Marmalade [Own Creation]

By AnnaLynn666

33.2K 5.5K 233

Even I can get another you, my choice is only you. More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
21
22
23
24
25
26
27
28
29
30
31

20

669 162 15
By AnnaLynn666

Unicode

အပိုင်း - ၂၀

"ဟေး ငါတို့တွေ့ကြပြန်ပြီ"

မျက်လုံးပွင့်လာလာချင်း သူ့ကို နှုတ်ဆက်လာသည့် အားသစ်ကို ကြည့်ပြီး နိုင်းချင်း မျက်လုံးတို့က မှိန်ဖျော့သွား၏။ တကယ်လို့ နိုးနိုးချင်း သူ့ကို တွေ့လိုက်လျှင် အားသစ် ဘယ်လိုဖြစ်သွားမလဲကို သိချင်၍ တစ်ညလုံး စောင့်နေခဲ့သည်က ယခုတော့ အလဟသ ဖြစ်သွားချေပြီ။

"ဘာလဲ သူ မဟုတ်လို့ စိတ်ပျက်သွားတာလား"

ယခုနိုးလာသည့် အားသစ်သည် သူရင်းနှီးသော သဘောကျရပါသော အားသစ်နှင့် ဆန့်ကျင်ဘက်ပင်။ ယခုအားသစ် ရွှင်ရွှင်လန်းလန်းနေတတ်ပြီး စကားသွက်ကာ ပြုံးဖို့အတွက် ဝန်လေးသည့် အားသစ်မဟုတ်။ စိတ်ထဲရှိသည့်အတိုင်းနေတတ်သည့် သူဖြစ်သည်

နိုင်းချင်းပြန်မဖြေသည်ကို ကြည့်ပြီး အားသစ် ပြုံး၏။ ခုတင်ပေါ်တွင် လှဲနေရာက ထကာ စောင်ကို ခွာ၍...

"ငါမျက်နှာသစ်လိုက်ဦးမယ်... မနက်စာကို တစ်ခုခုမှာပေးလို့ရမလား..."

"အပြင်သွားမစားဘူးလား"

တောက်လျှောက်ပြောလာသည့်တစ်ချိန်လုံး ပြန်မဖြေဘဲ ယခုမှသာ မေးဖော်ရသည့် နိုင်းချင်းကို ကြည့်ပြီး အားသစ်ခေါင်းလေးအသာစောင်းကာ...

"စားလို့မရဘူး... ငါနဲ့အားသစ် မတူတာကို သိသွားတာနဲ့ အဖေနဲ့အမေက ငါ့ဆီကို လာကြ လိမ့်မယ်... သူတို့က ငါ့ကို ချက်ချင်း ပြန်အိပ်ပျော်စေချင်လိမ့်မယ်"

နိုင်းချင်း၏ စိတ်သည် လေးလံလာတော့သည်။ အားသစ်သည် ခေါင်းငိုက်စိုက်ကျနေသည့် ပထမနှစ် ကောင်ကလေးကို ကြည့်ပြီး ခပ်တိုးတိုးရယ်၏။

"ဒါကအမြဲဖြစ်နေကျပဲ မင်း စိတ်ထဲထားစရာမလိုပါဘူး တော်သေးတာက ဒီနေ့ကလည်း ကျောင်းပိတ်ရက် ဖြစ်နေလို့... နောက်တစ်နေ့ ကျောင်းဖွင့်ရင် ငါတို့ဘယ်လိုလုပ်ရမလဲဆိုတာကို ဒီနေ့ နည်းလမ်းရှာရလိမ့်မယ်"

"အစ်ကိုက အစ်ကိုအားသစ်အနေနဲ့ ဟန်ဆောင်လို့ရတာပဲ"

ရေချိုးခန်းဘက်မျက်နှာမူနေပြီးမှ နိုင်းချင်းကို အားသစ် ပြန်လှည့်ကြည့်သည်။

"အစ်ကိုလည်း လူတစ်ယောက်လို ဆက်ဆံခံသင့်တယ်မဟုတ်ဘူးလား"

"ဟေး ညီလေး..."

သူ့ပခုံးပေါ်လက်နှစ်ဖက်တင်ကာ လူချင်းကပ်လာသည့်အားသစ်ကြောင့် နိုင်းချင်း မှင်တက်သွားရသည်။

"မင်း အခုလို ငါ့အတွက် သိပ်စဉ်းစားပေးနေရင် မင်းကိုငါ သဘောကျသွားရင် ဘယ်လိုလုပ်မလဲ"

"ကျွန်တော်က..."

သူ့လက်ကိုအသာဆွဲဖယ်ကာ လူချင်းခွာလိုက်သည့် နိုင်းချင်းကိုကြည့်ပြီး အားသစ် ရယ်သည်။

"အင်းပါ ငါ့ကိုမင်း သနားနေတာကို ငါသိပါတယ်... ငါမျက်နှာသစ်တော့မယ်... နိုးလာတဲ့အချိန်မှာ အဖေ၊ အမေကို မဟုတ်ဘဲ တခြားလူကို မြင်ရမဲ့ နေ့တစ်ရက် ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး... ကောင်ကလေး မင်းက အတော်ကို ဟုတ်တာပဲ"

သူ့ကို ရယ်ရယ်မောမောပြောပြီး ရေချိုးခန်းထဲဝင်သွားသည့် အားသစ်ကို နိုင်းချင်းစိုက်ကြည့် နေခဲ့သည်။

ငါ့ရဲ့အားသစ်က ဘယ်မှာလဲ...။

သူ ထိုစကားတစ်ခွန်းကိုသာ အကြိမ်ကြိမ်အခါခါ စိတ်ထဲက ရေရွတ်နေဖြစ်၏။

ညက အားသစ် မေ့မျောသွားသည့်အချိန်တွင် ခန့်ညီနှင့်သူ နှစ်ယောက်သား အားသစ်အခန်းထဲသို့ ပြန်ပို့ပေးခဲ့ကြသည်။ ခန့်ညီက ဆရာဝန်ခေါ်ဖို့ပြောသောလည်း နိုင်းချင်း အခေါ်မခံခဲ့။ သူ့စိတ်ထဲတွင် ယခု အားသစ်နိုးလာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းဖြစ်ခဲ့သည်။ ယခုအားသစ်မဟုတ်ဘဲ သူ့အားသစ်နိုးလာဖို့ အတွက် လည်း မျှော်လင့်ချက်သေးသေး သူထားဖြစ်၏။ သို့သော် သူ့သေးငယ်သောမျှော်လင့်ချက်ကလေးသည် ဖြစ်မလာခဲ့။

ရေချိုးခန်းထဲက အားသစ် ထွက်မလာသေးချိန်တွင် အကူအညီတောင်းထားသည့်အတိုင်း ဖုန်းဆက် ကာ မနက်စာ မှာပေးနေလိုက်သည်။

"ဒါတစ်ပွဲပဲလား"

"ဟုတ်... အာ ကျွန်တော့်ကို ထမင်းကြော် အသားချောင်းနဲ့ကြက်ဥကြော်နဲ့ တစ်ပွဲပါထပ်ထည့်ပေးပါ"

အားသစ်တစ်ယောက်စာအတွက် မှာနေရင်းက သူ့အတွက်ပါ ထပ်မှာလိုက်၏။ သနားစရာကောင်းပြီး တစ်ယောက်တည်းဖြစ်နေသည့် လူတစ်ယောက်ကို အဖော်ပြုပေးခြင်းသက်သက်သာဖြစ်ကြောင်း သူ့အားသစ် နားလည်အောင် မည်သို့ရှင်းပြရမှန်း သူ့ကိုယ်သူပင် မသိတော့။ သနားတတ်လွန်းသည့် ကိုယ့်ကိုယ်ကိုယ်သာ နိုင်းချင်း အပြစ်တင်နေတော့သည်။

