကိုလွန်လွန်း နေပါတော့သည်။
အဲ့နောက် ရှုခင်းလှတဲ့နေရာကြီးကို ခေါင်းဆောင်ဖူဖာလည်း ဂျစ်ကားလေးအား မောင်းသွားပြီး ဆရာလေးထီရန်လည်း ကားပြတင်းအပြင်ဘက်ကို လက်ကလေးတစ်ဖက် ထုတ်၍ဖြန့်ကာ အဲသလို ဆရာမထော့ဖန်လုပ်သလို လုပ်၍ စီးနှင်းလာလေသည်။
သူလည်း အဲသလို ဆရာမထော့ဖန်လုပ်သလိုတွေကို တမင်တကာ လုပ်ချင်းမဟုတ် သူ့ကိုယ်သူ အလိုအလျောက် ဖြစ်တည်လာသည့် အမူအကျင့်တွေသာ ဖြစ်ပေသည်။ အဲ့နောက် ဗြူးကောင်းသည့် ရှုခင်းနေရာကို ရောက်တော့ ကားကို လမ်းဘေးမှာ ခဏရပ်လိုက်လေသည်။
ကားလမ်းမကြီးဘေးတွင် တောင်ကုန်းတစ်ခု၌ နားခိုစရာ တဲအိမ်ကလေးလို ဝါးခင်းသက်ကယ်မိုး အဆောင်တစ်ခု ဆောက်လုပ်ထားပေသည်။ ထိုတဲကလေးမှ သစ်တောကြီး၏ အလှကို ကြည့်ရသည်မှာ စိတ်ကြည်နူးချမ်းမြေ့စရာ ကောင်းလှပေသည်။
ခေါင်းဆောင်ဖူဖာ နှင့် ဆရာလေးထီရန်လည်း ကားပေါ်မှ ဆင်းလာကာ ထိုတဲအထဲကို ဝင်လာကြလေသည်။ ဆရာလေးထီရန်က အမြဲတမ်း တိုက်အိမ်အဆောက်အဦးတွေပဲ မြင်ခဲ့ရသမို့ ယခုလို စိမ်းလန်းစိုပြေသည့် သဘာဝသစ်တောကြီး၏ လေပြေညှင်းလေးကို တဝကြီး ခံစားနေလေသည်။
" ဝိုး ရှုခင်းက လှလိုက်တာ ခေါင်းဆောင် ရာသီဥတုလည်း အရမ်းကောင်းတယ် ''
အဲသလို ပြောလာသည့် ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာက ကြည့်၍ ငှက်ပျော်သီးလေးတစ်လုံး အခွံနွှာ၍ ပေးလေသည်။ ရှားရှားပါးပါး သီးမွှေး ငှက်ပျော်သီးလေးကလည်း တစ်လုံးတည်း ကားထဲမှာ ကျန်ရသည် ဖြစ်သကိုး ထူးဆန်းလှပေ၏။
" ရော့ ဒါလေး အဆာပြေ အရင်စားလိုက် ''
ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာပေးသည့် ငှက်ပျော်သီးလေးကို ယူပြီး စားလိုက်လေသည်။
ဟဲ့။ ငှက်ပျောသီးဆိုပြီး အတွေးမမှားနဲ့နော်။ စားသည့်ငှက်ပျောကိုပြောတာ။ ဟွန့် အတွေးတွေလွန်မနေကြနဲ့။ သူတို့က အဲ့လောက်မမှောင်ဘူး။ အဟား ဟား။
ဆရာလေးထီရန်လည်း တစ်ကိုက်စားလိုက်ပြီး ခေါင်းဆောင်ဖူဖာကို အဲသလိုပြော၍ ပြန်ကျွေးပြန်လေသည်။
" ကျေးဇူးပဲ ခေါင်းဆောင် ခေါင်းဆောင်က
မစားဘူးလား ''
" ဟင့်အင်း ''
" ရော့ မျှစားမယ် ''
ခေါင်းဆောင်ဖူဖာကလည်း ခေါင်းခါယမ်းကား ထပ်ပြီး ငြင်းနေသမို့ ဆရာလေးထီရန်က အဲသလိုပြောကာ နောက်ဆုံးတော့ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန် ခွံ့ကျွေးသည့် ငှက်ပျောသီးကို လက်ပိုက်ကာ ကိုက်စားလိုက်လေသည်။
" စားပါ ဘယ်သူမှမရှိဘူး ကြည့်ကောင်းအောင် သရုပ်ဆောင်မနေနဲ့ ''
" .... ''
" အာ အားလုံးစားလိုက် ''
" မင်းစားလိုက် ''
အဲ့နောက် ဆရာလေးထီရန်လည်း ကျန်သည့် ငှက်ပျောသီးကို စားလိုက်ကာ ရှုခင်းကို ကြည့်နေရာမှ သူချစ်သည့်ခေါင်းဆောင်ဖူဖာကို ကြည့်၍ သူ့ဘဲကြီးကို အီစီကလီတွေ ဆရာလေးထီရန်က ပြုမူ၍ မေးပါတော့သည်။
" ခေါင်းဆောင် ''
မမေးခင် ဆရာလေးထီရန်က အဲသလိုခေါင်းဆောင်ဖူဖာ၏ နာမည်ခေါ်ကာ လက်ထဲမှ ကင်မရာအသေးလေးဖြင့် ခေါင်းဆောင်ဖူဖာ အလှည့်မှာ ဓာတ်ပုံရိုက်လိုက်လေသည်။ ခေါင်းဆောင်ဖူဖာလည်း မချိပြုံးကလေး ပြုံးလိုက်လေသည်။
" ဒီမှာ ခေါင်းဆောင် တခြားမျက်နှာ အမူအရာ မလုပ်တတ်တော့ဘူးလား အမြဲတမ်း ရုပ်တည်ကြီးပဲ မြင်နေရတယ် ''
" ငါ့မျက်နှာက ဘယ်သူ့ရှေ့မဆို ဒီတိုင်းပဲလေ ''
" အချိန်တိုင်း ရုပ်တည်နေစရာလိုလို့လား ''
" ငါက ခေါင်းဆောင်လေ အရမ်းရယ်လွန်းရင် လက်အောက်ငယ်သားတွေက ဘယ်ကြောက်တော့မလဲ ''
" ဒါပေမယ့် အခု အငယ်တွေ မရှိဘူးလေ ခဏလောက် ခေါင်းဆောင် ဖြစ်လို့ မရဘူးလား ''
" ဒါဆို ဘာဖြစ်စေချင်လို့လဲ ''
" အစ်ကို ဖြစ်ဖြစ်ပေါ့ ''
" ဒါဆိုလည်း အစ်ကိုလို့ ခေါ်လေ ''
" အစ်ကိုဖူ မကောင်းဘူး အူယားစရာကြီး ''
ဆရာလေးထီရန်က အဲသလို အစ်ကိုဖူလို့ ခေါ်ကြည့်ကာ အူယားစရာကြီးဟူ၍ ပြောသမို့ ခေါင်းဆောင်ဖူဖာက တစ်ချက်ပြုံးမိလေသည်။
" ခေါင်းဆောင် ဒါဆို ခေါင်းဆောင်ပျော်ရင် ဘယ်လိုအမူအရာမျိုးလုပ်လဲ ပြပါလား ''
ခေါင်းဆောင်ဖူဖာလည်း ရုပ်တည်ကြီးနေသည့်ပုံစံနှင့် မထူးခြားနား ပျော်သည့်ပုံစံ ပြုလုပ်ပြလေသည်။ အဲ့ဒီလို အပြုံးကို ဆရာလေးထီရန်က ကြည့်၍ သူ့ကိုချစ်နေတဲ့ ကလေးပီပီ စိတ်ကလေးကောက်ကာ ပြောပါတော့သည်။
" ဒီလိုမျိုးလေ ''
" ဒါဆို သဘောကျတဲ့သူအတွက်ဖြစ်ဖြစ် ရည်းစားအတွက်ဖြစ်ဖြစ် ပြုံးရမယ်ဆိုရင်ရော မပြုံးတတ်ဘူးလား ''
ခေါင်းဆောင်ဖူဖာက သက်ပြင်းချကာ ခေါင်းအနည်းငယ် ခါယမ်းပြလိုက်လေသည်။ ထို့ကြောင့် ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို အပစ်တင်ကာ တခြားတစ်နေရာမှ ရှုခင်းဆီ သွားလိုက်လေတော့သည်။
" အဲဒါကြောင့် ရည်းစားမရှိတာ ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက သက်ပြင်းချ၍ သူ၏ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်လေသည်။ ခေါင်းဆောင်ဖူဖာ၏ ပုံစံမှာ အဖြူအမည်း ကွက်ကျားအကျဲ ဘောင်းဘီအပွအစိမ်းနု ခါးတွင်အရေးပေါ်ဖုန်းတစ်လုံးဖြင့် ကြည့်ကောင်းလှပေသည်။
အဲ့နောက် ဖာပန်းဒေါင်းမျိုးနွယ်စု၏အင်္ကျီကို ဝတ်ဆင်ထားကာ ရှုခင်းတွေကို ဓာတ်ပုံရိုက်နေတဲ့ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာက ဖုန်းကလေးကို ထောင်ကာ ဓာတ်ပုံခိုးရိုက်လိုက်လေသည်။
ခေါင်းဆောင်ဖူဖာလည်း သူ၏ဖုန်းထဲက ဆရာလေးထီရန်၏ ပုံကို ကြည့်ကာ သွားပေါ်လောက်သည့်အပြုံး သဘောကျနေတဲ့သူအတွက်အပြုံး ချစ်တဲ့သူအတွက်အပြုံးကို ပြုံးနေလိုက်လေသည်။ အဲ့ဒီလို ချစ်တဲ့သူအတွက်အပြုံးကို ဆရာလေးထီရန်က မြင်သွားကာ အဲသလို ပြောပါတော့သည်။
" အဲဒီလိုလေ ကျွန်တော်ပြောတဲ့ အပြုံးက ဘယ်လိုပြုံးရလဲဆိုတာ ဘယ်လိုသိသွားတာလဲ ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက မလှုံမလှဲစိတ်ဖြင့် ဖုန်းထဲက ပုံလေးကို ခိုးခိုးကြည့်လိုက်လေရာ ဆရာလေးထီရန်က
" ဘာပုံလဲ ပြကြည့်ပါဦး ''
ဆရာလေးထီရန်က အဲသလို ခေါင်းဆောင်ဖူဖာကြည့်နေသည့်ပုံကို ကြည့်မည်ဟူ၍ ခေါင်းဆောင်ဖူဖာအနားကို အသွားမှာ ခေါင်းဆောင်ဖူဖာက သူ၏ဖုန်းကို အမြန်ဘောင်းဘီအိတ်ထဲ သိမ်းလိုက်လေသည်။
" ကြည့်မယ် ဘာလဲဟ အမြန်ကြီး သိမ်းလိုက်တယ် မကြည့်ဘူး ရတယ် ''
ဆရာလေးထီရန်က အဲသလို ပျော်ပျော်လေးပြောကာ ဂျစ်ကားလေးဆီကိုသာ လာခဲ့လေတော့သည်။ ခေါင်းဆောင်ဖူဖာလည်း သူ့ကိုယ်သူ ရှေ့မတိုးရဲတဲ့ကျားကြီးလို ရှက်ကိုးရှက်ကားဖြစ်ကာ ဂျစ်ကားလေးဆီကို လာခဲ့ပါလေတော့သည်။
ဒီလိုနဲ့ ဖာပန်းဒေါင်းရွာကို ဦးတည်သွားကာ ဂျစ်ကားလေးက ဖာပန်းဒေါင်းရွာကိုမဟုတ်ဘဲ ချင်းမိုင်၏ လှပသည့်နေရာကို ရောက်သွားကာ အဲ့ နေရာတစ်နေရာတွင် လှပသောဝါးပင်ကြီးတွေ သစ်ပင်ကြီးတွေ ဖြင့် နေချင်စရာကောင်းလှလေသည်။
ထိုနေရာတွင် စားပွဲခုံနှစ်ခုရှိရာ တစ်ခုတွင် စူပါကော်ဖိထုပ်တွေ ရေနွေးဘူးတွေ စူပါကော်ဖီခွက်တွေ ဖျော်စရာဇွန်းတွေ ရှိလေပြီး ကျန်တစ်ခုတွင် ထိုင်ခုံနှစ်ခုဖြင့် ရှိ၍ ကော်ဖီသောက်ဖို့အတွက် ဖြစ်လေသည်။
