Unicode
တစ်ရက်၊ တစ်ပတ်၊ တစ်လ...ရက်တွေအလီလီ ပြောင်းရွှေ့လာပြီးနောက်မှာတော့Rayanဒီမှာနေထိုင်လာတာ သုံးလကျော်သွားခဲ့ပြီ။ Rayan ဟာ သူ့ခြံဝန်းထဲမှာ အပင်တွေ စိုက်ထားတယ် သီးပင်စားပင်တွေ အပါအဝင် တောထဲက သူရှာတွေ့လာတဲ့ ပန်းမျိုးစိတ်အချို့လဲရှိတယ်။ ကောင်ငယ်လေး Tytan ကနေ့စဉ်လာမြဲပင်။ အရင်ရက်တွေကတိတ်ဆိတ်ခဲ့တဲ့ Rayan သစ်လုံးအိမ်ကြီးမှာ Tytan ရဲ့ကစားသံတွေကြားရတတ်တယ်။ တစ်ခါတလေ Rayan နှင့် Tytanတို့ မြင်းစီးပြီး အနောက်ဘက်တော်အုပ်ထဲ သွားလေ့ရှိတယ်။ သစ်လုံးအိမ် ရဲ့အနောက်ဘက်တောအုပ်လေးထဲကို အနည်းငယ်ဝင်သွားလိုက်ရင် မြက်ခင်းစိမ်းတွေနဲ့ လွင်ပြင်ငယ်လေးရှိတယ်။ ညနေစောင်းချိန်ဆို Rayan တစ်ယောက်ထဲ သွားပြီး နေဝင်ချိန်ကိုကြည့်တတ်တယ်။
သူနှင့် ကောင်ငယ်လေးတို့ နှစ်ယောက်က စာအုပ်တွေဖတ်ရင်း အချိန်တွေကုန်ဆုံးကြတယ်။ ဒါပေမယ့်အများစုက ကောင်ငယ်လေး Tytanရဲ့ အိပ်ငိုက်သွားတာနဲ့ပဲ ကုန်ဆုံးကုန်တယ်။ လယ်ကွင်းတွေကိုဖြတ်ပြီး တိုက်လာတဲ့ လေနွေးနွေက တောအုပ်အလယ်နားလောက်အရောက်မှာ အေးသက်သက်ဖြ်းနေတယ်။ နေ့လည်စာစွပ်ပြုတ် သောက်ထားတဲ့ Tytanက ထိုအချိန်ဆို စာဖတ်ရင်း အိပ်ပျော်သွားတတ်တယ်။
ဒီနေ့ကောင်ငယ်လေး Tytanမလာပေ။ မြို့သွားမယ်လို့ Daniel ပြောသွားတယ်။ သူလည်းပဲ တောအုပ်ထဲကိုအပင်မျိုးလေး တွေရှာဖို့ ထွက်လာခဲ့တယ်။Rayan ဟာ လွယ်အိတ်တစ်ခုထဲမှာ မြေဆွေးအိတ် အချို့ကိုပါထည့်သယ်လာခဲ့တယ်။ နာရီအချို့ ကုန်လွန်ပြီးတဲ့ နောက်မှာတော့ သူတောအုပ်ထဲကို တော်တော်ဝင်လာမိလေပြီ။ သူဒီနေရာကို မရောက်ဖူးသေးပေ။ ရှေ့ကိုတစ်နာရီနီးပါးလောက် ဆက်လျှောက်ပြီးနောက်မှာတော့ သူရေကန်ငယ်တစ်ခုကို တွေ့လေတယ်။ ဒီတောထဲမှာ ရေကန်ရှိကြောင်း သူမသိပေ။ သို့သော်လည်း သူသဘောကျမိသည်။ ရေကန်ငယ်သည် အတော်ကိုသာယာသည်။ နွေဦးပေါက်ချိန်ဆိုတော့ နေရောင်ကျနေသေးသဖြင့် အရမ်းကိုလှပသည်။ သူအချိန်တချို့ကို ရေကန်ဘေးမှာကုန်လွန်ပြီး ပြန်လာခဲ့သည်။ သူဘာသာတိုးတိုးလေး ရေရွတ်မိသေးသည်။
"ဒီတစ်ခေါက်တော့ ပန်းတွေရှာမရတော့ဘူးပဲ...."
