ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

675K 70.6K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210
211

12

7.2K 785 8
By Fiendyy

Unicode

အခန်း ၁၂ ) ဒါပေမယ့် ဟဲကတော်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း လုချီက ခိုးယူသွားတာပဲလေ

အစောပိုင်းမှာ ​​တစ်ယောက်ယောက်က တစ်ခုခု ပြောလိုက်၍ လုချီယွမ်က အကျယ်ကြီး ထရယ်တာဖြစ်သည်။

အရယ်ရပ်သွားတော့ ဟဲကျိန့်ပိုင်ကို ကြည့်သည်။
“ ကျိန့်ပိုင် ငါ့သမီးကို မင်းဆီအပ်လိုက်ပြီနော် သေချာဂရုစိုက်ပါကွာ သူခမျာ တော်တော်လေး ခံစားခဲ့ရပြီးပြီမို့လို့ ”

“ ဟုတ်ကဲ့ပါ အဖေ မစိုးရိမ်ပါနဲ့ ကျွန်တော် သူ့ကို သေချာပေါက် ကောင်းကောင်း ထားမှာပါ ”
ဟဲကျိန့်ပိုင်က တည်ကြည်လေးနက်စွာ ​စကားပြန်သည်။

ဟဲကျိန့်ပိုင် နှင့် လုချီ ၏ လက်သူကြွယ်တွေမှာ လက်ထပ်လက်စွပ် ဝတ်ထားကြသည်။

သူမ ထောင်ထဲရောက်နေတဲ့အချိန်မှာ သူတို့ နည်းနည်းလေးတောင် မစောင့်နိုင်ကြဘူးလား။

“ ဒါပေမယ့် မင်းမသိသေးတဲ့ ကိစ္စတစ်ခုရှိတယ်။ မင်းယောက္ခမရယ် ငါရယ် ချီချီရယ်ပဲ သိတဲ့ကိစ္စပေါ့ကွာ။ ဒါပေမယ့် ထောင်ထဲက တစ်ယောက်ကြောင့် ဒီကိစ္စကို ငါတို့တွေ တခြားဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး . . နှစ်တွေလည်းကြာခဲ့ပါပြီ . . ဒီကိစ္စကြောင့်ပဲ ချီချီက အထင်လွဲ ခံခဲ့ရပေမယ့် မကျေနပ်ချက်တွေကို ဘယ်တော့မှ ပေါက်ကွဲရတယ်လို့ မရှိပါဘူး ”
လုချီယွမ်က သက်ပြင်းချသည်။

“ အဖေ ”
လုချီ၏ မျက်လုံးများ အရည်ပြည့်လျှမ်းနေကာ
“ သမီးမှာ မကျေနပ်ချက်ရယ်လို့ မရှိပါဘူး . . အဖေက အမြဲတမ်း သမီးအပေါ်မှာ ကောင်းခဲ့တာပဲလေ၊ အဲဲဒီအပေါ်ယံအမည်နာမတွေကိုလည်း သမီးက ဂရုမစိုက်ပါဘူး ”

“ ဘာလို့ဂရုမစိုက်ရမှာလဲ မင်း ဂရုမစိုက်ရင်တောင် အဖေက ဂရုစိုက်တယ် မင်းတို့နှစ်ယောက်စလုံးအတွက် အဖေစိတ်မကောင်းဘူး။ ကျိန့်ပိုင် တကယ်တော့ ချီချီက မယားပါသမီး မဟုတ်ဘူးကွ  ငါ့သမီးအရင်း လုမိသားစုရဲ့အမွေစားအမွေခံ အစစ်ပါ ”

တကယ်တော့ လုမန်နှင့် မပြတ်စဲခင် ဟိုအရင် ကတည်းက ဟဲကျိန့်ပိုင် သိပြီးသားဖြစ်သည်။ လုချီနှင့် တွဲတော့ လုချီက သူ့ကို ပြောပြပါသည်။ 

