အချစ်ဦး

By Sun000003

158 4 1

သို့မြတ်နိုးရသောလူသားလေးရေ..🤍 နှစ်တွေဘယ်လောက်ကြာကြာမင်းနာမည်လေးကြားရင်ခံစားချက်တွေထိန်းချုပ်လို့မရတော့တဲ့အထိ... More

Part-1
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9

Part-2

28 0 0
By Sun000003

နွေရာသီကျောင်းပိတ်ရက်မို့တစ်ယောက်ထဲအထီးကျန်စွာနေရင်းပြတင်းပေါက်ကနေအိမ်ဘေးရှိဘောလုံးကွင်းထဲကိုငေးကြည့်နေမိသည်

"ဟင်ငါဟိုကောင်လေးကိုတွေ့ဖူးပါတယ်"

ကိုယ့်အိမ်ဘေးကဘောလုံးကွင်းမှာနေ့တိုင်းဘောလုံးလာကန်တဲ့သူတွေမှရေတွက်လို့တောင်မရ‌၊ အဲ့ထဲကမှကြိုးစားပမ်းစားနဲ့ဘောလုံးကန်နေတဲ့ကောင်လေး ,ကြယ်စင့်နှလုံးသားထဲမှာအပြည့်နေရာယူထားတဲ့ခေတ်သစ်ဆိုတဲ့ကောင်လေး

"သူဒီမှာဘောလုံးလာကန်တယ်ပေါ့ ငါမသိခဲ့ပါလား အရင်ရက်တွေထဲကဘောလုံးကွင်းဘက်ကိုကြည့်မိခဲ့ရင်ကောင်းသား"

ကြယ်စင်တစ်‌ယောက်ကိုယ့်ကိုကိုယ်အားမရစွာငြီးတွားနေမိသည် ဒီလိုနဲ့ပဲနေ့တိုင်းဘောလုံးကွင်းဘက်ကိုကြည့်ပြီးသူဘောလုံးလာကန်မယ့်အချိန်ကိုပဲစောင့်နေမိသည်

"ဟေ့ကောင်ခေတ်သစ်ဒီနေ့ဘောလုံးသွားမကန်ဘူးလား"

သူရိန်မှခေတ်သစ်ကိုမေးလိုက်ခြင်းဖြစ်သည်

"ကန်ရင်ကောင်းမလားမကန်ရင်ကောင်းမလားစဉ်းစားနေတာ"

"မင်းကလည်းကွာလုပ်ပြီ လာပါကွာသွားကြရအောင်လေ"

"ဒီနေ့တော့မကန်တော့ဘူးကွာ‌"

"အေးအေးမင်းလုပ်ချင်သလိုသာလုပ်တော့"

ညနေ နေအေးတော့ခေတ်သစ်များဘောလုံးလာကန်ပြီလားဆိုတဲ့အတွေးနဲ့ကြယ်စင်ပြတင်းပေါက်ဘက်ကိုခြေဦးလှည့်လိုက်သည်
ပြတင်းပေါက်ကနေဘောလုံးကွင်းထဲကိုလှမ်းကြည့်ပြီးလူတွေအများကြီးထဲကမှကိုယ့်နှလုံးသားရဲ့ဦးတည်ရာလေးကိုရှာနေမိသည်

"ဟင်သူဒီနေ့ဘောလုံးလာမကန်ဘူးထင်တယ်"

" သူ့ကိုတွေ့ချင်လို့တစ်နေ့လုံးစောင့်‌နေရတဲ့ဟာကို ဟွန်းးး "

နောက်နေ့ရောက်တော့လည်းကြယ်စင်စောင့်နေကျအတိုင်းတနေကုန်စောင့်နေသည်
သို့သော်ခေတ်သစ်တစ်ယောက်ဘောလုံးကွင်းအဝင်ပေါက်ကိုပင်ရောက်မလာ၊

"ခေတ်သစ်တစ်ခုခုများဖြစ်နေလားမသိဘူးဟူးဒုက္ခပါပဲ"

သုံးရက်လောက်ကြာတော့ခေတ်သစ်ဘောလုံးလာကန်တာကိုကြယ်စင်မြင်လိုက်သည် ပျော်လွန်းလို့ထခုန်လိုက်သေးသည်

