{Zawgyi}
တိတ္ဆိတ္ေနတဲ့ ေျမေအာက္ခန္းထဲမွာ ခ်ဳပ္ေနွာင္ခံထားရတဲ့ လူတစ္ေယာက္က အမ်ားအျမင္တြင္ေတာ့ ေလာကႀကီးကိုအရႈံးေပးထားသည့္ပုံေပၚသည္။
အေစာင့္လဲခ်ိန္တန္ၿပီမို႔ ေနာက္အေစာင့္တစ္ေယာက္နဲ႔လဲသည္တြင္ မူမမွန္တာတစ္စုံတစ္ရာျဖစ္ေပၚခဲ့သည္။
"လက္စားေခ်ခ်င္လား...."
"...."
ျပန္မေျဖနိုင္ေလာက္ေအာင္ အားအင္ခ်ည့္နဲ႔ေနသည့္ အနွီလူသားဟာ မ်က္လုံးမွတဆင့္ အေျဖကိုေပးသည္။
အမုန္းတရားေတြနဲ႔ျပည့္လ်ွံေနတဲ့ မ်က္ဝန္းေတြက ေသခါနီးျဖစ္ေနပါေစ က်ိန္းေသလက္စားေခ်မည္ဆိုသည့္ အေျဖကိုေဖာ္က်ဴးေနေလသည္။
"ရန္သူတူရင္ မဟာမိတ္ဘဲေလ ငါနဲ႔အတူပူးေပါင္းခ်င္လား မင္းကိုယ္တိုင္ မင္းလက္နဲ႔ မင္းလက္စားေခ်ခ်င္တဲ့သူကို သတ္နိုင္ေအာင္ငါဖန္တီးေပးနိုင္တယ္...."
ျပန္ေၿဖသံမၾကားရေသာ္ျငား ကမ္းလွမ္းခ်က္ကိုလက္ခံလိုက္ေၾကာင္း သိလိုက္ရသည္။
ထို႔ေနာက္တြင္ေတာ့ လူနွစ္ေယာက္ရဲ႕မ်က္နွာထက္တြင္ ပီပီျပင္ျပင္ေပၚလာေသာ အျပဳံးမမည္ေသာအျပဳံးက
တူညီေသာ လူတစ္ေယာက္ရဲ႕ဘဝကို ဖ်က္ဆီးပစ္ဖို႔ အသင့္ျဖစ္ေနပုံပင္။
မၾကာေတာ့ပါဘူး ငါလိုခ်င္တာကိုရေတာ့မွာပါ..
__________________________________
"Daddy ~~ တစ္ခုခုမ်ားေမ့ေနလားလို႔..."
Mineရဲ႕အေျပာေၾကာင့္ Cell Remက ခဏေလာက္စဥ္းစားၿပီးေနာက္ ေခါင္းခါကာ လက္ထဲကစာအုပ္ကို ေနာက္တစ္႐ြက္လွန္ကာဖတ္ျပန္သည္။
Jadeရဲ႕ ကိစၥေၾကာင့္ Mineတို႔Magusျပန္ဖို႔ကိစၥကိုခဏေနာက္ကိုေ႐ႊ႕ထားရသည္။
ေဆးရုံကေနအိမ္ျပန္ေရာက္သည့္တိုင္ Mineအနားမကပ္ဘဲ စာအုပ္ေတြခ်ည္းထိုင္ဖတ္ေနတဲ့ Daddyေၾကာင့္ Mineစိတ္မရွည္ေတာ့ေခ်။
"ေဆးရုံမွာ Thoris Samနဲ႔စကားေျပာခ ကြၽန္ေတာ့္ကိုမေပးရေသးဘူးေလ.."
ေျပာလည္းေျပာ ကုတင္ေပၚကCell Remနား တိုးကပ္သြားတဲ့Mineဟာ ေခြးေပါက္တစ္ေကာင္အလား Cell Remရဲ႕ ရင္ခြင္ထဲဝင္ကာ စာဖတ္မရေအာင္ေနွာင့္ယွက္ေနေလသည္။
သူ႔အားလိုက္ေနွာင့္ယွက္ေနသည့္Mineကို Cell Remကအေနွာင့္အယွက္လိုမျမင္ပါပဲ ေခါင္းမွဆံသားေတြကိုလက္ျဖင့္ထိုးဖြလ်က္သာ နွာေခါင္းနွစ္ကာ ခပ္ဖြဖြနမ္းသည္။
"Daddy~~ ကြၽန္ေတာ့္ကိုေမးစရာမရွိဘူးလား..."
Mineရဲ႕စကားေၾကာင့္ စာ႐ြက္လွန္ဖို႔ျပင္ေနတဲ့ Cell Remရဲ႕လက္တို႔ခဏတုံ႔ဆိုင္းသြားၿပီးေနာက္ စာအုပ္ကိုေဘးသို႔လုံးလုံးပစ္ခ်ကာ Mineအားတင္းၾကပ္စြာဖက္တြယ္လိုက္သည္။
"Daddyအတြက္ Mineရွိေနရုံနဲ႔လုံေလာက္ၿပီ...Daddyအတြက္Mineကအေရးႀကီးဆုံးပဲမို႔...."
Cell Remရဲ႕စကားအဆုံး ဆြဲခ်ခံလိုက္တဲ့Cell Remက ေမြ႕ယာနွင့္ေက်ာကပ္ကာ Mineရဲ႕လက္ေမာင္းၾကားထဲေပြ႕ဖက္ျခင္းကိုခံလိုက္ေလသည္။
"ခ်စ္တယ္....ကြၽန္ေတာ္ Daddyကို အရမ္းခ်စ္တယ္...Daddyရဲ႕ဘဝတစ္ခုလုံး ကြၽန္ေတာ့္အနားမွာပဲကုန္ဆုံးေပးပါ....ကြၽန္ေတာ္နဲ႔လက္ထပ္ပါDaddy...."
ရုတ္တရက္ဆန္လြန္းလွတဲ့ လက္ထပ္ခြင့္ေတာင္းခံရျခင္းေၾကာင့္ Cell Remရဲ႕မ်က္လုံးမ်ားသည္ အတန္ငယ္ျပဴးက်ယ္လာရသည္။
ထို႔ေနာက္တြင္ေတာ့ Cell Remရဲ႕သေဘာတက်ရယ္ေမာသံက အခန္းထဲျပန္႔လြင့္လာေလသည္။
"မင္းကေတာ့ေလ..."
Cell Remရယ္ေနရုံသာတတ္နိုင္ေတာ့သည္။
သူ႔ရဲ႕Mineက ဘယ္အခ်ိန္မဆို သူ႔အားအံ့အားသင့္ေအာင္စြမ္းေဆာင္နိုင္ပါေပသည္။
"အင္း....လက္ထပ္ၾကမယ္...Magusက မင္းရဲ႕မိဘေတြဆီမွာမင္းကိုလာေတာင္းမယ္..."
ဒီတစ္ခါေတာ့ တစ္ဖန္ျပန္အံ့့ၾသရသူမွာMineပင္။
"အဟား....Daddyဗ်ာ...ကြၽန္ေတာ့္ကိုဘာနဲ႔လာေတာင္းမွာလဲဒါဆို.."
"ကိုယ့္ဘဝတစ္ခုလုံးပုံေပးၿပီး တင္ေတာင္းမွာ...ဒီေလာက္အဖိုးအခႀကီးတာေတာင္ မလုံေလာက္ေသးဘူးလား..."
"လုံေလာက္ၿပီ...အမ်ားႀကီးကိုလုံေလာက္ေနၿပီ...."
ထို႔ေနာက္တြင္ေတာ့ တိုင္ပင္ျခင္းမရွိပါပဲ ထပ္တူက်သြားတဲ့ နႈတ္ခမ္းသားနွစ္လႊာက စည္းခ်က္မွန္မွန္ျဖင့္ လိုရာခရီးကိုဆက္သည္။
တစ္ခါတစ္ရံမွာေတာ့ ေမးခြန္းအခြန္း၁၀၀အစား အျပဳအမူေလးတစ္ခုနဲ႔တင္ ခ်စ္ရသူအားယုံၾကည္မိပါသည္။
မေမးပဲသိေနတဲ့ ေမးခြန္းအခ်ိဳ႕အတြက္ေတာ့ ဘာလို႔မ်ား ျဖစ္ၿပီးသမ်ွအတိတ္ကို ျပန္လည္တူးဆြဖို႔လိုအပ္ေနမွာတုန္း...။
မိမိေရွ႕မွာရွိေနတဲ့လူသားက မိမိအတြက္ အေရးႀကီးဆုံးေပပဲမို႔..... က်န္တဲ့အရာေတြမလိုအပ္ေတာ့ၿပီမို႔...။
ဒီလူသားတစ္ေယာက္တည္းသာ မိမိအနားမွာထာဝရရွိရင္လုံေလာက္ပါၿပီ...။
____________________________________
<<<five months passed away>>>
"Daddy~~ ေနာက္က်ေတာ့မယ္ေလ ဘယ္အခ်ိန္ထိအိပ္ဦးမလို႔လဲ...."