ငယ်ကတည်းက စွန့်ပစ်ခံထားရသည့် ခွေးလေး ကြောင်လေးများကို ကောက်ကောက်လာသဖြင့် အိမ်တွင် မကြာခဏ အမေအဆူခံရသည်ကို သတိရကာ နိုင်းချင်း သက်ပြင်းရှိုက်ကာ ပြုံး၏။

"ဘာတွေ သဘောကျနေရတာလဲ"

ရေချိုးခန်းထဲက မျက်နှာသုတ်တဘက်နှင့် မျက်နှာသုတ်ရင်း ထွက်လာသည့် အားသစ်ကို နိုင်းချင်း ပြုံးပြ၏။

"ကျွန်တော် မနက်စာမှာထားတယ် အတူတူစားကြမယ်လေ"

အားသစ်၏ မျက်နှာထက်တွင် အံ့အားသင့်သောအရိပ်များဖြတ်ပြေးသွားသည်ကို သူ မြင်လိုက် ရသည်။

"ဘာလို့လဲ တကယ်လို့ အစ်ကိုတစ်ယောက်တည်း စားချင်တယ်ဆိုရင် ကျွန်တော့်အခန်းမှာပဲ ကျွန်တော် ပြန်စားလိုက်မယ်လေ ကိစ္စမရှိပါဘူး"

အဆောင်အဆောက်အဦးအဝသို့ မှာထားသည့် နံနက်စာရောက်သည့် အကြောင်းဆက်သွယ်လာ သည့် ဖုန်းလက်ခံရရှိလာသဖြင့် နိုင်းချင်းသည် သူ့ကို ပြန်မဖြေဘဲ စိုက်ကြည့်နေသည့် အားသစ်ကို ပြုံးပြကာ...

"ခဏနော် ကျွန်‌တော် အဆောင်အပေါက်ကို ထွက်ယူလိုက်ဦးမယ်... ကျောင်းသားမဟုတ်ရင် အဆောင်အဆောက်အဦးထဲကို သူတို့က လူပေးမဝင်ဘူး"

အပြင်လောကနှင့်အဆက်အသွယ်မရှိသော အားသစ်ကို နိုင်းချင်းရှင်းပြ၏။ ထို့နောက် နံနက်စာ သွားယူဖို့ အတွက်လှည့်ထွက်ချိန်တွင် သူ့လက်မောင်းကို အားသစ်သည် လှမ်းဆွဲလာခဲ့သည်။

"ဟို..."

မျက်နှာသုတ်ပုဝါကို ပခုံးတွင်တင်ထားပြီး သူ့လက်မောင်းကို ဆွဲထားသည့် အားသစ်သည် ခေါင်းငုံ့ကာ သူတို့နှစ်ဦးသာ ကြားနိုင်လောက်သည့် အသံမျိုးဖြင့်...

"ငါနဲ့အတူ စားပါလား"

ခပ်တိုးတိုးအသံထဲတွင် တိုးလျှိုးနေခြင်းတို့ပါဝင်နေသယောင်။ တစ်စုံတစ်ဦး၏ အသိအမှတ်ပြုခြင်း နှင့် တစ်စုံတစ်ဦး၏ အဖော်ပြုပေးခြင်းတို့ကို လိုအပ်နေခြင်းတို့ ရောပြွန်းနေသည့် အသံတိုးတိုးကြောင့် နိုင်းချင်း၏ မျက်နှာသည် နူးညံ့သွားတော့သည်။

"ဟုတ်... ကျွန်တော် အရင်သွားယူလိုက်ဦးမယ်လေနော်"

သူပျောက်သွားသည်နှင့် ငိုတော့မယောင်ဖြစ်နေသည်ဟု ထင်ရသည့် အားသစ်၏ လက်ကိုအသာ ဆွဲဖြည်ပြီး နိုင်းချင်း ညင်သာစွာပြော၏။ သူ့အသံက ကလေးတစ်ယောက်ကို ချော့မြူနေသည့်အလား သိမ်မွေ့ လွန်းနေခဲ့သည်။ အခန်းထဲကနိုင်းချင်းထွက်သွားပြီးနောက် အားသစ်သည် နေရာတွင်သာရပ်ကာ ကိုယ့်လက်ကို ပြန်ကြည့်နေခဲ့သည်။

ဘာလို့ ငါကအမြဲတမ်း ရွေးချယ်ခံရတဲ့လူမဖြစ်လာရတာလဲ။ အမေတို့ကရော... အခု... ဒီကောင်လေး ရော...။

မျက်ရည်တို့သည် ပါးပြင်ထက်သို့ လိမ့်ဆင်းလာရ၏။ လက်ခုံဖြင့် ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ပြီး နောက် ရေချိုးခန်းထဲသို့ နောက်တစ်ခေါက် သူ ပြန်ဝင်သွားတော့သည်။ မှန်ထဲတွင် ထင်နေသည့် သူ့ပုံရိပ်ကို ကြည့်ပြီး အားသစ်ပြုံး၏။

အမြဲတမ်း... မင်းက ကံကောင်းလွန်းပါတယ် အစ်ကို...။

စိတ်ထဲမှသာ သူ ရေရွတ်လိုက်တော့သည်။

နိုင်းချင်းပြန်လာသည့်အချိန်တွင် ထပ်ပြီးမျက်နှာသုတ်ပုဝါနှင့် မျက်နှာသုတ်နေသော အားသစ်ကို မြင်လိုက်ရ၏။

"ရေချိုးထားတာလား"

"ရေချိုးတာအဲ့လောက်မြန်မလား မျက်နှာထပ်သစ်ထားတာ"

ရယ်ရယ်မောမောတုံ့ပြန်သည့် အားသစ်ကို သူခေါင်းညိတ်ပြ၏။

နိုင်းချင်းသည် ရေခဲသေတ္တာအနီးရှိ စားပွဲကို ရှင်းပြီး မနက်စာပြင်လိုက်၏။ ထို့နောက် စာကြည့်စားပွဲက ခုံကိုဆွဲယူလာကာ...

"ထိုင်လေ... ကျွန်တော်တို့ မနက်စာစားရအောင်..."

အားသစ်စားတတ်သည့် နံနက်စာပုံစံကိုသာ ဝယ်ထားသည်မို့ နိုင်းချင်းသည် အားနာသည့် မျက်နှာဖြင့် နံနက်စာစားဖို့ ထိုင်လိုက်သော အားသစ်ကို ကြည့်သည်။

"ဟို... ကျွန်တော်... အစ်ကိုအားသစ် စားတတ်တာတွေပဲ ဝယ်လိုက်တယ်... အဆင်ပြေရဲ့လား"

အားသစ်သည် ခေါင်းညိတ်ကာ...

"ရပါတယ် ငါမစားတာ သိပ်မရှိပါဘူး"

ထို့နောက် သူ့မျက်လုံးများက Milk Tea ဘူးထံသို့ရောက်သွား၏။ Milk Tea မကြိုက်ဟု ပြောချင် သော်လည်း အားသစ် ငြိမ်နေလိုက်သည်။

တိတ်ဆိတ်စွာဖြင့် သူတို့ နံနက်စာစားပြီးနောက်တွင် နိုင်းချင်းသည် ဘူးများကိုနေရာတကျ သေချာ အမှိုက်ပုံးထဲသို့ ပစ်ပေးလိုက်သည်။

"အစ်ကို ဘာဆက်လုပ်မယ်စိတ်ကူးလဲ မနက်ဖြန်ဆိုရင် ကျောင်းဖွင့်ပြီဆိုတော့..."