ဆရာလေးထီရန်နှင့် ခေါင်းဆောင်ဖူဖာ ကော်ဖီဖျော်သောက်ဖို့ ရောက်လာကြရာ တစ်ဦးကိုတစ်ဦး သဘောကျနေတဲ့လူနှစ်ဦး အချစ်တွေပိုနေတာ သိရှိရပေမည်။
" ကျွန်တော့်ကို ရှုခင်းကြည့်ဖို့ ခေါ်သွားမယ်
ထင်နေတာ ''
" ငါအိမ်ချင်နေလို့ လန်းသွားအောင် ကော်ဖီလေးသောက်မလို့လေ သောက်ဦးမလား ''
" သောက်မယ် ကော်ဖီတစ်ခွက်ပေးပါ ''
" ငါဖျော်ပေးမယ် သွားထိုင်နေလိုက် ''
" မရဘူး ခေါင်းဆောင်သာထိုင်နေလိုက်ပါ ကျွန်တော် ဖျော်ပေးမယ် ဟိုဘက်ကိုတိုး ''
ဆရာလေးထီရန်က ကော်ဖီထုပ်ကိုယူကာ ကော်ဖီစဖျော်ပါတော့သည်။
" ကျွန်တော့်ကိုကြိုဖို့ အဝေးကြီးကို မောင်းလာခဲ့ရတာ ''
အဲ့နောက် ခွက်နှစ်ခွက်ထဲကို ကော်ဖီတွေထည့်နေသည့် ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာက ငေးကြည့်နေလေသည်။ ဆရာလေးထီရန်က အဲသလို ခိုးကြည့်နေတဲ့ ခေါင်းဆောင်ဖူဖာကို ကြည့်လိုက်ရာ ခေါင်းဆောင်ဖူဖာက သူ သဘောကျနေသည့်သူအတွက် အပြုံးကို ပြုံးလိုက်လေသည်။
အဲ့နောက် ဆရာလေးထီရန်က စူပါကော်ဖီတွေ ထည့်ထားသည့် စူပါကော်ဖီခွက်ထဲကို ရေနွေးထည့်ကာ သောက်ဖို့ အဆင်သင့်ဖြစ်နေလေတော့သည်။
" ခေါင်းဆောင် ''
ဆရာလေးထီရန်က အဲသလို နာမည်လေးခေါ်လိုက်ပြီး ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် ခွက်ချင်းတိုက်ကာ ကော်ဖီလေးကို တစ်ကျိုက်သောက်လိုက်လေသည်။
" ဘယ်လိုလဲ ''
" အင်း သောက်လို့ ကောင်းတယ် ''
" ခေါင်းဆောင် သိလား ခေါင်းဆောင်က ကျွန်တော်ကော်ဖီဖျော်တိုက်ဖူးတဲ့ ပထမဆုံးလူပဲ ''
ဆရာလေးထီရန်က အဲသလိုပြောကာ ပြုံးရည်နေပြီး ခေါင်းဆောင်ဖူဖာလည်း ပြုံးရည်နေလေသည်။ အခုတော့ ချစ်နေလိုက်ကြတာ အသိဖြစ်ပေသည်။
" ဟင်း ဒီကော်ဖီက ပြင်းတယ်နော် ''
" ကြိုက်ရဲ့လား ''
" အင်း ပြင်းတာ ကြိုက်တယ် ''
" ငါကလည်း ပြင်းတယ်နော် ''
ခေါင်းဆောင်ဖူဖာက အဲသလို ခပ်ပြုံးပြုံးစနောက်လိုက်ကာ ဆရာလေးထီရန်က ရှက်ပြုံးပြုံးဖြစ်နေ၍ အဲသလို ပြောပါတော့သည်။
" ကျွန်တော်က ကော်ဖီကို ပြောတာ ''
" ငါလည်း ကော်ဖီကို ပြောတာပါပဲ မင်းက ဘာထင်နေလို့လဲ ''
အဲ့နောက် တစ်ယောက်ကိုတစ်ယောက် ရှက်ပြုံးပြုံးဖြင့်ကြည်ကာ ကြည့်တဲ့အကြည့်တွေက အချစ်တွေ ပါနေသည်ကို သတိထားရပေတော့သည်။ တစ်ယောက်ခွက်နဲ့တစ်ယောက် တိုက်ကာ အဲသလို ဆရာလေးထီရန်နှင့် ခေါင်းဆောင်ဖူဖာ ပြုံး၍ ကြည့်နေလိုက်ကြလေတော့သည်။
ဒီလိုနဲ့ ညအချိန်လေးက တဖြည်းဖြည်းရောက်လာပြီး ကောင်ကင်ကြီးမှာ လမင်းကြီးကလည်း ထိန်ထိန်သာနေလေသည်။ ကျောင်းအိမ်ယာအရှေ့တွင် ဂျစ်ကားက မီးထွန်းထားပြီး မီးခိုးတွေကလည်း တလူလူဖြစ်နေသမို့ ကာမီးအလင်းတန်းကြီးက ထွက်ပေါ်နေလေသည်။
ဆရာလေးထီရန်လည်း ကားထဲမှ ထွက်ကာ သူ၏အိမ်ခြံဝင်းထဲဝင်၍ ခေါင်းဆောင်ဖူဖာနှင့် အလွမ်းသယ်ကြပါတော့သည်။
" အဟင့် ဟင့် ကျွန်တော် အထဲဝင်တော့မယ်နော် ''
" အင်း ''
စကားကို အဲသလို မခွဲချင်ဘဲ လွမ်းရတော့မည်ဆိုသည့်လေသံဖြင့် ပြောဆိုနေကြလေတော့သည်။ ဆရာလေးထီရန်က အဲ့နောက်မှာ သူ၏အိမ်ဘက်ကို လှည့်၍ ခေါင်းဆောင်ဖူဖာကို ကျောပေးကာ အိမ်ပေါ်ကို တက်မည်အကြံမှာ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို ခေါ်လိုက်လေရာ ဆရာလေးထီရန်လည်း ပြန်လှည့်လာလေသည်။
" ထီရန် ''
" ဟင် ''
ဆရာလေးထီရန် အဲသလိုလှည့်လာပြီး ဘာပြောမည်လဲဆိုတာ ခေါင်းဆောင်ဖူဖာကို ကြည့်နေချိန် ခေါင်းဆောင်ဖူဖာက မနေ့ညက ဝီစကီဝိုင်းတွင် ဒေါက်တာနမ် ပြောတာကို သတိရသွားလေသည်။
" ဟေ့ ဖူ မင်းက ၃၀ ကျော်နေပြီနော် နည်းနည်းအကွက်ရွှေ့ဦး ဒီအတိုင်းကြီးပဲ နေမနေနဲ့ ''
ခေါင်းဆောင်ဖူဖာက အဲသလို ဒေါက်တာနမ် ပြောသည်ကို သတိရကာ ဆရာလေးထီရန်ကို တစ်ခုခုပြောတော့မည်ပြင်၍ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို ကြည့်နေလေသည်။ ခေါင်းဆောင်ဖူဖာက သက်ပြင်းချ၍ ဆရာလေးထီရန်ကို ပြောလိုက်သည်မှာ
" ဟူး မဟုတ်ဘူး ဘာမှ မဟုတ်တော့ဘူး ''
" ဒါဆို ကျွန်တော်သွားတော့မယ်နော် ''
ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာက ဘာမှမဟုတ်တော့ဘူးဟူ၍ ပြောသမို့ အဲ့သလိုပြောကာ ခေါင်းဆောင်ဖူဖာကို ကျောပေးထားလိုက်လေသည်။ အဲသလို ခေါင်းဆောင်ဖူဖာကို အကဲခတ်ကြည့်ရင် ဆရာလေးထီရန်ကို သဘောကျနေတယ်ဆိုတာ သိသာ၍ ဆရာလေးထီရန်က ချင်းမိုင်မှာ တွန်နဲ့အတူ ရှိစဥ်က တွန် ပြောသည်ကို သတိရသွားပြန်လေသည်။
" သူ့ခံစားချက်နဲ့ပတ်သက်ပြီး မင်းမသေချာဘူးဆိုရင် မင်းအရင် ခြေလှမ်းစလိုက် ငါတို့က ငယ်သေးတယ်လေ သတ္တိရှိတယ် လုပ်စမ်းပါ အချိန်ဖြုန်းမနေနဲ့ ''
အဲသလို ဆရာလေးထီရန်က ပြန်ကြားယောင်ရင်း ခေါင်းဆောင်ဖူဖာကို တစ်ခုခုပြောမည်ဆိုပြီး ခေါင်းဆောင်ဖူဖာဘက် ပြန်လှည့်ကာ ပြောလိုက်သည်မှာက
" ခေါင်းဆောင် ''
" ဟမ် ''
" မနက်ဖြန် စွန်သွားလွှတ်ကြမလား ''
" စွန်လား ''
" ကျွန်တော်ဆိုလိုတာက မနက်ဖြန် ကလေးတွေကို စွန်လုပ်နည်းသင်ပေးမှာ အားတယ်ဆိုရင် အတူလုပ်ကြမလား ''
" အတူလုပ်မှာလား ''
" ကျွန်တော်က မနက်ဖြန်ကျရင် စွန်အတူတူလုပ်မယ် ပြောတာပါ ''
" အင်း ''
အဲသလို ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ပြောသည့်စကားတွေကို အူယားအောင် ပြန်ပြောရင်း ဆရာလေးထီရန်နှင့် ခေါင်းဆောင်ဖူဖာ အကြင်နာအပြုံးတွေ ပြုံး၍ စူးစူးနက်နက် ကြည့်နေကြလေသည်။
အဲ့နောက် ဆရာလေးထီရန်က အိမ်ပေါ်တက်မည်ဆိုပြီး ပြုံး၍ ခေါင်းဆောင်ဖူဖာကို ကျောခိုင်းကာ ခေါင်းဆောင်ဖူဖာကလည်း တပ်စုကို ပြန်မည်ဆိုပြီး ဆရာလေးထီရန်ကို အဲသလို ပြိုင်တူကျောခိုင်း၍ ပြုံးနေကြလေသည်။
အဲ့နောက် စိတ်ချင်း နီးစပ်ထိတွေ့နေသည် ထင်ရသည်။ ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် ကျောခိုင်းနေသည်မှ နှစ်ယောက်လုံးပြိုင်တူ အကြည့်ထပ်ဆုံကြပြန်လေသည်။ တစ်ယောက်ကို တစ်ယောက် ပြုံး၍ကြည့်နေလိုက်သည်မှာ ကြည်နူးမှုအပြည့် ဖြစ်ပေလေသည်။
ခေါင်းဆောင်ဖူဖာလည်း အမြဲတမ်း အမိန့်ပေး ခေါင်းဆောင်တစ်ယောက်လို နေနေရတာ ဆရာလေးထီရန်နဲ့မှ ပျော်ရွှင်မှုတွေကို ခံစားရနေလေသည်။ ယခုတော့ ချစ်သူအတွက် မပြုံးဖူးတဲ့အပြုံးကို ခေါင်းဆောင်ဖူဖာ ပြုံး၍နေတော့လေသည်။
" ပြန်လို့ရပြီ ''
" မင်းလည်း အိမ်ပေါ်တက်လို့ရပြီ ''
အဲသလို နှစ်ဦးသားပြော၍ ခွဲချင်မခွဲချင်နဲ့ အပြုံးလေးတွေလည်း ပြုံးကာ ခေါင်းဆောင်ဖူဖာက ဂျစ်ကားလေးဆီ လာခဲ့ပြီး ဆရာလေးထီရန်လည်း အိမ်ပေါ်ကို တက်သွားလေရာ ခေါင်းဆောင်ဖူဖာတော့ သူ၏ဂျစ်ကားလေးကို မောင်းထွက်လာခဲ့လေတော့သည်။ အဲ့ဒီနေ့လေးနှင့် ညလေးတော့ ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန်အတွက် အပျော်ရဆုံးအချိန်တွေ ဖြစ်ခဲ့ရလေတော့သည်။