အိပ္ရာေပၚက အခုခ်ိန္ထိမထေသးတဲ့ Cell Remကိုနွိုးဖို႔Mineအေတာ္ေလးကိုႀကိဳးစားယူရပါသည္။
နွစ္ၿခိဳက္စြာအိပ္ေနတာကိုမေနွာင့္ယွက္ခ်င္ေပမဲ့လည္း ဒီအခ်ိန္မွမထရင္ Partyကိုမွီေတာ့မည္မဟုတ္ေခ်။
Partyမွာ သတို႔သားနွစ္ေယာက္မရွိရင္မျဖစ္တာမို႔ Daddyပင္ပန္းေနတာသိလင့္ကစား နိွိုးရသည္။
အဲ့လိုမွန္းသိ လက္မွတ္ထိုးၿပီးပဲ အက်ဥ္းခ်ဳံးလိုက္ပါတယ္ အခုေတာ့သူ႔Daddyပင္ပန္းရၿပီ။
"အင္းးးMine~~"
ေနာက္ဆုံးေတာ့ အသံပိစိေလးထြက္လာပါၿပီ....
အိပ္ခ်င္မူးတူပုံစံျဖင့္ အက္ရွရွအသံက Cell Rem ဘယ္ေလာက္အိပ္ခ်င္ေနေၾကာင္း သက္ေသေတြပင္။
"ထေတာ့ေနာ္...ကြၽန္ေတာ္ အကုန္အသင့္ျပင္ထားေပးၿပီးၿပီ...အကယ္၍Daddy ေစာေစာနားခ်င္တယ္ဆိုရင္ partyမွာ မ်က္နွာေလးပဲျပၿပီး ခ်က္ခ်င္းနားလို႔ရတယ္ေနာ္.. မနက္ကေလးတင္ မဂၤလာပြဲလုပ္ထားတာ Daddyအမ်ားႀကီးပင္ပန္းေနမွာ.."
"ဒီလိုလည္းမဟုတ္ေသးဘူးေလ Daddyတို႔ Partyကိုလက္လြတ္စပယ္ လုပ္စရာလားMineရဲ႕...ဒီpartyကိုMineဘယ္ေလာက္ အပင္ပန္းခံထားလည္းDaddyအသိဆုံးေလ...ကဲပါ အမ်ားႀကီး မေတြးနဲ႔ေတာ့ ေအာက္ထပ္မွာDaddyကိုေစာင့္ရင္း ဧည့္သည္ေတြကိုႀကိဳဧည့္ခံထားေပးေနာ္ Daddyခဏေနဆင္းလာခဲ့မယ္..."
Cell Remရဲ႕စကားကိုသိပ္လက္မခံခ်င္သည့္ Mineကို မ်က္နွာအနွံ႔ အနမ္းေႁခြျခင္းျဖင့္ နွစ္သိမ့္ၿပီးေနာက္ အဆုံးသတ္အေနျဖင့္နႈတ္ခမ္းထက္ခပ္ၾကာၾကာ နမ္းကာ သူ႔နားကမခြာခ်င္သည့္ ကေလးဆိုးႀကီးMineကို ေအာက္ထပ္သို႔အျမန္လႊတ္ရသည္။
"မင္းေယာက္်ားေရာ..."
ဆူပုတ္ပုတ္ျဖင့္ ဆင္းလာသည့္Mineကို အေဖျဖစ္သူJohnက ဆီးႀကိဳကာစေနာက္ေလေတာ့ Mineဆီက မ်က္ေစာင္းကိုရလိုက္ေလသည္။
"ေရခ်ိဳးေနတယ္ ခဏေနျပင္ဆင္ၿပီးရင္ဆင္းလာခဲ့မယ္တဲ့..."
အခ်ိန္အနည္းငယ္ေစာေသးသည္မို႔ ဖိတ္ထားသည့္ဧည့္သည္မ်ားကမေရာက္ၾကေသးေပ။
ကိုယ့္လူမ်ားသာရွိသည္မို႔ Mineမ်က္နွာအမူအရာကိုဟန္ေဆာင္ပန္ေဆာင္ပင္မထိန္းဘဲ ဧည့္ခန္းက sofaေပၚထိုင္ခ်လိုက္ေလသည္။
"ေဟ့ေကာင္ ဘာျဖစ္ေနတာလဲ မႈန္ကုတ္ကုတ္နဲ႔..."
"Dadမသိပါဘူးဗ်ာ....ကြၽန္ေတာ့္Daddyကအရမ္းပင္ပန္းေနတာဗ် ဒီpartyကိုဖ်က္လိုက္ရင္ေကာင္းမယ္နဲ႔တူတယ္.."
Mineရဲ႕စကားၾကားေတာ့ Johnကသိသိသာသာနႈတ္ခမ္းမဲ့သည္။
သူ႔လင္ မ်က္နွာေတာ့တစ္ခ်က္အညႇိဳးမခံဘူး...
ေကာင္းလိုက္တာ..ေမြးရက်ိဳးနပ္လိုက္တာ...
Johnေျပာလည္း နိုင္မွာမဟုတ္သည့္အတြက္ မဂၤလာေဆာင္ေန႔မွာအပူမိေနသည့္ သားျဖစ္သူကို လ်စ္လ်ဴရႈကာ ခ်စ္ဇနီးေလးJulieအနားသာ ကပ္ေနေလေတာ့သည္။
Mineဆိုတာက သူ႔ေယာက္်ားစကားတစ္ခြန္းကိုသာ ေသေသခ်ာခ်ာနားေထာင္သည္မို႔ မိဘျဖစ္သူေျပာရင္ေတာင္နားထဲဝင္ခ်င္မွဝင္ေပလိမ့္မည္။
[Host.....ဘာျဖစ္လို႔လဲ ]
'မသိဘူး ငါ့စိတ္ထဲDaddyကိုစိတ္ပူေနတယ္...'
မနက္ပိုင္း မဂၤလာပြဲထဲက ေလးလံေနသည့္Mineရဲ႕စိတ္တို႔သည္ Daddyပင္ပန္းေနတယ္ဆိုတဲ့အသိေၾကာင့္ ပိုလို႔ပင္ေလးလံလာခဲ့သည္။
'Ki မင္းpartyမွာ နည္းနည္းေစာင့္ၾကည့္ေပးထားကြာ တစ္ခုခုမသကၤာစရာေတြ႕ရင္ ငါ့ကိုလာေျပာ..'
အျပစ္ေပးခံရသည့္ ကမၻာမို႔ systemရဲ႕အကူအညီ အမ်ားႀကီးမရနိုင္ေသာ္ျငားလည္း လိုရမယ္ရ ျပင္ဆင္ထားရမည္...။
အခ်ိန္က်လာသည္နွင့္အညီ တဖြဲဖြဲေရာက္လာတဲ့ ဧည့္သည္ေတြေၾကာင့္ Mine ဝိုင္တစ္ခြက္ကိုင္ကာသာ လိုက္ဧည့္ခံရေတာ့သည္။
Partyစၿပီး ခဏအၾကာတြင္ေတာ့ အေပၚထပ္က ဆင္းလာသည့္ Cell Remသည္ Mineနွင့္ဆင္တူ အနက္နွင့္ ေ႐ႊေရာင္ေရာစပ္ေသာ အေနာက္တိုင္းsuitကို ဝတ္ဆင္ထားေလသည္။
Mineနွင့္ Cell Remတို႔၏ဘယ္ဖက္လက္သန္းႂကြယ္မွcrownပုံစံလက္ထပ္လက္စြပ္တို႔သည္ လူအမ်ား၏ အာရုံကိုဖမ္းစားနိုင္ဖို႔လုံေလာက္သည္။
"Daddy~~အဆင္ေျပရဲ႕လား.."
Cell Remေရာက္လာသည္နွင့္ ဧည့္သည္ေတြကိုထားခဲ့ကာ အနားကိုေလအလ်င္လိုေရာက္လာသည့္ MineကCell Remအတြက္အမွန္တကယ္ကိုစိတ္ပူေနဟန္ေပၚသည္။
"အင္းေျပပါတယ္....Mineေရာ ပင္ပန္းေနၿပီလား တစ္ေယာက္ထဲ ဧည့္ခံေနရတာ..."
Cell Remက Mineရဲ႕ နားထင္နားက အနည္းငယ္ထြက္ေနေသာေခြၽးကို လက္ကိုင္ပုဝါျဖင့္သုတ္ေပးကာ ဆိုလာသည္။
"Rem...."
Cell Remအားေခၚသည့္အသံသည္ Mine၏ေနာက္ေက်ာဖက္နားမွ ထြက္လာကာ ေခၚသူသည္ သူတို႔၂ေယာက္ထံတျဖည္းျဖည္း ေလ်ွာက္လို႔လာေနသည္။
"ေၾသာ္ ဘယ္သူမ်ားလဲလို႔....Mas G.Pရဲ႕ ဥကၠ႒သစ္ Thoris Samပါလား....ကြၽန္ေတာ္ကခင္ဗ်ား မလာေလာက္ဘူးထင္တာ..."
Cell Remျပန္မေျဖခင္မွာတင္ ၾကားဝင္ၿပီးေျပာလိုက္သည့္Mineက အခုခ်ိန္ထိ Thorisကိုအျမင္မၾကည္ေသးပါေခ်။
"Congratulationပါ Mr.Adam...."
Thorisကေတာ့ ေလးစားသမႈျဖင့္ တည္တည္ၿငိမ္ၿငိမ္သာ ဂုဏ္ျပဳစကားဆိုသည္။
Cell Remကေတာ့ အစအဆုံးဘာမွဝင္မေျပာဘဲ ပြဲၾကည့္ပရိတ္သတ္သာ လုပ္ဖို႔ဆုံးျဖတ္ထားဟန္တူသည္။
"ကြၽန္ေတာ္လည္း အစကမလာဘူးေတြးထားေပမဲ့ Remကိုေတြ႕ခ်င္တာနဲ႔...ၿပီးေတာ့..."