ဒါကြောင့်ပဲ လုချီကိုရွေးပြီး လုမန်ကို ချောက်တွန်းရာတွင် ကူညီပေးခဲ့ခြင်း ဖြစ်သည်။

လုမိသားစုမှာ လုချီက လုမန်ထက်ပိုပြီး ပစားပေးခံရတယ် ဆိုကတည်းက လုချီသည်လည်း လုချီယွမ်၏ သမီးအရင်းဆိုတာကိုပါ သိလိုက်ရတော့ လုမန်က လုချီထက် ဘာတွေသာဦးမှာလဲ။

ထို့ကြောင့် ဟဲကျိန့်ပိုင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ လုချီကို ရွေးချယ်ခဲ့သည်။ 

“ မင်းနဲ့မင်းအမေ အထင်လွဲခံရတာ ငါ့ကြောင့်ပါ၊ မင်းက ငါ့သမီးအရင်းလည်းဖြစ်တယ်။ မင်းအစ်မထက် ဆိုးသွမ်းနေတာလည်း မဟုတ်ဘဲနဲ့ မယားပါသမီးလို့ အထင်ခံရတယ်။ ဒီနှစ်တွေမှာ ဒါကိုပြင်ဆင်ဖို့ မင်းကို ကောင်းကောင်းထားချင်ပေမယ့်လည်း ကောက်ရိုးပုံစောင့်တဲ့ခွေးနဲ့ တူတယ်လို့ လူတွေက မင်းကို ပြောကြပြန်တယ်။ ဒါပေမယ့် မင်းက လုမိသားစုရဲ့အမွေဆက်ခံသူလေ။ ဘယ်သူ့နေရာကိုမှ မလုသလို ဘယ်သူ့ကိုမှလည်း ပျက်စီးကြောင်း ပြုနေတာ မဟုတ်ဘူး။ အဲဒါ . . မင်းအဖေဖြစ်တဲ့ ငါက အခြေခံလေးတွေတောင် ဖြည့်ဆည်းမပေးနိုင်ခဲ့လို့ မင်းနဲ့မင်းအမေကို ဒီလိုဝေဒနာတွေ ခံစားစေခဲ့မိတာပဲ ”

“ အဖေ စိတ်မပူပါနဲ့ ကျွန်တော် ချီချီ့ကို ကောင်းကောင်းဆက်ဆံပေးမှာပါ။ အခုကစပြီး သူဟာ တရားဝင် ဟဲကတော် ဖြစ်သွားပါပြီ။ ဒါ  ဘယ်သူ့နေရာကိုမှ လုနေတာ မဟုတ်ပါဘူး ”
ဟဲကျိန့်ပိုင်က ပြောသည်။ 

မဟုတ်ဘူးတဲ့လား. . .

ဟဲကတော်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း လုမန်ဆီက ခိုးယူသွားတာပဲလေ။

“ အဖေကလည်း. .ဘာမှမဖြစ်ပါဘူး. .သမီး စိတ်ထိခိုက်တယ်လို့လည်း မခံစားရပါဘူး. .အဖေက လိုအပ်တာထက် ပိုပြီး ကောင်းကောင်း ဆက်ဆံပေးခဲ့တာပဲလေ။ မမမှာ ရှိသမျှ သမီးမှာရှိတယ်။ မမမှာ မရှိတာတွေလည်း သမီးမှာ ရှိတယ်။ သမီးကို ကောင်းကောင်းထားနိုင်ဖို့ အဖေ အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုတာကို သိပါတယ် ”
လုချီက မျက်ရည်လေး တစမ်းစမ်းနှင့်။ 

“ ချီယွမ် ရှင့်ကိုယ်ရှင် အပြစ်မတင်စမ်းပါနဲ့ . . တင်ချင့်တင် ကျွန်မကိုပဲ အပြစ်တင်ရမှာပါ . . ကျွန်မသာ . . . ”
ရှချင်းယန်က တသိမ့်သိမ့် ရှိုက်ငိုသည်။