အဲ့လိုနဲ့ နောက်တစ်နေ့မနက် ဖာပန်းဒေါင်းကျောင်းမှ စိုက်ထူထားသည့် အလံတိုင်က အလံက လေနှင့်အတူ တလူလူလွှင့်ပျံနေလေသည်။ ဆရာလေးထီရန်က ချမ်း၍ လက်ကလေးပိုက်ပြီး ကွေးနေကာ ကလေးတွေကိုက သန့်ရှင်းရေးလုပ်ခိုင်းနေလေသည်။
" အေးနေပြီလား ကလေးတို့ ''
" အေးပါတယ် ''
" အကုန်လုံး သေချာလေး လှဲကြနော် ''
အဲ့နောက် ထိုကျောင်းကြီးကို ခေါင်းဆောင်ဖူဖာ လန် နှင့် ရော့ချန်းတို့ သစ်တောထိန်းသိမ်းရေးယူနီဖောင်းကို ဝတ်ဆင်၍ ရောက်လာကြလေသည်။ ရော့ချန်းက ဓားအိမ်တစ်ခုပါသည့်ဓားကို ကိုင်၍ လန်က ဝါးလုံးတွေကို ကိုင်ဆောင်လာကြလေသည်။
" အဆင်ပြေရဲ့လား ရော့ချန်း ''
" ပြေတယ် ပြေတယ် ပြေတယ် တောထဲမှာတုန်းက မြွေတွေ အများကြီးပဲ ''
" သတိထားဦး ''
အဲ့သလို လန်နှင့် ရော့ချန်း ပြောဆို၍ ကျောင်းအဆောင်အောက်ကို ခေါင်းဆောင်ဖူဖာနှင့်အတူ ရောက်လာကြလေသည်။
" အာရီ ''
" ဟုတ်ကဲ့ ''
" ဒီကိုလာဦး သေချာမလှဲဘူးပေါ့ ဟုတ်လား ''
" လှဲထားတယ် ''
အဲသလို ဆရာလေးထီရန်က အာရီကို သူ၏ရင်ခွင်ထဲပွေ့ထားကာ ကလေးတွေနဲ့ ပျော်နေသည်ကို လန်ရော့ချန်း ခေါင်းဆောင်ဖူဖာတို့ မြင်ကာ ရော့ချန်းနှင့် လန်က ထိုသို့ ပြောကြပါတော့သည်။
" ကြည့်ဦး စစချင်းကတော့ သူ့ကို သုံးရက်လောက်ပဲ ခံမယ်ထင်ထားတာ ကားဂိတ်ကို ပြန်ပို့ပေးရတော့မယ်ပေါ့
အခုတော့ ကြည့်လိုက်ပါဦး ဒီက လူတိုင်းနဲ့ အဆင်ပြေနေတာပဲ သူမကြာခင် ဘန်ကောက်ကို ပြန်
သွားတော့မယ်ဆိုတာ တွေးလိုက်ရင်
ဝမ်းနည်းလာသလိုပဲ ''
အဲ့သလို ရော့ချန်းက ခေါင်းဆောင်ဖူဖာ၏ ရင်ထဲက ခံစားချက်တွေကို ပြောနေသည့်အလား ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်ကို ကြည့်၍ ဝမ်းနည်းမိလေသည်။
" သူ ဒီမှာ အကြာကြီး နေပါစေလို့ ဆုတောင်းမိတယ် ''
ရော့ချန်းက လန်ကို အဲ့လို ဝမ်းနည်းသလို ပြောနေရာ ခေါင်းဆောင်ဖူဖာကို ကြည့်၍ ထိုသို့ ပြောပြန်ပါတော့သည်။
" ခေါင်းဆောင် သူ့ကို ဒီမှာ အကြာကြီး နေလို့ရအောင် ပြောပေးလို့မရဘူးလား ''
" မရဘူး ချန်း သူမှာ ရှေ့ဆက်ရမယ့် အနာဂါတ် ရှိသေးတယ်လေ သူ ကျောင်းတောင် ပြီးသေးတာ
မဟုတ်ဘူး ''
ခေါင်းဆောင်ဖူဖာက အဲသလိုပြောကာ လန်ကလည်း ဆရာလေးထီရန်ကို ကြည့်ရင်း
" စိတ်မကောင်းစရာပဲနော် ကလေးတွေကလည်း သူ့ကို ချစ်ကြတယ် ''
အဲသလို ဝမ်းနည်းကာ ကျောင်းအဆောင်အဝင်မှာ ပြောနေကြသည့် ခေါင်းဆောင်ဖူဖာ လန် နှင့် ရော့ချန်းတို့ကို မြင်သွားလေတော့သည်။
" ခေါင်းဆောင် ''
အဲသလို ဆရာလေးထီရန်က သူ၏ဘဲကြီးနာမည်ကို ခေါ်ကာ သူတို့အနားကို သွားလိုက်လေသည်။ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို ကြည့်နေရာ ခေါင်းဆောင်ဖူဖာက ရှက်ပြုံးပြုံးလိုက်လေသည်။
" ဝါးတွေက ဘာလုပ်ဖို့လဲ အစ်ကိုတို့ ''
" ဆရာလေး ဒီနေ့ စွန်လုပ်မယ် ကြားလို့လေ အဲ့ဒါကြောင့် ကလေးတွေကို စွန်လုပ်နည်း သင်လို့ရအောင် ဝါးတွေ သွားခုတ်လာခဲ့တာ ''
" အင်း ဟုတ်သားပဲ ကျွန်တော်သင်ပေးဖို့တောင် မေ့တော့မလို့ အစ်ကိုလန် ကျွန်တော့်ကိုပေး ကျွန်တော် ကူပေးမယ် ''
" ရပါတယ် ''
" လာပါ ကျေးဇူးပဲနော် အစ်ကိုတို့ယူလာပေးတာ ဘယ်လိုစရမလဲဆိုတာ မသိသေးဘူး ''
" ဒါကို တုတ်ချောင်းသေးသေးလေးတွေ ဖြတ်ပေးမယ် အကုန်လုံးအတွက် လုပ်ပေးမှာမို့လား ''
" ကျေးဇူးတင်ပါတယ် ''
အဲဒီလို ဆရာလေးထီရန်က လန်ဆီမှ ဝါးကို လန်နှင့်အတူတူသယ်ကာ ထိုသို့ပြောလိုက်လေသည်။
ကျောင်း၏ ပြတင်းနှင့် တစ်ချို့သော နေရာတွင် စက္ကူပျံလွှားငှက်ကလေးတွေ ရောင်စုံချိတ်ဆွဲထား၍ အဲသလို ကျောင်းကို အလှဆင်ထားလေသည်။
ဆရာလေးထီရန်လည်း ကျောက်သင်ပုန်းတွင် စွန်လုပ်နည်းကို ရေးဆွဲထားပြီး စွန်လုပ်ဖို့ ကလေးတွေကို စွန်လုပ်နည်း သင်ပေးပါတော့သည်။
" ရပြီ အားလုံးပဲ ဒီနေ့ စွန်ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးမယ် ''
" စွန်ဆိုတာ ဘာလဲ ''
အဲဒီလို ခုံတွေကို စုပြီးတစ်စုတည်းထိုင်နေကြသည့် ကျောင်းသားကျောင်းသူများကြားမှ အစပ်စုဆုံး မိကျူးလေးက ထိုသို့ မေးလာပါတော့သည်။ ဆရာလေးထီရန်လည်း ဘာပြောရမည်မသိ၍ စကားထစ်ကာ ထိုသို့သာလျှင် ပြောလိုက်ပါတော့သည်။
" စွန်လား စွန် ဆိုတာက ငှက်အကြီးစား သေးသေးလေး စိတ်မပူပါနဲ့ အခုပဲ လုပ်ကြည့်လိုက်ရအောင် ''
အဲ့နောက် ဆရာလေးထီရန်က ကလေးတွေ စုထိုင်နေတဲ့နေရာကို ဝင်ထိုင်းပြီး စွန်လုပ်နည်းကို ရှင်းပြပါတော့သည်။
" အားလုံးပဲ တုတ်ချောင်းလေးကို စွန်လုပ်ဖို့ ယူလိုက်ရအောင် တစ်ခုချင်းဆီနော် စွန်လုပ်ဖို့ စာရွက်ယူပြီးပြီလား အရောင်ရော ရွေးပြီးပြီလား ''
" အဝါလေး အစိမ်းလေး ''
" ကော်ကို ပါးပါးလေးထည့်မယ် ကော်များသွားရင် စွန်ပျံရတာ လေးသွားလိမ့်မယ် ''
" ဒါဆို လေယာဥ်ကျ ဘယ်လိုပျံနိုင်တာလဲ ''
ခေါင်းဆောင်ဖူဖာလည်း စွန်ကလေးလုပ်ရင်း အဲသလို ကျောင်းသားလေးပီပီ ဆရာလေးထီရန်ကို အမေးပြုလိုက်လျှင် ဆရာလေးထီရန်က
" မတူဘူးလေ ကြည့် လေယာဥ်မှာက လေထဲကို မြှင့်တင်ပေးနိုင်တဲ့ အတောင်ပံတွေ ရှိတယ် နိယာမ
သဘောတရားအရဆိုရင် အရှိန်ပြင်းပြင်းနဲ့ ရွေ့သွားတဲ့အချိန်မှာ လေက တောင်ပံတွေ အပေါ်ကနေ လျင်မြန်စွာ တိုက်ခတ်သွားတယ်
အဲဒါကနေဒီလိုမျိုးလေယာဥ်ကို မြှင့်တင်ပေးနိုင်တဲ့ လုံလောက်တဲ့ စွမ်းအင်ကို ထုတ်ပေးလိုက်တာ ''
အဲသလို ရှင်းပြနေသည့် ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာက ခပ်တည်တည်မနေဘဲ ပြုံး၍ကြည့်ကာ ရည်မောနေလေသည်။
" ဘာကို ပြုံးနေတာလဲ ''
" မင်း တစ်ခုခုကိုရှင်းပြနေတဲ့အချိန်ဆို ပျော်ရွှင်နေတဲ့ပုံ ပေါက်နေလို့ ''
အဲသလို ဆရာလေးထီရန် နှင့် ခေါင်းဆောင်ဖူဖာ အကြည့်ချင်းထပ်ဆုံနေကြပြီး ကလေးတွေကလည်း ကျောင်းအပြင်နားမှာ စွန်လွှတ်ဖို့ အသင့်ဖြစ်နေကြလေသည်။
ခေါင်းဆောင်ဖူဖာလည်း အစိမ်းရောင်တွင် အနီကွက်နှစ်ခု စွန်အလည်တည့်တည့်ပါသည့်စွန်ကလေးကို လုပ်နေလေသည်။ ဆရာလေးထီရန်ကလည်း ခေါင်းဆောင်ဖူဖာကို မေးလေသည်။
" ဘာလုပ်နေတာလဲ ''
" ဒါကို ပါပေါက်စွန်လို့ ခေါ်တယ် ''
" ဟမ် လုပ်နည်းသိတာကို ဘာလို့မပြောတာလဲ ''
" ကိုယ်သိတာကို လူတိုင်းကို လိုက်ပြောပြနေဖို့လိုလို့လား ''
" ဟေ့ ခေါင်းဆောင် ''
" ငါ ညစ်ပတ်တာတွေ ပြောနေတာ မဟုတ်ဘူး မင်းမှ ငါ့ကို တစ်ခါမှမမေးဖူးတာ ငါက တောသားလေ ''
" အဲဒါနဲ့ ဘာဆိုင်လို့လဲ ''
" ငါတို့မှာ ရီမုတ်ကားနဲ့ ဗီဒီယိုဂိမ်းလိုဟာမျိုးတွေ မရှိဘူး ဒီတော့ စွန်လွှတ်ရတာက ပျော်ဖို့ အကောင်းဆုံးပဲပေါ့ ''
ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ပြောသည့်လုပ်နည်းကို အတည်ပြု၍ အဲသလိုပြောလိုက်ရာ ဆရာလေးထီရန်က တစ်မျိုးထင်ပြီး ခေါင်းဆောင်ဖူဖာက စကားလမ်းကြောင်း လွှဲလိုက်ရလေသည်။
" ဘယ်လိုလဲ ကြည့်လို့ကောင်းတယ်မို့လား ''
" အဝေး မိုက်သားပဲ ကျွန်တော့်အတွက်
တစ်ခုလုပ်ပေး ''