"အာ တကယ်တော့အဲ့ဒါမခက်ဘူး... ငါ့ကိုဆေးထိုးပေးရင်ရပြီ... အဖေနဲ့အမေက အဲ့လိုပဲ လုပ်နေကျ... ဆေးရှိန်က ဆယ့်ငါးရက်ခံတယ်... ဒါကြောင့် လတစ်လရဲ့ တတိယပတ်မှာမှ ငါထွက်လာနိုင်တာ... တကယ်လို့ အခုဆေးထိုးရင်တော့ သူတို့ရဲ့ အချိန်ဇယားကို အပြောင်းအလဲ ဖြစ်သွားစေလိမ့်မယ်... အဲ့ဒီအခါကျရင် မင်းတို့လွယ်မှာမဟုတ်ဘူး သူတို့က ဒီဟာကို သိပ်သံသယများတယ်"

နိုင်းချင်းသည် ဆက်မပြောဘဲ အားသစ်ကိုသာ ကြည့်နေလိုက်သည်။

"ငါ့အိမ်ကိုပဲ ဖုန်းဆက်လိုက်ပါ ငါသတိလစ်သွားလို့ဆိုပြီး... မင်း ဖုန်းဆက်မယ်ဆိုပြောလေ ငါကြို အိပ်ထားမလို့"

နိုင်းချင်းသည် တစ်လျှောက်လုံး ပေါ့ပေါ့ပါးပါး ပြောနေသည့် အားသစ်ကို ကြည့်ကာ...

"ကျွန်တော်တို့ အပြင်သွားကြမလား"

အားသစ်သည် မျက်လုံးအဝိုင်းသားဖြင့် သူ့ကို ကြည့်လာ၏။

ထိုသို့ဖြင့်...

ဆိုင်ကယ်နောက်တွင်ထိုင်ကာ ကောင်းကင်ကို အားသစ်မော့ကြည့်နေခဲ့သည်။ အဝေးပြေးလမ်းမ ထက်တွင် နိုင်းချင်းသည် ဆိုင်ကယ်ကို အရှိန်ဖြင့်မောင်းနေ၏။ ဆိုင်ကယ်စီးဦးထုပ်ချွတ်ထားသည်မို့ သူ့ကုတ်ကျော်ဆံပင်တို့က တလွင့်လွင့်။ ကောင်းကင်ပြာကို ကြည့်၍ရလိမ့်မည်ဟု သူ တစ်ခါလေးတောင် မတွေးဖူးခဲ့။

"ငါတို့ ဘယ်သွားကြမှာလဲ!"

လေတိုးသံနှင့်အတူ အားသစ်အော်မေးသည်။ ဆိုင်ကယ်ဦးထုပ်နှင့်ကောင်ကလေးသည် သူ့ကိုပြန်မဖြေ။ အရှေ့သို့သာ ဦးတည်မောင်းနေခဲ့၏။ အဝေးပြေးလမ်းမကို ကျော်လွန်ပြီးနောက်တွင်တော့ ငါးဖမ်းလှေများ ရှိသည့် ကမ်းခြေအနီးသို့ သူတို့ ရောက်လာခဲ့ကြသည်။

ငါးဖမ်းရွာကို ကျော်ဖြတ်ပြီးနောက် သောင်ပြင်သာရှိပြီးဘာဆိုင်တစ်ခုမှ မရှိသည့် ကမ်းခြေတစ်ခုဆီသို့ သူတို့ ရောက်လာကြ၏။ ဆိုင်ကယ်ကို ရပ်ကာ နိုင်းချင်းသည် ဆိုင်ကယ်ပေါ်က ဆင်းချင်နေသော အားသစ်ကို ကြည့်သည်။

"အစ်ကို သွားဆော့ချင်ရင် ဆော့လို့ရတယ်လေ"

သူ့စကားကြားသည်နှင့် အားသစ်သည် ဆိုင်ကယ်ပေါ်မှ ကမ်းခြေဘက်သို့ ပြေးဆင်းသွား၏။ ဆိုင်ကယ်ပေါ်တွင် ထိုင်ပြီး ရေစပ်အထိ ပြေးသွားသော အားသစ်ကို နိုင်းချင်း ကြည့်နေခဲ့သည်။

ဘယ်အားသစ်ပဲ ဖြစ်ဖြစ်... အစ်ကိုက အမြဲတမ်း တစ်ဖက်သားကို ဦးစားပေးတတ်တဲ့သူ ဖြစ်နေတုန်းပဲ။

နိုင်းချင်း စိတ်ထဲကရေရွတ်သည်။ အပြင်ပန်းမာကြောပြီး စိတ်ထားနူးညံ့သည့် အားသစ်ကိုသာ သူ ချစ်နေသော်လည်း လှောင်ပိတ်ခံထားရပြီးအသိအမှတ်ပြုမခံရသည့် အားသစ်ကိုတော့ သူ သနားသည်။

"ဟေး!!! မင်းရော မလာဘူးလား!!!"

ဆိုင်ကယ်ခုံတွင်ထိုင်ပြီး ရေစပ်တွင်ဆော့နေသော အားသစ်ကို ကြည့်နေချိန်တွင် အားသစ်သည် သူ့ကို လှမ်းခေါ်လာ၏။ ပေါ့ပါးစွာပြုံးရယ်နေသော်လည်း အားသစ်၏ မျက်လုံးများထဲတွင် အထီးကျန်နာကျင် နေခြင်းကို သူ မြင်ခဲ့ရသည်။ ယခုတော့ အားသစ်၏ မျက်လုံးများသည် တောက်ပနေ၏။ ရွှင်လန်းကာ အလင်းပေးတတ်သည့် နေမင်းအသေးလေးအလား ယခုအားသစ်၏ မျက်လုံးများက ကြည်လင်နေပေသည်။

"ဒီကိုလာရတာကို ဒီလောက်ပဲ ပျော်တာလား"

"အင်း! မင်းကို တွေ့ရတာ ငါ့အတွက် တကယ်ကံကောင်းတာပဲ"

ကမ်းစပ်တွင် အတူလမ်းလျှောက်နေရင်းက အားသစ်ပြောသည်။ လမ်းလျှောက်လိုက်ခရုခွံတွေ့လျှင် ကောက်လိုက်နှင့် အားသစ်ကို နိုင်းချင်း ကြည့်ကာ...

"အစ်ကိုတို့က အမြွှာတွေလား"

အားသစ်လက်ထဲရှိ ခရုခွံများ လွတ်ကျသွားတော့၏။ သူ့ကို တအံ့တဩကြည့်လာသည့် အားသစ်ကို နိုင်းချင်းကြည့်ကာ...

"ကျွန်တော်ရှာကြည့်တဲ့အချိန်မှာ တွေ့ရတဲ့အကြောင်းအရာတွေရှိခဲ့တယ်"

ယခုအားသစ်သည် သူချစ်သောအားသစ်လို ဘာတစ်ခုမျှမသိသည့် ကောင်ကလေးမဟုတ်ဆိုသည်ကို နိုင်းချင်းသိသည်။

"အာ... မင်း ရှာတွေ့တာလား အဲ့ဒီစမ်းသပ်မှုကို"

"ကျွန်တော့်သူငယ်ချင်းအဖေက အဲ့ဒီစမ်းသပ်မှုမှာ ပါဝင်ခဲ့တာ"

"ဪ..."

