Unicode & Zawgyi
(Unicode)
Lovely coffee bar အတွင်း၌....
စေစားရာ နဲ့ ထွန်းမင်းအောင် တို့
ရယ်မောလျှက် စကားပြောနေကြသည်။
"စေစား....မင်း ဒီလို မရယ်တာတောင် အတော်ကြာပြီပဲ...."
"အင်း....စိတ်ထဲ လေးလံနေတာတွေ
လျှော့ချပြီး
ငါ ပျော်ပျော်ရွှင်ရွှင် နေသွားဖို့ ရွေးချယ်လိုက်လို့လေ...."
စေစားရာ ထိုစကားကို ဆိုနေစဉ်အတွင်း မျက်နှာမှာ ကြည်လင်ဝင်းပနေသည်။
"တကယ်ကောင်းတယ့်ဆုံးဖြတ်ချက်ပဲ....
ဒါနဲ့လေ....
အစ်ကို တောမင်း ဆီက တစ်ခုလောက်
မေးပေးပါလား..."
"ဘာမေးပေးရမှာလဲ...."
"သူနဲ့ ဟိုတစ်ခါက အတူတူ ပွဲတက်တဲ့ အမျိုးသမီးရဲ့ အကြောင်း..."
"အဲ့အမျိုးသမီးအကြောင်းသိချင်ရင် မင်းတစ်ခြားနည်းနဲ့ စုံစမ်းလို့ရတာပဲ....ငါ့ကို အကူအညီ တောင်းစရာ မလိုဘူးလေ
ထွန်းမင်း ..."
"စုံစမ်းလို့ရပါတယ်...ဒါပေမယ့် အဲ့ဒါ အကြမ်းဖျင်းပဲ စုံစမ်းလို့ရတယ်.....အသေးစိတ် အချက်အလက်တွေကျတော့ မသိရဘူး....စေစား မင်းပြောဖူးတယ်မလား....သူက အစ်ကို တောမင်း ရဲ့ သူငယ်ချင်းလို့...ဒါဆို မင်းငါ့ကို ကူညီနိုင်ပါတယ်ကွာ...ကူညီပါကွာ....ငါ့ရဲ့ ချစ်ဆုံး သူငယ်ချင်း လေးကလည်း...နော်လေ..
နော်လို့...."
ထွန်းမင်းအောင် တကယ့်ကို မျက်နှာငယ်လေးနှင့်တောင်းဆို နေသည်။
ထွန်းမင်းအောင် ရဲ့ အဆုံးသတ် စကားသံကြောင့် စေစားရာ ကြ က်သီးပင် ထလာသလို ခံစားလိုက်ရသည်။
"ထွန်းမင်း အဲ့လိုကြီး မပြောစမ်းပါနဲ့...
ငါ ကြ က်သီးထလို့...ဒါနဲ့ မင်း အဲ့အမျိုးသမီးကို တကယ်ကြီး ကြိုက်နေတာလား...."
စေစားရာ ထွန်းမင်းအောင်ရဲ့ ဤကဲ့သို့ ထူးခြားသည့် သွင်ပြင်ကို မမြင်ဖူးသဖြင့် အထူးအဆန်း မေးလိုက်မိသည်။
"အစ်ကို့ ရဲ့ ညီလေးက ဘယ်သူ့ကို နှစ်သက်နေတာလဲ...."
ထိုအသံကြောင့် စေစားရာ ရော
ထွန်းမင်းအောင် ပါ နောက်ကို ပြိုင်တူ
လှည့်ကြည့်မိကြသည်။
ရုတ်တရက် မြင်လိုက်ရသည့် မျက်နှာကြောင့်
စေစားရာ မျက်နှာမှာ မနှစ်သက်မှု လှိုင်းလေးများထင်ဟပ်သွားသည်။ သို့သော် ထိုအရာက ခဏမျှသာ။ ချက်ချင်း အပြုံးလေးက အစားထိုး ဝင်ရောက်လာခဲ့သည်။
ထွန်းမင်းအောင် ကတော့ အတော်လေးကို ဝမ်းသာပျော်ရွှင်နေသည်။
"ဟာ..အကိုမာန် ဘယ်တုန်းက ပြန်ရောက်တာလဲ...ကျွန်တော့်ကို ပြောတောင်မပြောဘူး...ပြောရင် ကျွန်တော် လာကြိုမှာပေါ့...အခုရော ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ..."