ခေါင်းဆောင်ဖူဖာက သူ၏စွန်ကလေးကို ထောင်ပြ၍ မေးလိုက်ရာ ဆရာလေးထီရန်က အဲသလို ပြန်ပြောလေသည်။ အဲ့နောက် အာရီက ကျောင်းအပြင်မှ ပြေးဝင်ကာ ခေါင်းဆောင်ဖူဖာ၏ စွန်ကလေးကို မြင်ပြီး
" ဝါး ကျွန်တော် ဒါလေးလိုချင်တယ် ယူလို့ရလား ''
" မရဘူး အာရီ ဒီတစ်ခုက ပိုင်ရှင်ရှိပြီးသား ''
ခေါင်းဆောင်ဖူဖာက အဲသလို အာရီကိုပြောသလိုလိုဖြင့် ပိုင်ရှင်က ဆရာလေးထီရန်ဆိုတာကို ဆရာလေးထီရန်ကို ကြည့်၍ ပြောလိုက်လေသည်။ ဆရာလေးထီရန်လည်း အာရီကို သူ၏ပေါင်ပေါ်တွင် ပွေ့ချီထားကာာ
" သူတကယ်ပြောနေတာ သား ယူလို့မရတော့ဘူး ''
" အင်း ''
" သွား အပြင်မှာ စွန်သွားလွှတ်ချည် ''
အဲ့လိုနဲ့ အာရီက သူ့သူငယ်ချင်းတွေဆီကို သွားပြီး ဆရာလေးထီရန်လည်း ထိုင်နေရာမှထကာ ထိုသို့ ပြောလိုက်လေသည်။
" အားလုံးပဲ ငှက်ကြီးတွေ ပျံသန်းရမယ့် အချိန်ရောက်ပါပြီ အားလုံးအသင့်ဖြစ်ကြပြီလား ''
" ဖြစ်ပါပြီ ''
" ဟုတ်ပြီ သွားကြမယ် ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက သူလုပ်ထားသည့်စွန်ပေါ်မှာ စားရေးနေလေသည်။ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာ ရေးနေသည်ကို ကြည့်လိုက်ရာ စာသားလေးက
" ထီရန် အတွက် ''
ဖြစ်လေသည်။ ခဏက ဆရာလေးထီရန်က လိုချင်သည်ဟူ၍ ပြောသမို့ ခေါင်းဆောင်ဖူဖာက အဲ့ဒီလို ရေးလိုက်ချင်း ဖြစ်လေသည် ထင်သည်။
ဆရာလေးထီရန်နှင့် ခေါင်းဆောင်ဖူဖာ တစ်ယောက် ကိုတစ်ယောက်ကြည့်၍ ပြုံးရည်နေလိုက်ကြလေသည်။ အဲ့နောက် စွန်လွှတ်ဖို့ အတူတူထွက်သွားကြလေတော့သည်။
လေဟာပြင်ကြီး၏ ဘေးတွင် စိမ်းစိုသည့် တောင်တန်းတွေ ကိုင်းပင်တွေ မြေတွင်ပေါက်ရောက်နေသည့် စိမ်းစိုသည့် မြက်ခင်းတောပန်းကသေးလေးတွေက ရှုခင်းကို ပို၍ ကြည့်ကောင်းအောင် သရုပ်ဖော် လန်းဆန်းလှပေသည်။
လောင်ထယ်လည်း သူ၏ကင်မရာလေးဖြင့် ရှုခင်း၏အလှကို ဓာတ်ပုံရိုက်နေလေသည်။ ဆရာလေးထီရန်တို့လည်း စွန်လွှတ်ဖို့ ထိုနေရာကို ရောက်လာကြလေသည်။
" အားလုံးပဲ လိုက်ခဲ့ကြပါ ''
ဆရာလေးထီရန်က လောင်ထယ်ကို မြင်ပြီး ကလေးတွေကို စွန်လွှတ်ပေးဖို့ အကူအညီတောင်းလိုက်လေသည်။
" ဟေ့ လောင်ထယ် ''
" အော့ အစ်ကိုထီရန် ''
" ဓာတ်ပုံလာရိုက်တာလား ''
" ဟုတ်တယ် အစ်ကို ''
" မင်းအားလား ''
" အားတယ် ဘာလုပ်ပေးရမလဲ ''
" ကလေးတွေကို စွန်လွှတ်ဖို့ ကူညီပေးနိုင်မလား ''
" ရတာပေါ့ အစ်ကိုရ ''
" မင်္ဂလာပါ ချန်း လန် ''
လောင်ထယ်က အဲ့ဒီလို နှုတ်ဆက်ပြီး လန် ရော့ချန်းတို့ နှင့်အတူ ကလေးတွေကို သွားပြီး ဂရုစိုက်ထိန်းပေးနေလေသည်။
" ဟို ခေါင်းဆောင်ဖူဖာဗျ ''
" ဘာလိုချင်လို့လဲ နာမည်အပြည့်အစုံခေါ်နေတယ်ဆိုတော့ ''
" ဟို စွန် ဘယ်လိုလွှတ်ရတာလဲ ''
ခေါင်းဆောင်ဖူဖာက အဲဒီလို စွန်မလွှတ်ဖူးသည့် ဆရာလေးထီရန်ကို ကြည့်၍ ပြုံးရည်ကာ ပန်းပွင့်အသေးလေးကို ကောက်ပြီး အပေါ်မြှောက်ကာ လေဘယ်အရပ်မှ တိုက်နေသည်လဲဟူ၍ စမ်းသပ်လိုက်ပြီး ကလေးတွေကို စွန်ဘယ်လိုလွှတ်ရလဲဆိုတာ ရှင်းပြရင်း ဆရာလေးထီရန်လည်း နားထောင်၍ စွန်ဘယ်လိုလွှတ်ရတာလဲဆိုတာ နားလည်သွားလေတော့သည်။
" အားလုံးပဲ ဒီမှာ စုကြပါ ကိုယ့်သူငယ်ချင်းနဲ့ အဖွဲ့ဖွဲ့ထားမယ် တစ်ယောက်က ကြိုးကိုကိုင်မယ် ကျန်တဲ့တစ်
ယောက်က စွန်ကို ကောင်းကင်ပေါ်ကို တင်ပေးရမယ် တစ် နှစ် သုံး ရေပြီးမှ လွှတ်ရမယ်နော်
ကြိုကိုင်ထားတဲ့လူက ဟိုဘက်ကို ပြေးသွားပြီးတော့ လေနဲ့ဆန့်ကျင်ဘက်ကို စွန်ကိုလွှတ်တင်ပြီး ကြိုးကို
ကိုင်ထားရမယ် နားလည်ကြလား ''
" နားလည်ရဲ့လား ''
" နားလည်ပါတယ် ''
" ကလေးတို့ လုပ်ကြည့်ရအောင် ''
" စွန်တွေ လွှတ်ကြမယ်ဝေ့ ''
" သွားမယ် သွားကြမယ် ''
ဒီလိုနဲ့ ကလေးတွေ စွန်လွှတ်တာကို လန် ရော့ချန်းလောင်ထယ်တို့က ကူညီပေးကာ စွန်တွေ ကောင်းကင်မှာ ပျံဝဲနေကြလေသည်။ အာရီ ခေါင်နွန်း ကာလယ် အင်တာ မိကျူး တို့ လည်း ပြုံးရည်နေကာ စွန်တွေ ကောင်းကင်ထက်မှာ လွှတ်တင်နေလေသည်။
ဆရာလေးထီရန်ကလည်း ခေါင်းဆောင်ဖူဖာ လုပ်ပေးထားသည့် ပါပေါက်စွန်လေးကို ကောင်းကင်ထက် လွှတ်တင်ကာ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး အကြင်နာအကြည့်ဖြင့် ကြည့်၍ ပျော်ရွှင်နေကြလေသည်။
သူတို့အားလုံး စွန်လွှတ်ရင်း အပျော်ကြီး ပျော်နေကြလေသည်။ သို့ပေမယ့် ကံကြမ္မာဖန်လာသည်က ဆရာလေးထီရန်၏ နှလုံးလှဲလှယ်ထားသည်မှာ လပိုင်းသာလျှင် ရှိသေးသည်မို့ တစ်ခုခုချို့ယွင်းမှုကြောင့် ဆရာလေးထီရန် ပန်းခင်းတောထဲသို့ လှဲကျသွားလေတော့သည်။
ထို့ကြောင့် ခေါင်းဆောင်ဖူဖာ လန် ရော့ချန်း လောင်ထယ် အာရီ ခေါင်နွန်း ကာလယ် အင်တာ မိကျူး တို့ စိုးရိမ်ကာ ဆရာလေးထီရန်ဆီသို့ ပြေးလာကြပြီး ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်ကို စိုးရိမ်တကြီး သူ၏ရင်ခွင်ထဲ ပွေ့ချီထားကာ စိတ်ပူမိနေလေသည်။
" ထီရန် ''
" ဆရာဆီထီရန် ညီလေးထီရန် အစ်ကိုထီရန် ''
" ထီရန် ဒေါက်တာ ထီရန် ထီရန် ''
တခြားလူတွေကို
မင်းအပေါ် လက်ခံပေးဖို့
မင်း ဆန္ဒ မရှိခင်မှာ မင်းကိုယ်မင်း
လက်ခံနိုင်အောင် သင်ယူပါ။
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Unit - 5
(ဆက်လက်ဖော်ပြပေးပါမည်)
နွေဦးကိုကိုမောင်
(Zawgyi Version)
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Chapter - 5(C)
အပိုင္း (၁၅)
" အိုေက ေခါင္းေဆာင္ ခုခ်ိန္ကစၿပီး ကြၽန္ေတာ္ ဘယ္ေနရာသြားသြား အၿမဲတမ္း ေခါင္းေဆာင္ကို အေၾကာင္းၾကားပါ့မယ္ အိုေကလား ''
" မင္း ဘာျဖစ္ေနတာလဲ ''
" ေခါင္းေဆာင္က ထူးထူးဆန္းဆန္း တိတ္ေနလို႔ေလ ေခါင္းေဆာင္ ဆူလိုက္တာကမွ ပိုေကာင္းဦးမယ္ ''
ဒါဆို တြန္ေျပာသည့္ စကားမွန္သြားေလသည္။ ဆရာေလးထီရန္က အဲသလို ေခါင္းေဆာင္ဖူဖာက သူ႕ကို ေအာ္တာကို ေႂကြသြား၍ ယခုလို ေျပာျခင္း ျဖစ္ေနသည္ ထင္၏။
ေခါင္းေဆာင္ဖူဖာလည္း ထူးထူးဆန္းဆန္း ဆရာေလးထီရန္ကို အေျပာေတြခ်ိဳ အခ်ိဳေတြေကြၽး ေနေလသည္။
" ဘယ္သြားခဲ့တာလဲ ''
" သူငယ္ခ်င္းက ႐ုတ္တရက္ လာေတြ႕လို႔ ကြၽန္ေတာ့္သူငယ္ခ်င္းနဲ႕ ေလွ်ာက္လည္ေနတာ ''
" ေနာက္တစ္ခါက်ရင္.... ''
ေခါင္းေဆာင္ဖူဖာက စကားကို အခ်ိဳေတြေျပာထြက္ဖို႔ ထိန္း၍ေျပာေနေပမယ့္ အမိန့္ေပးသည့္ေလသံ ခပ္တည္တည္ေနသည့္ေလသံျပန္ျဖစ္လာသမို႔ မေန႕ညက ဝီစကီဝိုင္းမွာ ေဒါက္တာနမ္ ေျပာခဲ့သည့္စကားကို သတိရသြားေလေတာ့သည္။
" မင္း သူ႕ကို ေကာင္းေကာင္းဆက္ဆံ တင္းေနတဲ့မ်က္ႏွာေက်ာကိုေလွ်ာ့ အမိန့္ေပးတဲ့ေလ
သံႀကီးေရာပဲ ''
မွန္၏။ ေခါင္းေဆာင္ဆိုသည့္ အမည္ႏွင့္လိုက္ေအာင္ အဲသလို အက်င့္ပါေနသမို႔ စကားကို ထိုသိုအမိန့္ေပးသည့္ေလသံမျဖစ္ေအာင္ ထိန္းေနရာမွ အမိန့္ေပးသည့္ေလသံ ျဖစ္လာေတာ့မည့္အခ်ိန္ ေခါင္းေဆာင္ဖူဖာက ေဒါက္တာနမ္ေျပာတာကို သတိရၿပီး သူ၏စိတ္ကို ျပန္ထိန္းကာ ခ်ိဳခ်ိဳသာသာနဲ႕ ေျပာလိုက္ေလသည္။
" ေနာက္တစ္ခါက်ရင္ မင္းသူငယ္ခ်င္းကို ႐ြာဆီ ေခၚလာလည္းရတယ္ေလ ''