အားသစ်သည် လွတ်ကျသွားသည့် ခရုခွံများကို ပြန်ကောက်၏။

"တကယ်တော့ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ"

သူ ခပ်တိုးတိုးရေရွတ်သည်။

"ငါက အရင်ဖွံ့ဖြိုးတဲ့ သန္ဓေသားဖြစ်တယ်... ဉာဏ်ရည်နဲ့သိစိတ် အစောပိုင်းဖွံ့ဖြိုးပေမဲ့ ငါ့ရဲ့ ခန္ဓာကိုယ်က စွမ်းအားရှင်အဖြစ် ရှင်သန်လို့ရတဲ့ ခန္ဓာကိုယ်မဟုတ်ဘူး ဒါကြောင့် ငါ့ရဲ့အစ်ကိုဆီကို သူတို့က စွမ်းအား လွှဲပြောင်းပေးလိုက်ကြတယ်... တကယ်လို့ အဲ့ဒီအတိုင်းဆိုရင်... ငါက သာမန်ကလေးတစ်ယောက် အနေနဲ့ မွေးလာပြီးတော့ ပျော်စရာမိသားစုလေး ဖြစ်ရမှာပေါ့..."

အားသစ်၏ မျက်လုံးများတွင် နာကျင်နေမှုများဖြင့်...

"ဒါပေမဲ့ မေမေက ငါတို့နှစ်ယောက်လုံးကို ကိုယ်ဝန်မဆောင်နိုင်တော့ဘူး... ဒါကြောင့်..."

အားသစ်သည် ဆက်၍မပြောတော့။ အဝေးကိုသာ လှမ်းငေးကြည့်နေခဲ့သည်။ သူတို့နှစ်ဦးကြား ထဲတွင် လှိုင်းပုတ်သံသာ ရှိနေခဲ့၏။

"ငါတို့ပြန်ရအောင်လေ..."

သူ့ကို လှည့်ကြည့်ပြောသည့် အားသစ်ကို နိုင်းချင်းကြည့်၏။

"လက်ဖြန့်"

လက်တစ်ဖက်ဖြန့်ပေးလိုက်သည်ကို နောက်တစ်ဖက်ဖြန့်ပေးဖို့အတွက် အားသစ် ထပ်ပြောရ၏။

"နှစ်ဖက်လုံး"

လက်နှစ်ဖက်လုံး သူ ဖြန့်ပေးလိုက်တော့လက်ထဲ ရောက်လာသည့် လက်ခုတ်အပြည့် ခရုခွံလေးများ။ နိုင်းချင်း ကြည့်နေချိန်တွင် အားသစ်သည် သူ့နှုတ်ခမ်းကို ဖြတ်ခနဲ နမ်းကာ...

"ဒါကို ငါ့အတွက် သိမ်းထားပေးပါလား... နှစ်ခါတည်းပဲ တွေ့ဖူးပေမဲ့ မင်းက တကယ် လူကောင်းလေးတစ်ယောက်ပါ... ငါ့ကို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ပြောပြီးသည်နှင့်ဆိုင်ကယ်ဆီလှည့်ထွက်သွားသည့် အားသစ်ကို ကြည့်ပြီးနိုင်းချင်း ကျန်ခဲ့သည်။ သူ့နှုတ်ခမ်းထက်တွင် အနမ်း၏ အငွေ့အသက်ကျန်နေသေးသော်လည်း ရင်မခုန်နေခဲ့။ လက်ခုတ်ထဲရှိ ခရုခွံ များကိုသာ နိုင်းချင်း ကြည့်နေလိုက်သည်။

သူကလည်း အားသစ်ဖြစ်တာဆိုပေမဲ့ ငါ့နှလုံးသားက ငါ့ရဲ့အစ်ကိုအားသစ်ဆီမှာပဲ။

နိုင်းချင်း တိတ်တဆိတ်တွေး၏။

"ဟေး ပြန်ရအောင်လေ... မှောင်တော့မယ်"

ဆိုင်ကယ်အနားက အားသစ်အော်သံကြောင့် သူ့ကိုရှောင်တိမ်းနေသော အားသစ်အကြောင်း တွေးနေရာက နိုင်းချင်းလှမ်းကြည့်သည်။ သူ့ကိုပြုံး၍ လက်ပြနေသည့် အားသစ်ကို နိုင်းချင်း ကြည့်၏။

တောင်းပန်ပါတယ်... ကျွန်တော်လည်းအစ်ကို့ကိုမရွေးနိုင်ခဲ့ဘူး။ ဒါကြောင့် အစ်ကို့ရဲ့ခံစားချက်ကို ကျွန်တော် လျစ်လျူရှုရလိမ့်မယ်။

စိတ်ထဲတွင်တောင်းပန်ပြီးနောက် ခရုခွံများကို သူ့ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်လိုက်၏။ ပြုတ်ကျ သွားသည့် ခရုခွံများကို နိုင်းချင်း ပြန်မကောက်ဖြစ်။ ဆိုင်ကယ်ကို မှီရပ်နေရင်း အားသစ်သည် ကျသွားသည့် ခရုခွံအချို့ကို ကြည့်နေလိုက်သည်။ ပြန်မကောက်ဘဲ နိုင်းချင်းဖိနပ်အောက်ရောက်ခဲ့သည့် ခရုခွံများက ချေမွခံနေရသည့် သူ့နှလုံးသားပမာ။

ဒီလိုပါပဲ... သူက ထပ်ပြီး ငြင်းပယ်ခံလိုက်ရပြန်ပြီ။ အဖေနဲ့အမေက သူ့ကို မရွေးချယ်ခဲ့သလို... ဒီကောင်လေးကလည်း စာနာသနားရုံကလွဲပြီး သူ့အပေါ် ဘာခံစားချက်မှ မရှိနေဘူး။ ရှိလာမှာလည်း မဟုတ်ဘူး။

အားသစ် စိတ်ပျက်အားလျော့စွာတွေးနေခဲ့၏။

Zawgyi

အပိုင္း - ၂၀

"ေဟး ငါတို႔ေတြ႕ၾကျပန္ၿပီ"

မ်က္လုံးပြင့္လာလာခ်င္း သူ႔ကို ႏႈတ္ဆက္လာသည့္ အားသစ္ကို ၾကည့္ၿပီး ႏိုင္းခ်င္း မ်က္လုံးတို႔က မွိန္ေဖ်ာ့သြား၏။ တကယ္လို႔ ႏိုးႏိုးခ်င္း သူ႔ကို ေတြ႕လိုက္လွ်င္ အားသစ္ ဘယ္လိုျဖစ္သြားမလဲကို သိခ်င္၍ တစ္ညလုံး ေစာင့္ေနခဲ့သည္က ယခုေတာ့ အလဟသ ျဖစ္သြားေခ်ၿပီ။

"ဘာလဲ သူ မဟုတ္လို႔ စိတ္ပ်က္သြားတာလား"

ယခုႏိုးလာသည့္ အားသစ္သည္ သူရင္းႏွီးေသာ သေဘာက်ရပါေသာ အားသစ္ႏွင့္ ဆန႔္က်င္ဘက္ပင္။ ယခုအားသစ္ ႐ႊင္႐ႊင္လန္းလန္းေနတတ္ၿပီး စကားသြက္ကာ ၿပဳံးဖို႔အတြက္ ဝန္ေလးသည့္ အားသစ္မဟုတ္။ စိတ္ထဲရွိသည့္အတိုင္းေနတတ္သည့္ သူျဖစ္သည္

ႏိုင္းခ်င္းျပန္မေျဖသည္ကို ၾကည့္ၿပီး အားသစ္ ၿပဳံး၏။ ခုတင္ေပၚတြင္ လွဲေနရာက ထကာ ေစာင္ကို ခြာ၍...

"ငါမ်က္ႏွာသစ္လိုက္ဦးမယ္... မနက္စာကို တစ္ခုခုမွာေပးလို႔ရမလား..."

"အျပင္သြားမစားဘူးလား"

ေတာက္ေလွ်ာက္ေျပာလာသည့္တစ္ခ်ိန္လုံး ျပန္မေျဖဘဲ ယခုမွသာ ေမးေဖာ္ရသည့္ ႏိုင္းခ်င္းကို ၾကည့္ၿပီး အားသစ္ေခါင္းေလးအသာေစာင္းကာ...