"အစ်ကို ပြန်ရောက်တာ တစ်လလောက်ရှိပြီ..
အလုပ်မအားတာနဲ့ ညီလေးဆီ မဆက်သွယ်မိတာ...အခုကတော့ ဒီနား ကိစ္စ ရှိလို့လာရင်း ညီလေးဆီ ခဏ ဝင်လာတာ....ဘယ်လိုလဲ
အစ်ကို့ရဲ့ ရုတ်တရက် ရောက်လာမှုက
အစ်ကို့ညီကို surprise မဖြစ်စေဘူးလား..."
မာန်ဝင့်ချီ ထွန်းမင်းအောင် ရဲ့ အမေးတို့ကို ပြန်ဖြေကာ စနောက်နေသော်လည်း
အကြည့်တို့က စေစားရာ ဆီမှာသာ
ရှိနေသည်။
ထွန်းမင်းအောင် လည်း မာန်ဝင့်ချီ ရဲ့ အကြည့်ကို သတိထားမိသည်။
"အစ်ကို မာန်....ဒါက ကျွန်တော့်သူငယ်ချင်း စေစားရာ .... စေစား ဒီဘက်က ငါ့ရဲ့ အစ်ကိုဝမ်းကွဲ မာန်ဝင့်ချီ...သူက USက ပြန်ရောက်တာ မကြာသေးဘူး..."
ထွန်းမင်းအောင် မာန်ဝင့်ချီ နဲ့ စေစားရာ ကို အပြန်အလှန် မိတ်ဆက်ပေးလိုက်သည်။
မာန်ဝင့်ချီ ပြုံးလျှက်....
"ကိုယ်တို့ ထပ်တွေ့ပြန်ပြီ...."
"အစ်ကိုမာန် က ကျွန်တော့် သူငယ်ချင်း ကို သိနှင့်နေတာလား...."
"မနက်တုန်းက ညီလေးရဲ့ သူငယ်ချင်း နဲ့ ဝင်တိုက်မိသေးတယ်....အခုကျတော့ မမျှော်လင့်ပဲ ထပ်တွေ့ရတယ်...ကိုယ်တို့ နှစ်ယောက်ကို ကံကြမ္မာက ဆုံဆည်းဖို့ လမ်းဖောက်ပေးတယ် ထင်ပါရဲ့ ...."
စေစားရာ မာန်ဝင့်ချီ ၏စကား အသွားအလာကို သဘောမကျသော်လည်း ထွန်းမင်းအောင် မျက်နှာကြောင့် သည်းခံလိုက်သည်။
"အစ်ကို မာန်....ကျွန်တော့်သူငယ်ချင်းက ချစ်သူ ရှိတယ်ဗျ...."
ထွန်းမင်းအောင် တမင် ဝင်ပြောလိုက်ခြင်းသာ....။
စကားနယ် လွန်နေသော သူ့အစ်ကိုဝမ်းကွဲ၏ စကားများကို သူထိုကဲ့သို့ ဝင်မပြောလျှင်
သူ့သူငယ်ချင်းက သူ့မျက်နှာကြောင့်
စိတ်ဆိုးလျှင်တောင် သည်းခံနေလိမ့်မည် ဖြစ်သည်။
"ညီလေး က အထင်မှားနေပြီ....အစ်ကို ဆိုလိုတာက မိတ်ဆွေတွေ အဖြစ်ကို ပြောတာ..."
မာန်ဝင့်ချီ ပြောနေရင်းကနေ စေစားရာ ဘက် ကြည့်လိုက်မိသည်။
စေစားရာ သည်လည်း ထွန်းမင်းအောင် လို အတွေးလွဲသွားမှန်း မာန်ဝင့်ချီ နားလည် လိုက်သည်။
"စေစား မင်းလည်း ကိုယ့်ကို ကိုယ့်ညီလို တွေးနေတာလား...."