အသက်အရွယ်ကိုမှ အားမနာ အဘွားကြီးက ကြာပန်းဖြူယောင်ဆောင်နေသေးသည်။ လုမန်မျက်လုံးမှာ မနှစ်မြို့မှုတွေထုံလွှမ်းသွားသည်။ 

ဒါတောင် နှစ်တွေကြာတဲ့အထိ လုချီယွမ်က
ဒါကြီးကို အဖြစ်သည်းနေတာပါ။

သူ့မိန်းမ ဝမ်းနည်းသွားတာကို မကြည့်ရက်တော့ လုချီယွမ်က ဒေါသတကြီး ပြောလာလေရဲ့။
“ ဘယ်လိုစိတ်နဲ့ မင်းကို အပြစ်တင်ရက်ပါ့မလဲ. . ဒါတွေအားလုံး ရှချင်းဝေရဲ့အမှားကြောင့်ပဲ . . သူ့ကြောင့်သာမဟုတ်ရင် ကိုယ်တို့ – ”

ရုတ်တရက် ဗုန်းခနဲ မြည်သံ ထွက်လာသည်။

စကားပြောနေသည့် လုချီယွမ်မှာ အမျိုးအမည် မသိ အရာတစ်ခုက ရုတ်တရက် လာမှန်သဖြင့် တိခနဲ ပြတ်တောက်သွားသည်။

လုမန်ကအိတ်နှင့်ပစ်ပေါက်လိုက်ခြင်းဖြစ်ကာ၊

သူမမှာ အိတ်တွေ အများကြီး မပါပေမယ့်
ဒါလေးက ပစ္စည်းအပြည့်နှင့် အိတ်အသေးစား ဆိုသော်လည်း လူကို မှန်ရင် သေလောက်အောင် နာသည်။

သို့သော် လုချီယွမ်က တစ်ခုခု လွင့်လာသည် ဟု ခံစားမိနေတာဖြစ်သည်။ ဘာပစ္စည်းမှန်း မသိပေမယ့် သူသည် အလိုလို ရှောင်လိုက်နိုင်သေး၏။

ထို့ကြောင့် အိတ်သည် လုချီယွမ်၏ မျက်နှာကို လျှပ်ထိသွားပြီး ရှချင်းယန်၏ ခေါင်းကို သေချာသွားထိသည်။

လုချီယွမ်နှင့် မတူသည်က ရှချင်းယန်သည် ထိုမျှကံမကောင်းလှပေ။ မူလက ကြော့ရှင်းနေသော ဆံစပ်ဆံစတွေသည် ဤထိချက်ကြောင့် လုံးဝ ဖရိုဖရဲဆန်သွားသည်။ မျက်နှာပေါ်က မိတ်ကပ်များသည်ပင် အိတ်မှာ ကပ်ပါသွားခဲ့၍ မျက်နှာတစ်ခြမ်းက ကာလာမဲ့သွားသည်။ 

===================================

Zawgyi

အခန္း ၁၂ ) ဒါေပမယ့္ ဟဲကေတာ္ဆိုတဲ့ ဂုဏ္ပုဒ္ကိုလည္း လုခ်ီက ခိုးယူသြားတာပဲေလ

အေစာပိုင္းမွာ ​​တစ္ေယာက္ေယာက္က တစ္ခုခု ေျပာလိုက္၍ လုခ်ီယြမ္က အက်ယ္ႀကီး ထရယ္တာျဖစ္သည္။

အရယ္ရပ္သြားေတာ့ ဟဲက်ိန္႔ပိုင္ကို ၾကည့္သည္။
“ က်ိန္႔ပိုင္ ငါ့သမီးကို မင္းဆီအပ္လိုက္ၿပီေနာ္ ေသခ်ာဂရုစိုက္ပါကြာ သူခမ်ာ ေတာ္ေတာ္ေလး ခံစားခဲ့ရၿပီးၿပီမို႔လို႔ ”

