*No Smoking *
ဟူသော စာတန်းနီနီလေးက ကော်ဖီဆိုင်၏ ထင်သာမြင်သာရှိသော နေရာများတွင် ကပ်ထားသည်။
ယုယအနေဖြင့် ကော်ဖီ ဆိုင် ထိုင်သည်မှာ ခဲတောင့်ခဲယဥ်း။
စိတ်တွေ ရှုပ်ထွေးနေသည့် အခါမျိုး သို့မဟုတ် စိတ်ထဲ ဘာမှမရှိတော့တဲ့အချိန်
အရာအားလုံးဟာ အဓိပ္ပာယ် မရှိ
ဗလာသက်သက် ဖြစ်နေချိန်များ၌သာ ကော်ဖီဆိုင်ထိုင်လေ့ရှိသည်။
ဘဝတွင် စည်းတွေ ဘောင်တွေ နဲ့ နေရလောက် စိတ်ကျဥ်းကြပ်စရာမရှိ။
နေရာတကာ စည်းကမ်းတွေ လိုက်နာစရာတွေ ရှိနေခြင်းက
လူဖြစ်ရခြင်း၏ တချို့တဝက်ကို ချုပ်တည်းပစ်လိုက်ခြင်းဟု ယုယယုံကြည်သည်။
အပေါ်ထပ်ဝတ်ဂျာကင် လေးထဲက စီးကရက်လေးထုတ် အသင့်ပါလာသော မီးခြစ်ကလေး ဖြင့် မီးညှိလိုက်သည်။
အရွဲ့တိုက်ခြင်းဟာ ယုယ၏ ကိုယ်ပိုင်လက်နတ်တစ်ခုသာ။
" အမ ကျွန်တော်တို့ဆိုင်က ဆေးလိပ်သောက်တာကို ခွင့်မပြုထားပါဘူးခမျ"
စားပွဲထိုး ဖြစ်ဟန်တူသော ကောင်လေးတစ်ယောက်က ယုယအား ရိုကျိုးပျူငှာစွာ ပြောသော်လည်း
ယုယ ဂရုမစိုက်။
"အမ ကျေးဇူးပြုပြီး တခြားဧည့်သည်တွေကို လေးစားပါ"
ယုယ တခြားဝိုင်းတွေကို လိုက်ကြည့်တော့ စုံတွဲ လေးတွေ နှစ်တွဲ က တစ်ဝိုင်း
အသက်ခပ်လတ်လတ် အမျိုးသားကြီး နှစ်ယောက်က တစ်ဝိုင်း၊
တခြား တစ်ယောက်ထဲ သမား တွေရော တော်တော်များများရှိသည်။
"ဒါဆို ဘာလို့ တို့ကပဲ သူတို့ကို လေးစားပြီး
သူတို့ကရော တို့ကို လေးစားလို့ မရရတာလဲ"
စားပွဲထိုးကောင်လေးက ခေါင်းရမ်းပြီး ပြန်ထွက်သွားသည်။
ကိုယ့်ကြောင့် လူတစ်ယောက် လက်လျှော့သွားတာကို မြင်ရတာ သိပ်အားရတာပဲ။
"အဟတ်"
စီးကရက်ကို နောက်တစ်ကြိမ် ရှိုက်ဖွာလိုက်သည်။
အငွေ့တွေ အများကြီးကို မှုတ်ထုတ်လိုက်သည်၊
ဆိုင်က အဲကွန်းခန်းဖြစ်တာကြောင့် ဆေးလိပ်ငွေ့များက ဆိုင်အတွင်းထဲ ပျံ့နှံ့ နေသည်။
တစ်ယောက်ထည်းသမားတွေ နှစ်ယောက် သုံးယောက် ထပြန်သွားသည်။
စုံတွဲတစ်တွဲလည်း ထပြန်သွားပြန်သည်။
ယုယကတော့ တစ်ခုခုကို အနိုင်ရသွားတဲ့ လူတစ်ယောက်လို ဟတ်ဟတ်ပတ်ပတ် ပြုံးလျက်။
"ဒီမှာ မိန်းကလေး "
သန့်သန့်ပြန့်ပြန့်နှင့် ဒေါင်ကောင်းကောင်း အမျိုးသားကြီးတစ်ဦး။
ယုယထက် အသက်နှစ်ဆလောက် ကြီးဟန်တူသော်လည်း
အနေအထိုင် ပုံ နှင့် ဝတ်စားထားပုံက အသက်သုံးဆယ်ဝန်းကျင်အမျိုးသားတစ်ယောက်ကဲ့သို့ပင်။
ဈေးကြီးတန်တွေ ဝတ်ဆင်ထားသည်ဟု မဆိုသော်ညားလည်း
အပေါ်ယံကြည့်ရုံဖြင့်
အထက်တန်းစားအလွှာထဲက ဆိုတာ ယုယတပ်အပ်သိနိုင်သည်။
ယုယက ဒီလိုလူတွေနဲ့ ပတ်သက်နေကြမဟုတ်လား?
