Final Boss Is No Joke
由 Trio3amethys
237K 35.4K 1.2K
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသ... 更多
ရှီရှန်း
Arc-1.1
Arc-1.2
Arc-1.3
Arc-1.4
Arc-1.5
Arc-1.6
Arc-1.7
Arc-1.8
Arc-1.9
Arc-1.10
Arc-1.11
Arc-1.12
Arc-1.13
Arc-1.14
Arc-1.15
Arc-1.16
Arc-1.17
Arc-1.18
Arc-1.19
Arc.1.20
Arc.1 ending note
Arc-2.0
Arc-2.1
Arc-2.2
Arc-2.3
Arc-2.4
Arc-2.5
Arc-2.6
🎄Merry ✨Christmas 🎄
Arc-2.7
Arc-2.8
Arc-2.9
Arc-2.10
Arc-2.11
Arc-2.12
Arc-2.13
Arc-2.14
Not update
Arc-2.15
Arc-2.16
Arc-2.17
Arc-2.18
Arc-2.19
Arc-2.20
Arc-2.21
Arc-2.22
Arc-2.23
Arc-2.24
Arc-2.25
Arc-2.26
Arc-2.28
Arc-2.29
Arc-2.30
Arc-2.31
👋👋👋
Arc-3
Arc-3.1
Arc-3.2
Arc -3.3
Arc-3.4
Arc-3.5
Arc-3.6
Arc-3.7
Arc-3.8
Sorry in advance
Arc-3.9
Arc-3.10
Hello
Arc-3.11
Arc-3.12
Arc-3.13
Arc-3.14
Arc-3.15
Arc-3.16
Arc-3.17
Arc-3.18
Arc-3.19
Arc-3.20
Arc-3.21
Arc- 3.22
Arc-3.23
Arc-3.24
Arc-2.27
2.4K 444 42
由 Trio3amethys
➡️Unicode
2l
Xia Xuan က သူမရဲ့ဘဝအတွက်  သိပ်မကြိုးပမ်းခဲ့ရဘူး။  အခြားဘက်မှာတော့က တစ်စုံတစ်ယောက်က ရုန်းကုန်နေခဲ့ရတယ်.
လူသတ်မှုကိုကြိုးစားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကျုံးရီ..
သူကအစိုးရအမှုထမ်းရဲ့သားဖြစ်ပြီး ဓာတ်ပုံများနှင့်ဗွီဒီယိုများကို ရှီရင်း သူ့ဆီက 'ရ' ခဲ့တာဖြစ်တယ်။  ထိုနှစ်က အဲ့ဒီဖြစ်ရပ်ပြီးတဲ့နောက် ကျုံးရီက နိုင်ငံခြားသို့သွားတဲ့အခါ သူနှင့်အတူမှတ်တမ်းတွေကို ယူသွားခဲ့တယ်။ 
သူကပြည်မကို ပြန်မလာဖို့ဆုံးဖြတ်ထားပေမဲ့ ဖြစ်ရပ်ဆိုးကြီးက သူ့အရိုးထဲထိစွဲနေခဲ့တယ်.သူ့ရဲ့ အတိတ်ဆိုးကြီးက အရိပ်သဖွယ် နေ့စဥ် အချိန်တိုင်းကို ခြောက်လန့်နေခဲ့တယ်.အစကတော့ သူ့ကဓာတ်ပုံတွေကို လုံခြုံစွာသိမ်းဆည်းထားရင် စိတ်ဆင်းရဲနေရတာတွေ ပျောက်သွားမယ်ထင်ခဲ့တယ်
ဒါပေမဲ့ အချိန်တွေသာကြာခဲ့တယ် သူ့လိပ်ပြာမလုံမှုတွေက ပျောက်မသွားခဲ့ဘူး. အဆုံးသတ်မှာတော့ သူဟာဒီအရိပ်ထဲမှာ ‌နေနေရတာကိုကြောက်လန့်လာခဲ့တယ်.. ပြန်မတက်နိုင်တဲ့ချောက်နက်ကြီးထဲ ပြုတ်ကျခဲ့ရတာကြီးကို မုန်းလာခဲ့တယ်.