"စားလို႔မရဘူး... ငါနဲ႔အားသစ္ မတူတာကို သိသြားတာနဲ႔ အေဖနဲ႔အေမက ငါ့ဆီကို လာၾက လိမ့္မယ္... သူတို႔က ငါ့ကို ခ်က္ခ်င္း ျပန္အိပ္ေပ်ာ္ေစခ်င္လိမ့္မယ္"

ႏိုင္းခ်င္း၏ စိတ္သည္ ေလးလံလာေတာ့သည္။ အားသစ္သည္ ေခါင္းငိုက္စိုက္က်ေနသည့္ ပထမႏွစ္ ေကာင္ကေလးကို ၾကည့္ၿပီး ခပ္တိုးတိုးရယ္၏။

"ဒါကအၿမဲျဖစ္ေနက်ပဲ မင္း စိတ္ထဲထားစရာမလိုပါဘူး ေတာ္ေသးတာက ဒီေန႔ကလည္း ေက်ာင္းပိတ္ရက္ ျဖစ္ေနလို႔... ေနာက္တစ္ေန႔ ေက်ာင္းဖြင့္ရင္ ငါတို႔ဘယ္လိုလုပ္ရမလဲဆိုတာကို ဒီေန႔ နည္းလမ္းရွာရလိမ့္မယ္"

"အစ္ကိုက အစ္ကိုအားသစ္အေနနဲ႔ ဟန္ေဆာင္လို႔ရတာပဲ"

ေရခ်ိဳးခန္းဘက္မ်က္ႏွာမူေနၿပီးမွ ႏိုင္းခ်င္းကို အားသစ္ ျပန္လွည့္ၾကည့္သည္။

"အစ္ကိုလည္း လူတစ္ေယာက္လို ဆက္ဆံခံသင့္တယ္မဟုတ္ဘူးလား"

"ေဟး ညီေလး..."

သူ႔ပခုံးေပၚလက္ႏွစ္ဖက္တင္ကာ လူခ်င္းကပ္လာသည့္အားသစ္ေၾကာင့္ ႏိုင္းခ်င္း မွင္တက္သြားရသည္။

"မင္း အခုလို ငါ့အတြက္ သိပ္စဥ္းစားေပးေနရင္ မင္းကိုငါ သေဘာက်သြားရင္ ဘယ္လိုလုပ္မလဲ"

"ကြၽန္ေတာ္က..."

သူ႔လက္ကိုအသာဆြဲဖယ္ကာ လူခ်င္းခြာလိုက္သည့္ ႏိုင္းခ်င္းကိုၾကည့္ၿပီး အားသစ္ ရယ္သည္။

"အင္းပါ ငါ့ကိုမင္း သနားေနတာကို ငါသိပါတယ္... ငါမ်က္ႏွာသစ္ေတာ့မယ္... ႏိုးလာတဲ့အခ်ိန္မွာ အေဖ၊ အေမကို မဟုတ္ဘဲ တျခားလူကို ျမင္ရမဲ့ ေန႔တစ္ရက္ ေရာက္လာလိမ့္မယ္လို႔ တစ္ခါမွ မေတြးဖူးခဲ့ဘူး... ေကာင္ကေလး မင္းက အေတာ္ကို ဟုတ္တာပဲ"

သူ႔ကို ရယ္ရယ္ေမာေမာေျပာၿပီး ေရခ်ိဳးခန္းထဲဝင္သြားသည့္ အားသစ္ကို ႏိုင္းခ်င္းစိုက္ၾကည့္ ေနခဲ့သည္။

ငါ့ရဲ႕အားသစ္က ဘယ္မွာလဲ...။

သူ ထိုစကားတစ္ခြန္းကိုသာ အႀကိမ္ႀကိမ္အခါခါ စိတ္ထဲက ေရ႐ြတ္ေနျဖစ္၏။

ညက အားသစ္ ေမ့ေမ်ာသြားသည့္အခ်ိန္တြင္ ခန႔္ညီႏွင့္သူ ႏွစ္ေယာက္သား အားသစ္အခန္းထဲသို႔ ျပန္ပို႔ေပးခဲ့ၾကသည္။ ခန႔္ညီက ဆရာဝန္ေခၚဖို႔ေျပာေသာလည္း ႏိုင္းခ်င္း အေခၚမခံခဲ့။ သူ႔စိတ္ထဲတြင္ ယခု အားသစ္ႏိုးလာလိမ့္မည္ဟု ႀကိဳတင္ခန႔္မွန္းျဖစ္ခဲ့သည္။ ယခုအားသစ္မဟုတ္ဘဲ သူ႔အားသစ္ႏိုးလာဖို႔ အတြက္ လည္း ေမွ်ာ္လင့္ခ်က္ေသးေသး သူထားျဖစ္၏။ သို႔ေသာ္ သူ႔ေသးငယ္ေသာေမွ်ာ္လင့္ခ်က္ကေလးသည္ ျဖစ္မလာခဲ့။

ေရခ်ိဳးခန္းထဲက အားသစ္ ထြက္မလာေသးခ်ိန္တြင္ အကူအညီေတာင္းထားသည့္အတိုင္း ဖုန္းဆက္ ကာ မနက္စာ မွာေပးေနလိုက္သည္။

"ဒါတစ္ပြဲပဲလား"

"ဟုတ္... အာ ကြၽန္ေတာ့္ကို ထမင္းေၾကာ္ အသားေခ်ာင္းနဲ႔ၾကက္ဥေၾကာ္နဲ႔ တစ္ပြဲပါထပ္ထည့္ေပးပါ"

အားသစ္တစ္ေယာက္စာအတြက္ မွာေနရင္းက သူ႔အတြက္ပါ ထပ္မွာလိုက္၏။ သနားစရာေကာင္းၿပီး တစ္ေယာက္တည္းျဖစ္ေနသည့္ လူတစ္ေယာက္ကို အေဖာ္ျပဳေပးျခင္းသက္သက္သာျဖစ္ေၾကာင္း သူ႔အားသစ္ နားလည္ေအာင္ မည္သို႔ရွင္းျပရမွန္း သူ႔ကိုယ္သူပင္ မသိေတာ့။ သနားတတ္လြန္းသည့္ ကိုယ့္ကိုယ္ကိုယ္သာ ႏိုင္းခ်င္း အျပစ္တင္ေနေတာ့သည္။

ငယ္ကတည္းက စြန႔္ပစ္ခံထားရသည့္ ေခြးေလး ေၾကာင္ေလးမ်ားကို ေကာက္ေကာက္လာသျဖင့္ အိမ္တြင္ မၾကာခဏ အေမအဆူခံရသည္ကို သတိရကာ ႏိုင္းခ်င္း သက္ျပင္းရႈိက္ကာ ၿပဳံး၏။

"ဘာေတြ သေဘာက်ေနရတာလဲ"

ေရခ်ိဳးခန္းထဲက မ်က္ႏွာသုတ္တဘက္ႏွင့္ မ်က္ႏွာသုတ္ရင္း ထြက္လာသည့္ အားသစ္ကို ႏိုင္းခ်င္း ၿပဳံးျပ၏။

"ကြၽန္ေတာ္ မနက္စာမွာထားတယ္ အတူတူစားၾကမယ္ေလ"

အားသစ္၏ မ်က္ႏွာထက္တြင္ အံ့အားသင့္ေသာအရိပ္မ်ားျဖတ္ေျပးသြားသည္ကို သူ ျမင္လိုက္ ရသည္။

"ဘာလို႔လဲ တကယ္လို႔ အစ္ကိုတစ္ေယာက္တည္း စားခ်င္တယ္ဆိုရင္ ကြၽန္ေတာ့္အခန္းမွာပဲ ကြၽန္ေတာ္ ျပန္စားလိုက္မယ္ေလ ကိစၥမရွိပါဘူး"

အေဆာင္အေဆာက္အဦးအဝသို႔ မွာထားသည့္ နံနက္စာေရာက္သည့္ အေၾကာင္းဆက္သြယ္လာ သည့္ ဖုန္းလက္ခံရရွိလာသျဖင့္ ႏိုင္းခ်င္းသည္ သူ႔ကို ျပန္မေျဖဘဲ စိုက္ၾကည့္ေနသည့္ အားသစ္ကို ၿပဳံးျပကာ...