"မင်းဆေးလိပ်သောက်ရတာ ကြိုက်တယ် ဆိုရင်တောင် အပြင်ထွက်သောက်သင့်တယ်"
"ကျွန်မကို အမိန့်လာပေးနေတာလား"
နှုတ်ခမ်းတွင် ကိုက်ခဲထားသော စီးကရက် ကို လက်ဖြင့် ယူလိုက်ပြီး
ဘုကြည့်ကြည့်လိုက်သည်။
"အမိန့်ပေးတယ်ဆိုတာထက် လူတွေကို လေးစားစေချင်ရုံ"
"အဲ့တော့ ကျွန်မက မဖြစ်မနေလိုက်နာရမှာလား၊ ရှင်တို့ မကြိုက်ဘူးဆိုရင်လည်း သူများတွေလို ထွက်သွားလိုက်လေ "
ယုမတ်တပ် ထရပ်လိုက်သည်။
ဂျာကင်လေး ဝတ်ထားတယ် ဆိုသော်လည်း အတွင်းမှ အင်္ကျီ က ရင်နှစ်မွှာကို ပေါ်လုပေါ်ခင်ဖြစ်သည်အထိ ဟိုက်နေသည်။
အနက်ရောင် လည်သာစကတ်ပေါင်လယ်လောက်က ဘေးမှ ခွဲထားသေးသည်။
ဆံပင်တွေကို အနောက်ကို တစ်ချက် လှန်တင်လိုက်သည်။
ယုယ၏ ပုံစံက လူကြီးလူကောင်း ဘုရားတရားသမားတွေ အမြင်မှာတော့ အပျက်မတစ်ယောက်ပုံစံဖြစ်ချင်ဖြစ်နေနိုင်သည်။
သို့သော် ..
တဏှာစိတ်လွန်နေပြီး
နှာခေါင်းထိပ် မီးလောင်နေသူတို့အဖို့တော့ ရင်နှစ်မွှာကို မြင်လိုက်ရုံဖြင့်
ပြောနေရင်းစကားနှင့်အတူ တံတွေး မျိုချပစ်စေနိုင်သည်။
"ထွက်သွားတာက ရတယ်။ ဒီဆိုင်ထဲမှာ မင်းတစ်ယောက်ထဲ မဟုတ်ဘူးဆိုတာ အသိလာပေးတာ"
ဆိုင်ထဲ ဝေ့ပတ်ကြည့်တော့ ကျို့တို့ကြဲတဲ လူတွေလောက်သာရှိတော့သည်။
ထိုလူကြီးနှင့် အသက်အရွယ် မတိမ်းမယိမ်း လောက်ရှိသော လူကြီးတစ်ယောက်က ချောင်းဆိုးနေဟန်ရှိသည်။
"သြော် .. အဲ့တစ်ယောက်လာ"
ချောင်းဆိုးနေသော ဦးလေးကြီးအနား သွားလိုက်ပြီး ဆေးလိပ်တစ်ချက် ရှိုက်ဖွာရင်း သူ့မျက်နှာ တည့်တည့် အငွေ့မှုတ်ထုတ်လိုက်တော့
"အဟွတ်... အဟွတ်.."