သူလာရာ လမ်းအတိုင်း ပြန်လာခဲ့သည်။ တစ်နေရာအရောက်မှာ သစ်ပင်ကြီးတစ်ပင်ကို ကပ်တွယ်ပြီးပေါက်နေတဲ့ သစ်ခွပင်ကို သူတွေ့တယ်။ သူအရမ်းပျော်သွားတယ်။ သစ်ခွတွေက ဒီဘက်မှာရှားတယ်။ သူလဲသစ်ခွပင်ကို သေချာခွာယူပြီး အိမ်ကိုသယ်လာခဲ့တယ်။
"Nancy ရေ....အဖိုးအို Rayကို လာတွေ့တဲ့သူရှိတယ် "
အဖိုးအိုဟာ ပုံပြင်ပြောနေခြင်း ကိုရပ်လိုက်တယ်။ သူဟာ သူနာပြုမလေး ခေါ်ရာကို လိုက်သွားတယ်။ ဥယျာဉ်ထဲက ခုံတန်းလျားတစ်ခုမှာ ကောင်ငယ်လေးတစ်ဦးထိုင်နေတယ်။ သူ့ကိုကြည့်ရတာ ပူဆွေးနေသလိုပဲ။ Nancy ဟာအနားရောက်တဲ့အထိ wheelchair ကိုတွန်းသွားလိုက်တယ်။ အနားရောက်တော့ သူမကောင်ငယ်လေးကို သေချာကြည့်လိုက်တယ်။ ကောင်ငယ်လေးသည် အလွန်ကို ချောမောခန့်ညားသည်။ ထိုကောင်ငယ်လေး ကစကားပြောလာသည်။
"Ray ကမင်းကို ပုံပြင်ပြောနေတာလား..."
Nancy အယောင်ယောင်အမှားမှားနဲ့ ခေါင်းငြိမ့်လိုက်တယ်။ ကောင်ငယ်လေးဟာ ရီမောရင်းနဲ့ အဖိုးအိုကိုအဝေးကို တွန်းသွားတယ်။ Nancy အနားကို ဆရာဝန်တစ်ဦးရောက်ပြီးပြောတယ်။
"အဲ့တာ Rayရဲ့မြေးလေ ချောတယ်မလား...သူကအရမ်းအရွယ်တင်တာပဲ သူလာတိုင်းအဲ့လိုချောမောတဲ့ရုပ်နဲ့ပဲ...တော်တော်ဂရုစိုက်တယ်ထင်တယ် "
"အယ်..အဲ့လိုလား.."
"အင်း..မင်းသွားနားချင်နား...သူကအကြာကြီးနေဦးမှာ..."
"ကောင်းပြီလေ...ကျွန်မ အဘွားအို Arin ဆီသွားဦးမယ်"
သူနာပြုမလေးလည်း ထွက်သွားသည်။ အဖိုးအိုနဲ့လူရွယ်ဟာပန်းပင်တွေ နားမှာထိုင်ပြီး စကားပြောနေကြတယ်။ ဒေစီပန်သေးသေးလေးတွေဟာ အဖြူ၊ အဝါ ရောင်စံပွင့်နေတယ်။ ကျူးလစ်ပန်းလေးတွေလည်းရှိနေတယ်။
"မင်းကိုမလာပါနဲ့တော့လို့ ပြောတယ်လေ"
"ကျွန်တော်မှမနေနိုင်တာRayရယ်"
Pan ဟာ Ray ဗိုက်နားမှာ မျက်နှာအပ်ပြီး ငိုကြွေးနေတယ်။ Ray ဟာ ကောင်ငယ်လေးရဲ့ခေါင်းကို ပွတ်ပြီးချော့နေတယ်။
"Rayni ရော....Pan"
"Rayni က ပြောင်းသွားပြီ Ray...ကျွန်တော်တစ်ယောက်ထဲ "
" မငိုပါနဲ့ မကြိုက်ပါဘူးဆို"
"မငိုတော့ဘူးလေ..."
ကောင်ငယ်လေးဟာ မျက်ရည်ကို သုတ်ပစ်လိုက်ပြီးပြုံးပြလာတယ်။
"အင်း...ကျွန်တော်မငိုတော့ဘူး"
Rayကပြုံးပြလာတယ်။ပြီးတော့သူကမေးတယ်..