မာန်ဝင့်ချီ ရဲ့ တဲ့တိုးဆန်သည့် အမေးကြောင့်
စေစားရာ ဖြေရခက်သွားသည်။
"မဟုတ်ပါဘူး...."
စေစားရာ လည်း ခပ်မြန်မြန် အဆင်ပြေမည့် စကားတစ်ခွန်း ကိုသာ ရွေးချယ်ပြီး ပြန်ဖြေလိုက်သည်။
စေစားရာ က အလုပ်ရှိသေးသည်မို့
ထိုသုံးယောက် တည်ရှိနေမှုမှ အရင်ထွက်သွားသည်။
မာန်ဝင့်ချီ နဲ့ ထွန်းမင်းအောင် သာ ဆက်လက်စကားပြောရင်း ကျန်ရစ်ခဲ့ကြသည်။
စေစားရာ အလုပ်ဆင်းသည်နှင့် အိမ်ကို ပြန်လာလိုက်သည်။
စေစားရာ မှာ barရှေ့ ရောက်ရုံရှိသေးသည်။ သူ့ဘေး၌ ကားတစ်စီးလာရပ်သည်။
ထိုကားပေါ်၌ ရှိနေသူကား မာန်ဝင့်ချီ ။
မာန်ဝင့်ချီ ကားပေါ်ကနေ ဆင်းလာပြီး စေစားရာ ဘေး လျှောက်လာသည်။
"စေစား အိမ်ကို ပြန်မှာလား....
ကိုယ်လိုက်ပို့မယ်လေ...."
"နေပါစေ အစ်ကိုမာန် .... "
စေစားရာ ယဉ်ကျေးစွာနှင့်ပင် ငြင်းပယ်လိုက်သည်။
"ဒါနဲ့ အိမ်က စစ်ကဲလမ်း မှာ ဆိုတော့ လမ်းလျှောက်ပြန်ရင် မဝေးဘူးလား....
ကိုယ့်ကို အားနာစရာမလိုပါဘူး....ကိုယ်လည်း စစ်ကဲလမ်း မှာပဲ နေတာ...."
"ခင်ဗျားရဲ့ အကူအညီကို ကျွန်တော့် ချစ်သူက မလိုအပ်ဘူး... "
တောမင်းတမန် မာန်ဝင့်ချီ ကို စူးရဲစွာ
စိုက်ကြည့်လျှက် ပြောလာသည်။
တောမင်းတမန် မှာ စေစားရာ ... bar ထဲက ထွက်လာကတည်းက ထိုနေရာအနီးတွင်ရှိနေခြင်းဖြစ်သည်။
တမင် ထိုငကြောင် ဘာလုပ်နေသည်
သိချင်၍ တောမင်းတမန် ခဏ
ရပ်စောင့်နေခဲ့ခြင်းပင်....။
ယခု စကားအသွားအလာကို နားထောင်ကြည့်ရုံနဲ့ တောမင်းတမန် မှာ သိလိုက်ပြီဖြစ်သည်။
သူ၏ 'စေ' ကို လုယူချင်နေသည့် ငကြောင်တစ်ကောင်သာ ဖြစ်ကြောင်းကို။
........................................................................
(Zawgyi)
Lovely coffee bar အတြင္း၌....
ေစစားရာ နဲ႕ ထြန္းမင္းေအာင္ တို႔
ရယ္ေမာလွ်က္ စကားေျပာေနၾကသည္။
"ေစစား....မင္း ဒီလို မရယ္တာေတာင္ အေတာ္ၾကာၿပီပဲ...."
"အင္း....စိတ္ထဲ ေလးလံေနတာေတြ
ေလွ်ာ့ခ်ၿပီး
ငါ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနသြားဖို႔ ေ႐ြးခ်ယ္လိုက္လို႔ေလ...."