"ငါသူ့ကိုအနီးကပ်မြင်ချင်လိုက်တာ ဘယ်လိုလုပ်ရပါ့"

"သူပြန်ခါနီးရင်ငါအိမ်ပေါက်ဝမှာသွားစောင့်နေရင်ကောင်းမလား"

"မဖြစ်သေးပါဘူး ငါ့ကိုတမျိုးထင်သွားမှဖြင့်"

ဦးနှောက်နဲ့နှလုံးသား နှစ်ခုကြားမှာဝေခွဲမရဖြစ်နေရင်းပဲ နှလုံးသားကအနိုင်ရသွားတဲ့အခါကြယ်စင်တစ်ယောက်အိမ်ပေါက်ဝရှေ့မှာသွားရပ်စောင့်နေမိတော့သည်

"ခေတ်သစ် မင်းဒီနေ့မိုက်တယ်ကွာငါတို့အသင်းဘက်ကမင်းတစ်ယောက်ထဲဂိုးတွေအများကြီးသွင်းသွားတာ ဟိုအစ်ကိုကြီးတွေတောင်အံ့ဩ‌သွားတယ်"

"သူရိန်ကလည်းကွာ မင်းကငါ့ကိုအရမ်းမြှောက်လွန်းနေပါပြီ ကြက်ကန်းတိုးသွားတာပါကွ"

ခေတ်သစ်ရဲ့အသံလေးကြားရုံနဲ့တင်စိတ်ထဲအေးခနဲခံစားလိုက်ရသည် စကားသွားပြောချင်သော်လည်းသတ္တိကအဲ့လောက်မရှိ‌။

"ဟဲ့ကြယ်စင် နင်သူများအိမ်ပေါက်ဝမှာဘာရပ်လုပ်နေတာလဲ ရုပ်ကလည်းသူခိုးရုပ်နဲ့"

ကိုယ့်ကိုစနောက်နေကျအသံလေးကိုကြားလိုက်တော့ငုံ့ထားသည့်ခေါင်းကိုပြန်မော့ပြီးကြည့်လိုက်သည်

"ခေတ်...ခေတ်...သစ်"

"အေးဟုတ်တယ်လေငါလေ ခေတ်သစ် နင့်ရုပ်ကလည်းသူခိုးလူမိသွားတဲ့ရုပ်နဲ့ ငါ့နာမည်ခေါ်တာတောင်အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတယ်"

"မှန်မှန်ပြောနင်အဲ့အိမ်ထဲကဘာခိုးမလို့လဲ"

"ခိုးစရာလားဒါငါ့အိမ်ဟဲ့ လူကိုများသူခိုးဆိုပြီးလာစွပ်စွဲနေသေးတယ် အရူးကောင်! "

"ကြယ်စင်မရယ်နင်ကလည်းခေတ်သစ်ပြောလည်းပြောချင်စရာပဲ နင့်ရုပ်ကသူခိုးလူမိသွားသလိုဖြစ်နေတာကိုးး"

ကိုယ့်မှာခေတ်သစ်ကိုတွေ့လိုက်ရလို့ရှက်နေရတဲ့ကြားထဲသူရိန်ကဝင်ညှောင့်လိုက်သေးသည်

"နင်တို့နှစ်ယောက်ကတော့ငါ့ကိုတွေ့ရင်ဖဲ့ဖို့ကြီးပဲ ၊နင်တို့နဲ့ဖက်ပြောမနေတော့ဘူး အိမ်ထဲဝင်တော့မယ်ဒါပဲ"

"ဟဲ့ကြယ်စင်နေပါဦးဟ သူရိန်နဲ့ငါနဲ့ကနင့်ကိုစတာပါ"

နောက်ကနေပါလာတဲ့တိုးသဲ့သဲ့အသံလေးကိုတောင်ဂရုမစိုက်အားတော့၊ အိမ်ထဲရှက်ရှက်နှင့်ပြေးဝင်လာမိတော့သည်

"ခေတ်သစ် မကောင်းတဲ့ကောင် နင်ကတော့နေပါဦးပြောနေ ငါကနင့်မျက်လုံးကိုကြည့်ပြီးစကားဆက်ပြောနေရမယ်ဆိုရင်ရင်ခုန်လွန်းလို့ရူးတော့မှာသိလား အရူးကောင်ရဲ့"