ဆရာေလးထီရန္က အဲသလို စကားကို ခ်ိဳခ်ိဳသာသာမေျပာဖူးသည့္ သူခ်စ္ေနသည့္ သူ႕ဘဲႀကီး ေခါင္းေဆာင္ဖူဖာက ယခုလို ခ်ိဳခ်ိဳသာသာေျပာလာသမို႔ သူ႕ဘဲႀကီးကို ထူးထူးဆန္းဆန္း ၾကည့္ေနေလသည္။
" အခု သူငယ္ခ်င္းက ဘယ္မွာလဲ ''
" ေအာ္ သူငယ္ခ်င္းက အိမ္ျပန္သြားၿပီ ''
အဲသလို ကားေပၚမွာ ေခါင္းေဆာင္ဖူဖာကလည္း ကားေမာင္းရင္း သူ၏စိတ္ထဲက ဆရာေလးထီရန္ကို သေဘာက်ေနေပမယ့္ ဆရာေလးထီရန္မွာ ေရွ႕ဆက္ရမည့္အနာဂါတ္ရွိေနသမို႔ ကေလးကို ဖြင့္မေျပာဝံ့ေသးတဲ့ ေခါင္းေဆာင္ဖူဖာ ႏွင့္ သူ႕ကိုယ္သူ ေခါင္းေဆာင္ဖူဖာကို ခ်စ္တယ္ဆိုတာ ဝန္ခံလိုက္တဲ့ ဆရာေလးထီရန္တို႔ အဲသလို စကားေျပာ၍ ကားအတူတူ ေမာင္း၍ စီးလာၾကေလသည္။
" ဒါဆို ဘာစားၿပီးၿပီလဲ ''
" ေအာ္ ေအာ္ မစားရေသးဘူး ဗိုက္မဆာေသးလို႔ ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက သစ္ေတာထိန္းသိန္းေရးဝန္ထမ္းျဖစ္သမို႔ အၿမဲတမ္း ေခါင္းေဆာင္လိုေနလာတာ အခ်စ္ေရးမွာသိပ္မကြၽမ္းက်င္သည္ ျဖစ္သမို႔ ေဒါက္တာနမ္ေျပာတာကို ထပ္ၿပီးသတိရျပန္ေလသည္။
" မင္း သူ႕ကို အလိုလိုက္တတ္ေအာင္လည္း သင္ယူဦး ညီေလးထီရန္က စာသင္ဖို႔ ဒီအထိလာခဲ့တာ
အတန္းၿပီးသြားရင္ အိမ္တန္းျပန္တယ္ သူလည္း ေလွ်ာက္လည္ခ်င္မွာေပါ့ ''
အဲသလို သက္ျပင္းေတြခ်ကာ သတိရေနသည့္ ေခါင္းေဆာင္ဖူဖာ သူေမာင္းလာသည့္ကားလမ္းမႀကီး ကားအျပင္ဘက္ကို ၾကည့္၍ ဖာပန္းေဒါင္းကို ျပန္သည့္လမ္းမဟုတ္ဘဲ လမ္းေၾကာင္းလႊဲလိုက္ေလသည္။
" ေဟး ေခါင္းေဆာင္ ဒါက ဖာပန္းေဒါင္း႐ြာကို သြားတဲ့လမ္း မဟုတ္ဘူးေလ ''
" အလည္လိုက္ပို႔မလို႔ ''
" ဟမ္ ေခါင္းေဆာင္ကလား အလည္လိုက္ပို႔မွာ ''
" မသြားခ်င္ဘူးလား ''
" သြားမယ္ သြားမယ္ သြားခ်င္တယ္ ''
အဲဒီလို ေခါင္းေဆာင္ဖူဖာလည္း အခ်စ္ေရးမွာ သိပ္မကြၽမ္းက်င္၍ ေဒါက္တာနမ္တို႔ ေျပာသည့္အတိုင္း အလည္လိုက္ပို႔ဖို႔ ေျပာၾကည့္ရာ ေခါင္းေဆာင္ဖူဖာကို သေဘာက်ေနသည့္ ဆရာေလးထီရန္ သူ႕ဘဲႀကီးနဲ႕ သြားရမည္မို႔ နည္းနည္းေလးမွ မလိုက္ခ်င္ရွာဘူး လိုက္ခ်င္လြန္းလို႔ ေပ်ာ္၍ သြားေတြေတာင္ အေအးပတ္မတတ္ ၿပဳံးေနလိုက္သည္မွာ သူ႕ဘဲႀကီးကိုခ်စ္တာ လြန္ကိုလြန္လြန္း ေနပါေတာ့သည္။
အဲ့ေနာက္ ရႈခင္းလွတဲ့ေနရာႀကီးကို ေခါင္းေဆာင္ဖူဖာလည္း ဂ်စ္ကားေလးအား ေမာင္းသြားၿပီး ဆရာေလးထီရန္လည္း ကားျပတင္းအျပင္ဘက္ကို လက္ကေလးတစ္ဖက္ ထုတ္၍ျဖန့္ကာ အဲသလို ဆရာမေထာ့ဖန္လုပ္သလို လုပ္၍ စီးႏွင္းလာေလသည္။
သူလည္း အဲသလို ဆရာမေထာ့ဖန္လုပ္သလိုေတြကို တမင္တကာ လုပ္ခ်င္းမဟုတ္ သူ႕ကိုယ္သူ အလိုအေလ်ာက္ ျဖစ္တည္လာသည့္ အမူအက်င့္ေတြသာ ျဖစ္ေပသည္။ အဲ့ေနာက္ ျဗဴးေကာင္းသည့္ ရႈခင္းေနရာကို ေရာက္ေတာ့ ကားကို လမ္းေဘးမွာ ခဏရပ္လိုက္ေလသည္။
ကားလမ္းမႀကီးေဘးတြင္ ေတာင္ကုန္းတစ္ခု၌ နားခိုစရာ တဲအိမ္ကေလးလို ဝါးခင္းသက္ကယ္မိုး အေဆာင္တစ္ခု ေဆာက္လုပ္ထားေပသည္။ ထိုတဲကေလးမွ သစ္ေတာႀကီး၏ အလွကို ၾကည့္ရသည္မွာ စိတ္ၾကည္ႏူးခ်မ္းေျမ့စရာ ေကာင္းလွေပသည္။
ေခါင္းေဆာင္ဖူဖာ ႏွင့္ ဆရာေလးထီရန္လည္း ကားေပၚမွ ဆင္းလာကာ ထိုတဲအထဲကို ဝင္လာၾကေလသည္။ ဆရာေလးထီရန္က အၿမဲတမ္း တိုက္အိမ္အေဆာက္အဦးေတြပဲ ျမင္ခဲ့ရသမို႔ ယခုလို စိမ္းလန္းစိုေျပသည့္ သဘာဝသစ္ေတာႀကီး၏ ေလေျပညွင္းေလးကို တဝႀကီး ခံစားေနေလသည္။
" ဝိုး ရႈခင္းက လွလိုက္တာ ေခါင္းေဆာင္ ရာသီဥတုလည္း အရမ္းေကာင္းတယ္ ''
အဲသလို ေျပာလာသည့္ ဆရာေလးထီရန္ကို ေခါင္းေဆာင္ဖူဖာက ၾကည့္၍ ငွက္ေပ်ာ္သီးေလးတစ္လုံး အခြံႏႊာ၍ ေပးေလသည္။ ရွားရွားပါးပါး သီးေမႊး ငွက္ေပ်ာ္သီးေလးကလည္း တစ္လုံးတည္း ကားထဲမွာ က်န္ရသည္ ျဖစ္သကိုး ထူးဆန္းလွေပ၏။
" ေရာ့ ဒါေလး အဆာေျပ အရင္စားလိုက္ ''
ဆရာေလးထီရန္လည္း ေခါင္းေဆာင္ဖူဖာေပးသည့္ ငွက္ေပ်ာ္သီးေလးကို ယူၿပီး စားလိုက္ေလသည္။
ဟဲ့။ ငွက္ေပ်ာသီးဆိုၿပီး အေတြးမမွားနဲ႕ေနာ္။ စားသည့္ငွက္ေပ်ာကိုေျပာတာ။ ဟြန့္ အေတြးေတြလြန္မေနၾကနဲ႕။ သူတို႔က အဲ့ေလာက္မေမွာင္ဘူး။ အဟား ဟား။
ဆရာေလးထီရန္လည္း တစ္ကိုက္စားလိုက္ၿပီး ေခါင္းေဆာင္ဖူဖာကို အဲသလိုေျပာ၍ ျပန္ေကြၽးျပန္ေလသည္။
" ေက်းဇူးပဲ ေခါင္းေဆာင္ ေခါင္းေဆာင္က
မစားဘူးလား ''
" ဟင့္အင္း ''
" ေရာ့ မွ်စားမယ္ ''
ေခါင္းေဆာင္ဖူဖာကလည္း ေခါင္းခါယမ္းကား ထပ္ၿပီး ျငင္းေနသမို႔ ဆရာေလးထီရန္က အဲသလိုေျပာကာ ေနာက္ဆုံးေတာ့ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ ခြံ႕ေကြၽးသည့္ ငွက္ေပ်ာသီးကို လက္ပိုက္ကာ ကိုက္စားလိုက္ေလသည္။
" စားပါ ဘယ္သူမွမရွိဘူး ၾကည့္ေကာင္းေအာင္ သ႐ုပ္ေဆာင္မေနနဲ႕ ''
" .... ''
" အာ အားလုံးစားလိုက္ ''
" မင္းစားလိုက္ ''
အဲ့ေနာက္ ဆရာေလးထီရန္လည္း က်န္သည့္ ငွက္ေပ်ာသီးကို စားလိုက္ကာ ရႈခင္းကို ၾကည့္ေနရာမွ သူခ်စ္သည့္ေခါင္းေဆာင္ဖူဖာကို ၾကည့္၍ သူ႕ဘဲႀကီးကို အီစီကလီေတြ ဆရာေလးထီရန္က ျပဳမူ၍ ေမးပါေတာ့သည္။
" ေခါင္းေဆာင္ ''
မေမးခင္ ဆရာေလးထီရန္က အဲသလိုေခါင္းေဆာင္ဖူဖာ၏ နာမည္ေခၚကာ လက္ထဲမွ ကင္မရာအေသးေလးျဖင့္ ေခါင္းေဆာင္ဖူဖာ အလွည့္မွာ ဓာတ္ပုံရိုက္လိုက္ေလသည္။ ေခါင္းေဆာင္ဖူဖာလည္း မခ်ိၿပဳံးကေလး ၿပဳံးလိုက္ေလသည္။
" ဒီမွာ ေခါင္းေဆာင္ တျခားမ်က္ႏွာ အမူအရာ မလုပ္တတ္ေတာ့ဘူးလား အၿမဲတမ္း ႐ုပ္တည္ႀကီးပဲ ျမင္ေနရတယ္ ''
" ငါ့မ်က္ႏွာက ဘယ္သူ႕ေရွ႕မဆို ဒီတိုင္းပဲေလ ''
" အခ်ိန္တိုင္း ႐ုပ္တည္ေနစရာလိုလို႔လား ''
" ငါက ေခါင္းေဆာင္ေလ အရမ္းရယ္လြန္းရင္ လက္ေအာက္ငယ္သားေတြက ဘယ္ေၾကာက္ေတာ့မလဲ ''
" ဒါေပမယ့္ အခု အငယ္ေတြ မရွိဘူးေလ ခဏေလာက္ ေခါင္းေဆာင္ ျဖစ္လို႔ မရဘူးလား ''
" ဒါဆို ဘာျဖစ္ေစခ်င္လို႔လဲ ''
" အစ္ကို ျဖစ္ျဖစ္ေပါ့ ''
" ဒါဆိုလည္း အစ္ကိုလို႔ ေခၚေလ ''
" အစ္ကိုဖူ မေကာင္းဘူး အူယားစရာႀကီး ''
ဆရာေလးထီရန္က အဲသလို အစ္ကိုဖူလို႔ ေခၚၾကည့္ကာ အူယားစရာႀကီးဟူ၍ ေျပာသမို႔ ေခါင္းေဆာင္ဖူဖာက တစ္ခ်က္ၿပဳံးမိေလသည္။
" ေခါင္းေဆာင္ ဒါဆို ေခါင္းေဆာင္ေပ်ာ္ရင္ ဘယ္လိုအမူအရာမ်ိဳးလုပ္လဲ ျပပါလား ''
ေခါင္းေဆာင္ဖူဖာလည္း ႐ုပ္တည္ႀကီးေနသည့္ပုံစံႏွင့္ မထူးျခားနား ေပ်ာ္သည့္ပုံစံ ျပဳလုပ္ျပေလသည္။ အဲ့ဒီလို အၿပဳံးကို ဆရာေလးထီရန္က ၾကည့္၍ သူ႕ကိုခ်စ္ေနတဲ့ ကေလးပီပီ စိတ္ကေလးေကာက္ကာ ေျပာပါေတာ့သည္။
" ဒီလိုမ်ိဳးေလ ''
" ဒါဆို သေဘာက်တဲ့သူအတြက္ျဖစ္ျဖစ္ ရည္းစားအတြက္ျဖစ္ျဖစ္ ၿပဳံးရမယ္ဆိုရင္ေရာ မၿပဳံးတတ္ဘူးလား ''
ေခါင္းေဆာင္ဖူဖာက သက္ျပင္းခ်ကာ ေခါင္းအနည္းငယ္ ခါယမ္းျပလိုက္ေလသည္။ ထို႔ေၾကာင့္ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို အပစ္တင္ကာ တျခားတစ္ေနရာမွ ရႈခင္းဆီ သြားလိုက္ေလေတာ့သည္။
" အဲဒါေၾကာင့္ ရည္းစားမရွိတာ ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက သက္ျပင္းခ်၍ သူ၏ေဘာင္းဘီအိတ္ထဲမွ ဖုန္းကို ထုတ္ယူလိုက္ေလသည္။ ေခါင္းေဆာင္ဖူဖာ၏ ပုံစံမွာ အျဖဴအမည္း ကြက္က်ားအက်ဲ ေဘာင္းဘီအပြအစိမ္းႏု ခါးတြင္အေရးေပၚဖုန္းတစ္လုံးျဖင့္ ၾကည့္ေကာင္းလွေပသည္။