လူတိုင်း ဘာမှ မဖြစ်တာကို သူဘာလို့ အကဲပိုနေရပါလိမ့်။
"ဟေး မင်း"
"အကို.."
စောစောက လာကောနေသော လူကြီးက ယုယအား လက်သီးဖြင့် ရွယ်သည်။
ဘာလဲ .. သူတို့နှစ်ယောက်ကဘာတွေလဲ။
" ညီ အဆင်ပြေရဲ့လား"
"အင်း ရတယ် သွားရအောင်"
ယုယ တစ်ခုခုကို သဘောပေါက်သွားသည်။
"ကြည့်ရတာ ရှင်တို့နှစ်ယောက်က ယောကျ်ားအချင်းချင်းကြီး ဟင်းဟင်း"
ယုယက ခနဲ့သလိုရယ်တော့
ချောင်းလုပ်ဆိုးနေသော လူကြီးက ပြန်လှည့်ကြည့်လာသည်။
စားပွဲထိုးကောင်လေးနှင့်အတူ ဆိုင်ရဲ့ မန်နေဂျာ လိုလို ဘာလိုလို တစ်ယောက် ယုယတို့အနား ထပ်ရောက်လာသည်။
" ဒီမှာ မိန်းကလေး ၊ ဦးတို့က အမျိုးသားအချင်းချင်းဆိုတော့ ဘာတွေများ ဖြစ်နေလို့လဲ။
ပတ်ဝန်းကျင် ကို အဆိတ်ငွေ့တွေ ပေးမနေဘူး
မင်းသာ ကိုယ့်ကြောင့် တစ်ဖက်လူ ဒုက္ခ မဖြစ်အောင်နေ"
လက်ညှိုးငေါက်ငေါ်က်ထိုးရင်းပြောနေပုံက မိန်းမကြီး နဲ့ သိပ်တူတာပဲ။
"ရွံလိုက်တာ ဒီဆိုင်မှာ ဒီလိုလူတွေ လာကြတူ မသတီစရာပဲ"
"အမ စကားကို ဆင်ဆင်ခြင်ခြင်ပြောပါ။
အမစကားက တစ်ဖက်လူရဲ့ ကိုယ်ရေးကိုယ်တာ ကို အရမ်းဝင်စွတ်ဖက်လွန်းနေပြီ။
ပြီးတော့ ကျွန်တော်တို့ဆိုင်မှာ ယောကျ်ား မိန်းမ မရွေး လာရောက် စားသောက်ပိုင်ခွင့်ရှိသလို
လိမ်တူပဲဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ် လူဖြစ်နေရုံနဲ့ ဆိုင်ထဲလာရောက် ခွင့်ရှိပါတယ်၊ အမ ဒီဆိုင်ကနေထွက်သွားပေးပါ။ အမလို လူမျိုးကို ကျွန်တော်တို့ဆိုင်က မကြိုဆိုဘူး။
အဲ့လိုမှ မဟုတ်ရင် အမကို ကျွန်တော်တို့ဆိုင်က ဆွဲထုတ်ရလိမ့်မယ်။
ဒီဘက်က အန်ကယ်တို့ကိုလည်း တောင်းပန်ပါတယ် ခင်မျ။
ကျွန်တော်တို့ဘက်က ဒီလိုဖြစ်သွားတဲ့အတွက် တကယ်တောင်းပန်ပါတယ်"
ဆိုင်ရဲ့ တာဝန်ခံ ကောင်လေး က ယုယကို မောင်းထုတ်သည်။
ဒီထက်ဆိုးတာက ဟို လူကြီးနှစ်ယောက်ကို တောင်းပန်နေတာပဲ။
ပြောချင်တာက ယုယမှားတယ်ပေါ့။
"တောက်"
ထိုင်ခုံကို ခြေဖြင့် ကန်ရင်း စောက်ဂရုမစိုက်ဘူးဟုသော ပုံစံကိုပြသည်။
ဆိုင်ထဲက ထွက်လာဖို့ပြင်တော့
"နေဦး.."
ချောင်းဆိုးနေသော ဦးလေးကြီးက ခုတော့လည်း ဆရာကြီးလုပ်တာ သိပ်ဝါသနာပါပုံပါပဲ။
"ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်အထိ ကျယ်ပြန့် လဲ?