ေစစားရာ ထိုစကားကို ဆိုေနစဥ္အတြင္း မ်က္ႏွာမွာ ၾကည္လင္ဝင္းပေနသည္။
"တကယ္ေကာင္းတယ့္ဆုံးျဖတ္ခ်က္ပဲ....
ဒါနဲ႕ေလ....
အစ္ကို ေတာမင္း ဆီက တစ္ခုေလာက္
ေမးေပးပါလား..."
"ဘာေမးေပးရမွာလဲ...."
"သူနဲ႕ ဟိုတစ္ခါက အတူတူ ပြဲတက္တဲ့ အမ်ိဳးသမီးရဲ႕ အေၾကာင္း..."
"အဲ့အမ်ိဳးသမီးအေၾကာင္းသိခ်င္ရင္ မင္းတစ္ျခားနည္းနဲ႕ စုံစမ္းလို႔ရတာပဲ....ငါ့ကို အကူအညီ ေတာင္းစရာ မလိုဘူးေလ
ထြန္းမင္း ..."
"စုံစမ္းလို႔ရပါတယ္...ဒါေပမယ့္ အဲ့ဒါ အၾကမ္းဖ်င္းပဲ စုံစမ္းလို႔ရတယ္.....အေသးစိတ္ အခ်က္အလက္ေတြက်ေတာ့ မသိရဘူး....ေစစား မင္းေျပာဖူးတယ္မလား....သူက အစ္ကို ေတာမင္း ရဲ႕ သူငယ္ခ်င္းလို႔...ဒါဆို မင္းငါ့ကို ကူညီနိုင္ပါတယ္ကြာ...ကူညီပါကြာ....ငါ့ရဲ႕ ခ်စ္ဆုံး သူငယ္ခ်င္း ေလးကလည္း...ေနာ္ေလ..
ေနာ္လို႔...."
ထြန္းမင္းေအာင္ တကယ့္ကို မ်က္ႏွာငယ္ေလးႏွင့္ေတာင္းဆို ေနသည္။
ထြန္းမင္းေအာင္ ရဲ႕ အဆုံးသတ္ စကားသံေၾကာင့္ ေစစားရာ ၾက က္သီးပင္ ထလာသလို ခံစားလိုက္ရသည္။
"ထြန္းမင္း အဲ့လိုႀကီး မေျပာစမ္းပါနဲ႕...
ငါ ၾက က္သီးထလို႔...ဒါနဲ႕ မင္း အဲ့အမ်ိဳးသမီးကို တကယ္ႀကီး ႀကိဳက္ေနတာလား...."
ေစစားရာ ထြန္းမင္းေအာင္ရဲ႕ ဤကဲ့သို႔ ထူးျခားသည့္ သြင္ျပင္ကို မျမင္ဖူးသျဖင့္ အထူးအဆန္း ေမးလိုက္မိသည္။
"အစ္ကို႔ ရဲ႕ ညီေလးက ဘယ္သူ႕ကို ႏွစ္သက္ေနတာလဲ...."
ထိုအသံေၾကာင့္ ေစစားရာ ေရာ
ထြန္းမင္းေအာင္ ပါ ေနာက္ကို ၿပိဳင္တူ
လွည့္ၾကည့္မိၾကသည္။
႐ုတ္တရက္ ျမင္လိုက္ရသည့္ မ်က္ႏွာေၾကာင့္
ေစစားရာ မ်က္ႏွာမွာ မႏွစ္သက္မႈ လွိုင္းေလးမ်ားထင္ဟပ္သြားသည္။ သို႔ေသာ္ ထိုအရာက ခဏမွ်သာ။ ခ်က္ခ်င္း အၿပဳံးေလးက အစားထိုး ဝင္ေရာက္လာခဲ့သည္။
ထြန္းမင္းေအာင္ ကေတာ့ အေတာ္ေလးကို ဝမ္းသာေပ်ာ္႐ႊင္ေနသည္။
"ဟာ..အကိုမာန္ ဘယ္တုန္းက ျပန္ေရာက္တာလဲ...ကြၽန္ေတာ့္ကို ေျပာေတာင္မေျပာဘူး...ေျပာရင္ ကြၽန္ေတာ္ လာႀကိဳမွာေပါ့...အခုေရာ ဒီကို ဘယ္လိုလုပ္ ေရာက္လာတာလဲ..."