“ ဟုတ္ကဲ့ပါ အေဖ မစိုးရိမ္ပါနဲ႔ ကြၽန္ေတာ္ သူ႔ကို ေသခ်ာေပါက္ ေကာင္းေကာင္း ထားမွာပါ ”
ဟဲက်ိန္႔ပိုင္က တည္ၾကည္ေလးနက္စြာ ​စကားျပန္သည္။

ဟဲက်ိန္႔ပိုင္ ႏွင့္ လုခ်ီ ၏ လက္သူႂကြယ္ေတြမွာ လက္ထပ္လက္စြပ္ ဝတ္ထားၾကသည္။

သူမ ေထာင္ထဲေရာက္ေနတဲ့အခ်ိန္မွာ သူတို႔ နည္းနည္းေလးေတာင္ မေစာင့္ႏိုင္ၾကဘူးလား။

“ ဒါေပမယ့္ မင္းမသိေသးတဲ့ ကိစၥတစ္ခုရိွတယ္။ မင္းေယာကၡမရယ္ ငါရယ္ ခ်ီခ်ီရယ္ပဲ သိတဲ့ကိစၥေပါ့ကြာ။ ဒါေပမယ့္ ေထာင္ထဲက တစ္ေယာက္ေၾကာင့္ ဒီကိစၥကို ငါတို႔ေတြ တျခားဘယ္သူ႔ကိုမွ မေျပာျပခဲ့ဖူးဘူး . . ႏွစ္ေတြလည္းၾကာခဲ့ပါၿပီ . . ဒီကိစၥေၾကာင့္ပဲ ခ်ီခ်ီက အထင္လြဲ ခံခဲ့ရေပမယ့္ မေက်နပ္ခ်က္ေတြကို ဘယ္ေတာ့မွ ေပါက္ကြဲရတယ္လို႔ မရိွပါဘူး ”
လုခ်ီယြမ္က သက္ျပင္းခ်သည္။

“ အေဖ ”
လုခ်ီ၏ မ်က္လံုးမ်ား အရည္ျပည့္လ်ွမ္းေနကာ
“ သမီးမွာ မေက်နပ္ခ်က္ရယ္လို႔ မရိွပါဘူး . . အေဖက အၿမဲတမ္း သမီးအေပၚမွာ ေကာင္းခဲ့တာပဲေလ၊ အဲဒီအေပၚယံအမည္နာမေတြကိုလည္း သမီးက ဂရုမစိုက္ပါဘူး ”

“ ဘာလို႔ဂရုမစိုက္ရမွာလဲ မင္း ဂရုမစိုက္ရင္ေတာင္ အေဖက ဂရုစိုက္တယ္ မင္းတို႔ႏွစ္ေယာက္စလံုးအတြက္ အေဖစိတ္မေကာင္းဘူး။ က်ိန္႔ပိုင္ တကယ္ေတာ့ ခ်ီခ်ီက မယားပါသမီး မဟုတ္ဘူးကြ  ငါ့သမီးအရင္း လုမိသားစုရဲ့အေမြစားအေမြခံ အစစ္ပါ ”

တကယ္ေတာ့ လုမန္ႏွင့္ မျပတ္စဲခင္ ဟိုအရင္ ကတည္းက ဟဲက်ိန္႔ပိုင္ သိၿပီးသားျဖစ္သည္။ လုခ်ီႏွင့္ တြဲေတာ့ လုခ်ီက သူ႔ကို ေျပာျပပါသည္။ 

ဒါေၾကာင့္ပဲ လုခ်ီကိုေရြးၿပီး လုမန္ကို ေခ်ာက္တြန္းရာတြင္ ကူညီေပးခဲ့ျခင္း ျဖစ္သည္။

လုမိသားစုမွာ လုခ်ီက လုမန္ထက္ပိုၿပီး ပစားေပးခံရတယ္ ဆိုကတည္းက လုခ်ီသည္လည္း လုခ်ီယြမ္၏ သမီးအရင္းဆိုတာကိုပါ သိလိုက္ရေတာ့ လုမန္က လုခ်ီထက္ ဘာေတြသာဦးမွာလဲ။