နားလည်မှု က ဘယ်လောက်အထိ နက်ရှိုင်း လဲ?
မေတ္တာတရားဟာ ဘယ်လောက်အထိ အေးမြလဲ?
ဒါတွေကို သိဖို့ ရေကူးတက်ဖို့မလိုဘူး။
မင်းမှာ နှလုံးသားတစ်စုံရှိပြီး
သူ့ရဲ့ အစစ်အမှန်ကို လက်ခံတယ်ဆိုရင်ပဲ
အချစ်ရဲ့အဓိပ္ပာယ်ကို မင်းနားလည်ဖို့ လုံလောက်ပါတယ်"
ဘာကို ရည်ရွယ်တာလဲ မသိပေမယ့် သူတို့ ယောကျ်ားချင်း ဖြစ်နေကြခြင်းကို
စာတွေ ဖွဲ့ပြီး ပြော နေတာပဲ။
ဆိုင်ထဲက လူနည်းစုက လက်ခုပ်ဝိုင်းတီးသည်။
အဲ့လူကြီးကို ထောက်ခံနေတာဖြစ်သလို
ယုယကို လှောင်ပြောင်နေခြင်းနှင့် ပိုဆင်တူသည်။
"ညီ အဆင်ပြေရဲ့လား"
"အင်း ရပါတယ် "
နောက်ကျောဘက်က ကြားနေရသော စကားတို့ကိုတောင် ယုယ မကြားချင်တော့။
ဘဝမှာ ပထမဆုံးအကြိမ် ရှုံးနိမ့်သွားခြင်းပဲ။
တံခါးဖွင့်လျက် အပြင်မရောက်ခင်
သူတို့ကို စကားနဲ့ပဲ ဖြစ်ပါစေ အနိုင်ပိုင်းခဲ့ချင်သေးသည်။
"ကျွန်မက ရေကူးရတာလည်း ဝါသနာမပါဘူး။
ချစ်ရတာလည်းမကြိုက်ဘူး။
မေတ္တာ တရားကိုလည်းအယုံအကြည်မရှိဘူး။
ဒါပေမဲ့ လူတစ်ယောက်ကို ဘယ်လိုအနိုင်ပြန်ယူရမလဲ ဆိုတာတော့ သိတယ်။
ရှင်တို့နှစ်ယောက် စောင့်ကြည့်နေပါ
ကျွန်မ ရှင်တို့ကို ဘယ်လို အနိုင်ပြန်ယူမလဲဆိုတာ"
ပြောပြီး ဆိုင်ထဲက ထွက်လာခဲ့သည်။
စိတ်ထွက်ပေါက်တစ်ခုအဖြစ်ပြောခဲ့သော်လည်း
တနုံ့နုံ့ ခံရခတ်နေသည်။
*မင်းမှာ နှလုံးသား တစ်စုံရှိပြီး သူ့ရဲ့ အစစ်အမှန်ကို လက်ခံတယ် ဆိုရင်ပဲ
အချစ်ရဲ့ အဓိပ္ပာယ် ကို မင်းနားလည်ဖို့ လုံလောက်ပါတယ်* တဲ့။
ထိုစကားလုံးဟာ ယုယဖို့ အတွေးများစေသည်။
တစ်ခုခုက လှုံ့ဆော်နေသလိုမျိုး။
ထိုစကားကို ယုံကြည်ချင်နေသည်။
ယုံကြည်ခြင်းဘဆိုတာကိုတောင် အယုံအကြည်မရှိလို့ ယုယ တစ်ယောက် ဘာသာမဲ့ ဖြစ်နေသည်မဟုတ်လား။
🥀🥀🥀🥀🥀🥀🥀🥀🥀🥀
"အမအွန် ကျွန်တော် ဒီမှာ"
အမအွန် မြန်မာပြည်ကို လာလည်မယ်ဆိုလို့ လေဆိပ် ကို လာကြိုရသည်။
အမအွန်က ဘန်ကောက်သူစစ်စစ်ဆိုပေမယ့်
တည်ငြိမ် အေးဆေးသည်။