Thoris၏ Remအားေတြ႕ခ်င္သည္ဆိုသည့္စကားေၾကာင့္ ေဒါသထြက္သြားသည့္ Mineကို ေဘးက Cell Remကေခါင္းခါျပကာသာ ထိန္းရသည္။
သူမထိန္းလ်ွင္ ဒီေနရာမွာက်ိန္းေသေပါက္ Thorisကို Mineကထထိုးလိမ့္မည္။
ဉာဏ္ေကာင္းသေလာက္ သူနွင့္ပက္သက္လာလ်ွင္ စိတ္ခံစားခ်က္တို႔ျပင္းထန္လာသည့္ MineကိုCell Rem အျပစ္မဆိုရက္ပါေလ...။
"အဟမ္း...ၿပီးေတာ့.....အဟမ္း...အဟမ္း..."
Thoris အမူအရာကသိပ္မူမမွန္ေပ ေခ်ာင္းကိုခဏခဏဟန္႔ကာ အေနာက္ကိုလွည့္ၾကည့္ၿပီး တစ္စုံတစ္ေယာက္ကိုလွမ္းေခၚေနဟန္ေပၚသည္။
ခဏအၾကာတြင္ သူတို႔နား ကုတ္ကုတ္ကေလးေရာက္လာသည့္ ဆံပင္နီေကာက္ေကာက္ျဖင့္ Mineရဲ႕ ေမြးစားညီငယ္တစ္ျဖစ္လဲ လက္ေထာက္ Jade...
Jadeက ၿပီးခဲ့တဲ့နွစ္လကမွ ေဆးရုံဆင္းလာလို႔ စိတ္ေျပလက္ေပ်ာက္ အလုပ္မလုပ္ေသးဘဲေလ်ွာက္လည္ဖို႔ခြင့္ေတာင္းထားသည္မလား...။
မဂၤလာပြဲကိုေတာင္ ခရီးလြန္ေနတယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ မလာနိုင္ဘူးလို႔လွမ္းေျပာထားတာေလ....
အခုဘယ္လိုလုပ္..?
"Con...Congratulationပါ Boss..အယ္..အစ္ကိုႀကီး...ဟဲဟဲ.."
"မင္းက ဘယ္လိုလုပ္ ဒီေရာက္ေနတာလဲ ၿပီးေတာ့ သူနဲ႔ဘယ္လိုလုပ္.."
Mineအေျခအေနကိုသိပ္နားမလည္ေသာေၾကာင့္ ေမးလိုက္ျခင္းပင္။
"Mr.Adamရဲ႕ ညီတစ္ျဖစ္လဲ လက္ေထာက္က ေတာ္ေတာ္ေလး အားေနတယ္လို႔ ကြၽန္ေတာ္ျမင္တယ္..၂လလုံးလုံး ကြၽန္ေတာ့္ကိုလိုက္ေနွာင့္ယွက္ေနပုံေထာက္ရင္...အခုဒီကိုလာရတဲ့ေနာက္အေၾကာင္းရင္းက Mr.Adamရဲ႕ညီကို ျပန္လာအပ္တာပါ...သူ႔ကိုေကာင္းေကာင္း ထိန္းသိမ္းထားမယ္လို႔ေမ်ွာ္လင့္ပါတယ္..."
Thorisကျပဳံးျပဳံးေလးနွင့္ေျပာေနေသာ္ျငား Mineကို စိတ္စနိုးစေနွာင့္ျဖစ္ေစသည္။
ဒါေၾကာင့္တရားခံျဖစ္သူ Jadeအား အၾကည့္စူးစူးတစ္ခ်က္ၾကည့္လိုက္ေတာ့ သေကာင့္သားက ဇက္ကေလးပုသြားရုံကလြဲလို႔ ေၾကာက္လန္႔ေနဟန္မျပေပ။
"ဒါဆို ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး....Rem...မင္းကိုအဖိုးေမးေနတယ္ ေနာက္ဆုံးတစ္ခါျဖစ္ျဖစ္ေတာ့ သူ႔ကိုလာေတြ႕ဖို႔ ကိုယ္ေတာင္းဆိုပါတယ္.."
"အင္း..ငါစဥ္းစားလိုက္မယ္.."
Thoris လာရင္းကိစၥအကုန္လုပ္ၿပီးၿပီမို႔ ျပန္ရန္ ျပင္လိုက္ေသာ္ျငား သူ႔အက်ႌစကိုဆြဲထားသည့္ Jadeေၾကာင့္ Thorisမွာထြက္သြားလို႔မရေသးေခ်။
"မင္းကိုယ့္ကိုေနွာင့္ယွက္တာမ်ားေနၿပီ ေကာင္ေလး ေနာက္တစ္ခါဆို ကိုယ္ဘယ္သူ႔မ်က္နွာမွေထာက္ေနေတာ့မွာမဟုတ္ဘူး...လႊတ္ေတာ့..."
Mineတို႔အေရွ႕မို႔ အျပဳအမူထိန္းေနရေသာ္ျငား Thorisရဲ႕ေလသံမွာ စိတ္မရွည္ေတာ့ေၾကာင္း အထင္းသားေပၚလြင္ေနသည္။
"Thoris Sam!! ကြၽန္ေတာ္ ခင္ဗ်ားကို သေဘာက်...မဟုတ္ဘူး မဟုတ္ဘူး...သေဘာက်တာမဟုတ္ဘူး...ခ်စ္တာ...အင္း..ဟုတ္တယ္...Thoris Sam!!ကြၽန္ေတာ္ ခင္ဗ်ားကို ခ်စ္တယ္..!!"
Thorisရဲ႕အက်ႌစကိုမလႊတ္ေပးပါဘဲ မ်က္နွာေစ့ေစ့ၾကည့္ကာ ေအာ္ေျပာလာသည့္ ေကာင္ေလး၏ အသံမွာ အနီးအနားမွလူေတြအကုန္ၾကားရဖို႔ က်ယ္လြန္းေနသည္။
တခဏအတြင္း တိတ္ဆိတ္သြားတဲ့ပတ္ဝန္းက်င္ေလထုကို မည္သူကမွစၿပီး ၿဖိဳခြဲဖို႔စိတ္ကူးမရွိပါေလ။
ေနာက္ဆုံးေတာ့ အရင္ဆုံးအသိဝင္လာသည့္ Mineက ေျပာဖို႔ျပင္သည္တြင္ Jade၏စကားျဖတ္ေျပာျခင္းကိုခံလိုက္ရသည္။
"အစ္ကိုႀကီး...Thoris Samကို လိုက္ေတာင္းေပးပါ..."
"ဘာ !" "ဘာ !!"
တၿပိဳင္ထဲထြက္လာသည့္ အာေမဋိတ္အသံသည္ Mineနွင့္ Thorisဆီမွျဖစ္သည္။
"Adam...မင္းညီကို မင္းဆုံးမသင့္တယ္...ဘယ္ကေန ဒီလိုမသင့္ေလ်ွာ္တာေတြကိုသင္လာမွန္းမသိဘူး..."
နား႐ြက္ဖ်ားေတြအထိပါ ရဲေနသည့္ Thorisက စိတ္ၿငိ္မ္ေအာင္လုပ္ကာ Jadeအား ထုံးစံအတိုင္းဆုံးမရန္ျပင္ေလေတာ့ နဂိုနဲ႔ျခားနားသည့္မ်က္ဝန္းတို႔နွင့္အၾကည့္ခ်င္းဆုံသည္။
"ဘယ္သူ႔ကိုမွ ရွက္ရမ္းရမ္းၿပီး ဆုံးမမေနပါနဲ႔....ကိုယ့္ကိုကိုယ္သာ အရင္ဆုံးမလိုက္ပါဦး...ဘာလို႔အခုမွသိတဲ့ကိစၥလို ကြၽန္ေတာ့္အစ္ကိုကို တိုင္ေနရတာလဲ.....ကြၽန္ေတာ္ခင္ဗ်ားကိုႀကိဳက္ေနတာ MasG.Pတစ္ခုလုံးသိတယ္ ခင္ဗ်ားသာ မသိခ်င္ေယာင္ေဆာင္ၿပီး အႀကိမ္တိုင္းကြၽန္ေတာ့္ကို ကေလးလိုဆုံးမေနတာ..ဒီမွာ Mr.Thoris Sam...ကြၽန္ေတာ္က ကေလးမဟုတ္ဘူး...လိုခ်င္တာကိုရေအာင္ယူတတ္တယ္...ခင္ဗ်ားကိုလည္းရေအာင္ယူမွာ..."
သူ႔ရင္ဘတ္အား လက္ညႇိဳးေငါက္ေငါက္ထိုးကာ မ်က္လုံးကိုစိုက္ႀကည့္ၿပီးေျပာလာတဲ့ ထိုေကာင္ေလးJade၏စကားလုံးတို႔ကို ေခ်ပဖို႔ရာ Thoris စကားလုံးေတြအခ်ိန္မွီစီလို႔မရခဲ့ေပ...။
"ေနဦး..ေနဦး...ဒီမွာ Jade မင္းရဲ႕ကိစၥကိုေနာက္မွကိုယ့္ဖာသာကိုယ္ရွင္း "
Mineၾကားျဖတ္ကာေျပာလိုက္ေတာ့မွ နွစ္ေယာက္သားက အၾကည့္ခ်င္းစစ္တိုက္ေနရာမွရပ္ေတာ့သည္။
ဘယ္နွယ့္ သူမ်ားpartyအလယ္မွာ ရည္းစားစကားလာေျပာရတယ္လို႔...။
Thorisကေတာ့ ဘာစကားမွထပ္မေျပာေတာ့ဘဲ ထိုေနရာကေနသာ ထြက္သြားေတာ့သည္...