ကြယ်စင် ကိုယ့်ဘာသာတစ်ဦးထဲတိုးတိုးလေးရေရွတ်နေမိသည် နောက်ဆိုအတင့်ရဲပြီးအိမ်ပေါက်ဝမှာသွားစောင့်မနေဖို့လည်းကိုယ့်ကိုကိုယ်ဆူမိသည်

"ကျောင်းတောင်ပြန်တက်ရတော့မှာပဲ ကျောင်းတက်ရင်တော့သူနဲ့နေ့တိုင်းတွေ့လို့ရပြီဟီးဟီး"

ကျောင်းပြန်တက်ရတော့မယ့်အကြောင်းကိုတွေးလိုက်တိုင်းရင်ခုန်လွန်းလို့ခြေဖျားလက်ဖျားတွေပါအေးစက်လာသည်
နောက်ရက်တွေရောက်တော့ပြတင်းပေါက်ကပဲသူ့ကိုတိတ်တိတ်လေးခိုးကြည့်နေမိသည်
အဲ့လိုတစ်ရက်တစ်ရက်ခိုးကြည့်နေရင်းနဲ့ပဲကျောင်းပြန်တက်ဖို့ရက်ကိုရောက်လာတော့သည် ။ ကျောင်းတက်ဖို့ပဲဆိုင်းပြင်းနေခဲ့သည့်ကြယ်စင်တစ်ယောက်ပထမဆုံးကျောင်းပြန်တက်ရသည်မို့လို့လားမသိ၊
ကျောင်းခန်းထဲကိုဝင်ဖို့ခြေလှမ်းတွေကတက်ကြွနေလေသည်။ အခန်းထဲဝင်ဝင်ချင်း ခေတ်သစ်ကိုမသိစိတ်ကလိုက်ရှာနေ‌ခဲ့သည်
တွေ့ပါပြီ ညာဘက်ခြမ်းကဒုတိယတန်းမှာသူ့အပေါင်းအသင်းတွေနဲ့လေဖုတ်နေလေရဲ့

"ကြယ်စင်ရေဒီကိုလာငါနင့်အတွက်ခုံဦးပေးထားတယ်"

နှင်းစက်ကကိုယ့်ကိုလှမ်းခေါ်နေသည် နေရာကိုကြည့်လိုက်တော့ညာဘက်ခြမ်းကပထမတန်း၊ခေတ်သစ်ထိုင်နေသည့်အတန်းရဲ့ရှေ့ကအတန်းပင်။ ကြယ်စင်လည်းခေတ်သစ်ရှိနေတာကိုမသိချင်ယောင်ဆောင်လိုက်ပြီးသူငယ်ချင်းဖြစ်သူနှင်းစက်ဘေးမှာဝင်ထိုင်လိုက်သည်။

"ဟဲ့ဘိုကေရောက်လာပြီလား ကျောင်းစတက်ရမယ့်နေ့ထဲကနောက်ကျနေတယ် ငါတို့ရောက်နေတာကြာလှပြီ"

ခေတ်သစ်ကနောက်ကနေကိုယ့်ပုခုံးကိုပုတ်ပြီးစကားလှမ်းပြောတော့ လန့်ပြီးနည်းနည်းတောင်တုန်သွားသည်။

"ငါ့ကိုဘိုကေလို့မခေါ်ဖို့နင့်ကိုပြောထားတယ်လေ"

"နင်ကလည်းနင့်ဆံပင်ကဘိုကေပုံကြီးဖြစ်နေတာကို ဘိုကေမို့လို့ဘိုကေလို့ခေါ်တာလေ ဘိုကေရဲ့ ဟီးဟီး"

"ခေတ်သစ် နင်နော်"

ကြယ်စင်ပြန်ရန်တွေ့မည်လုပ်သဖြင့်နှင်းစက်ကဘေးကဆွဲထားရသည်

"ကြယ်စင်ရယ်ခေတ်သစ်ကစတာပါ နင်ကလည်းစိတ်မဆိုးပါနဲ့"

"နှင်းစက်နော်နင်ကပါသူ့ဘက်ကပါနေတာလား"