"ခဏေနာ္ ကြၽန္‌ေတာ္ အေဆာင္အေပါက္ကို ထြက္ယူလိုက္ဦးမယ္... ေက်ာင္းသားမဟုတ္ရင္ အေဆာင္အေဆာက္အဦးထဲကို သူတို႔က လူေပးမဝင္ဘူး"

အျပင္ေလာကႏွင့္အဆက္အသြယ္မရွိေသာ အားသစ္ကို ႏိုင္းခ်င္းရွင္းျပ၏။ ထို႔ေနာက္ နံနက္စာ သြားယူဖို႔ အတြက္လွည့္ထြက္ခ်ိန္တြင္ သူ႔လက္ေမာင္းကို အားသစ္သည္ လွမ္းဆြဲလာခဲ့သည္။

"ဟို..."

မ်က္ႏွာသုတ္ပုဝါကို ပခုံးတြင္တင္ထားၿပီး သူ႔လက္ေမာင္းကို ဆြဲထားသည့္ အားသစ္သည္ ေခါင္းငုံ႔ကာ သူတို႔ႏွစ္ဦးသာ ၾကားႏိုင္ေလာက္သည့္ အသံမ်ိဳးျဖင့္...

"ငါနဲ႔အတူ စားပါလား"

ခပ္တိုးတိုးအသံထဲတြင္ တိုးလွ်ိဳးေနျခင္းတို႔ပါဝင္ေနသေယာင္။ တစ္စုံတစ္ဦး၏ အသိအမွတ္ျပဳျခင္း ႏွင့္ တစ္စုံတစ္ဦး၏ အေဖာ္ျပဳေပးျခင္းတို႔ကို လိုအပ္ေနျခင္းတို႔ ေရာႁပြန္းေနသည့္ အသံတိုးတိုးေၾကာင့္ ႏိုင္းခ်င္း၏ မ်က္ႏွာသည္ ႏူးညံ့သြားေတာ့သည္။

"ဟုတ္... ကြၽန္ေတာ္ အရင္သြားယူလိုက္ဦးမယ္ေလေနာ္"

သူေပ်ာက္သြားသည္ႏွင့္ ငိုေတာ့မေယာင္ျဖစ္ေနသည္ဟု ထင္ရသည့္ အားသစ္၏ လက္ကိုအသာ ဆြဲျဖည္ၿပီး ႏိုင္းခ်င္း ညင္သာစြာေျပာ၏။ သူ႔အသံက ကေလးတစ္ေယာက္ကို ေခ်ာ့ျမဴေနသည့္အလား သိမ္ေမြ႕ လြန္းေနခဲ့သည္။ အခန္းထဲကႏိုင္းခ်င္းထြက္သြားၿပီးေနာက္ အားသစ္သည္ ေနရာတြင္သာရပ္ကာ ကိုယ့္လက္ကို ျပန္ၾကည့္ေနခဲ့သည္။

ဘာလို႔ ငါကအၿမဲတမ္း ေ႐ြးခ်ယ္ခံရတဲ့လူမျဖစ္လာရတာလဲ။ အေမတို႔ကေရာ... အခု... ဒီေကာင္ေလး ေရာ...။

မ်က္ရည္တို႔သည္ ပါးျပင္ထက္သို႔ လိမ့္ဆင္းလာရ၏။ လက္ခုံျဖင့္ ခပ္ၾကမ္းၾကမ္းပြတ္သပ္လိုက္ၿပီး ေနာက္ ေရခ်ိဳးခန္းထဲသို႔ ေနာက္တစ္ေခါက္ သူ ျပန္ဝင္သြားေတာ့သည္။ မွန္ထဲတြင္ ထင္ေနသည့္ သူ႔ပုံရိပ္ကို ၾကည့္ၿပီး အားသစ္ၿပဳံး၏။

အၿမဲတမ္း... မင္းက ကံေကာင္းလြန္းပါတယ္ အစ္ကို...။

စိတ္ထဲမွသာ သူ ေရ႐ြတ္လိုက္ေတာ့သည္။

ႏိုင္းခ်င္းျပန္လာသည့္အခ်ိန္တြင္ ထပ္ၿပီးမ်က္ႏွာသုတ္ပုဝါႏွင့္ မ်က္ႏွာသုတ္ေနေသာ အားသစ္ကို ျမင္လိုက္ရ၏။

"ေရခ်ိဳးထားတာလား"

"ေရခ်ိဳးတာအဲ့ေလာက္ျမန္မလား မ်က္ႏွာထပ္သစ္ထားတာ"

ရယ္ရယ္ေမာေမာတုံ႔ျပန္သည့္ အားသစ္ကို သူေခါင္းညိတ္ျပ၏။

ႏိုင္းခ်င္းသည္ ေရခဲေသတၱာအနီးရွိ စားပြဲကို ရွင္းၿပီး မနက္စာျပင္လိုက္၏။ ထို႔ေနာက္ စာၾကည့္စားပြဲက ခုံကိုဆြဲယူလာကာ...

"ထိုင္ေလ... ကြၽန္ေတာ္တို႔ မနက္စာစားရေအာင္..."

အားသစ္စားတတ္သည့္ နံနက္စာပုံစံကိုသာ ဝယ္ထားသည္မို႔ ႏိုင္းခ်င္းသည္ အားနာသည့္ မ်က္ႏွာျဖင့္ နံနက္စာစားဖို႔ ထိုင္လိုက္ေသာ အားသစ္ကို ၾကည့္သည္။

"ဟို... ကြၽန္ေတာ္... အစ္ကိုအားသစ္ စားတတ္တာေတြပဲ ဝယ္လိုက္တယ္... အဆင္ေျပရဲ႕လား"

အားသစ္သည္ ေခါင္းညိတ္ကာ...

"ရပါတယ္ ငါမစားတာ သိပ္မရွိပါဘူး"

ထို႔ေနာက္ သူ႔မ်က္လုံးမ်ားက Milk Tea ဘူးထံသို႔ေရာက္သြား၏။ Milk Tea မႀကိဳက္ဟု ေျပာခ်င္ ေသာ္လည္း အားသစ္ ၿငိမ္ေနလိုက္သည္။

တိတ္ဆိတ္စြာျဖင့္ သူတို႔ နံနက္စာစားၿပီးေနာက္တြင္ ႏိုင္းခ်င္းသည္ ဘူးမ်ားကိုေနရာတက် ေသခ်ာ အမႈိက္ပုံးထဲသို႔ ပစ္ေပးလိုက္သည္။

"အစ္ကို ဘာဆက္လုပ္မယ္စိတ္ကူးလဲ မနက္ျဖန္ဆိုရင္ ေက်ာင္းဖြင့္ၿပီဆိုေတာ့..."