ဒါေပါ့ Jadeကပါ အဆစ္အေနနဲ႔ ေကာက္ေကာက္ပါေအာင္လိုက္သြားသည္ေလ။
Thorisတို႔ထြက္သြားၿပီး ခဏအၾကာတြင္ Mineရဲ႕နားထဲ အံႀကိတ္ကာရယ္ေနသည့္အသံကို ပီပီသသၾကားရေလသည္။
တရားခံက သူ႔ရဲ႕Daddyပင္။
"Daddy..ဘာကိုဒီေလာက္သေဘာက်ၿပီး ရယ္ေနတာလဲ.."
Mineရဲ႕ေမးခြန္းကိုေျဖဖို႔Cell Remခမ်ာ မ်က္ခမ္းစပ္နားကေဝ့သီေနတဲ့ မ်က္ရည္စက္ေတြကိုသုတ္ရေသးသည္။
"ဘာရယ္မဟုတ္ပါဘူး Jadeကိုၾကည့္ၿပီးအံ့ၾသသြားလို႔ပါ....သူကအဲ့လိုဂ်စ္ကန္ကန္နိုင္လိမ့္မယ္လို႔မထင္ထားဘူး...ေနာက္ၿပီး Thorisရဲ႕ ရွက္ေနတဲ့ပုံစံက နည္းနည္း...ကေလးဆန္ေနလို႔...."
Cell Remကအားႀကိဳးမာန္တက္ ေျပာျပေနသည္ကိုပင္ အာရုံမထားနိုင္စြာ Mineရဲ႕အာရုံက ေတာ္ေတာ္ေလးကိုေမွာင္မိုက္ေနၿပီျဖစ္တယ္...
ထို႔ေနာက္ Cell Remနား တျဖည္းျဖည္းတိုးကပ္ကာ နွစ္ကိုယ္္ၾကားေလသံေလးျဖင့္..
"Daddy~~partyကို ျမန္ျမန္အဆုံးသတ္လိုက္ေတာ့မယ္....ကြၽန္ေတာ့္ရဲ႕ေအာက္ပိုင္းေနရာက ၾကာၾကာဆက္ထိန္းထားနိုင္မယ္မထင္ေတာ့ဘူး....ဒီတိုင္းဆို ဒီညေတာင္မအိပ္လိုက္ရဘဲေနေတာ့မယ္..."
Mineရဲ႕ စကားအဆုံးတြင္ နား႐ြက္ဖ်ားေတြ သိသိသာသာရဲတက္လာတဲ့ Cell Remက Mineအား တံေတာင္ျဖင့္တြတ္လိုက္ေတာ့သည္။
"ဒီေခြးေလးကေတာ့....လူၾကားထဲမွာ ဘယ္လိုေတာင္ ဣေျႏၵ မဆယ္နိုင္ရတာလဲ....အျပစ္ေပးခံခ်င္ၿပီလား.."
Cell Remရဲ႕အေျပာကို ပန္းနွင့္ေပါက္ေနသည္ဟု ထင္မွတ္ေနေသာ Mineမွာ ပိုၿပီးရဲတင္းစြာCell Rem၏ခါးအား တိုးဖက္ကာ သူ႔ဖက္ကိုဆြဲလိုက္ေလသည္။
ေနာက္ဆုံးေတာ့လည္း Cell Remကသာ ေခါင္းတစ္ခါခါျဖင့္ ရယ္ရုံသာတတ္နိုင္ေတာ့သည္။
Mine၏ ထိုထိုေသာ ခပ္ညစ္ညစ္ အေျပာအဆိုနွင့္အျပဳအမူတို႔ကို သူကား လြန္စြာကို အသားက်ေနၿပီး မဟုတ္ပါလား.....။
Party ပြဲကို ခပ္ျမန္ျမန္အဆုံးသတ္ရန္ ျပင္ေနသည့္Mineကို မိဘျဖစ္သူေတြက လူတစ္ေယာက္နွင့္မိတ္ဆက္ေပးမည္ဟု ေခၚေနေသာေၾကာင့္ Cell Remနွင့္အတူ လာရျပန္သည္။
ဒီညအေနွာင့္အယွက္ေတြက ၿပီးဦးမွာလား..။
Mineနွင့္ Cell Remတို႔ မိဘျဖစ္သူဆီ ေရာက္လာသည့္အခိုက္တြင္ ေတြ႕လိုက္ရသည့္လူေၾကာင့္ နွစ္ေယာက္သားေျခလွမ္းေတြကို မတိုင္ပင္ပဲ ၿပိဳင္တူရပ္လိုက္မိသည္။
ဒီလူက..?
"Adam....လာ..ဒီမွာ မင္းနဲ႔မိတ္ဆက္ေပးမလို႔....ဒီပုဂၢိဳလ္နာမည္က Lynnတဲ့ သူ႔ေၾကာင့္ သားကို အေဖတို႔ျပန္ရွာေတြ႕ခဲ့တာေလ..."
"Lynn....ဒါ ဦးေလးတို႔ရဲ႕သား...မင္းရွာေပးခဲ့တဲ့ Adam.."
ဒီလူက ငါ့ကိုရွာဖို႔ကူညီခဲ့တယ္?...
မျဖစ္နိုင္တာ Daddyရဲ႕ရည္းစားဦးက ငါ့ကိုမေက်မနပ္ျဖစ္ေနတာ ဘာလို႔ကူညီရမွာတုန္း...
Mine ဘယ္လိုေတြးေတြး နားမလည္သည့္အဆုံး မ်က္ေမွာင္သာၾကဳတ္ေနလိုက္ေတာ့သည္။
Mineနဲ႔Lynn နွစ္ေယာက္သား မ်က္လုံးခ်င္းဆုံသည့္အခိုက္တြင္ Lynnက လက္ဆြဲနႈတ္ဆက္ရန္ လက္လွမ္းေသာ္လည္း Mineရဲ႕ လ်စ္လ်ဴရႈျခင္းကိုသာခံလုိက္ရသည္။
ထို႔ေနာက္ Lynn၏အာရုံသည္ Cell Remဆီ လုံးစုံေျပာင္းသြားေတာ့သည္။
"မေတြ႕တာၾကာၿပီေနာ္ Rem....."
Cell Remလည္း Mineနည္း လည္းေကာင္းပင္ ေဖာ္ေဖာ္ေ႐ြေ႐ြမတုံ႔ျပန္ပါဘဲ သာမန္သာနႈတ္ဆက္လိုက္သည္။
သူတို႔သုံးဦးၾကားထဲက တင္းမာေနတဲ့အေျခအေနကိုဝင္ေလ်ွာ႔ေပးသူက Mineရဲ႕မိဘေတြပင္။
ခဏအၾကာတြင္ေတာ့ Mineရဲ႕မိဘမ်ားက သူတို႔၃ဦးထဲ ထားခဲ့ကာ ဧည့္သည္ေတြအားလိုက္ဧည့္ခံေနေလသည္။
"မိတ္ေဆြေဟာင္းနဲ႔ ျပန္ေတြ႕တယ္လို႔သေဘာထားၿပီး ငါနဲ႔တစ္ခြက္ေလာက္တူတူေသာက္ရေအာင္ေလ Rem ငါတို႔ၾကားထဲက အစိုင္အခဲေလးေတြ ေခ်ဖ်က္တဲ့အေနနဲ႔ေပါ့..."
"ေကာင္းၿပီေလ တစ္ခြက္ေလာက္ေပါ့..."
Cell Remရဲ႕စကားအဆုံး Lynnက waiterအားေခၚကာ ဝိုင္သုံးခြက္ယူလာခိုင္းသည္။
Mineကေတာ့ မႀကိဳက္ေသာ္လည္း Daddyရဲ႕ဆုံးျဖတ္ခ်က္ကိုဝင္မစြက္ဖက္ခ်င္သည္မို႔ ဘာမွမေျပာဘဲ ေဘးကေနသာLynnအားေပါက္ထြက္မတတ္စိုက္ၾကည့္ေနသည္။
ဝိုင္သုံးခြက္သာပါသည့္ ဗန္းကိုသယ္လာသည့္waiterေလးသည္ သူတို႔သုံးေယာက္နားေရာက္ခါနီးတြင္ ခလုတ္တိုက္ကာ ဝိုင္မ်ားသည္ Mineအက်ႌေပၚသို႔အကုန္ေပက်ံကုန္သည္။
waiterသည္ အေၾကာက္လြန္ေနလို႔လားမေျပာတတ္....မတ္တပ္ျပန္ထကာ Mineနွင့္ခပ္ခြာခြာ၌ မလႈပ္္မယွက္ရပ္ေနေလသည္။
"အဆင္ေျပရဲ႕လားMine....အက်ႌသြားလဲမွနဲ႔တူတယ္..."