ဒီလိုနဲ့သူငယ်ချင်းလေးယောက်စကားနိုင်လုရင်းအချိန်ဘယ်လောက်ကြာသွားလဲမသိ ဆရာမအခန်းထဲဝင်လာပြီးကျောင်းသားတွေနှုတ်ဆက်ကြတော့မှလေးယောက်လုံးငြိမ်သွားကြသည်။ ‌ဆရာမရှေ့ကစာသင်နေရင်သူရိန်နဲ့ခေတ်သစ်က ကြယ်စင်တို့နှစ်ယောက်ပုခုံးကိုပုတ်ပြီးစကားလာလာများလို့ဆရာမဆီမှာအဆူခံရပေါင်းလည်းများလှပါပြီ
ဆရာမလစ်ရင်စကားများကြ၊မုန့်စားကျောင်းဆင်းရင်ဆော့လိုက်မုန့်စားလိုက်၊တစ်ယောက်နဲ့တစ်ယောက်နောက်လိုက်ပြောင်လိုက်နှင့်ကျောင်းတက်ရတာပျင်းတယ်လို့ကိုမရှိပါဘူး။

"ကလေးတို့ရေမနက်ကမိုးအရမ်းရွာထားတော့မုန့်စားကျောင်းဆင်းရင်ပြေးမဆော့ကြနဲ့နော် ရွံ့တွေနဲ့ချောပြီး ချော်လဲလိမ့်မယ်"

"ဟုတ်ကဲ့ပါဆရာမ"

ဆရာမကပြေးမဆော့ဖို့သတိပေးတာမကြာသေး ခေတ်သစ်ကကိုယ့်ပုခုံးကိုလာပုတ်သည်

"ဟဲ့ကြယ်စင်ငါတို့မုန့်စားကျောင်းဆင်းရင်စိန်ပြေးလိုက်တမ်းဆော့ကြမယ်"

ဒီကောင်ဆရာမပြောတာမကြားလိုက်ဘူးလား နားများပင်းနေလားဆိုတဲ့အကြည့်နဲ့ပြန်ကြည့်လိုက်ပြီး

"စောနကဆရာမပြောတာမကြားလိုက်ဘူးလား ခေတ်သစ်ရဲ့ ချော်လဲလိမ့်မယ်တဲ့"

"နင်ကလည်းဘာမှမချော်လဲဘူး သတိထားပြီးဆော့ရင်ရတယ်"

ကိုယ့်မှာလည်းသူ့စကားကိုမလွန်ဆန်နိုင်တော့

"အင်းအင်း‌အာ့ဆိုလည်းပြီးတာပဲ"

ဆရာမပြောစကားနားမထောင်မိတော့အကျိုးထူးပါလေရော

"ဟဲ့ဟဲ့ဘယ်လိုဖြစ်"

အလံတိုင်ရှေ့မှာချော်လဲသွားသောကြယ်စင့်ကိုသူငယ်ချင်းသုံးယောက်ဝိုင်းအော်နေကြသည် အော်လို့ဝမှလာထူကြသည်

"နင်တို့ကလည်းအော်ပဲအော်နေငါ့ကိုကျလာမထူကြဘူး၊ ခေတ်သစ်ငါချော်လဲတာနင့်ကြောင့်"

ချော်လဲနေသည့်နေရာမှထတောင်မထရသေးကိုယ့်ဘေးမှာရပ်နေသောခေတ်သစ်ကိုရန်တွေ့လိုက်ရသေးသည်

"နင့်ဘာသာချော်လဲတာကိုဘာလို့ငါ့ကြောင့်လဲဟ"

"ဆရာမပြောထားလို့ဒီနေ့မဆော့ဘူးလို့ ငါနင့်ကိုပြောတယ်လေ နင်ပဲမချော်လဲပါဘူးဆို"

အလံတိုင်ရှေ့မှာရန်ဖြစ်နေကြသည့်ကြယ်စင်တို့နှစ်ယောက်ကို ရပ်မကြည့်နိုင်တော့ပဲသူရိန်ကဝင်တားရသည်။

"တော်ကြပါတော့ကွာမင်းတို့ကလည်း
ကြယ်စင်နင်ဒူးပြဲသွားတယ်မလား အကျီတွေလည်းပေကျံလို့ "