အဲ့ေနာက္ ဖာပန္းေဒါင္းမ်ိဳးႏြယ္စု၏အကၤ်ီကို ဝတ္ဆင္ထားကာ ရႈခင္းေတြကို ဓာတ္ပုံရိုက္ေနတဲ့ဆရာေလးထီရန္ကို ေခါင္းေဆာင္ဖူဖာက ဖုန္းကေလးကို ေထာင္ကာ ဓာတ္ပုံခိုးရိုက္လိုက္ေလသည္။
ေခါင္းေဆာင္ဖူဖာလည္း သူ၏ဖုန္းထဲက ဆရာေလးထီရန္၏ ပုံကို ၾကည့္ကာ သြားေပၚေလာက္သည့္အၿပဳံး သေဘာက်ေနတဲ့သူအတြက္အၿပဳံး ခ်စ္တဲ့သူအတြက္အၿပဳံးကို ၿပဳံးေနလိုက္ေလသည္။ အဲ့ဒီလို ခ်စ္တဲ့သူအတြက္အၿပဳံးကို ဆရာေလးထီရန္က ျမင္သြားကာ အဲသလို ေျပာပါေတာ့သည္။
" အဲဒီလိုေလ ကြၽန္ေတာ္ေျပာတဲ့ အၿပဳံးက ဘယ္လိုၿပဳံးရလဲဆိုတာ ဘယ္လိုသိသြားတာလဲ ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက မလႈံမလွဲစိတ္ျဖင့္ ဖုန္းထဲက ပုံေလးကို ခိုးခိုးၾကည့္လိုက္ေလရာ ဆရာေလးထီရန္က
" ဘာပုံလဲ ျပၾကည့္ပါဦး ''
ဆရာေလးထီရန္က အဲသလို ေခါင္းေဆာင္ဖူဖာၾကည့္ေနသည့္ပုံကို ၾကည့္မည္ဟူ၍ ေခါင္းေဆာင္ဖူဖာအနားကို အသြားမွာ ေခါင္းေဆာင္ဖူဖာက သူ၏ဖုန္းကို အျမန္ေဘာင္းဘီအိတ္ထဲ သိမ္းလိုက္ေလသည္။
" ၾကည့္မယ္ ဘာလဲဟ အျမန္ႀကီး သိမ္းလိုက္တယ္ မၾကည့္ဘူး ရတယ္ ''
ဆရာေလးထီရန္က အဲသလို ေပ်ာ္ေပ်ာ္ေလးေျပာကာ ဂ်စ္ကားေလးဆီကိုသာ လာခဲ့ေလေတာ့သည္။ ေခါင္းေဆာင္ဖူဖာလည္း သူ႕ကိုယ္သူ ေရွ႕မတိုးရဲတဲ့က်ားႀကီးလို ရွက္ကိုးရွက္ကားျဖစ္ကာ ဂ်စ္ကားေလးဆီကို လာခဲ့ပါေလေတာ့သည္။
ဒီလိုနဲ႕ ဖာပန္းေဒါင္း႐ြာကို ဦးတည္သြားကာ ဂ်စ္ကားေလးက ဖာပန္းေဒါင္း႐ြာကိုမဟုတ္ဘဲ ခ်င္းမိုင္၏ လွပသည့္ေနရာကို ေရာက္သြားကာ အဲ့ ေနရာတစ္ေနရာတြင္ လွပေသာဝါးပင္ႀကီးေတြ သစ္ပင္ႀကီးေတြ ျဖင့္ ေနခ်င္စရာေကာင္းလွေလသည္။
ထိုေနရာတြင္ စားပြဲခုံႏွစ္ခုရွိရာ တစ္ခုတြင္ စူပါေကာ္ဖိထုပ္ေတြ ေရႏြေးဘူးေတြ စူပါေကာ္ဖီခြက္ေတြ ေဖ်ာ္စရာဇြန္းေတြ ရွိေလၿပီး က်န္တစ္ခုတြင္ ထိုင္ခုံႏွစ္ခုျဖင့္ ရွိ၍ ေကာ္ဖီေသာက္ဖို႔အတြက္ ျဖစ္ေလသည္။
ဆရာေလးထီရန္ႏွင့္ ေခါင္းေဆာင္ဖူဖာ ေကာ္ဖီေဖ်ာ္ေသာက္ဖို႔ ေရာက္လာၾကရာ တစ္ဦးကိုတစ္ဦး သေဘာက်ေနတဲ့လူႏွစ္ဦး အခ်စ္ေတြပိုေနတာ သိရွိရေပမည္။
" ကြၽန္ေတာ့္ကို ရႈခင္းၾကည့္ဖို႔ ေခၚသြားမယ္
ထင္ေနတာ ''
" ငါအိမ္ခ်င္ေနလို႔ လန္းသြားေအာင္ ေကာ္ဖီေလးေသာက္မလို႔ေလ ေသာက္ဦးမလား ''
" ေသာက္မယ္ ေကာ္ဖီတစ္ခြက္ေပးပါ ''
" ငါေဖ်ာ္ေပးမယ္ သြားထိုင္ေနလိုက္ ''
" မရဘူး ေခါင္းေဆာင္သာထိုင္ေနလိုက္ပါ ကြၽန္ေတာ္ ေဖ်ာ္ေပးမယ္ ဟိုဘက္ကိုတိုး ''
ဆရာေလးထီရန္က ေကာ္ဖီထုပ္ကိုယူကာ ေကာ္ဖီစေဖ်ာ္ပါေတာ့သည္။
" ကြၽန္ေတာ့္ကိုႀကိဳဖို႔ အေဝးႀကီးကို ေမာင္းလာခဲ့ရတာ ''
အဲ့ေနာက္ ခြက္ႏွစ္ခြက္ထဲကို ေကာ္ဖီေတြထည့္ေနသည့္ ဆရာေလးထီရန္ကို ေခါင္းေဆာင္ဖူဖာက ေငးၾကည့္ေနေလသည္။ ဆရာေလးထီရန္က အဲသလို ခိုးၾကည့္ေနတဲ့ ေခါင္းေဆာင္ဖူဖာကို ၾကည့္လိုက္ရာ ေခါင္းေဆာင္ဖူဖာက သူ သေဘာက်ေနသည့္သူအတြက္ အၿပဳံးကို ၿပဳံးလိုက္ေလသည္။
အဲ့ေနာက္ ဆရာေလးထီရန္က စူပါေကာ္ဖီေတြ ထည့္ထားသည့္ စူပါေကာ္ဖီခြက္ထဲကို ေရႏြေးထည့္ကာ ေသာက္ဖို႔ အဆင္သင့္ျဖစ္ေနေလေတာ့သည္။
" ေခါင္းေဆာင္ ''
ဆရာေလးထီရန္က အဲသလို နာမည္ေလးေခၚလိုက္ၿပီး ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ ခြက္ခ်င္းတိုက္ကာ ေကာ္ဖီေလးကို တစ္က်ိဳက္ေသာက္လိုက္ေလသည္။
" ဘယ္လိုလဲ ''
" အင္း ေသာက္လို႔ ေကာင္းတယ္ ''
" ေခါင္းေဆာင္ သိလား ေခါင္းေဆာင္က ကြၽန္ေတာ္ေကာ္ဖီေဖ်ာ္တိုက္ဖူးတဲ့ ပထမဆုံးလူပဲ ''
ဆရာေလးထီရန္က အဲသလိုေျပာကာ ၿပဳံးရည္ေနၿပီး ေခါင္းေဆာင္ဖူဖာလည္း ၿပဳံးရည္ေနေလသည္။ အခုေတာ့ ခ်စ္ေနလိုက္ၾကတာ အသိျဖစ္ေပသည္။
" ဟင္း ဒီေကာ္ဖီက ျပင္းတယ္ေနာ္ ''
" ႀကိဳက္ရဲ႕လား ''
" အင္း ျပင္းတာ ႀကိဳက္တယ္ ''
" ငါကလည္း ျပင္းတယ္ေနာ္ ''
ေခါင္းေဆာင္ဖူဖာက အဲသလို ခပ္ၿပဳံးၿပဳံးစေနာက္လိုက္ကာ ဆရာေလးထီရန္က ရွက္ၿပဳံးၿပဳံးျဖစ္ေန၍ အဲသလို ေျပာပါေတာ့သည္။
" ကြၽန္ေတာ္က ေကာ္ဖီကို ေျပာတာ ''
" ငါလည္း ေကာ္ဖီကို ေျပာတာပါပဲ မင္းက ဘာထင္ေနလို႔လဲ ''
အဲ့ေနာက္ တစ္ေယာက္ကိုတစ္ေယာက္ ရွက္ၿပဳံးၿပဳံးျဖင့္ၾကည္ကာ ၾကည့္တဲ့အၾကည့္ေတြက အခ်စ္ေတြ ပါေနသည္ကို သတိထားရေပေတာ့သည္။ တစ္ေယာက္ခြက္နဲ႕တစ္ေယာက္ တိုက္ကာ အဲသလို ဆရာေလးထီရန္ႏွင့္ ေခါင္းေဆာင္ဖူဖာ ၿပဳံး၍ ၾကည့္ေနလိုက္ၾကေလေတာ့သည္။
ဒီလိုနဲ႕ ညအခ်ိန္ေလးက တျဖည္းျဖည္းေရာက္လာၿပီး ေကာင္ကင္ႀကီးမွာ လမင္းႀကီးကလည္း ထိန္ထိန္သာေနေလသည္။ ေက်ာင္းအိမ္ယာအေရွ႕တြင္ ဂ်စ္ကားက မီးထြန္းထားၿပီး မီးခိုးေတြကလည္း တလူလူျဖစ္ေနသမို႔ ကာမီးအလင္းတန္းႀကီးက ထြက္ေပၚေနေလသည္။
ဆရာေလးထီရန္လည္း ကားထဲမွ ထြက္ကာ သူ၏အိမ္ၿခံဝင္းထဲဝင္၍ ေခါင္းေဆာင္ဖူဖာႏွင့္ အလြမ္းသယ္ၾကပါေတာ့သည္။
" အဟင့္ ဟင့္ ကြၽန္ေတာ္ အထဲဝင္ေတာ့မယ္ေနာ္ ''
" အင္း ''
စကားကို အဲသလို မခြဲခ်င္ဘဲ လြမ္းရေတာ့မည္ဆိုသည့္ေလသံျဖင့္ ေျပာဆိုေနၾကေလေတာ့သည္။ ဆရာေလးထီရန္က အဲ့ေနာက္မွာ သူ၏အိမ္ဘက္ကို လွည့္၍ ေခါင္းေဆာင္ဖူဖာကို ေက်ာေပးကာ အိမ္ေပၚကို တက္မည္အႀကံမွာ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို ေခၚလိုက္ေလရာ ဆရာေလးထီရန္လည္း ျပန္လွည့္လာေလသည္။
" ထီရန္ ''
" ဟင္ ''
ဆရာေလးထီရန္ အဲသလိုလွည့္လာၿပီး ဘာေျပာမည္လဲဆိုတာ ေခါင္းေဆာင္ဖူဖာကို ၾကည့္ေနခ်ိန္ ေခါင္းေဆာင္ဖူဖာက မေန႕ညက ဝီစကီဝိုင္းတြင္ ေဒါက္တာနမ္ ေျပာတာကို သတိရသြားေလသည္။
" ေဟ့ ဖူ မင္းက ၃၀ ေက်ာ္ေနၿပီေနာ္ နည္းနည္းအကြက္ေ႐ႊ႕ဦး ဒီအတိုင္းႀကီးပဲ ေနမေနနဲ႕ ''
ေခါင္းေဆာင္ဖူဖာက အဲသလို ေဒါက္တာနမ္ ေျပာသည္ကို သတိရကာ ဆရာေလးထီရန္ကို တစ္ခုခုေျပာေတာ့မည္ျပင္၍ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို ၾကည့္ေနေလသည္။ ေခါင္းေဆာင္ဖူဖာက သက္ျပင္းခ်၍ ဆရာေလးထီရန္ကို ေျပာလိုက္သည္မွာ
" ဟူး မဟုတ္ဘူး ဘာမွ မဟုတ္ေတာ့ဘူး ''
" ဒါဆို ကြၽန္ေတာ္သြားေတာ့မယ္ေနာ္ ''
ဆရာေလးထီရန္လည္း ေခါင္းေဆာင္ဖူဖာက ဘာမွမဟုတ္ေတာ့ဘူးဟူ၍ ေျပာသမို႔ အဲ့သလိုေျပာကာ ေခါင္းေဆာင္ဖူဖာကို ေက်ာေပးထားလိုက္ေလသည္။ အဲသလို ေခါင္းေဆာင္ဖူဖာကို အကဲခတ္ၾကည့္ရင္ ဆရာေလးထီရန္ကို သေဘာက်ေနတယ္ဆိုတာ သိသာ၍ ဆရာေလးထီရန္က ခ်င္းမိုင္မွာ တြန္နဲ႕အတူ ရွိစဥ္က တြန္ ေျပာသည္ကို သတိရသြားျပန္ေလသည္။
" သူ႕ခံစားခ်က္နဲ႕ပတ္သက္ၿပီး မင္းမေသခ်ာဘူးဆိုရင္ မင္းအရင္ ေျခလွမ္းစလိုက္ ငါတို႔က ငယ္ေသးတယ္ေလ သတၱိရွိတယ္ လုပ္စမ္းပါ အခ်ိန္ျဖဳန္းမေနနဲ႕ ''
အဲသလို ဆရာေလးထီရန္က ျပန္ၾကားေယာင္ရင္း ေခါင္းေဆာင္ဖူဖာကို တစ္ခုခုေျပာမည္ဆိုၿပီး ေခါင္းေဆာင္ဖူဖာဘက္ ျပန္လွည့္ကာ ေျပာလိုက္သည္မွာက
" ေခါင္းေဆာင္ ''
" ဟမ္ ''
" မနက္ျဖန္ စြန္သြားလႊတ္ၾကမလား ''