Cell Remက Mineဝတ္စုံအား အနည္းငယ္လွည့္ပတ္ၾကည့္ၿပီး အဝတ္သြားလဲရန္ေျပာသည္။
Daddyအား Lynnနွင့္ ၂ေယာက္ထဲမထားခဲ့ခ်င္သည့္Mineမွာ အင္တင္တင္ျဖစ္ေနေသာ္လည္း Cell Rem၏ စကားအားနားေထာင္ကာ အဝတ္လဲရန္ ထိုေနရာမွထရေတာ့သည္။
သို႔ရာတြင္ Mineပင္ လွည့္ရုံရွိေသး ေစာနက ခလုတ္တိုက္လဲသည့္waiterမွာ အရူးတစ္ေယာက္အလား ေအာ္ဟစ္ကာ Mineဆီတည့္တည့္ေျပးလာသည္။
လက္ထဲ လက္ေနသည့္ ေငြျဖဴေရာင္ဓားေျမႇာင္ တစ္လက္ကိုလည္း ကိုင္လ်က္ ကမူးကရွဴးျဖင့္ Mineအား တိုက္ခိုက္ရန္ၿပင္ေတာ့သည္။
တြန္းထုတ္ခံလိုက္ရတဲ့ Mineရဲ႕ ခႏၶာကိုယ္သည္ ေဘးသို႔အနည္းငယ္ယိုင္သြားရုံသာ...
သို႔ရာတြင္ သူ႔အား တြန္းထုတ္လိုက္သည့္ Cell Remကေတာ့ ဘယ္ဖက္ ဝမ္းဗိုက္နားတြင္ ဓားေျမႇာင္ကထိုးစိုက္မိလ်က္သားျဖစ္ေနေလသည္။
"Daddy!!"
>>>>>>>>>>>>>>>>>>>>>>>>>>
အဟဲ တစ္ဝက္တစ္ပ်က္ထားခဲ့လို႔ စိတ္မဆိုးၾကနဲ႔ေနာ္
လိုင္းကရတစ္ခ်က္မရတစ္ခ်က္မို႔ ခုမွတင္နိုင္တယ္
ပုံမွန္ထက္ရွည္ေအာင္ေရးေပးထားတယ္..
နားမလည္တဲ့ေနရာရွိရင္ေမးေနာ္
ေနာက္တစ္ပိုင္းက Arc7ရဲ႕finalျဖစ္ေလာက္မယ္
ဖတ္ေပးတဲ့အတြက္ေက်းဇူးပါ❣️
>>>>>>>>>>>>>>>>>>>>>>>>>>>>
{Unicode}
တိတ်ဆိတ်နေတဲ့ မြေအောက်ခန်းထဲမှာ ချုပ်နှောင်ခံထားရတဲ့ လူတစ်ယောက်က အများအမြင်တွင်တော့ လောကကြီးကိုအရှုံးပေးထားသည့်ပုံပေါ်သည်။
အစောင့်လဲချိန်တန်ပြီမို့ နောက်အစောင့်တစ်ယောက်နဲ့လဲသည်တွင် မူမမှန်တာတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့သည်။
"လက်စားချေချင်လား...."
"...."
ပြန်မဖြေနိုင်လောက်အောင် အားအင်ချည့်နဲ့နေသည့် အနှီလူသားဟာ မျက်လုံးမှတဆင့် အဖြေကိုပေးသည်။
အမုန်းတရားတွေနဲ့ပြည့်လျှံနေတဲ့ မျက်ဝန်းတွေက သေခါနီးဖြစ်နေပါစေ ကျိန်းသေလက်စားချေမည်ဆိုသည့် အဖြေကိုဖော်ကျူးနေလေသည်။
"ရန်သူတူရင် မဟာမိတ်ဘဲလေ ငါနဲ့အတူပူးပေါင်းချင်လား မင်းကိုယ်တိုင် မင်းလက်နဲ့ မင်းလက်စားချေချင်တဲ့သူကို သတ်နိုင်အောင်ငါဖန်တီးပေးနိုင်တယ်...."
ပြန်ဖြေသံမကြားရသော်ငြား ကမ်းလှမ်းချက်ကိုလက်ခံလိုက်ကြောင်း သိလိုက်ရသည်။
ထို့နောက်တွင်တော့ လူနှစ်ယောက်ရဲ့မျက်နှာထက်တွင် ပီပီပြင်ပြင်ပေါ်လာသော အပြုံးမမည်သောအပြုံးက
တူညီသော လူတစ်ယောက်ရဲ့ဘဝကို ဖျက်ဆီးပစ်ဖို့ အသင့်ဖြစ်နေပုံပင်။
မကြာတော့ပါဘူး ငါလိုချင်တာကိုရတော့မှာပါ..
__________________________________
"Daddy ~~ တစ်ခုခုများမေ့နေလားလို့..."
Mineရဲ့အပြောကြောင့် Cell Remက ခဏလောက်စဉ်းစားပြီးနောက် ခေါင်းခါကာ လက်ထဲကစာအုပ်ကို နောက်တစ်ရွက်လှန်ကာဖတ်ပြန်သည်။
Jadeရဲ့ ကိစ္စကြောင့် Mineတို့Magusပြန်ဖို့ကိစ္စကိုခဏနောက်ကိုရွှေ့ထားရသည်။
ဆေးရုံကနေအိမ်ပြန်ရောက်သည့်တိုင် Mineအနားမကပ်ဘဲ စာအုပ်တွေချည်းထိုင်ဖတ်နေတဲ့ Daddyကြောင့် Mineစိတ်မရှည်တော့ချေ။
"ဆေးရုံမှာ Thoris Samနဲ့စကားပြောခ ကျွန်တော့်ကိုမပေးရသေးဘူးလေ.."
ပြောလည်းပြော ကုတင်ပေါ်ကCell Remနား တိုးကပ်သွားတဲ့Mineဟာ ခွေးပေါက်တစ်ကောင်အလား Cell Remရဲ့ ရင်ခွင်ထဲဝင်ကာ စာဖတ်မရအောင်နှောင့်ယှက်နေလေသည်။
သူ့အားလိုက်နှောင့်ယှက်နေသည့်Mineကို Cell Remကအနှောင့်အယှက်လိုမမြင်ပါပဲ ခေါင်းမှဆံသားတွေကိုလက်ဖြင့်ထိုးဖွလျက်သာ နှာခေါင်းနှစ်ကာ ခပ်ဖွဖွနမ်းသည်။
"Daddy~~ ကျွန်တော့်ကိုမေးစရာမရှိဘူးလား..."
Mineရဲ့စကားကြောင့် စာရွက်လှန်ဖို့ပြင်နေတဲ့ Cell Remရဲ့လက်တို့ခဏတုံ့ဆိုင်းသွားပြီးနောက် စာအုပ်ကိုဘေးသို့လုံးလုံးပစ်ချကာ Mineအားတင်းကြပ်စွာဖက်တွယ်လိုက်သည်။
"Daddyအတွက် Mineရှိနေရုံနဲ့လုံလောက်ပြီ...Daddyအတွက်Mineကအရေးကြီးဆုံးပဲမို့...."
Cell Remရဲ့စကားအဆုံး ဆွဲချခံလိုက်တဲ့Cell Remက မွေ့ယာနှင့်ကျောကပ်ကာ Mineရဲ့လက်မောင်းကြားထဲပွေ့ဖက်ခြင်းကိုခံလိုက်လေသည်။
"ချစ်တယ်....ကျွန်တော် Daddyကို အရမ်းချစ်တယ်...Daddyရဲ့ဘဝတစ်ခုလုံး ကျွန်တော့်အနားမှာပဲကုန်ဆုံးပေးပါ....ကျွန်တော်နဲ့လက်ထပ်ပါDaddy...."
ရုတ်တရက်ဆန်လွန်းလှတဲ့ လက်ထပ်ခွင့်တောင်းခံရခြင်းကြောင့် Cell Remရဲ့မျက်လုံးများသည် အတန်ငယ်ပြူးကျယ်လာရသည်။
ထို့နောက်တွင်တော့ Cell Remရဲ့သဘောတကျရယ်မောသံက အခန်းထဲပြန့်လွင့်လာလေသည်။
"မင်းကတော့လေ..."
Cell Remရယ်နေရုံသာတတ်နိုင်တော့သည်။
သူ့ရဲ့Mineက ဘယ်အချိန်မဆို သူ့အားအံ့အားသင့်အောင်စွမ်းဆောင်နိုင်ပါပေသည်။
"အင်း....လက်ထပ်ကြမယ်...Magusက မင်းရဲ့မိဘတွေဆီမှာမင်းကိုလာတောင်းမယ်..."
ဒီတစ်ခါတော့ တစ်ဖန်ပြန်အံ့သြရသူမှာMineပင်။
"အဟား....Daddyဗျာ...ကျွန်တော့်ကိုဘာနဲ့လာတောင်းမှာလဲဒါဆို.."
"ကိုယ့်ဘဝတစ်ခုလုံးပုံပေးပြီး တင်တောင်းမှာ...ဒီလောက်အဖိုးအခကြီးတာတောင် မလုံလောက်သေးဘူးလား..."
"လုံလောက်ပြီ...အများကြီးကိုလုံလောက်နေပြီ...."
ထို့နောက်တွင်တော့ တိုင်ပင်ခြင်းမရှိပါပဲ ထပ်တူကျသွားတဲ့ နှုတ်ခမ်းသားနှစ်လွှာက စည်းချက်မှန်မှန်ဖြင့် လိုရာခရီးကိုဆက်သည်။
တစ်ခါတစ်ရံမှာတော့ မေးခွန်းအခွန်း၁၀၀အစား အပြုအမူလေးတစ်ခုနဲ့တင် ချစ်ရသူအားယုံကြည်မိပါသည်။
မမေးပဲသိနေတဲ့ မေးခွန်းအချို့အတွက်တော့ ဘာလို့များ ဖြစ်ပြီးသမျှအတိတ်ကို ပြန်လည်တူးဆွဖို့လိုအပ်နေမှာတုန်း...။
မိမိရှေ့မှာရှိနေတဲ့လူသားက မိမိအတွက် အရေးကြီးဆုံးပေပဲမို့..... ကျန်တဲ့အရာတွေမလိုအပ်တော့ပြီမို့...။
ဒီလူသားတစ်ယောက်တည်းသာ မိမိအနားမှာထာဝရရှိရင်လုံလောက်ပါပြီ...။
____________________________________
<<<five months passed away>>>
"Daddy~~ နောက်ကျတော့မယ်လေ ဘယ်အချိန်ထိအိပ်ဦးမလို့လဲ...."