အခြေအနေကိုသိလို့နှင်းစက်ကလည်း

"အေးလေဟယ် လာလာဆရာမဆီအရင်သွားရအောင် "

ကြယ်စင်လည်းဒူးခေါင်းကနာနေသည်နှင့်ခေတ်သစ်ကိုစိတ်ဆိုးနေတာတောင်ပျောက်သွားသည် နှင်းစက်လက်ကိုတွဲပြီးဆရာမနားနေခန်းဆီကိုလာလိုက်သည်။

"အမလေးဘယ်လိုဖြစ်လာကြတာလဲ ဒီမှာလာထိုင်ကြ"

ဆရာမကဆူမယ့်အစားညစ်ပတ်ပေရေနေတဲ့ကိုယ့်ကိုကြည့်ပြီးစိုးရိမ်နေသည်

"သမီးအလံတိုင်ရှေ့မှာချော်လဲလာတာ"

"ဖြစ်ရလေသမီးရယ်ဘယ်နား နာသွားသေးလဲ"

နှင်းစက်ကဝင်ပြောသည်

"ကြယ်စင်ဒူးခေါင်းပြဲသွားတယ်ထင်တယ်ဆရာမ လမ်းလျှောက်တာထော့နဲ့ထော့နဲ့ဖြစ်နေတယ်"

ဆရာမကကိုယ့်ကိုစိုးရိမ်တကြီးနဲ့အနာကိုဆေးထည့်ပေးပြီးဆရာမသမီးရဲ့ဂါဝန်ကိုဝတ်ဖို့ပေးသည် ကြယ်စင်လည်းညစ်ညစ်ပတ်ပတ်ကြီးမနေချင်တာကြောင့်ဆရာမပေးတဲ့ဂါဝန်ကိုဝတ်လိုက်သည် အမြဲတမ်းဘောင်းဘီပဲဝတ်နေကျမို့လို့လားမသိ၊ ဂါဝန်ဝတ်ထားရတာအဆင်မပြေသလိုခံစားရသည် နည်းနည်းလည်းရှက်သလိုဖြစ်နေသည်
အခန်းထဲရောက်ရင်ကိုယ့်ကိုခေတ်သစ်လိုက်စမှာကိုတွေးပြီးလည်းမျက်နှာပူမိသည်။

ကြယ်စင်ထင်ထားသည့်အတိုင်းပင် အခန်းထဲတောင်မဝင်ရသေး၊ သန့်စင်ခန်းကပြန်လာသည့်ခေတ်သစ်တို့နှင့်တည့်တည့်တိုးသည်

"ဟားဟား နင်ဘာလို့ဂါဝန်ကြီးဝတ်ထားတာလဲ နင်နဲ့လိုက်လည်းမလိုက်ပဲနဲ့"

ကိုယ့်ကိုရှေ့မှာထားပြီးလှောင်နေသောခေတ်သစ်ကိုတချက်လောက်ထုပစ်လိုက်ချင်သည့်စိတ်ပေါ်လာသည်။ သို့ပေမယ့်လည်းကိုယ်မြတ်နိုးရတဲ့သူမို့သည်းခံလိုက်သည်

"ငါဝတ်ချင်လို့မဟုတ်ပါဘူး ဆရာမပေးလို့ဝတ်ရတာ ငါလည်းဂါဝန်မဝတ်တတ်ပါဘူးနော်"

နှစ်ယောက်သားထပ်ရန်ဖြစ်မှာစိုးလို့သူရိန်ကဝင်တားရင်း

"ဆရာမလာတော့မယ်ထင်တယ် အခန်းထဲဝင်ကြရအောင် တော်ကြာအဆူခံနေရဦးမယ်"

ကလေးပီပီအဆူခံအရိုက်ခံရမှာတော့ကြောက်သည်၊ သူရိန်ပြောပြီးပြီးချင်းအခန်းထဲပြေးဝင်ကြသည်

Note:


Continue Reading

You'll Also Like

816K 35.5K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
795K 80.1K 55
3 lives got entangled due to the twisted Destiny...... Vidyut Rajvanshi married his college sweetheart Sanjana and was leading a happy life ......bot...
286K 19.6K 57
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...
241K 16.3K 47
This novel featuring Amie and her childhood friend, Mahir. It's a delightful tale of friendship, lost connections, and the power of rekindling old fl...