" စြန္လား ''
" ကြၽန္ေတာ္ဆိုလိုတာက မနက္ျဖန္ ကေလးေတြကို စြန္လုပ္နည္းသင္ေပးမွာ အားတယ္ဆိုရင္ အတူလုပ္ၾကမလား ''
" အတူလုပ္မွာလား ''
" ကြၽန္ေတာ္က မနက္ျဖန္က်ရင္ စြန္အတူတူလုပ္မယ္ ေျပာတာပါ ''
" အင္း ''
အဲသလို ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ေျပာသည့္စကားေတြကို အူယားေအာင္ ျပန္ေျပာရင္း ဆရာေလးထီရန္ႏွင့္ ေခါင္းေဆာင္ဖူဖာ အၾကင္နာအၿပဳံးေတြ ၿပဳံး၍ စူးစူးနက္နက္ ၾကည့္ေနၾကေလသည္။
အဲ့ေနာက္ ဆရာေလးထီရန္က အိမ္ေပၚတက္မည္ဆိုၿပီး ၿပဳံး၍ ေခါင္းေဆာင္ဖူဖာကို ေက်ာခိုင္းကာ ေခါင္းေဆာင္ဖူဖာကလည္း တပ္စုကို ျပန္မည္ဆိုၿပီး ဆရာေလးထီရန္ကို အဲသလို ၿပိဳင္တူေက်ာခိုင္း၍ ၿပဳံးေနၾကေလသည္။
အဲ့ေနာက္ စိတ္ခ်င္း နီးစပ္ထိေတြ႕ေနသည္ ထင္ရသည္။ ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ ေက်ာခိုင္းေနသည္မွ ႏွစ္ေယာက္လုံးၿပိဳင္တူ အၾကည့္ထပ္ဆုံၾကျပန္ေလသည္။ တစ္ေယာက္ကို တစ္ေယာက္ ၿပဳံး၍ၾကည့္ေနလိုက္သည္မွာ ၾကည္ႏူးမႈအျပည့္ ျဖစ္ေပေလသည္။
ေခါင္းေဆာင္ဖူဖာလည္း အၿမဲတမ္း အမိန့္ေပး ေခါင္းေဆာင္တစ္ေယာက္လို ေနေနရတာ ဆရာေလးထီရန္နဲ႕မွ ေပ်ာ္႐ႊင္မႈေတြကို ခံစားရေနေလသည္။ ယခုေတာ့ ခ်စ္သူအတြက္ မၿပဳံးဖူးတဲ့အၿပဳံးကို ေခါင္းေဆာင္ဖူဖာ ၿပဳံး၍ေနေတာ့ေလသည္။
" ျပန္လို႔ရၿပီ ''
" မင္းလည္း အိမ္ေပၚတက္လို႔ရၿပီ ''
အဲသလို ႏွစ္ဦးသားေျပာ၍ ခြဲခ်င္မခြဲခ်င္နဲ႕ အၿပဳံးေလးေတြလည္း ၿပဳံးကာ ေခါင္းေဆာင္ဖူဖာက ဂ်စ္ကားေလးဆီ လာခဲ့ၿပီး ဆရာေလးထီရန္လည္း အိမ္ေပၚကို တက္သြားေလရာ ေခါင္းေဆာင္ဖူဖာေတာ့ သူ၏ဂ်စ္ကားေလးကို ေမာင္းထြက္လာခဲ့ေလေတာ့သည္။ အဲ့ဒီေန႕ေလးႏွင့္ ညေလးေတာ့ ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္အတြက္ အေပ်ာ္ရဆုံးအခ်ိန္ေတြ ျဖစ္ခဲ့ရေလေတာ့သည္။
အဲ့လိုနဲ႕ ေနာက္တစ္ေန႕မနက္ ဖာပန္းေဒါင္းေက်ာင္းမွ စိုက္ထူထားသည့္ အလံတိုင္က အလံက ေလႏွင့္အတူ တလူလူလႊင့္ပ်ံေနေလသည္။ ဆရာေလးထီရန္က ခ်မ္း၍ လက္ကေလးပိုက္ၿပီး ေကြးေနကာ ကေလးေတြကိုက သန့္ရွင္းေရးလုပ္ခိုင္းေနေလသည္။
" ေအးေနၿပီလား ကေလးတို႔ ''
" ေအးပါတယ္ ''
" အကုန္လုံး ေသခ်ာေလး လွဲၾကေနာ္ ''
အဲ့ေနာက္ ထိုေက်ာင္းႀကီးကို ေခါင္းေဆာင္ဖူဖာ လန္ ႏွင့္ ေရာ့ခ်န္းတို႔ သစ္ေတာထိန္းသိမ္းေရးယူနီေဖာင္းကို ဝတ္ဆင္၍ ေရာက္လာၾကေလသည္။ ေရာ့ခ်န္းက ဓားအိမ္တစ္ခုပါသည့္ဓားကို ကိုင္၍ လန္က ဝါးလုံးေတြကို ကိုင္ေဆာင္လာၾကေလသည္။
" အဆင္ေျပရဲ႕လား ေရာ့ခ်န္း ''
" ေျပတယ္ ေျပတယ္ ေျပတယ္ ေတာထဲမွာတုန္းက ေႁမြေတြ အမ်ားႀကီးပဲ ''
" သတိထားဦး ''
အဲ့သလို လန္ႏွင့္ ေရာ့ခ်န္း ေျပာဆို၍ ေက်ာင္းအေဆာင္ေအာက္ကို ေခါင္းေဆာင္ဖူဖာႏွင့္အတူ ေရာက္လာၾကေလသည္။
" အာရီ ''
" ဟုတ္ကဲ့ ''
" ဒီကိုလာဦး ေသခ်ာမလွဲဘူးေပါ့ ဟုတ္လား ''
" လွဲထားတယ္ ''
အဲသလို ဆရာေလးထီရန္က အာရီကို သူ၏ရင္ခြင္ထဲေပြ႕ထားကာ ကေလးေတြနဲ႕ ေပ်ာ္ေနသည္ကို လန္ေရာ့ခ်န္း ေခါင္းေဆာင္ဖူဖာတို႔ ျမင္ကာ ေရာ့ခ်န္းႏွင့္ လန္က ထိုသို႔ ေျပာၾကပါေတာ့သည္။
" ၾကည့္ဦး စစခ်င္းကေတာ့ သူ႕ကို သုံးရက္ေလာက္ပဲ ခံမယ္ထင္ထားတာ ကားဂိတ္ကို ျပန္ပို႔ေပးရေတာ့မယ္ေပါ့
အခုေတာ့ ၾကည့္လိုက္ပါဦး ဒီက လူတိုင္းနဲ႕ အဆင္ေျပေနတာပဲ သူမၾကာခင္ ဘန္ေကာက္ကို ျပန္
သြားေတာ့မယ္ဆိုတာ ေတြးလိုက္ရင္
ဝမ္းနည္းလာသလိုပဲ ''
အဲ့သလို ေရာ့ခ်န္းက ေခါင္းေဆာင္ဖူဖာ၏ ရင္ထဲက ခံစားခ်က္ေတြကို ေျပာေနသည့္အလား ေခါင္းေဆာင္ဖူဖာလည္း ဆရာေလးထီရန္ကို ၾကည့္၍ ဝမ္းနည္းမိေလသည္။
" သူ ဒီမွာ အၾကာႀကီး ေနပါေစလို႔ ဆုေတာင္းမိတယ္ ''
ေရာ့ခ်န္းက လန္ကို အဲ့လို ဝမ္းနည္းသလို ေျပာေနရာ ေခါင္းေဆာင္ဖူဖာကို ၾကည့္၍ ထိုသို႔ ေျပာျပန္ပါေတာ့သည္။
" ေခါင္းေဆာင္ သူ႕ကို ဒီမွာ အၾကာႀကီး ေနလို႔ရေအာင္ ေျပာေပးလို႔မရဘူးလား ''
" မရဘူး ခ်န္း သူမွာ ေရွ႕ဆက္ရမယ့္ အနာဂါတ္ ရွိေသးတယ္ေလ သူ ေက်ာင္းေတာင္ ၿပီးေသးတာ
မဟုတ္ဘူး ''
ေခါင္းေဆာင္ဖူဖာက အဲသလိုေျပာကာ လန္ကလည္း ဆရာေလးထီရန္ကို ၾကည့္ရင္း
" စိတ္မေကာင္းစရာပဲေနာ္ ကေလးေတြကလည္း သူ႕ကို ခ်စ္ၾကတယ္ ''
အဲသလို ဝမ္းနည္းကာ ေက်ာင္းအေဆာင္အဝင္မွာ ေျပာေနၾကသည့္ ေခါင္းေဆာင္ဖူဖာ လန္ ႏွင့္ ေရာ့ခ်န္းတို႔ကို ျမင္သြားေလေတာ့သည္။
" ေခါင္းေဆာင္ ''
အဲသလို ဆရာေလးထီရန္က သူ၏ဘဲႀကီးနာမည္ကို ေခၚကာ သူတို႔အနားကို သြားလိုက္ေလသည္။ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို ၾကည့္ေနရာ ေခါင္းေဆာင္ဖူဖာက ရွက္ၿပဳံးၿပဳံးလိုက္ေလသည္။
" ဝါးေတြက ဘာလုပ္ဖို႔လဲ အစ္ကိုတို႔ ''
" ဆရာေလး ဒီေန႕ စြန္လုပ္မယ္ ၾကားလို႔ေလ အဲ့ဒါေၾကာင့္ ကေလးေတြကို စြန္လုပ္နည္း သင္လို႔ရေအာင္ ဝါးေတြ သြားခုတ္လာခဲ့တာ ''
" အင္း ဟုတ္သားပဲ ကြၽန္ေတာ္သင္ေပးဖို႔ေတာင္ ေမ့ေတာ့မလို႔ အစ္ကိုလန္ ကြၽန္ေတာ့္ကိုေပး ကြၽန္ေတာ္ ကူေပးမယ္ ''
" ရပါတယ္ ''
" လာပါ ေက်းဇူးပဲေနာ္ အစ္ကိုတို႔ယူလာေပးတာ ဘယ္လိုစရမလဲဆိုတာ မသိေသးဘူး ''
" ဒါကို တုတ္ေခ်ာင္းေသးေသးေလးေတြ ျဖတ္ေပးမယ္ အကုန္လုံးအတြက္ လုပ္ေပးမွာမို႔လား ''
" ေက်းဇူးတင္ပါတယ္ ''
အဲဒီလို ဆရာေလးထီရန္က လန္ဆီမွ ဝါးကို လန္ႏွင့္အတူတူသယ္ကာ ထိုသို႔ေျပာလိုက္ေလသည္။
ေက်ာင္း၏ ျပတင္းႏွင့္ တစ္ခ်ိဳ႕ေသာ ေနရာတြင္ စကၠဴပ်ံလႊားငွက္ကေလးေတြ ေရာင္စုံခ်ိတ္ဆြဲထား၍ အဲသလို ေက်ာင္းကို အလွဆင္ထားေလသည္။
ဆရာေလးထီရန္လည္း ေက်ာက္သင္ပုန္းတြင္ စြန္လုပ္နည္းကို ေရးဆြဲထားၿပီး စြန္လုပ္ဖို႔ ကေလးေတြကို စြန္လုပ္နည္း သင္ေပးပါေတာ့သည္။
" ရၿပီ အားလုံးပဲ ဒီေန႕ စြန္ဘယ္လိုလုပ္ရမလဲဆိုတာ သင္ေပးမယ္ ''
" စြန္ဆိုတာ ဘာလဲ ''
အဲဒီလို ခုံေတြကို စုၿပီးတစ္စုတည္းထိုင္ေနၾကသည့္ ေက်ာင္းသားေက်ာင္းသူမ်ားၾကားမွ အစပ္စုဆုံး မိက်ဴးေလးက ထိုသို႔ ေမးလာပါေတာ့သည္။ ဆရာေလးထီရန္လည္း ဘာေျပာရမည္မသိ၍ စကားထစ္ကာ ထိုသို႔သာလွ်င္ ေျပာလိုက္ပါေတာ့သည္။
" စြန္လား စြန္ ဆိုတာက ငွက္အႀကီးစား ေသးေသးေလး စိတ္မပူပါနဲ႕ အခုပဲ လုပ္ၾကည့္လိုက္ရေအာင္ ''
အဲ့ေနာက္ ဆရာေလးထီရန္က ကေလးေတြ စုထိုင္ေနတဲ့ေနရာကို ဝင္ထိုင္းၿပီး စြန္လုပ္နည္းကို ရွင္းျပပါေတာ့သည္။
" အားလုံးပဲ တုတ္ေခ်ာင္းေလးကို စြန္လုပ္ဖို႔ ယူလိုက္ရေအာင္ တစ္ခုခ်င္းဆီေနာ္ စြန္လုပ္ဖို႔ စာ႐ြက္ယူၿပီးၿပီလား အေရာင္ေရာ ေ႐ြးၿပီးၿပီလား ''
" အဝါေလး အစိမ္းေလး ''
" ေကာ္ကို ပါးပါးေလးထည့္မယ္ ေကာ္မ်ားသြားရင္ စြန္ပ်ံရတာ ေလးသြားလိမ့္မယ္ ''
" ဒါဆို ေလယာဥ္က် ဘယ္လိုပ်ံနိုင္တာလဲ ''
ေခါင္းေဆာင္ဖူဖာလည္း စြန္ကေလးလုပ္ရင္း အဲသလို ေက်ာင္းသားေလးပီပီ ဆရာေလးထီရန္ကို အေမးျပဳလိုက္လွ်င္ ဆရာေလးထီရန္က
" မတူဘူးေလ ၾကည့္ ေလယာဥ္မွာက ေလထဲကို ျမႇင့္တင္ေပးနိုင္တဲ့ အေတာင္ပံေတြ ရွိတယ္ နိယာမ