"အချိန်သိပ်မရဘူးမလား..."
"ဟင့်အင်း....Ray ဒီတစ်ခေါက်နည်းနည်းပိုရတယ်"
"အိုးသိပ်ကောင်းတာပဲ..သူနာပြုမလေး ကိုသွားခေါ်ချည်...ပုံပြင်ပြောပြမို့..Panကြိုက်တယ်မလား"
ကောင်ငယ်လေးဟာ ချက်ချင်းပင် ခေါင်းငြိမ့်ပြလာပြီး Nancy ကိုသွားရှာတော့တယ်။
"ဟေး..မဒမ်...."
Nancy သူမကိုခေါ်သော ကောင်ငယ်လေးကိုလှည့်ကြည့်မိသည်။
"ဟုတ်ကဲ့ ဘာများအလိုရှိလို့လဲ "
ကောင်ငယ်လေးက ခေါင်းကိုကုတ်ရင်းပြန်ဖြေတယ်။ အဖြေဟာ ကလေးဆန်စရာပဲ...
"Ray ကခေါ်ခိုင်းလိုက်လို့..ပုံပြင်ဆက်ပြောမလို့တဲ့ "
"အား...Rayကလား..ဟားဟား ဒါဆိုလဲသွားကြရအောင်"
Nancy ရီမောရင်း ပြန်ဖြေလိုက်တယ်။ ကောင်ငယ်လေးနဲ့ သူမဟာ အဖိုးအိုဆီကို သွားလိုက်ကြတယ်။ Ray ဟာ သူတို့ရောက်လာတဲ့အချိန်မှာ wheelchair ပေါ်ကနေ ပန်းပွင့်အချို့ကို ခူးယူနေတယ်။ အရောင်စုံလှပတဲ့ပန်းပွင့်တွေကို...
"အိုး...Ray ရှင်ဘာတွေလုပ်နေတာလဲ "
ထိုခဏမှာပဲ Ray ဟာ သူခူးယူထားတဲ့ပန်းတွေကိုကောင်ငယ်လေးအား ကမ်းပေးရင်း ပြောလိုက်တယ်။
"Panက ပန်းတွေကိုချစ်တယ်လေ"
"အိုးအဲ့လိုလား..."
Nancy ဟာရီမောရင်း ပြောလိုက်တယ်။ Pan ကတော့ပန်းတွေကို ကြည့်ရင်းပြုံးနေတယ်။ အဖိုးအိုဟာ ဒေစီပန်းပွင့်သေးသေးလေးတစ်ပွင့်ကို ကမ်းပေးလာတယ်...ပြီးတော့သူကပြောတယ်။
"ပန်ထား... "
Nancy ကတော့ ပြုံးသာပြုံးနေခဲ့တယ်။ ကောင်ငယ်လေး Pan ဟာပန်းပွင့်ဖြူသေးသေးလေးကို နားကြားမှာညှပ်ပန်ထားလိုက်တယ်။ အမျိုးသားတစ်ဦး တစ်နည်းအားဖြင့် ခန့်ညားချောမောတဲ့ အမျိုးသားတစ်ဦးကပန့်ပွင့်သေးသေးလေးကို နားကြားမှာညှပ်ထားတဲ့ မြင်ကွင်းက အနည်းငယ်ကို့ရို့ကားယားနိုင်ပေမယ့် အရမ်းလည်း ကြည့်ရဆိုးမနေခဲ့.....။
"ကဲ....Ray ပုံပြင်ပြောမယ်ဆို.."
"အိုး...ဟုတ်သားပဲ..လာလာထိုင်ကြ "
Nancy ဟာ အဖိုးအိုရှေ့က ခုံတန်းမှာ ဝင်ထိုင်လိုက်တယ်။ ကောင်ငယ်လေးကတော့ အဖိုးအိုဘေးကမြက်ခင်းထဲမှာထိုင်လိုက်တယ်။ ပြီးတော့သူဟာ Ray ရဲ့လက်တစ်ဖက်ကိုကိုင်ထားတယ်။
"စောနက ဘယ်နားရောက်သွားပြီလဲ..."
"သစ်ခွပင်ကို အိမ်ယူသွားတာလေ Ray ရဲ့ "
"အိုး..ဟုတ်သားပဲ..."