"အစ္ကို ျပန္ေရာက္တာ တစ္လေလာက္ရွိၿပီ..
အလုပ္မအားတာနဲ႕ ညီေလးဆီ မဆက္သြယ္မိတာ...အခုကေတာ့ ဒီနား ကိစၥ ရွိလို႔လာရင္း ညီေလးဆီ ခဏ ဝင္လာတာ....ဘယ္လိုလဲ
အစ္ကို႔ရဲ႕ ႐ုတ္တရက္ ေရာက္လာမႈက
အစ္ကို႔ညီကို surprise မျဖစ္ေစဘူးလား..."
မာန္ဝင့္ခ်ီ ထြန္းမင္းေအာင္ ရဲ႕ အေမးတို႔ကို ျပန္ေျဖကာ စေနာက္ေနေသာ္လည္း
အၾကည့္တို႔က ေစစားရာ ဆီမွာသာ
ရွိေနသည္။
ထြန္းမင္းေအာင္ လည္း မာန္ဝင့္ခ်ီ ရဲ႕ အၾကည့္ကို သတိထားမိသည္။
"အစ္ကို မာန္....ဒါက ကြၽန္ေတာ့္သူငယ္ခ်င္း ေစစားရာ .... ေစစား ဒီဘက္က ငါ့ရဲ႕ အစ္ကိုဝမ္းကြဲ မာန္ဝင့္ခ်ီ...သူက USက ျပန္ေရာက္တာ မၾကာေသးဘူး..."
ထြန္းမင္းေအာင္ မာန္ဝင့္ခ်ီ နဲ႕ ေစစားရာ ကို အျပန္အလွန္ မိတ္ဆက္ေပးလိုက္သည္။
မာန္ဝင့္ခ်ီ ၿပဳံးလွ်က္....
"ကိုယ္တို႔ ထပ္ေတြ႕ျပန္ၿပီ...."
"အစ္ကိုမာန္ က ကြၽန္ေတာ့္ သူငယ္ခ်င္း ကို သိႏွင့္ေနတာလား...."
"မနက္တုန္းက ညီေလးရဲ႕ သူငယ္ခ်င္း နဲ႕ ဝင္တိုက္မိေသးတယ္....အခုက်ေတာ့ မေမွ်ာ္လင့္ပဲ ထပ္ေတြ႕ရတယ္...ကိုယ္တို႔ ႏွစ္ေယာက္ကို ကံၾကမၼာက ဆုံဆည္းဖို႔ လမ္းေဖာက္ေပးတယ္ ထင္ပါရဲ႕ ...."
ေစစားရာ မာန္ဝင့္ခ်ီ ၏စကား အသြားအလာကို သေဘာမက်ေသာ္လည္း ထြန္းမင္းေအာင္ မ်က္ႏွာေၾကာင့္ သည္းခံလိုက္သည္။
"အစ္ကို မာန္....ကြၽန္ေတာ့္သူငယ္ခ်င္းက ခ်စ္သူ ရွိတယ္ဗ်...."
ထြန္းမင္းေအာင္ တမင္ ဝင္ေျပာလိုက္ျခင္းသာ....။
စကားနယ္ လြန္ေနေသာ သူ႕အစ္ကိုဝမ္းကြဲ၏ စကားမ်ားကို သူထိုကဲ့သို႔ ဝင္မေျပာလွ်င္
သူ႕သူငယ္ခ်င္းက သူ႕မ်က္ႏွာေၾကာင့္
စိတ္ဆိုးလွ်င္ေတာင္ သည္းခံေနလိမ့္မည္ ျဖစ္သည္။
"ညီေလး က အထင္မွားေနၿပီ....အစ္ကို ဆိုလိုတာက မိတ္ေဆြေတြ အျဖစ္ကို ေျပာတာ..."