အမအွန်ကို ပွေ့ဖက်ပြီး ပါလာတဲ့ ခရီးဆောင်အိတ်ကို ဆွဲလို့။
"အန်ကယ်ပါ လိုက်လာတာလား၊ ဆဝါဒီခ အန်ကယ်"
"ဝဒီခပ်"
ကားပေါ်က ဒယ်ဒီ့ကိုမြင်တော့ အံ့သြလို့မဆုံး။
လက်အုပ်ချီ နှုတ်ဆက်လိုက်သေးသည်။
အိမ်မှာ ဖေဖေရယ် အကိုတို့ရယ် အမအွန်အတွက် စီစဥ်နေကြတယ်ဆိုတာသာသိရင်
မူးများလဲသွားမလားမသိဘူး။
"P'Aom ပင်ပန်းလာပြီလား"
"မပင်ပန်းပါဘူး စူးရှရယ် အမက လေယာဉ် ပေါ်မှာအေးဆေး ထိုင်စီးလာတာကို"
အမအွန်က စူးရှပုခုံးကို မှီလိုက်ပေမယ့် ကားရှေ့ခန်းက စူးရှ၏ ဒယ်ဒီ ကြိတ်ရယ်နေတာကိုတွေ့ကို ပြန်ခွါနေလိုက်သည်။
ထိုကဲ့သို့လည်း အနေအထိုင် ဆင်ခြင်တက်သေးသည်။
"သမီးတို့ လာပြီလား လာလာ အိမ်ထဲဝင် အထုတ်တွေ ဟိုကောင်လင်းလတ် သယ်လာလိမ့်မယ်"
" ဟာ အဖေ ကျွန်တော့်ကောင်မလေးလည်းမဟုတ်ဘူး
သယ်မှသယ် ညီ သယ်ရမှာမဟုတ်ဘူးလား "
"ခွန်ဖော့(အဖေ) ဆဝါဒီခ၊ P'အာကာ ဆဝါဒီခ၊ လင်းလတ် ဝဒီခ"
"ဝဒီခ"
"ဝဒီခ"
လင်းလတ်ထက်သာက အဖေကို ပြန်စသည်။
သို့သော်လည်း လက်ကဖြင့် အွန် ၏ ပါလာသော ခရီးဆောင် အိတ်ကို ဆွဲထားနှင့်ပြီ။
အွန် က ဆင်ဝရှေ့တွင် ရပ်စောင့်နေသော စူးရှအဖေနှင့် အကိုကြီးဖြစ်သူ အာကာ ၊ လင်းလတ်တို့ကို လက်အုပ်ချီလျက် နှုတ်ဆက်သည်။
" ရပါတယ် လင်းလတ် ငါသယ်လိုက်မယ်"
"အိုး မရဘူး မရဘူး။ အမအွန်က ပင်ပန်းလာတာ အကိုသယ်ခဲ့ လာအမအွန် "
စူးရှက အွန် လက်ကို ဆွဲရင်း အိမ်ထဲ အတင်းဆွဲခေါ်သွား၏။
လင်းလတ်ကတော့ လက်သီးလက်မောင်းတန်း လို့၊
အဖေနှစ်ယောက်ကလည်း ရယ်လျက်။
"ပေး ကိုကို ကူမယ်"
အာကာမင်းထက် သည် လင်းလတ် သယ်ထားသော ခရီးဆောင်အိတ်ကို ယူလိုက်သည်။
" နေပါစေ နေပါစေ၊ ကျွန်တော့်အနုအရွလေးရယ်။
ဘောပင်လေး ကိုင်တာတောင် မလိုလားဘူး။ ဒီလိုအိတ်အလေးကြီးတွေဆို ပိုဆိုးပေါ့။
ကိုကိုက စာရေးရတာ ဝါသနာပါတယ် ဆိုလို့သာ လွှတ်ထားရတာ
လာပါ သိပ်အပင်ပန်းမခံ ဒါတွေ ကျွန်တော့်အတွက် ဘာမှမဟုတ်ဘူး
ကူညီချင်သပ ဆိုလည်း ညမှ..."