Rayan တစ်ယောက် သစ်ခွပင်ကို အိမ်ယူလာခဲ့တယ်။ သူအိမ်ရောက်တော့ အိတ်ကို နေရာတကျပြန်သိမ်းပြီး ခြံနောက်ကိုထွက်ခဲ့တယ်။ ခြံနောက်က ပန်းခြံထဲဝင်ပြီးသစ်ခွပင်ကို သူစိုက်လိုက်တယ်။ လေထဲမှာတွဲလဲကျနေတဲ့သစ်ခွပင်ဟာ အပွင့်ပွင့်ရင် သိပ်လှမယ်လို့ သူထင်တယ်။ သူအိမ်ထဲပြန်ဝင်လာခဲ့တယ်။ ညစာချက်ပြုတ်ပြီးကိုယ်လက်သန့်စင်ကာ ခဏအကြာ သူမီးလင်းဖိုမွှေးဖို့လုပ်တယ်။ နွေဦးပေါက်လာပေမဲ့ တစ်ချို့ညတွေမှာအေးနေတုန်းပဲ။ သူညစာစားပြီးတော့ မီးလင်းဖိုရှေ့မှာထိုင်ပြီး ဝတ္ထုစာအုပ်တစ်အုပ်ဖတ်နေခဲ့တယ်။ ဆင်းရဲသားလေးနဲ့ အထက်တန်းစားသခင်မလေးတို့ရဲ့ ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးပေါ့။
Zawgyi
တစ္ရက္၊ တစ္ပတ္၊ တစ္လ...ရက္ေတြအလီလီ ေျပာင္းေရႊ႔လာၿပီးေနာက္မွာေတာ့Rayanဒီမွာေနထိုင္လာတာ သံုးလေက်ာ္သြားခဲ့ၿပီ။ Rayan ဟာ သူ႔ျခံဝန္းထဲမွာ အပင္ေတြ စိုက္ထားတယ္ သီးပင္စားပင္ေတြ အပါအဝင္ ေတာထဲက သူ႐ွာေတြ႔လာတဲ့ ပန္းမ်ိဳးစိတ္အခ်ိဳ႕လဲ႐ွိတယ္။ ေကာင္ငယ္ေလး Tytan ကေန႔စဥ္လာျမဲပင္။ အရင္ရက္ေတြကတိတ္ဆိတ္ခဲ့တဲ့ Rayan သစ္လံုးအိမ္ႀကီးမွာ Tytan ရဲ႕ကစားသံေတြၾကားရတတ္တယ္။ တစ္ခါတေလ Rayan ႏွင့္ Tytanတို႔ ျမင္းစီးၿပီး အေနာက္ဘက္ေတာ္အုပ္ထဲ သြားေလ့႐ွိတယ္။ သစ္လံုးအိမ္ ရဲ႕အေနာက္ဘက္ေတာအုပ္ေလးထဲကို အနည္းငယ္ဝင္သြားလိုက္ရင္ ျမက္ခင္းစိမ္းေတြနဲ႔ လြင္ျပင္ငယ္ေလး႐ွိတယ္။ ညေနေစာင္းခ်ိန္ဆို Rayan တစ္ေယာက္ထဲ သြားၿပီး ေနဝင္ခ်ိန္ကိုၾကည့္တတ္တယ္။
သူႏွင့္ ေကာင္ငယ္ေလးတို႔ ႏွစ္ေယာက္က စာအုပ္ေတြဖတ္ရင္း အခ်ိန္ေတြကုန္ဆံုးၾကတယ္။ ဒါေပမယ့္အမ်ားစုက ေကာင္ငယ္ေလး Tytanရဲ႕ အိပ္ငိုက္သြားတာနဲ႔ပဲ ကုန္ဆံုးကုန္တယ္။ လယ္ကြင္းေတြကိုျဖတ္ၿပီး တိုက္လာတဲ့ ေလေႏြးေႏြက ေတာအုပ္အလယ္နားေလာက္အေရာက္မွာ ေအးသက္သက္ျဖး္ေနတယ္။ ေန႔လည္စာစြပ္ျပဳတ္ ေသာက္ထားတဲ့ Tytanက ထိုအခ်ိန္ဆို စာဖတ္ရင္း အိပ္ေပ်ာ္သြားတတ္တယ္။