ထို႔ေၾကာင့္ ဟဲက်ိန္႔ပိုင္သည္ တံု႔ဆိုင္းျခင္းမရိွဘဲ လုခ်ီကို ေရြးခ်ယ္ခဲ့သည္။ 

“ မင္းနဲ႔မင္းအေမ အထင္လြဲခံရတာ ငါ့ေၾကာင့္ပါ၊ မင္းက ငါ့သမီးအရင္းလည္းျဖစ္တယ္။ မင္းအစ္မထက္ ဆိုးသြမ္းေနတာလည္း မဟုတ္ဘဲနဲ႔ မယားပါသမီးလို႔ အထင္ခံရတယ္။ ဒီႏွစ္ေတြမွာ ဒါကိုျပင္ဆင္ဖို႔ မင္းကို ေကာင္းေကာင္းထားခ်င္ေပမယ့္လည္း ေကာက္ရိုးပံုေစာင့္တဲ့ေခြးနဲ႔  တူတယ္လို႔ လူေတြက မင္းကို ေျပာၾကျပန္တယ္။ ဒါေပမယ့္ မင္းက လုမိသားစုရဲ့အေမြဆက္ခံသူေလ။ ဘယ္သူ႔ေနရာကိုမွ မလုသလို ဘယ္သူ႔ကိုမွလည္း ပ်က္စီးေၾကာင္း ျပဳေနတာ မဟုတ္ဘူး။ အဲဒါ . . မင္းအေဖျဖစ္တဲ့ ငါက အေျခခံေလးေတြေတာင္ ျဖည့္ဆည္းမေပးႏိုင္ခဲ့လို႔ မင္းနဲ႔မင္းအေမကို ဒီလိုေဝဒနာေတြ ခံစားေစခဲ့မိတာပဲ ”

“ အေဖ စိတ္မပူပါနဲ႔ ကြၽန္ေတာ္ ခ်ီခ်ီ့ကို ေကာင္းေကာင္းဆက္ဆံေပးမွာပါ။ အခုကစၿပီး သူဟာ တရားဝင္ ဟဲကေတာ္ ျဖစ္သြားပါၿပီ။ ဒါ  ဘယ္သူ႔ေနရာကိုမွ လုေနတာ မဟုတ္ပါဘူး ”
ဟဲက်ိန္႔ပိုင္က ေျပာသည္။ 

မဟုတ္ဘူးတဲ့လား. . .

ဟဲကေတာ္ဆိုတဲ့ ဂုဏ္ပုဒ္ကိုလည္း လုမန္ဆီက ခိုးယူသြားတာပဲေလ။

“ အေဖကလည္း. .ဘာမွမျဖစ္ပါဘူး. .သမီး စိတ္ထိခိုက္တယ္လို႔လည္း မခံစားရပါဘူး. .အေဖက လိုအပ္တာထက္ ပိုၿပီး ေကာင္းေကာင္း ဆက္ဆံေပးခဲ့တာပဲေလ။ မမမွာ ရိွသမ်ွ သမီးမွာရိွတယ္။ မမမွာ မရိွတာေတြလည္း သမီးမွာ ရိွတယ္။ သမီးကို ေကာင္းေကာင္းထားႏိုင္ဖို႔ အေဖ အေကာင္းဆံုး ႀကိဳးစားခဲ့တယ္ဆိုတာကို သိပါတယ္ ”
လုခ်ီက မ်က္ရည္ေလး တစမ္းစမ္းႏွင့္။ 

“ ခ်ီယြမ္ ရွင့္ကိုယ္ရွင္ အျပစ္မတင္စမ္းပါနဲ႔ . . တင္ခ်င့္တင္ ကြၽန္မကိုပဲ အျပစ္တင္ရမွာပါ . . ကြၽန္မသာ . . . ”
ရွခ်င္းယန္က တသိမ့္သိမ့္ ရိႈက္ငိုသည္။