မာန္ဝင့္ခ်ီ ေျပာေနရင္းကေန ေစစားရာ ဘက္ ၾကည့္လိုက္မိသည္။
ေစစားရာ သည္လည္း ထြန္းမင္းေအာင္ လို အေတြးလြဲသြားမွန္း မာန္ဝင့္ခ်ီ နားလည္ လိုက္သည္။
"ေစစား မင္းလည္း ကိုယ့္ကို ကိုယ့္ညီလို ေတြးေနတာလား...."
မာန္ဝင့္ခ်ီ ရဲ႕ တဲ့တိုးဆန္သည့္ အေမးေၾကာင့္
ေစစားရာ ေျဖရခက္သြားသည္။
"မဟုတ္ပါဘူး...."
ေစစားရာ လည္း ခပ္ျမန္ျမန္ အဆင္ေျပမည့္ စကားတစ္ခြန္း ကိုသာ ေ႐ြးခ်ယ္ၿပီး ျပန္ေျဖလိုက္သည္။
ေစစားရာ က အလုပ္ရွိေသးသည္မို႔
ထိုသုံးေယာက္ တည္ရွိေနမႈမွ အရင္ထြက္သြားသည္။
မာန္ဝင့္ခ်ီ နဲ႕ ထြန္းမင္းေအာင္ သာ ဆက္လက္စကားေျပာရင္း က်န္ရစ္ခဲ့ၾကသည္။
ေစစားရာ အလုပ္ဆင္းသည္ႏွင့္ အိမ္ကို ျပန္လာလိုက္သည္။
ေစစားရာ မွာ barေရွ႕ ေရာက္႐ုံရွိေသးသည္။ သူ႕ေဘး၌ ကားတစ္စီးလာရပ္သည္။
ထိုကားေပၚ၌ ရွိေနသူကား မာန္ဝင့္ခ်ီ ။
မာန္ဝင့္ခ်ီ ကားေပၚကေန ဆင္းလာၿပီး ေစစားရာ ေဘး ေလွ်ာက္လာသည္။
"ေစစား အိမ္ကို ျပန္မွာလား....
ကိုယ္လိုက္ပို႔မယ္ေလ...."
"ေနပါေစ အစ္ကိုမာန္ .... "
ေစစားရာ ယဥ္ေက်းစြာႏွင့္ပင္ ျငင္းပယ္လိုက္သည္။
"ဒါနဲ႕ အိမ္က စစ္ကဲလမ္း မွာ ဆိုေတာ့ လမ္းေလွ်ာက္ျပန္ရင္ မေဝးဘူးလား....
ကိုယ့္ကို အားနာစရာမလိုပါဘူး....ကိုယ္လည္း စစ္ကဲလမ္း မွာပဲ ေနတာ...."
"ခင္ဗ်ားရဲ႕ အကူအညီကို ကြၽန္ေတာ့္ ခ်စ္သူက မလိုအပ္ဘူး... "
ေတာမင္းတမန္ မာန္ဝင့္ခ်ီ ကို စူးရဲစြာ
စိုက္ၾကည့္လွ်က္ ေျပာလာသည္။
ေတာမင္းတမန္ မွာ ေစစားရာ ... bar ထဲက ထြက္လာကတည္းက ထိုေနရာအနီးတြင္ရွိေနျခင္းျဖစ္သည္။
တမင္ ထိုငေၾကာင္ ဘာလုပ္ေနသည္
သိခ်င္၍ ေတာမင္းတမန္ ခဏ
ရပ္ေစာင့္ေနခဲ့ျခင္းပင္....။
ယခု စကားအသြားအလာကို နားေထာင္ၾကည့္႐ုံနဲ႕ ေတာမင္းတမန္ မွာ သိလိုက္ၿပီျဖစ္သည္။
သူ၏ 'ေစ' ကို လုယူခ်င္ေနသည့္ ငေၾကာင္တစ္ေကာင္သာ ျဖစ္ေၾကာင္းကို။
........................................................................