အိပ်ရာပေါ်က အခုချိန်ထိမထသေးတဲ့ Cell Remကိုနှိုးဖို့Mineအတော်လေးကိုကြိုးစားယူရပါသည်။
နှစ်ခြိုက်စွာအိပ်နေတာကိုမနှောင့်ယှက်ချင်ပေမဲ့လည်း ဒီအချိန်မှမထရင် Partyကိုမှီတော့မည်မဟုတ်ချေ။
Partyမှာ သတို့သားနှစ်ယောက်မရှိရင်မဖြစ်တာမို့ Daddyပင်ပန်းနေတာသိလင့်ကစား နှိုးရသည်။
အဲ့လိုမှန်းသိ လက်မှတ်ထိုးပြီးပဲ အကျဉ်းချုံးလိုက်ပါတယ် အခုတော့သူ့Daddyပင်ပန်းရပြီ။
"အင်းးးMine~~"
နောက်ဆုံးတော့ အသံပိစိလေးထွက်လာပါပြီ....
အိပ်ချင်မူးတူပုံစံဖြင့် အက်ရှရှအသံက Cell Rem ဘယ်လောက်အိပ်ချင်နေကြောင်း သက်သေတွေပင်။
"ထတော့နော်...ကျွန်တော် အကုန်အသင့်ပြင်ထားပေးပြီးပြီ...အကယ်၍Daddy စောစောနားချင်တယ်ဆိုရင် partyမှာ မျက်နှာလေးပဲပြပြီး ချက်ချင်းနားလို့ရတယ်နော်.. မနက်ကလေးတင် မင်္ဂလာပွဲလုပ်ထားတာ Daddyအများကြီးပင်ပန်းနေမှာ.."
"ဒီလိုလည်းမဟုတ်သေးဘူးလေ Daddyတို့ Partyကိုလက်လွတ်စပယ် လုပ်စရာလားMineရဲ့...ဒီpartyကိုMineဘယ်လောက် အပင်ပန်းခံထားလည်းDaddyအသိဆုံးလေ...ကဲပါ အများကြီး မတွေးနဲ့တော့ အောက်ထပ်မှာDaddyကိုစောင့်ရင်း ဧည့်သည်တွေကိုကြိုဧည့်ခံထားပေးနော် Daddyခဏနေဆင်းလာခဲ့မယ်..."
Cell Remရဲ့စကားကိုသိပ်လက်မခံချင်သည့် Mineကို မျက်နှာအနှံ့ အနမ်းခြွေခြင်းဖြင့် နှစ်သိမ့်ပြီးနောက် အဆုံးသတ်အနေဖြင့်နှုတ်ခမ်းထက်ခပ်ကြာကြာ နမ်းကာ သူ့နားကမခွာချင်သည့် ကလေးဆိုးကြီးMineကို အောက်ထပ်သို့အမြန်လွှတ်ရသည်။
"မင်းယောက်ျားရော..."
ဆူပုတ်ပုတ်ဖြင့် ဆင်းလာသည့်Mineကို အဖေဖြစ်သူJohnက ဆီးကြိုကာစနောက်လေတော့ Mineဆီက မျက်စောင်းကိုရလိုက်လေသည်။
"ရေချိုးနေတယ် ခဏနေပြင်ဆင်ပြီးရင်ဆင်းလာခဲ့မယ်တဲ့..."
အချိန်အနည်းငယ်စောသေးသည်မို့ ဖိတ်ထားသည့်ဧည့်သည်များကမရောက်ကြသေးပေ။
ကိုယ့်လူများသာရှိသည်မို့ Mineမျက်နှာအမူအရာကိုဟန်ဆောင်ပန်ဆောင်ပင်မထိန်းဘဲ ဧည့်ခန်းက sofaပေါ်ထိုင်ချလိုက်လေသည်။
"ဟေ့ကောင် ဘာဖြစ်နေတာလဲ မှုန်ကုတ်ကုတ်နဲ့..."
"Dadမသိပါဘူးဗျာ....ကျွန်တော့်Daddyကအရမ်းပင်ပန်းနေတာဗျ ဒီpartyကိုဖျက်လိုက်ရင်ကောင်းမယ်နဲ့တူတယ်.."
Mineရဲ့စကားကြားတော့ Johnကသိသိသာသာနှုတ်ခမ်းမဲ့သည်။
သူ့လင် မျက်နှာတော့တစ်ချက်အညှိုးမခံဘူး...
ကောင်းလိုက်တာ..မွေးရကျိုးနပ်လိုက်တာ...
Johnပြောလည်း နိုင်မှာမဟုတ်သည့်အတွက် မင်္ဂလာဆောင်နေ့မှာအပူမိနေသည့် သားဖြစ်သူကို လျစ်လျူရှုကာ ချစ်ဇနီးလေးJulieအနားသာ ကပ်နေလေတော့သည်။
Mineဆိုတာက သူ့ယောက်ျားစကားတစ်ခွန်းကိုသာ သေသေချာချာနားထောင်သည်မို့ မိဘဖြစ်သူပြောရင်တောင်နားထဲဝင်ချင်မှဝင်ပေလိမ့်မည်။
[Host.....ဘာဖြစ်လို့လဲ ]
'မသိဘူး ငါ့စိတ်ထဲDaddyကိုစိတ်ပူနေတယ်...'
မနက်ပိုင်း မင်္ဂလာပွဲထဲက လေးလံနေသည့်Mineရဲ့စိတ်တို့သည် Daddyပင်ပန်းနေတယ်ဆိုတဲ့အသိကြောင့် ပိုလို့ပင်လေးလံလာခဲ့သည်။
'Ki မင်းpartyမှာ နည်းနည်းစောင့်ကြည့်ပေးထားကွာ တစ်ခုခုမသင်္ကာစရာတွေ့ရင် ငါ့ကိုလာပြော..'
အပြစ်ပေးခံရသည့် ကမ္ဘာမို့ systemရဲ့အကူအညီ အများကြီးမရနိုင်သော်ငြားလည်း လိုရမယ်ရ ပြင်ဆင်ထားရမည်...။
အချိန်ကျလာသည်နှင့်အညီ တဖွဲဖွဲရောက်လာတဲ့ ဧည့်သည်တွေကြောင့် Mine ဝိုင်တစ်ခွက်ကိုင်ကာသာ လိုက်ဧည့်ခံရတော့သည်။
Partyစပြီး ခဏအကြာတွင်တော့ အပေါ်ထပ်က ဆင်းလာသည့် Cell Remသည် Mineနှင့်ဆင်တူ အနက်နှင့် ရွှေရောင်ရောစပ်သော အနောက်တိုင်းsuitကို ဝတ်ဆင်ထားလေသည်။
Mineနှင့် Cell Remတို့၏ဘယ်ဖက်လက်သန်းကြွယ်မှcrownပုံစံလက်ထပ်လက်စွပ်တို့သည် လူအများ၏ အာရုံကိုဖမ်းစားနိုင်ဖို့လုံလောက်သည်။
"Daddy~~အဆင်ပြေရဲ့လား.."
Cell Remရောက်လာသည်နှင့် ဧည့်သည်တွေကိုထားခဲ့ကာ အနားကိုလေအလျင်လိုရောက်လာသည့် MineကCell Remအတွက်အမှန်တကယ်ကိုစိတ်ပူနေဟန်ပေါ်သည်။
"အင်းပြေပါတယ်....Mineရော ပင်ပန်းနေပြီလား တစ်ယောက်ထဲ ဧည့်ခံနေရတာ..."
Cell Remက Mineရဲ့ နားထင်နားက အနည်းငယ်ထွက်နေသောချွေးကို လက်ကိုင်ပုဝါဖြင့်သုတ်ပေးကာ ဆိုလာသည်။
"Rem...."
Cell Remအားခေါ်သည့်အသံသည် Mine၏နောက်ကျောဖက်နားမှ ထွက်လာကာ ခေါ်သူသည် သူတို့၂ယောက်ထံတဖြည်းဖြည်း လျှောက်လို့လာနေသည်။
"သြော် ဘယ်သူများလဲလို့....Mas G.Pရဲ့ ဥက္ကဋ္ဌသစ် Thoris Samပါလား....ကျွန်တော်ကခင်ဗျား မလာလောက်ဘူးထင်တာ..."
Cell Remပြန်မဖြေခင်မှာတင် ကြားဝင်ပြီးပြောလိုက်သည့်Mineက အခုချိန်ထိ Thorisကိုအမြင်မကြည်သေးပါချေ။
"Congratulationပါ Mr.Adam...."
Thorisကတော့ လေးစားသမှုဖြင့် တည်တည်ငြိမ်ငြိမ်သာ ဂုဏ်ပြုစကားဆိုသည်။
Cell Remကတော့ အစအဆုံးဘာမှဝင်မပြောဘဲ ပွဲကြည့်ပရိတ်သတ်သာ လုပ်ဖို့ဆုံးဖြတ်ထားဟန်တူသည်။
"ကျွန်တော်လည်း အစကမလာဘူးတွေးထားပေမဲ့ Remကိုတွေ့ချင်တာနဲ့...ပြီးတော့..."