ဒီေန႔ေကာင္ငယ္ေလး Tytanမလာေပ။ ျမိဳ႕သြားမယ္လို႔ Daniel ေျပာသြားတယ္။ သူလည္းပဲ ေတာအုပ္ထဲကိုအပင္မ်ိဳးေလး ေတြ႐ွာဖို႔ ထြက္လာခဲ့တယ္။Rayan ဟာ လြယ္အိတ္တစ္ခုထဲမွာ ေျမေဆြးအိတ္ အခ်ိဳ႕ကိုပါထည့္သယ္လာခဲ့တယ္။ နာရီအခ်ိဳ႕ ကုန္လြန္ၿပီးတဲ့ ေနာက္မွာေတာ့ သူေတာအုပ္ထဲကို ေတာ္ေတာ္ဝင္လာမိေလၿပီ။ သူဒီေနရာကို မေရာက္ဖူးေသးေပ။ ေ႐ွ႕ကိုတစ္နာရီနီးပါးေလာက္ ဆက္ေလွ်ာက္ၿပီးေနာက္မွာေတာ့ သူေရကန္ငယ္တစ္ခုကို ေတြ႔ေလတယ္။ ဒီေတာထဲမွာ ေရကန္႐ွိေၾကာင္း သူမသိေပ။ သို႔ေသာ္လည္း သူသေဘာက်မိသည္။ ေရကန္ငယ္သည္ အေတာ္ကိုသာယာသည္။ ေႏြဦးေပါက္ခ်ိန္ဆိုေတာ့ ေနေရာင္က်ေနေသးသျဖင့္ အရမ္းကိုလွပသည္။ သူအခ်ိန္တခ်ိဳ႕ကို ေရကန္ေဘးမွာကုန္လြန္ၿပီး ျပန္လာခဲ့သည္။ သူဘာသာတိုးတိုးေလး ေရရြတ္မိေသးသည္။
"ဒီတစ္ေခါက္ေတာ့ ပန္းေတြ႐ွာမရေတာ့ဘူးပဲ...."
သူလာရာ လမ္းအတိုင္း ျပန္လာခဲ့သည္။ တစ္ေနရာအေရာက္မွာ သစ္ပင္ႀကီးတစ္ပင္ကို ကပ္တြယ္ၿပီးေပါက္ေနတဲ့ သစ္ခြပင္ကို သူေတြ႔တယ္။ သူအရမ္းေပ်ာ္သြားတယ္။ သစ္ခြေတြက ဒီဘက္မွာ႐ွားတယ္။ သူလဲသစ္ခြပင္ကို ေသခ်ာခြာယူၿပီး အိမ္ကိုသယ္လာခဲ့တယ္။
"Nancy ေရ....အဖိုးအို Rayကို လာေတြ႔တဲ့သူ႐ွိတယ္ "
အဖိုးအိုဟာ ပံုျပင္ေျပာေနျခင္း ကိုရပ္လိုက္တယ္။ သူဟာ သူနာျပဳမေလး ေခၚရာကို လိုက္သြားတယ္။ ဥယ်ာဥ္ထဲက ခံုတန္းလ်ားတစ္ခုမွာ ေကာင္ငယ္ေလးတစ္ဦးထိုင္ေနတယ္။ သူ႔ကိုၾကည့္ရတာ ပူေဆြးေနသလိုပဲ။ Nancy ဟာအနားေရာက္တဲ့အထိ wheelchair ကိုတြန္းသြားလိုက္တယ္။ အနားေရာက္ေတာ့ သူမေကာင္ငယ္ေလးကို ေသခ်ာၾကည့္လိုက္တယ္။ ေကာင္ငယ္ေလးသည္ အလြန္ကို ေခ်ာေမာခန္႔ညားသည္။ ထိုေကာင္ငယ္ေလး ကစကားေျပာလာသည္။
"Ray ကမင္းကို ပံုျပင္ေျပာေနတာလား..."
Nancy အေယာင္ေယာင္အမွားမွားနဲ႔ ေခါင္းၿငိမ့္လိုက္တယ္။ ေကာင္ငယ္ေလးဟာ ရီေမာရင္းနဲ႔ အဖိုးအိုကိုအေဝးကို တြန္းသြားတယ္။ Nancy အနားကို ဆရာဝန္တစ္ဦးေရာက္ၿပီးေျပာတယ္။
"အဲ့တာ Rayရဲ႕ေျမးေလ ေခ်ာတယ္မလား...သူကအရမ္းအရြယ္တင္တာပဲ သူလာတိုင္းအဲ့လိုေခ်ာေမာတဲ့႐ုပ္နဲ႔ပဲ...ေတာ္ေတာ္ဂ႐ုစိုက္တယ္ထင္တယ္ "
"အယ္..အဲ့လိုလား.."