"ညီ"
"ကျွန်တော်က စတာပါဗျာ"
လင်းလတ်သည် ညီဖြစ်သူစူးရှအပေါ်တွင် အနစ်နာခံသလို အကိုဖြစ်သူ တနည်းအားဖြင့် ချစ်ရသူ အတွက်လည်း အနစ်နာခံရပြန်သည်။
သူသည်သာ အကြီးဆုံးလို မျိုး။
" သမီးအခန်းကိုတော့ သားနဲ့ မျက်နှာချင်းဆိုင် ထားထားတယ်။
တက်ကြည့်လိုက်အုံး ။ ဖေဖေတို့ သေချာသန့်ရှင်းလေးလုပ်ထားတာကိုမှ သားက သူကိုယ်တိုင်လုပ်ပါမယ်ဆိုပြီး
ထပ်ပြီး ပြင်ဆင်ထားတာပဲ"
စူးရှက သူ့အဖေစကားကို ပြုံးရုံဖြင့် ဝန်ခံသည်၊
အွန် ကတော့ အားနာနေရသည်။
"အမအွန် လာလေ"
လင်းလတ်က အခန်းထဲ ခရီးဆောင်အိတ်ကို ထည့်ထားနှင့်ပြီ။
စူးရှအဖေက ရေမိုးချိုး ခဏနားပြီးရင် အားလုံးအတူ ထမင်းလက်ဆုံ စားကြမယ်ဟု အော်လိုက်သံကြားလိုက်သေးသည်။
"အမအွန် ကို လွမ်းနေတာ"
လင်းလတ်တို့ ထွက်သွားပြီးတော့ တံခါး ပိတ်ပြီး
အမအွန်ကို စူးရှက ထွေးပွေ့လိုက်သည်။
ကိုယ့်စီနီယာဖြစ်သော်လည်း အမအွန်သည် ကျမ်းမာရေးလိုက်စားသောကြောင့် ကျန်းမာနုပျိုနေသည်၊
ကလေးလိုမျက်နှာလေးရှိပြီး ပုခုံးပေါ် ဝဲနေသော ဆံပင်နွယ်တွေက အတိညှပ်ထားသည်။
ရှေ့ဆံမြိတ်က မျက်ခုံးဖုံးသည်အထိ ရှိပြီး
ခုံးခုံးလေးဖြစ်နေသည်။
အမအွန်၏ အစိတ်အပိုင်း အားလုံးကို စူးရှ တကယ်ကို နှစ်သက်ပါသည်။
အမအွန် အနားရှိနေလျှင် အလိုလို အေးချမ်း နေတက်သည်။
အမအွန်၏ အပြုံးကို မြင်လိုက်သည်နှင့် တစ်လောကလုံးနှင့် ရန်တုဖြစ်လိုက်နိုင်သည်။
ရန်ဖြစ်ဆိုမှ ယုယငယ်ရော တစ်နေရာရာမှာ ရန်ဖြစ်နေသေးလား?
ယုယငယ်ကတော့ အမအွန်နှင့် လားလားမှအဆိုင်ချေ။
ယုယငယ်နှင့်နေလျင် အမြဲ ပူလောင်နေရမည်။
ယုယငယ်အနားရှိလျှင် တစ်ခုခုကို မလုံမလဲ ဖြစ်စေသည်။
ယူယငယ် အနားရှိနေလျှင် စူးရှ တစ်ကိုယ်လုံး ပူထူလာတက်ပြီး
ဘာလုပ်လုပ် အမှားမှားအယွင်းယွင်း ဖြစ်တက်သည်။
"အမ လည်းလွမ်းနေတာ"
နှုတ်ခမ်းတွေပေါ် ရောက်လာသော အမအွန်၏ အနမ်းနုနုတို့ကြောင့် လက်ရှိအခြေအနေကို သတိထားမိသွားသည်။
မဆီမဆိုင် မကောင်းတဲ့ မပတ်သက်သင့်တဲ့ မိန်းမကို
တကူးတက မဟုတ်ပဲ
တွေးနေမိသတဲ့။
စူးရှ ချစ်တာ အမ အွန်(မ်) စင် ကိုပါ။
...