ဒီနှစ်တွေအတောအတွင်း သူ့လိုလူမျိုးတွေကိုရှာနေခဲ့တယ်(အနိုင်ကျင့်ပြီး ရှောင်ပြေးခဲ့တဲ့ အုပ်စုထဲက ကျန်တဲ့လူတွေကိုပြောတာပါ). မကြာသေးခင်က အင်တာနက်ပေါ်မှာ လူတွေရဲ့ မကျေနပ်အပြစ်တင်နေကြတာကို သူတွေ့ခဲ့တယ်.သတင်းတွေက ရှရွှမ်းနာမည်က အဓိကဆိုတာ သူသိပြီးတာနဲ့ ဓာတ်ပုံတွေကို ဆက်ပြီးသိမ်းမထားဖို့ ဆုံးဖြတ်ခဲ့တယ်.
ရှရွှမ်းကိုဘာကြောင့် ပစ်မှတ်ထားချင်ရတာလဲဆိုတာ သူကိုယ်တိုင်တောင်မသိခဲ့ဘူး။ သူ့ကို ဆက်ပြီး ပုန်းမရှောင်ဖို့ အသံတစ်သံက ဆက်တိုက်ပြောနေခဲ့တယ်.
ကျုံးရီက အဖမ်းခံခဲ့ပြီး အားလုံးကို ဝန်ခံခဲ့တယ်. သူက မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေအားလုံးကို သက်သေအဖြစ် အစိုးရကို ပေးခဲ့တယ်.ဗီဒီယိုထဲမှာ သွေးထွက်သံယိုတွေနဲ့ ကြောက်မက်ဖွယ်ကောင်းလှတယ်. ထိုစဥ်က သူအပါဝင် အားလုံးက ဆေးသုံးထားကြောင်းပါ ဖွင့်ပြောခဲ့တယ်.
သူတို့က မှုခင်းဖြစ်ရာအဆောက်အဦးဟောင်းမှာ အတွဲတစ်တွဲကို တွေ့ခဲ့တယ်။ ဒါက သူတို့ညှင်းပန်းနှိပ်စက်မှုကို စတင်လုနီးပြီဖြစ်‌စေခဲ့ပြီး ထိုနှစ်ယောက်က အပြင်းအထန်ရုန်းကန်ခဲ့ကြတယ်.ဒါ‌ကြောင့် မိန်းကလေးကို အတင်းတွန်းလိုက််မိပြီး သူမခေါင်းပေါ် ချွန်ထက်တဲ့အရာတစ်ခုပြုတ်ကျပြီး သေဆုံးစေခဲ့တယ်.
မိန်းကလေးသေသွားတာကို မြင်တော့ ကောင်လေးက တန်ပြန်တိုက်ခိုက်ခဲ့တယ်. အဲ့ဒီတုန်းက လူတိုင်းက ဆေးအရှိန်ကြောင့်ရော ကြောက်စိတ်ကြောင့်ပါ ကောင်လေးကို ခဲလုံးနဲ့ဝိုင်းထုခဲ့ကြတာ ကောင်လေးသေသွားမှန်းတောင် သတိမထားမိခဲ့ကြဘူး.သူတို့က ဆေးရှိန်ကြောင့် လူသတ်မိခဲ့ကြပေမဲ့ ကျောင်းတွင်းအကြမ်းဖက်မှုကြောင့် လူနှစ်ယောက်သေဆုံးရတယ်လို့ သတင်းတွေပြန့်ခဲ့ကြတယ်.