"အင္း..မင္းသြားနားခ်င္နား...သူကအၾကာႀကီးေနဦးမွာ..."
"ေကာင္းၿပီေလ...ကြၽန္မ အဘြားအို Arin ဆီသြားဦးမယ္"
သူနာျပဳမေလးလည္း ထြက္သြားသည္။ အဖိုးအိုနဲ႔လူရြယ္ဟာပန္းပင္ေတြ နားမွာထိုင္ၿပီး စကားေျပာေနၾကတယ္။ ေဒစီပန္ေသးေသးေလးေတြဟာ အျဖဴ၊ အဝါ ေရာင္စံပြင့္ေနတယ္။ က်ဴးလစ္ပန္းေလးေတြလည္း႐ွိေနတယ္။
"မင္းကိုမလာပါနဲ႔ေတာ့လို႔ ေျပာတယ္ေလ"
"ကြၽန္ေတာ္မွမေနႏိုင္တာRayရယ္"
Pan ဟာ Ray ဗိုက္နားမွာ မ်က္ႏွာအပ္ၿပီး ငိုေႂကြးေနတယ္။ Ray ဟာ ေကာင္ငယ္ေလးရဲ႕ေခါင္းကို ပြတ္ၿပီးေခ်ာ့ေနတယ္။
"Rayni ေရာ....Pan"
"Rayni က ေျပာင္းသြားၿပီ Ray...ကြၽန္ေတာ္တစ္ေယာက္ထဲ "
" မငိုပါနဲ႔ မႀကိဳက္ပါဘူးဆို"
"မငိုေတာ့ဘူးေလ..."
ေကာင္ငယ္ေလးဟာ မ်က္ရည္ကို သုတ္ပစ္လိုက္ၿပီးျပံဳးျပလာတယ္။
"အင္း...ကြၽန္ေတာ္မငိုေတာ့ဘူး"
Rayကျပံဳးျပလာတယ္။ၿပီးေတာ့သူကေမးတယ္..
"အခ်ိန္သိပ္မရဘူးမလား..."
"ဟင့္အင္း....Ray ဒီတစ္ေခါက္နည္းနည္းပိုရတယ္"
"အိုးသိပ္ေကာင္းတာပဲ..သူနာျပဳမေလး ကိုသြားေခၚခ်ည္...ပံုျပင္ေျပာျပမို႔..Panႀကိဳက္တယ္မလား"
ေကာင္ငယ္ေလးဟာ ခ်က္ခ်င္းပင္ ေခါင္းၿငိမ့္ျပလာၿပီး Nancy ကိုသြား႐ွာေတာ့တယ္။
"ေဟး..မဒမ္...."
Nancy သူမကိုေခၚေသာ ေကာင္ငယ္ေလးကိုလွည့္ၾကည့္မိသည္။
"ဟုတ္ကဲ့ ဘာမ်ားအလို႐ွိလို႔လဲ "
ေကာင္ငယ္ေလးက ေခါင္းကိုကုတ္ရင္းျပန္ေျဖတယ္။ အေျဖဟာ ကေလးဆန္စရာပဲ...
"Ray ကေခၚခိုင္းလိုက္လို႔..ပံုျပင္ဆက္ေျပာမလို႔တဲ့ "
"အား...Rayကလား..ဟားဟား ဒါဆိုလဲသြားၾကရေအာင္"
Nancy ရီေမာရင္း ျပန္ေျဖလိုက္တယ္။ ေကာင္ငယ္ေလးနဲ႔ သူမဟာ အဖိုးအိုဆီကို သြားလိုက္ၾကတယ္။ Ray ဟာ သူတို႔ေရာက္လာတဲ့အခ်ိန္မွာ wheelchair ေပၚကေန ပန္းပြင့္အခ်ိဳ႕ကို ခူးယူေနတယ္။ အေရာင္စံုလွပတဲ့ပန္းပြင့္ေတြကို...