"အာ တကယ္ေတာ့အဲ့ဒါမခက္ဘူး... ငါ့ကိုေဆးထိုးေပးရင္ရၿပီ... အေဖနဲ႔အေမက အဲ့လိုပဲ လုပ္ေနက်... ေဆးရွိန္က ဆယ့္ငါးရက္ခံတယ္... ဒါေၾကာင့္ လတစ္လရဲ႕ တတိယပတ္မွာမွ ငါထြက္လာႏိုင္တာ... တကယ္လို႔ အခုေဆးထိုးရင္ေတာ့ သူတို႔ရဲ႕ အခ်ိန္ဇယားကို အေျပာင္းအလဲ ျဖစ္သြားေစလိမ့္မယ္... အဲ့ဒီအခါက်ရင္ မင္းတို႔လြယ္မွာမဟုတ္ဘူး သူတို႔က ဒီဟာကို သိပ္သံသယမ်ားတယ္"

ႏိုင္းခ်င္းသည္ ဆက္မေျပာဘဲ အားသစ္ကိုသာ ၾကည့္ေနလိုက္သည္။

"ငါ့အိမ္ကိုပဲ ဖုန္းဆက္လိုက္ပါ ငါသတိလစ္သြားလို႔ဆိုၿပီး... မင္း ဖုန္းဆက္မယ္ဆိုေျပာေလ ငါႀကိဳ အိပ္ထားမလို႔"

ႏိုင္းခ်င္းသည္ တစ္ေလွ်ာက္လုံး ေပါ့ေပါ့ပါးပါး ေျပာေနသည့္ အားသစ္ကို ၾကည့္ကာ...

"ကြၽန္ေတာ္တို႔ အျပင္သြားၾကမလား"

အားသစ္သည္ မ်က္လုံးအဝိုင္းသားျဖင့္ သူ႔ကို ၾကည့္လာ၏။

ထိုသို႔ျဖင့္...

ဆိုင္ကယ္ေနာက္တြင္ထိုင္ကာ ေကာင္းကင္ကို အားသစ္ေမာ့ၾကည့္ေနခဲ့သည္။ အေဝးေျပးလမ္းမ ထက္တြင္ ႏိုင္းခ်င္းသည္ ဆိုင္ကယ္ကို အရွိန္ျဖင့္ေမာင္းေန၏။ ဆိုင္ကယ္စီးဦးထုပ္ခြၽတ္ထားသည္မို႔ သူ႔ကုတ္ေက်ာ္ဆံပင္တို႔က တလြင့္လြင့္။ ေကာင္းကင္ျပာကို ၾကည့္၍ရလိမ့္မည္ဟု သူ တစ္ခါေလးေတာင္ မေတြးဖူးခဲ့။

"ငါတို႔ ဘယ္သြားၾကမွာလဲ!"

ေလတိုးသံႏွင့္အတူ အားသစ္ေအာ္ေမးသည္။ ဆိုင္ကယ္ဦးထုပ္ႏွင့္ေကာင္ကေလးသည္ သူ႔ကိုျပန္မေျဖ။ အေရွ႕သို႔သာ ဦးတည္ေမာင္းေနခဲ့၏။ အေဝးေျပးလမ္းမကို ေက်ာ္လြန္ၿပီးေနာက္တြင္ေတာ့ ငါးဖမ္းေလွမ်ား ရွိသည့္ ကမ္းေျခအနီးသို႔ သူတို႔ ေရာက္လာခဲ့ၾကသည္။

ငါးဖမ္း႐ြာကို ေက်ာ္ျဖတ္ၿပီးေနာက္ ေသာင္ျပင္သာရွိၿပီးဘာဆိုင္တစ္ခုမွ မရွိသည့္ ကမ္းေျခတစ္ခုဆီသို႔ သူတို႔ ေရာက္လာၾက၏။ ဆိုင္ကယ္ကို ရပ္ကာ ႏိုင္းခ်င္းသည္ ဆိုင္ကယ္ေပၚက ဆင္းခ်င္ေနေသာ အားသစ္ကို ၾကည့္သည္။

"အစ္ကို သြားေဆာ့ခ်င္ရင္ ေဆာ့လို႔ရတယ္ေလ"

သူ႔စကားၾကားသည္ႏွင့္ အားသစ္သည္ ဆိုင္ကယ္ေပၚမွ ကမ္းေျခဘက္သို႔ ေျပးဆင္းသြား၏။ ဆိုင္ကယ္ေပၚတြင္ ထိုင္ၿပီး ေရစပ္အထိ ေျပးသြားေသာ အားသစ္ကို ႏိုင္းခ်င္း ၾကည့္ေနခဲ့သည္။

ဘယ္အားသစ္ပဲ ျဖစ္ျဖစ္... အစ္ကိုက အၿမဲတမ္း တစ္ဖက္သားကို ဦးစားေပးတတ္တဲ့သူ ျဖစ္ေနတုန္းပဲ။

ႏိုင္းခ်င္း စိတ္ထဲကေရ႐ြတ္သည္။ အျပင္ပန္းမာေၾကာၿပီး စိတ္ထားႏူးညံ့သည့္ အားသစ္ကိုသာ သူ ခ်စ္ေနေသာ္လည္း ေလွာင္ပိတ္ခံထားရၿပီးအသိအမွတ္ျပဳမခံရသည့္ အားသစ္ကိုေတာ့ သူ သနားသည္။

"ေဟး!!! မင္းေရာ မလာဘူးလား!!!"

ဆိုင္ကယ္ခုံတြင္ထိုင္ၿပီး ေရစပ္တြင္ေဆာ့ေနေသာ အားသစ္ကို ၾကည့္ေနခ်ိန္တြင္ အားသစ္သည္ သူ႔ကို လွမ္းေခၚလာ၏။ ေပါ့ပါးစြာၿပဳံးရယ္ေနေသာ္လည္း အားသစ္၏ မ်က္လုံးမ်ားထဲတြင္ အထီးက်န္နာက်င္ ေနျခင္းကို သူ ျမင္ခဲ့ရသည္။ ယခုေတာ့ အားသစ္၏ မ်က္လုံးမ်ားသည္ ေတာက္ပေန၏။ ႐ႊင္လန္းကာ အလင္းေပးတတ္သည့္ ေနမင္းအေသးေလးအလား ယခုအားသစ္၏ မ်က္လုံးမ်ားက ၾကည္လင္ေနေပသည္။

"ဒီကိုလာရတာကို ဒီေလာက္ပဲ ေပ်ာ္တာလား"

"အင္း! မင္းကို ေတြ႕ရတာ ငါ့အတြက္ တကယ္ကံေကာင္းတာပဲ"

ကမ္းစပ္တြင္ အတူလမ္းေလွ်ာက္ေနရင္းက အားသစ္ေျပာသည္။ လမ္းေလွ်ာက္လိုက္ခ႐ုခြံေတြ႕လွ်င္ ေကာက္လိုက္ႏွင့္ အားသစ္ကို ႏိုင္းခ်င္း ၾကည့္ကာ...

"အစ္ကိုတို႔က အႁမႊာေတြလား"

အားသစ္လက္ထဲရွိ ခ႐ုခြံမ်ား လြတ္က်သြားေတာ့၏။ သူ႔ကို တအံ့တဩၾကည့္လာသည့္ အားသစ္ကို ႏိုင္းခ်င္းၾကည့္ကာ...

"ကြၽန္ေတာ္ရွာၾကည့္တဲ့အခ်ိန္မွာ ေတြ႕ရတဲ့အေၾကာင္းအရာေတြရွိခဲ့တယ္"

ယခုအားသစ္သည္ သူခ်စ္ေသာအားသစ္လို ဘာတစ္ခုမွ်မသိသည့္ ေကာင္ကေလးမဟုတ္ဆိုသည္ကို ႏိုင္းခ်င္းသိသည္။

"အာ... မင္း ရွာေတြ႕တာလား အဲ့ဒီစမ္းသပ္မႈကို"

"ကြၽန္ေတာ့္သူငယ္ခ်င္းအေဖက အဲ့ဒီစမ္းသပ္မႈမွာ ပါဝင္ခဲ့တာ"

"ဪ..."