အသက္အရြယ္ကိုမွ အားမနာ အဘြားႀကီးက ၾကာပန္းျဖဴေယာင္ေဆာင္ေနေသးသည္။ လုမန္မ်က္လံုးမွာ မႏွစ္ၿမိဳ႔မႈေတြထံုလႊမ္းသြားသည္။ 

ဒါေတာင္ ႏွစ္ေတြၾကာတဲ့အထိ လုခ်ီယြမ္က
ဒါႀကီးကို အျဖစ္သည္းေနတာပါ။

သူ႔မိန္းမ ဝမ္းနည္းသြားတာကို မၾကည့္ရက္ေတာ့ လုခ်ီယြမ္က ေဒါသတႀကီး ေျပာလာေလရဲ့။
“ ဘယ္လိုစိတ္နဲ႔ မင္းကို အျပစ္တင္ရက္ပါ့မလဲ. . ဒါေတြအားလံုး ရွခ်င္းေဝရဲ့အမွားေၾကာင့္ပဲ . . သူ႔ေၾကာင့္သာမဟုတ္ရင္ ကိုယ္တို႔ – ”

ရုတ္တရက္ ဗုန္းခနဲ ျမည္သံ ထြက္လာသည္။

စကားေျပာေနသည့္ လုခ်ီယြမ္မွာ အမ်ိဳးအမည္ မသိ အရာတစ္ခုက ရုတ္တရက္ လာမွန္သျဖင့္ တိခနဲ ျပတ္ေတာက္သြားသည္။

လုမန္ကအိတ္ႏွင့္ပစ္ေပါက္လိုက္ျခင္းျဖစ္ကာ၊

သူမမွာ အိတ္ေတြ အမ်ားႀကီး မပါေပမယ့္
ဒါေလးက ပစၥည္းအျပည့္ႏွင့္ အိတ္အေသးစား ဆိုေသာ္လည္း လူကို မွန္ရင္ ေသေလာက္ေအာင္ နာသည္။

သို႔ေသာ္ လုခ်ီယြမ္က တစ္ခုခု လြင့္လာသည္ ဟု ခံစားမိေနတာျဖစ္သည္။ ဘာပစၥည္းမွန္း မသိေပမယ့္ သူသည္ အလိုလို ေရွာင္လိုက္ႏိုင္ေသး၏။

ထို႔ေၾကာင့္ အိတ္သည္ လုခ်ီယြမ္၏ မ်က္ႏွာကို လ်ွပ္ထိသြားၿပီး ရွခ်င္းယန္၏ ေခါင္းကို ေသခ်ာသြားထိသည္။

လုခ်ီယြမ္ႏွင့္ မတူသည္က ရွခ်င္းယန္သည္ ထိုမ်ွကံမေကာင္းလွေပ။ မူလက ေၾကာ့ရွင္းေနေသာ ဆံစပ္ဆံစေတြသည္ ဤထိခ်က္ေၾကာင့္ လံုးဝ ဖရိုဖရဲဆန္သြားသည္။ မ်က္ႏွာေပၚက မိတ္ကပ္မ်ားသည္ပင္ အိတ္မွာ ကပ္ပါသြားခဲ့၍ မ်က္ႏွာတစ္ျခမ္းက ကာလာမဲ့သြားသည္။ 

===================================

Continue Reading

You'll Also Like

241K 16.3K 47
This novel featuring Amie and her childhood friend, Mahir. It's a delightful tale of friendship, lost connections, and the power of rekindling old fl...
816K 35.5K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
773K 108K 39
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
150K 2.6K 130
NOT MY STORY, NOR MY TRANSLATION For Offline Reading Purpose Only Author(s) 鹿迟 Summary Sheng MuMu was transmigrated into a novel. While others transm...