"အိုး...Ray ႐ွင္ဘာေတြလုပ္ေနတာလဲ "
ထိုခဏမွာပဲ Ray ဟာ သူခူးယူထားတဲ့ပန္းေတြကိုေကာင္ငယ္ေလးအား ကမ္းေပးရင္း ေျပာလိုက္တယ္။
"Panက ပန္းေတြကိုခ်စ္တယ္ေလ"
"အိုးအဲ့လိုလား..."
Nancy ဟာရီေမာရင္း ေျပာလိုက္တယ္။ Pan ကေတာ့ပန္းေတြကို ၾကည့္ရင္းျပံဳးေနတယ္။ အဖိုးအိုဟာ ေဒစီပန္းပြင့္ေသးေသးေလးတစ္ပြင့္ကို ကမ္းေပးလာတယ္...ၿပီးေတာ့သူကေျပာတယ္။
"ပန္ထား... "
Nancy ကေတာ့ ျပံဳးသာျပံဳးေနခဲ့တယ္။ ေကာင္ငယ္ေလး Pan ဟာပန္းပြင့္ျဖဴေသးေသးေလးကို နားၾကားမွာညႇပ္ပန္ထားလိုက္တယ္။ အမ်ိဳးသားတစ္ဦး တစ္နည္းအားျဖင့္ ခန္႔ညားေခ်ာေမာတဲ့ အမ်ိဳးသားတစ္ဦးကပန္႔ပြင့္ေသးေသးေလးကို နားၾကားမွာညႇပ္ထားတဲ့ ျမင္ကြင္းက အနည္းငယ္ကို႔႐ို႔ကားယားႏိုင္ေပမယ့္ အရမ္းလည္း ၾကည့္ရဆိုးမေနခဲ့.....။
"ကဲ....Ray ပံုျပင္ေျပာမယ္ဆို.."
"အိုး...ဟုတ္သားပဲ..လာလာထိုင္ၾက "
Nancy ဟာ အဖိုးအိုေ႐ွ႕က ခံုတန္းမွာ ဝင္ထိုင္လိုက္တယ္။ ေကာင္ငယ္ေလးကေတာ့ အဖိုးအိုေဘးကျမက္ခင္းထဲမွာထိုင္လိုက္တယ္။ ၿပီးေတာ့သူဟာ Ray ရဲ႕လက္တစ္ဖက္ကိုကိုင္ထားတယ္။
"ေစာနက ဘယ္နားေရာက္သြားၿပီလဲ..."
"သစ္ခြပင္ကို အိမ္ယူသြားတာေလ Ray ရဲ႕ "
"အိုး..ဟုတ္သားပဲ..."
Rayan တစ္ေယာက္ သစ္ခြပင္ကို အိမ္ယူလာခဲ့တယ္။ သူအိမ္ေရာက္ေတာ့ အိတ္ကို ေနရာတက်ျပန္သိမ္းၿပီး ျခံေနာက္ကိုထြက္ခဲ့တယ္။ ျခံေနာက္က ပန္းျခံထဲဝင္ၿပီးသစ္ခြပင္ကို သူစိုက္လိုက္တယ္။ ေလထဲမွာတြဲလဲက်ေနတဲ့သစ္ခြပင္ဟာ အပြင့္ပြင့္ရင္ သိပ္လွမယ္လို႔ သူထင္တယ္။ သူအိမ္ထဲျပန္ဝင္လာခဲ့တယ္။ ညစာခ်က္ျပဳတ္ၿပီးကိုယ္လက္သန္႔စင္ကာ ခဏအၾကာ သူမီးလင္းဖိုေမႊးဖို႔လုပ္တယ္။ ေႏြဦးေပါက္လာေပမဲ့ တစ္ခ်ိဳ႕ညေတြမွာေအးေနတုန္းပဲ။ သူညစာစားၿပီးေတာ့ မီးလင္းဖိုေ႐ွ႕မွာထိုင္ၿပီး ဝတၳဳစာအုပ္တစ္အုပ္ဖတ္ေနခဲ့တယ္။ ဆင္းရဲသားေလးနဲ႔ အထက္တန္းစားသခင္မေလးတို႔ရဲ႕ ၾကည္ႏူးဖြယ္ အခ်စ္ဇာတ္လမ္းေလးေပါ့။