အားသစ္သည္ လြတ္က်သြားသည့္ ခ႐ုခြံမ်ားကို ျပန္ေကာက္၏။

"တကယ္ေတာ့ ကမာၻႀကီးက က်ဥ္းက်ဥ္းေလးပဲ"

သူ ခပ္တိုးတိုးေရ႐ြတ္သည္။

"ငါက အရင္ဖြံ႕ၿဖိဳးတဲ့ သေႏၶသားျဖစ္တယ္... ဉာဏ္ရည္နဲ႔သိစိတ္ အေစာပိုင္းဖြံ႕ၿဖိဳးေပမဲ့ ငါ့ရဲ႕ ခႏၶာကိုယ္က စြမ္းအားရွင္အျဖစ္ ရွင္သန္လို႔ရတဲ့ ခႏၶာကိုယ္မဟုတ္ဘူး ဒါေၾကာင့္ ငါ့ရဲ႕အစ္ကိုဆီကို သူတို႔က စြမ္းအား လႊဲေျပာင္းေပးလိုက္ၾကတယ္... တကယ္လို႔ အဲ့ဒီအတိုင္းဆိုရင္... ငါက သာမန္ကေလးတစ္ေယာက္ အေနနဲ႔ ေမြးလာၿပီးေတာ့ ေပ်ာ္စရာမိသားစုေလး ျဖစ္ရမွာေပါ့..."

အားသစ္၏ မ်က္လုံးမ်ားတြင္ နာက်င္ေနမႈမ်ားျဖင့္...

"ဒါေပမဲ့ ေမေမက ငါတို႔ႏွစ္ေယာက္လုံးကို ကိုယ္ဝန္မေဆာင္ႏိုင္ေတာ့ဘူး... ဒါေၾကာင့္..."

အားသစ္သည္ ဆက္၍မေျပာေတာ့။ အေဝးကိုသာ လွမ္းေငးၾကည့္ေနခဲ့သည္။ သူတို႔ႏွစ္ဦးၾကား ထဲတြင္ လႈိင္းပုတ္သံသာ ရွိေနခဲ့၏။

"ငါတို႔ျပန္ရေအာင္ေလ..."

သူ႔ကို လွည့္ၾကည့္ေျပာသည့္ အားသစ္ကို ႏိုင္းခ်င္းၾကည့္၏။

"လက္ျဖန႔္"

လက္တစ္ဖက္ျဖန႔္ေပးလိုက္သည္ကို ေနာက္တစ္ဖက္ျဖန႔္ေပးဖို႔အတြက္ အားသစ္ ထပ္ေျပာရ၏။

"ႏွစ္ဖက္လုံး"

လက္ႏွစ္ဖက္လုံး သူ ျဖန႔္ေပးလိုက္ေတာ့လက္ထဲ ေရာက္လာသည့္ လက္ခုတ္အျပည့္ ခ႐ုခြံေလးမ်ား။ ႏိုင္းခ်င္း ၾကည့္ေနခ်ိန္တြင္ အားသစ္သည္ သူ႔ႏႈတ္ခမ္းကို ျဖတ္ခနဲ နမ္းကာ...

"ဒါကို ငါ့အတြက္ သိမ္းထားေပးပါလား... ႏွစ္ခါတည္းပဲ ေတြ႕ဖူးေပမဲ့ မင္းက တကယ္ လူေကာင္းေလးတစ္ေယာက္ပါ... ငါ့ကို ကူညီတဲ့အတြက္ ေက်းဇူးတင္ပါတယ္..."

ေျပာၿပီးသည္ႏွင့္ဆိုင္ကယ္ဆီလွည့္ထြက္သြားသည့္ အားသစ္ကို ၾကည့္ၿပီးႏိုင္းခ်င္း က်န္ခဲ့သည္။ သူ႔ႏႈတ္ခမ္းထက္တြင္ အနမ္း၏ အေငြ႕အသက္က်န္ေနေသးေသာ္လည္း ရင္မခုန္ေနခဲ့။ လက္ခုတ္ထဲရွိ ခ႐ုခြံ မ်ားကိုသာ ႏိုင္းခ်င္း ၾကည့္ေနလိုက္သည္။

သူကလည္း အားသစ္ျဖစ္တာဆိုေပမဲ့ ငါ့ႏွလုံးသားက ငါ့ရဲ႕အစ္ကိုအားသစ္ဆီမွာပဲ။

ႏိုင္းခ်င္း တိတ္တဆိတ္ေတြး၏။

"ေဟး ျပန္ရေအာင္ေလ... ေမွာင္ေတာ့မယ္"

ဆိုင္ကယ္အနားက အားသစ္ေအာ္သံေၾကာင့္ သူ႔ကိုေရွာင္တိမ္းေနေသာ အားသစ္အေၾကာင္း ေတြးေနရာက ႏိုင္းခ်င္းလွမ္းၾကည့္သည္။ သူ႔ကိုၿပဳံး၍ လက္ျပေနသည့္ အားသစ္ကို ႏိုင္းခ်င္း ၾကည့္၏။

ေတာင္းပန္ပါတယ္... ကြၽန္ေတာ္လည္းအစ္ကို႔ကိုမေ႐ြးႏိုင္ခဲ့ဘူး။ ဒါေၾကာင့္ အစ္ကို႔ရဲ႕ခံစားခ်က္ကို ကြၽန္ေတာ္ လ်စ္လ်ဴရႈရလိမ့္မယ္။

စိတ္ထဲတြင္ေတာင္းပန္ၿပီးေနာက္ ခ႐ုခြံမ်ားကို သူ႔ေဘာင္းဘီအိတ္ကပ္ထဲသို႔ ထည့္လိုက္၏။ ျပဳတ္က် သြားသည့္ ခ႐ုခြံမ်ားကို ႏိုင္းခ်င္း ျပန္မေကာက္ျဖစ္။ ဆိုင္ကယ္ကို မွီရပ္ေနရင္း အားသစ္သည္ က်သြားသည့္ ခ႐ုခြံအခ်ိဳ႕ကို ၾကည့္ေနလိုက္သည္။ ျပန္မေကာက္ဘဲ ႏိုင္းခ်င္းဖိနပ္ေအာက္ေရာက္ခဲ့သည့္ ခ႐ုခြံမ်ားက ေခ်မြခံေနရသည့္ သူ႔ႏွလုံးသားပမာ။

ဒီလိုပါပဲ... သူက ထပ္ၿပီး ျငင္းပယ္ခံလိုက္ရျပန္ၿပီ။ အေဖနဲ႔အေမက သူ႔ကို မေ႐ြးခ်ယ္ခဲ့သလို... ဒီေကာင္ေလးကလည္း စာနာသနား႐ုံကလြဲၿပီး သူ႔အေပၚ ဘာခံစားခ်က္မွ မရွိေနဘူး။ ရွိလာမွာလည္း မဟုတ္ဘူး။

အားသစ္ စိတ္ပ်က္အားေလ်ာ့စြာေတြးေနခဲ့၏။

Continue Reading

You'll Also Like

1.7M 17.5K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...
9.6M 654K 82
[ BOOK 1 OF AZITERA: YTHER'S QUEEN ] Consumed by avarice, the four human kingdoms-the Infernal Empire, the Kingdom of Caelum, the Kingdom of Treterra...
335K 28.3K 35
[THIS IS AN OLD DRAFT. Please read the rewrite that is currently up on my profile] ............ "Look, man, I'm sorry, okay? I didn't mean to rob the...
18.6M 493K 41
After being involved with a cold-hearted mafia boss, Robyn Lehman decides its time to run. Little did she know, she was carrying the future heir to h...