သေဘာတရားအရဆိုရင္ အရွိန္ျပင္းျပင္းနဲ႕ ေ႐ြ႕သြားတဲ့အခ်ိန္မွာ ေလက ေတာင္ပံေတြ အေပၚကေန လ်င္ျမန္စြာ တိုက္ခတ္သြားတယ္
အဲဒါကေနဒီလိုမ်ိဳးေလယာဥ္ကို ျမႇင့္တင္ေပးနိုင္တဲ့ လုံေလာက္တဲ့ စြမ္းအင္ကို ထုတ္ေပးလိုက္တာ ''
အဲသလို ရွင္းျပေနသည့္ ဆရာေလးထီရန္ကို ေခါင္းေဆာင္ဖူဖာက ခပ္တည္တည္မေနဘဲ ၿပဳံး၍ၾကည့္ကာ ရည္ေမာေနေလသည္။
" ဘာကို ၿပဳံးေနတာလဲ ''
" မင္း တစ္ခုခုကိုရွင္းျပေနတဲ့အခ်ိန္ဆို ေပ်ာ္႐ႊင္ေနတဲ့ပုံ ေပါက္ေနလို႔ ''
အဲသလို ဆရာေလးထီရန္ ႏွင့္ ေခါင္းေဆာင္ဖူဖာ အၾကည့္ခ်င္းထပ္ဆုံေနၾကၿပီး ကေလးေတြကလည္း ေက်ာင္းအျပင္နားမွာ စြန္လႊတ္ဖို႔ အသင့္ျဖစ္ေနၾကေလသည္။
ေခါင္းေဆာင္ဖူဖာလည္း အစိမ္းေရာင္တြင္ အနီကြက္ႏွစ္ခု စြန္အလည္တည့္တည့္ပါသည့္စြန္ကေလးကို လုပ္ေနေလသည္။ ဆရာေလးထီရန္ကလည္း ေခါင္းေဆာင္ဖူဖာကို ေမးေလသည္။
" ဘာလုပ္ေနတာလဲ ''
" ဒါကို ပါေပါက္စြန္လို႔ ေခၚတယ္ ''
" ဟမ္ လုပ္နည္းသိတာကို ဘာလို႔မေျပာတာလဲ ''
" ကိုယ္သိတာကို လူတိုင္းကို လိုက္ေျပာျပေနဖို႔လိုလို႔လား ''
" ေဟ့ ေခါင္းေဆာင္ ''
" ငါ ညစ္ပတ္တာေတြ ေျပာေနတာ မဟုတ္ဘူး မင္းမွ ငါ့ကို တစ္ခါမွမေမးဖူးတာ ငါက ေတာသားေလ ''
" အဲဒါနဲ႕ ဘာဆိုင္လို႔လဲ ''
" ငါတို႔မွာ ရီမုတ္ကားနဲ႕ ဗီဒီယိုဂိမ္းလိုဟာမ်ိဳးေတြ မရွိဘူး ဒီေတာ့ စြန္လႊတ္ရတာက ေပ်ာ္ဖို႔ အေကာင္းဆုံးပဲေပါ့ ''
ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ေျပာသည့္လုပ္နည္းကို အတည္ျပဳ၍ အဲသလိုေျပာလိုက္ရာ ဆရာေလးထီရန္က တစ္မ်ိဳးထင္ၿပီး ေခါင္းေဆာင္ဖူဖာက စကားလမ္းေၾကာင္း လႊဲလိုက္ရေလသည္။
" ဘယ္လိုလဲ ၾကည့္လို႔ေကာင္းတယ္မို႔လား ''
" အေဝး မိုက္သားပဲ ကြၽန္ေတာ့္အတြက္
တစ္ခုလုပ္ေပး ''
ေခါင္းေဆာင္ဖူဖာက သူ၏စြန္ကေလးကို ေထာင္ျပ၍ ေမးလိုက္ရာ ဆရာေလးထီရန္က အဲသလို ျပန္ေျပာေလသည္။ အဲ့ေနာက္ အာရီက ေက်ာင္းအျပင္မွ ေျပးဝင္ကာ ေခါင္းေဆာင္ဖူဖာ၏ စြန္ကေလးကို ျမင္ၿပီး
" ဝါး ကြၽန္ေတာ္ ဒါေလးလိုခ်င္တယ္ ယူလို႔ရလား ''
" မရဘူး အာရီ ဒီတစ္ခုက ပိုင္ရွင္ရွိၿပီးသား ''
ေခါင္းေဆာင္ဖူဖာက အဲသလို အာရီကိုေျပာသလိုလိုျဖင့္ ပိုင္ရွင္က ဆရာေလးထီရန္ဆိုတာကို ဆရာေလးထီရန္ကို ၾကည့္၍ ေျပာလိုက္ေလသည္။ ဆရာေလးထီရန္လည္း အာရီကို သူ၏ေပါင္ေပၚတြင္ ေပြ႕ခ်ီထားကာာ
" သူတကယ္ေျပာေနတာ သား ယူလို႔မရေတာ့ဘူး ''
" အင္း ''
" သြား အျပင္မွာ စြန္သြားလႊတ္ခ်ည္ ''
အဲ့လိုနဲ႕ အာရီက သူ႕သူငယ္ခ်င္းေတြဆီကို သြားၿပီး ဆရာေလးထီရန္လည္း ထိုင္ေနရာမွထကာ ထိုသို႔ ေျပာလိုက္ေလသည္။
" အားလုံးပဲ ငွက္ႀကီးေတြ ပ်ံသန္းရမယ့္ အခ်ိန္ေရာက္ပါၿပီ အားလုံးအသင့္ျဖစ္ၾကၿပီလား ''
" ျဖစ္ပါၿပီ ''
" ဟုတ္ၿပီ သြားၾကမယ္ ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက သူလုပ္ထားသည့္စြန္ေပၚမွာ စားေရးေနေလသည္။ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာ ေရးေနသည္ကို ၾကည့္လိုက္ရာ စာသားေလးက
" ထီရန္ အတြက္ ''
ျဖစ္ေလသည္။ ခဏက ဆရာေလးထီရန္က လိုခ်င္သည္ဟူ၍ ေျပာသမို႔ ေခါင္းေဆာင္ဖူဖာက အဲ့ဒီလို ေရးလိုက္ခ်င္း ျဖစ္ေလသည္ ထင္သည္။
ဆရာေလးထီရန္ႏွင့္ ေခါင္းေဆာင္ဖူဖာ တစ္ေယာက္ ကိုတစ္ေယာက္ၾကည့္၍ ၿပဳံးရည္ေနလိုက္ၾကေလသည္။ အဲ့ေနာက္ စြန္လႊတ္ဖို႔ အတူတူထြက္သြားၾကေလေတာ့သည္။
ေလဟာျပင္ႀကီး၏ ေဘးတြင္ စိမ္းစိုသည့္ ေတာင္တန္းေတြ ကိုင္းပင္ေတြ ေျမတြင္ေပါက္ေရာက္ေနသည့္ စိမ္းစိုသည့္ ျမက္ခင္းေတာပန္းကေသးေလးေတြက ရႈခင္းကို ပို၍ ၾကည့္ေကာင္းေအာင္ သ႐ုပ္ေဖာ္ လန္းဆန္းလွေပသည္။
ေလာင္ထယ္လည္း သူ၏ကင္မရာေလးျဖင့္ ရႈခင္း၏အလွကို ဓာတ္ပုံရိုက္ေနေလသည္။ ဆရာေလးထီရန္တို႔လည္း စြန္လႊတ္ဖို႔ ထိုေနရာကို ေရာက္လာၾကေလသည္။
" အားလုံးပဲ လိုက္ခဲ့ၾကပါ ''
ဆရာေလးထီရန္က ေလာင္ထယ္ကို ျမင္ၿပီး ကေလးေတြကို စြန္လႊတ္ေပးဖို႔ အကူအညီေတာင္းလိုက္ေလသည္။
" ေဟ့ ေလာင္ထယ္ ''
" ေအာ့ အစ္ကိုထီရန္ ''
" ဓာတ္ပုံလာရိုက္တာလား ''
" ဟုတ္တယ္ အစ္ကို ''
" မင္းအားလား ''
" အားတယ္ ဘာလုပ္ေပးရမလဲ ''
" ကေလးေတြကို စြန္လႊတ္ဖို႔ ကူညီေပးနိုင္မလား ''
" ရတာေပါ့ အစ္ကိုရ ''
" မဂၤလာပါ ခ်န္း လန္ ''
ေလာင္ထယ္က အဲ့ဒီလို ႏႈတ္ဆက္ၿပီး လန္ ေရာ့ခ်န္းတို႔ ႏွင့္အတူ ကေလးေတြကို သြားၿပီး ဂ႐ုစိုက္ထိန္းေပးေနေလသည္။
" ဟို ေခါင္းေဆာင္ဖူဖာဗ် ''
" ဘာလိုခ်င္လို႔လဲ နာမည္အျပည့္အစုံေခၚေနတယ္ဆိုေတာ့ ''
" ဟို စြန္ ဘယ္လိုလႊတ္ရတာလဲ ''
ေခါင္းေဆာင္ဖူဖာက အဲဒီလို စြန္မလႊတ္ဖူးသည့္ ဆရာေလးထီရန္ကို ၾကည့္၍ ၿပဳံးရည္ကာ ပန္းပြင့္အေသးေလးကို ေကာက္ၿပီး အေပၚျမႇောက္ကာ ေလဘယ္အရပ္မွ တိုက္ေနသည္လဲဟူ၍ စမ္းသပ္လိုက္ၿပီး ကေလးေတြကို စြန္ဘယ္လိုလႊတ္ရလဲဆိုတာ ရွင္းျပရင္း ဆရာေလးထီရန္လည္း နားေထာင္၍ စြန္ဘယ္လိုလႊတ္ရတာလဲဆိုတာ နားလည္သြားေလေတာ့သည္။
" အားလုံးပဲ ဒီမွာ စုၾကပါ ကိုယ့္သူငယ္ခ်င္းနဲ႕ အဖြဲ႕ဖြဲ႕ထားမယ္ တစ္ေယာက္က ႀကိဳးကိုကိုင္မယ္ က်န္တဲ့တစ္
ေယာက္က စြန္ကို ေကာင္းကင္ေပၚကို တင္ေပးရမယ္ တစ္ ႏွစ္ သုံး ေရၿပီးမွ လႊတ္ရမယ္ေနာ္
ႀကိဳကိုင္ထားတဲ့လူက ဟိုဘက္ကို ေျပးသြားၿပီးေတာ့ ေလနဲ႕ဆန့္က်င္ဘက္ကို စြန္ကိုလႊတ္တင္ၿပီး ႀကိဳးကို
ကိုင္ထားရမယ္ နားလည္ၾကလား ''
" နားလည္ရဲ႕လား ''
" နားလည္ပါတယ္ ''
" ကေလးတို႔ လုပ္ၾကည့္ရေအာင္ ''
" စြန္ေတြ လႊတ္ၾကမယ္ေဝ့ ''
" သြားမယ္ သြားၾကမယ္ ''
ဒီလိုနဲ႕ ကေလးေတြ စြန္လႊတ္တာကို လန္ ေရာ့ခ်န္းေလာင္ထယ္တို႔က ကူညီေပးကာ စြန္ေတြ ေကာင္းကင္မွာ ပ်ံဝဲေနၾကေလသည္။ အာရီ ေခါင္ႏြန္း ကာလယ္ အင္တာ မိက်ဴး တို႔ လည္း ၿပဳံးရည္ေနကာ စြန္ေတြ ေကာင္းကင္ထက္မွာ လႊတ္တင္ေနေလသည္။
ဆရာေလးထီရန္ကလည္း ေခါင္းေဆာင္ဖူဖာ လုပ္ေပးထားသည့္ ပါေပါက္စြန္ေလးကို ေကာင္းကင္ထက္ လႊတ္တင္ကာ သူတို႔ႏွစ္ဦး တစ္ဦးကိုတစ္ဦး အၾကင္နာအၾကည့္ျဖင့္ ၾကည့္၍ ေပ်ာ္႐ႊင္ေနၾကေလသည္။
သူတို႔အားလုံး စြန္လႊတ္ရင္း အေပ်ာ္ႀကီး ေပ်ာ္ေနၾကေလသည္။ သို႔ေပမယ့္ ကံၾကမၼာဖန္လာသည္က ဆရာေလးထီရန္၏ ႏွလုံးလွဲလွယ္ထားသည္မွာ လပိုင္းသာလွ်င္ ရွိေသးသည္မို႔ တစ္ခုခုခ်ိဳ႕ယြင္းမႈေၾကာင့္ ဆရာေလးထီရန္ ပန္းခင္းေတာထဲသို႔ လွဲက်သြားေလေတာ့သည္။
ထို႔ေၾကာင့္ ေခါင္းေဆာင္ဖူဖာ လန္ ေရာ့ခ်န္း ေလာင္ထယ္ အာရီ ေခါင္ႏြန္း ကာလယ္ အင္တာ မိက်ဴး တို႔ စိုးရိမ္ကာ ဆရာေလးထီရန္ဆီသို႔ ေျပးလာၾကၿပီး ေခါင္းေဆာင္ဖူဖာလည္း ဆရာေလးထီရန္ကို စိုးရိမ္တႀကီး သူ၏ရင္ခြင္ထဲ ေပြ႕ခ်ီထားကာ စိတ္ပူမိေနေလသည္။
" ထီရန္ ''
" ဆရာဆီထီရန္ ညီေလးထီရန္ အစ္ကိုထီရန္ ''
" ထီရန္ ေဒါက္တာ ထီရန္ ထီရန္ ''
တျခားလူေတြကို
မင္းအေပၚ လက္ခံေပးဖို႔
မင္း ဆႏၵ မရွိခင္မွာ မင္းကိုယ္မင္း
လက္ခံနိုင္ေအာင္ သင္ယူပါ။
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Unit - 5
(ဆက္လက္ေဖာ္ျပေပးပါမည္)
ႏြေဦးကိုကိုေမာင္