Thoris၏ Remအားတွေ့ချင်သည်ဆိုသည့်စကားကြောင့် ဒေါသထွက်သွားသည့် Mineကို ဘေးက Cell Remကခေါင်းခါပြကာသာ ထိန်းရသည်။
သူမထိန်းလျှင် ဒီနေရာမှာကျိန်းသေပေါက် Thorisကို Mineကထထိုးလိမ့်မည်။
ဉာဏ်ကောင်းသလောက် သူနှင့်ပက်သက်လာလျှင် စိတ်ခံစားချက်တို့ပြင်းထန်လာသည့် MineကိုCell Rem အပြစ်မဆိုရက်ပါလေ...။
"အဟမ်း...ပြီးတော့.....အဟမ်း...အဟမ်း..."
Thoris အမူအရာကသိပ်မူမမှန်ပေ ချောင်းကိုခဏခဏဟန့်ကာ အနောက်ကိုလှည့်ကြည့်ပြီး တစ်စုံတစ်ယောက်ကိုလှမ်းခေါ်နေဟန်ပေါ်သည်။
ခဏအကြာတွင် သူတို့နား ကုတ်ကုတ်ကလေးရောက်လာသည့် ဆံပင်နီကောက်ကောက်ဖြင့် Mineရဲ့ မွေးစားညီငယ်တစ်ဖြစ်လဲ လက်ထောက် Jade...
Jadeက ပြီးခဲ့တဲ့နှစ်လကမှ ဆေးရုံဆင်းလာလို့ စိတ်ပြေလက်ပျောက် အလုပ်မလုပ်သေးဘဲလျှောက်လည်ဖို့ခွင့်တောင်းထားသည်မလား...။
မင်္ဂလာပွဲကိုတောင် ခရီးလွန်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မလာနိုင်ဘူးလို့လှမ်းပြောထားတာလေ....
အခုဘယ်လိုလုပ်..?
"Con...Congratulationပါ Boss..အယ်..အစ်ကိုကြီး...ဟဲဟဲ.."
"မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ ပြီးတော့ သူနဲ့ဘယ်လိုလုပ်.."
Mineအခြေအနေကိုသိပ်နားမလည်သောကြောင့် မေးလိုက်ခြင်းပင်။
"Mr.Adamရဲ့ ညီတစ်ဖြစ်လဲ လက်ထောက်က တော်တော်လေး အားနေတယ်လို့ ကျွန်တော်မြင်တယ်..၂လလုံးလုံး ကျွန်တော့်ကိုလိုက်နှောင့်ယှက်နေပုံထောက်ရင်...အခုဒီကိုလာရတဲ့နောက်အကြောင်းရင်းက Mr.Adamရဲ့ညီကို ပြန်လာအပ်တာပါ...သူ့ကိုကောင်းကောင်း ထိန်းသိမ်းထားမယ်လို့မျှော်လင့်ပါတယ်..."
Thorisကပြုံးပြုံးလေးနှင့်ပြောနေသော်ငြား Mineကို စိတ်စနိုးစနှောင့်ဖြစ်စေသည်။
ဒါကြောင့်တရားခံဖြစ်သူ Jadeအား အကြည့်စူးစူးတစ်ချက်ကြည့်လိုက်တော့ သကောင့်သားက ဇက်ကလေးပုသွားရုံကလွဲလို့ ကြောက်လန့်နေဟန်မပြပေ။
"ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး....Rem...မင်းကိုအဖိုးမေးနေတယ် နောက်ဆုံးတစ်ခါဖြစ်ဖြစ်တော့ သူ့ကိုလာတွေ့ဖို့ ကိုယ်တောင်းဆိုပါတယ်.."
"အင်း..ငါစဉ်းစားလိုက်မယ်.."
Thoris လာရင်းကိစ္စအကုန်လုပ်ပြီးပြီမို့ ပြန်ရန် ပြင်လိုက်သော်ငြား သူ့အင်္ကျီစကိုဆွဲထားသည့် Jadeကြောင့် Thorisမှာထွက်သွားလို့မရသေးချေ။
"မင်းကိုယ့်ကိုနှောင့်ယှက်တာများနေပြီ ကောင်လေး နောက်တစ်ခါဆို ကိုယ်ဘယ်သူ့မျက်နှာမှထောက်နေတော့မှာမဟုတ်ဘူး...လွှတ်တော့..."
Mineတို့အရှေ့မို့ အပြုအမူထိန်းနေရသော်ငြား Thorisရဲ့လေသံမှာ စိတ်မရှည်တော့ကြောင်း အထင်းသားပေါ်လွင်နေသည်။
"Thoris Sam!! ကျွန်တော် ခင်ဗျားကို သဘောကျ...မဟုတ်ဘူး မဟုတ်ဘူး...သဘောကျတာမဟုတ်ဘူး...ချစ်တာ...အင်း..ဟုတ်တယ်...Thoris Sam!!ကျွန်တော် ခင်ဗျားကို ချစ်တယ်..!!"
Thorisရဲ့အင်္ကျီစကိုမလွှတ်ပေးပါဘဲ မျက်နှာစေ့စေ့ကြည့်ကာ အော်ပြောလာသည့် ကောင်လေး၏ အသံမှာ အနီးအနားမှလူတွေအကုန်ကြားရဖို့ ကျယ်လွန်းနေသည်။
တခဏအတွင်း တိတ်ဆိတ်သွားတဲ့ပတ်ဝန်းကျင်လေထုကို မည်သူကမှစပြီး ဖြိုခွဲဖို့စိတ်ကူးမရှိပါလေ။
နောက်ဆုံးတော့ အရင်ဆုံးအသိဝင်လာသည့် Mineက ပြောဖို့ပြင်သည်တွင် Jade၏စကားဖြတ်ပြောခြင်းကိုခံလိုက်ရသည်။
"အစ်ကိုကြီး...Thoris Samကို လိုက်တောင်းပေးပါ..."
"ဘာ !" "ဘာ !!"
တပြိုင်ထဲထွက်လာသည့် အာမေဋိတ်အသံသည် Mineနှင့် Thorisဆီမှဖြစ်သည်။
"Adam...မင်းညီကို မင်းဆုံးမသင့်တယ်...ဘယ်ကနေ ဒီလိုမသင့်လျှော်တာတွေကိုသင်လာမှန်းမသိဘူး..."
နားရွက်ဖျားတွေအထိပါ ရဲနေသည့် Thorisက စိတ်ငြိ်မ်အောင်လုပ်ကာ Jadeအား ထုံးစံအတိုင်းဆုံးမရန်ပြင်လေတော့ နဂိုနဲ့ခြားနားသည့်မျက်ဝန်းတို့နှင့်အကြည့်ချင်းဆုံသည်။
"ဘယ်သူ့ကိုမှ ရှက်ရမ်းရမ်းပြီး ဆုံးမမနေပါနဲ့....ကိုယ့်ကိုကိုယ်သာ အရင်ဆုံးမလိုက်ပါဦး...ဘာလို့အခုမှသိတဲ့ကိစ္စလို ကျွန်တော့်အစ်ကိုကို တိုင်နေရတာလဲ.....ကျွန်တော်ခင်ဗျားကိုကြိုက်နေတာ MasG.Pတစ်ခုလုံးသိတယ် ခင်ဗျားသာ မသိချင်ယောင်ဆောင်ပြီး အကြိမ်တိုင်းကျွန်တော့်ကို ကလေးလိုဆုံးမနေတာ..ဒီမှာ Mr.Thoris Sam...ကျွန်တော်က ကလေးမဟုတ်ဘူး...လိုချင်တာကိုရအောင်ယူတတ်တယ်...ခင်ဗျားကိုလည်းရအောင်ယူမှာ..."
သူ့ရင်ဘတ်အား လက်ညှိုးငေါက်ငေါက်ထိုးကာ မျက်လုံးကိုစိုက်ကြည့်ပြီးပြောလာတဲ့ ထိုကောင်လေးJade၏စကားလုံးတို့ကို ချေပဖို့ရာ Thoris စကားလုံးတွေအချိန်မှီစီလို့မရခဲ့ပေ...။
"နေဦး..နေဦး...ဒီမှာ Jade မင်းရဲ့ကိစ္စကိုနောက်မှကိုယ့်ဖာသာကိုယ်ရှင်း "
Mineကြားဖြတ်ကာပြောလိုက်တော့မှ နှစ်ယောက်သားက အကြည့်ချင်းစစ်တိုက်နေရာမှရပ်တော့သည်။
ဘယ်နှယ့် သူများpartyအလယ်မှာ ရည်းစားစကားလာပြောရတယ်လို့...။
Thorisကတော့ ဘာစကားမှထပ်မပြောတော့ဘဲ ထိုနေရာကနေသာ ထွက်သွားတော့သည်...
ဒါပေါ့ Jadeကပါ အဆစ်အနေနဲ့ ကောက်ကောက်ပါအောင်လိုက်သွားသည်လေ။
Thorisတို့ထွက်သွားပြီး ခဏအကြာတွင် Mineရဲ့နားထဲ အံကြိတ်ကာရယ်နေသည့်အသံကို ပီပီသသကြားရလေသည်။
တရားခံက သူ့ရဲ့Daddyပင်။
"Daddy..ဘာကိုဒီလောက်သဘောကျပြီး ရယ်နေတာလဲ.."
Mineရဲ့မေးခွန်းကိုဖြေဖို့Cell Remခမျာ မျက်ခမ်းစပ်နားကဝေ့သီနေတဲ့ မျက်ရည်စက်တွေကိုသုတ်ရသေးသည်။
"ဘာရယ်မဟုတ်ပါဘူး Jadeကိုကြည့်ပြီးအံ့သြသွားလို့ပါ....သူကအဲ့လိုဂျစ်ကန်ကန်နိုင်လိမ့်မယ်လို့မထင်ထားဘူး...နောက်ပြီး Thorisရဲ့ ရှက်နေတဲ့ပုံစံက နည်းနည်း...ကလေးဆန်နေလို့...."
Cell Remကအားကြိုးမာန်တက် ပြောပြနေသည်ကိုပင် အာရုံမထားနိုင်စွာ Mineရဲ့အာရုံက တော်တော်လေးကိုမှောင်မိုက်နေပြီဖြစ်တယ်...
ထို့နောက် Cell Remနား တဖြည်းဖြည်းတိုးကပ်ကာ နှစ်ကိုယ်ကြားလေသံလေးဖြင့်..
"Daddy~~partyကို မြန်မြန်အဆုံးသတ်လိုက်တော့မယ်....ကျွန်တော့်ရဲ့အောက်ပိုင်းနေရာက ကြာကြာဆက်ထိန်းထားနိုင်မယ်မထင်တော့ဘူး....ဒီတိုင်းဆို ဒီညတောင်မအိပ်လိုက်ရဘဲနေတော့မယ်..."
Mineရဲ့ စကားအဆုံးတွင် နားရွက်ဖျားတွေ သိသိသာသာရဲတက်လာတဲ့ Cell Remက Mineအား တံတောင်ဖြင့်တွတ်လိုက်တော့သည်။
"ဒီခွေးလေးကတော့....လူကြားထဲမှာ ဘယ်လိုတောင် ဣနြေ္ဒ မဆယ်နိုင်ရတာလဲ....အပြစ်ပေးခံချင်ပြီလား.."
Cell Remရဲ့အပြောကို ပန်းနှင့်ပေါက်နေသည်ဟု ထင်မှတ်နေသော Mineမှာ ပိုပြီးရဲတင်းစွာCell Rem၏ခါးအား တိုးဖက်ကာ သူ့ဖက်ကိုဆွဲလိုက်လေသည်။
နောက်ဆုံးတော့လည်း Cell Remကသာ ခေါင်းတစ်ခါခါဖြင့် ရယ်ရုံသာတတ်နိုင်တော့သည်။
Mine၏ ထိုထိုသော ခပ်ညစ်ညစ် အပြောအဆိုနှင့်အပြုအမူတို့ကို သူကား လွန်စွာကို အသားကျနေပြီး မဟုတ်ပါလား.....။
Party ပွဲကို ခပ်မြန်မြန်အဆုံးသတ်ရန် ပြင်နေသည့်Mineကို မိဘဖြစ်သူတွေက လူတစ်ယောက်နှင့်မိတ်ဆက်ပေးမည်ဟု ခေါ်နေသောကြောင့် Cell Remနှင့်အတူ လာရပြန်သည်။
ဒီညအနှောင့်အယှက်တွေက ပြီးဦးမှာလား..။
Mineနှင့် Cell Remတို့ မိဘဖြစ်သူဆီ ရောက်လာသည့်အခိုက်တွင် တွေ့လိုက်ရသည့်လူကြောင့် နှစ်ယောက်သားခြေလှမ်းတွေကို မတိုင်ပင်ပဲ ပြိုင်တူရပ်လိုက်မိသည်။
ဒီလူက..?
"Adam....လာ..ဒီမှာ မင်းနဲ့မိတ်ဆက်ပေးမလို့....ဒီပုဂ္ဂိုလ်နာမည်က Lynnတဲ့ သူ့ကြောင့် သားကို အဖေတို့ပြန်ရှာတွေ့ခဲ့တာလေ..."
"Lynn....ဒါ ဦးလေးတို့ရဲ့သား...မင်းရှာပေးခဲ့တဲ့ Adam.."
ဒီလူက ငါ့ကိုရှာဖို့ကူညီခဲ့တယ်?...
မဖြစ်နိုင်တာ Daddyရဲ့ရည်းစားဦးက ငါ့ကိုမကျေမနပ်ဖြစ်နေတာ ဘာလို့ကူညီရမှာတုန်း...
Mine ဘယ်လိုတွေးတွေး နားမလည်သည့်အဆုံး မျက်မှောင်သာကြုတ်နေလိုက်တော့သည်။
Mineနဲ့Lynn နှစ်ယောက်သား မျက်လုံးချင်းဆုံသည့်အခိုက်တွင် Lynnက လက်ဆွဲနှုတ်ဆက်ရန် လက်လှမ်းသော်လည်း Mineရဲ့ လျစ်လျူရှုခြင်းကိုသာခံလိုက်ရသည်။
ထို့နောက် Lynn၏အာရုံသည် Cell Remဆီ လုံးစုံပြောင်းသွားတော့သည်။
"မတွေ့တာကြာပြီနော် Rem....."
Cell Remလည်း Mineနည်း လည်းကောင်းပင် ဖော်ဖော်ရွေရွေမတုံ့ပြန်ပါဘဲ သာမန်သာနှုတ်ဆက်လိုက်သည်။
သူတို့သုံးဦးကြားထဲက တင်းမာနေတဲ့အခြေအနေကိုဝင်လျှော့ပေးသူက Mineရဲ့မိဘတွေပင်။
ခဏအကြာတွင်တော့ Mineရဲ့မိဘများက သူတို့၃ဦးထဲ ထားခဲ့ကာ ဧည့်သည်တွေအားလိုက်ဧည့်ခံနေလေသည်။
"မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့တယ်လို့သဘောထားပြီး ငါနဲ့တစ်ခွက်လောက်တူတူသောက်ရအောင်လေ Rem ငါတို့ကြားထဲက အစိုင်အခဲလေးတွေ ချေဖျက်တဲ့အနေနဲ့ပေါ့..."
"ကောင်းပြီလေ တစ်ခွက်လောက်ပေါ့..."
Cell Remရဲ့စကားအဆုံး Lynnက waiterအားခေါ်ကာ ဝိုင်သုံးခွက်ယူလာခိုင်းသည်။
Mineကတော့ မကြိုက်သော်လည်း Daddyရဲ့ဆုံးဖြတ်ချက်ကိုဝင်မစွက်ဖက်ချင်သည်မို့ ဘာမှမပြောဘဲ ဘေးကနေသာLynnအားပေါက်ထွက်မတတ်စိုက်ကြည့်နေသည်။
ဝိုင်သုံးခွက်သာပါသည့် ဗန်းကိုသယ်လာသည့်waiterလေးသည် သူတို့သုံးယောက်နားရောက်ခါနီးတွင် ခလုတ်တိုက်ကာ ဝိုင်များသည် Mineအင်္ကျီပေါ်သို့အကုန်ပေကျံကုန်သည်။
waiterသည် အကြောက်လွန်နေလို့လားမပြောတတ်....မတ်တပ်ပြန်ထကာ Mineနှင့်ခပ်ခွာခွာ၌ မလှုပ်မယှက်ရပ်နေလေသည်။
"အဆင်ပြေရဲ့လားMine....အင်္ကျီသွားလဲမှနဲ့တူတယ်..."
Cell Remက Mineဝတ်စုံအား အနည်းငယ်လှည့်ပတ်ကြည့်ပြီး အဝတ်သွားလဲရန်ပြောသည်။
Daddyအား Lynnနှင့် ၂ယောက်ထဲမထားခဲ့ချင်သည့်Mineမှာ အင်တင်တင်ဖြစ်နေသော်လည်း Cell Rem၏ စကားအားနားထောင်ကာ အဝတ်လဲရန် ထိုနေရာမှထရတော့သည်။
သို့ရာတွင် Mineပင် လှည့်ရုံရှိသေး စောနက ခလုတ်တိုက်လဲသည့်waiterမှာ အရူးတစ်ယောက်အလား အော်ဟစ်ကာ Mineဆီတည့်တည့်ပြေးလာသည်။
လက်ထဲ လက်နေသည့် ငွေဖြူရောင်ဓားမြှောင် တစ်လက်ကိုလည်း ကိုင်လျက် ကမူးကရှူးဖြင့် Mineအား တိုက်ခိုက်ရန်ပြင်တော့သည်။
တွန်းထုတ်ခံလိုက်ရတဲ့ Mineရဲ့ ခန္ဓာကိုယ်သည် ဘေးသို့အနည်းငယ်ယိုင်သွားရုံသာ...
သို့ရာတွင် သူ့အား တွန်းထုတ်လိုက်သည့် Cell Remကတော့ ဘယ်ဖက် ဝမ်းဗိုက်နားတွင် ဓားမြှောင်ကထိုးစိုက်မိလျက်သားဖြစ်နေလေသည်။
"Daddy!!"
>>>>>>>>>>>>>>>>>>>>>>>>>>>>
အဟဲ တစ်ဝက်တစ်ပျက်ထားခဲ့လို့ စိတ်မဆိုးကြနဲ့နော်
လိုင်းကရတစ်ချက်မရတစ်ချက်မို့ ခုမှတင်နိုင်တယ်
ပုံမှန်ထက်ရှည်အောင်ရေးပေးထားတယ်..
နားမလည်တဲ့နေရာရှိရင်မေးနော်
နောက်တစ်ပိုင်းက Arc7ရဲ့finalဖြစ်လောက်မယ်
ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ❣️
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>