အလောင်းဖျောက်ပစ်ဖို့ ဘယ်သူအကြံပေးခဲ့မှန်းတော့ ကျုံးရီသေချာမမှတ်မိဘူး. ဗီဒီယိုထဲမှာ အော်ဟစ်သံတွေနဲ့ ဆူညံနေတာမို့. ဘယ်သူကစမှန်း သေချာမသိရဘူး. ရှရွှမ်းက ထောင်ချခဲ့ပြီး ကျန်တဲ့လူတွေကိုတော့ ဖမ်းထားခဲ့တယ်.
အဖမ်းခံရတာနဲ့ပတ်သတ်ပြီး အင်အားကြီးမိသားစုတွေကတောင် ဘာမှမလှုပ်ရှားရဲခဲ့ဘူး.သူတို့က ရှေ့နေတွေငှားရမ်းပြီး ပြစ်ဒဏ်လျော့အောင်သာ လုပ်နိုင်ခဲ့ကြတယ်.. မိသားစုတွေဘက်က လူငယ်တွေဆေးသုံးမိပြီး လက်လွန်တဲ့ အမှုလို့ လျှောက်တင်ခဲ့ကြတယ်. မှုခင်းဌာနကတော့ မှတ်တမ်းတွေနဲ့ ရင်ခွဲရုံကစာတမ်းတွေအရ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်တာလို့ပဲ ဆုံးဖြတ်ခဲ့ကြတယ်.
ရဲတွေက နစ်နာသူမိသားစုတွေဘက်ကို သက်သေအနေနဲ့ ရုံးတက်ဖို့ရာ စည်းရုံးခဲ့ပေမဲ့ အင်အားကြီးမိသားစုတွေရဲ့ အရှိန်ဝါကြောင့် တွန့်ဆုတ်နေခဲ့ကြတယ်.
ဒါပေမဲ့ လူသတ်မှုဖြစ်နေတာကြောင့် ပြစ်ဒဏ်ကတော့ ပေါ့ပေါ့လျော့လျော့မဖြစ်ခဲ့ဘူး. ပြစ်ဒဏ်ချမှတ်ပြီးမကြာခင်မှာပဲ ရှရွှမ်းနဲ့ ကျုံးရီတို့ကို လူငယ်စိတ်ကျန်းမာရေးထောင်ကို ပို့ဆောင်ခဲ့ကြတယ်.
ဒီသတင်းကြားတဲ့အခါမှာ ရှီရှန်းကအော်ရယ်လိုက်တယ်.
~ဟဟဟ. နင်စိတ်ကျန်းမာရေးထောင်ကို လွယ်လွယ်နဲ့ ဝင်လိုက်ရတာပဲ. ဘယ်လောက်ခံနိုင်မှာလဲ နင်အရင်က ရူးမနေဘူးဆိုတောင် အခုတော့ စရူးရတော့မယ် ဟားဟား~
ကျုံးရီရဲ့ ကျေးဇူးကြောင့် ရှရွှမ်းကို အလျင်မြန် ဖြိုချနိုင်ခဲ့တယ်.  ရှရွှမ်းက ထောင်ထဲမှာ တစ်နေ့ထပ်တစ်နေ့ ပိုပြီး စိတ်ပျက်စရာ ရူးချင်စရာ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်.
“.ဟက်. ရှရွှမ်းအစုတ်ပလုတ်မနဲ့ ကိစ္စရှင်းပြီးသွားပြီ. ရှီမိုကိုဖြိုချဖို့နဲ့ လုချင်းယွမ်နဲ့စာရင်းရှင်းဖို့ပဲကျန်တော့မယ် လက်ဂိုး(let's go) နောက်ထပ်အောင်မြင်မှုတွေဆီ.. အာ့ ဟိုအမှိုက်လို ဆွေမျိုးတွေလည်း ရှင်းဖို့ကျန်သေးတာပဲ"
(ဦးလေးတို့မိသားစုလေ)
လုချင်းယွမ်က ရှီရှန်းရဲ့ဆန္ဒကို ခွင့်မပြုခဲ့ဘူး။ [လက်ထပ်တဲ့ကိစ္စကို မဖျက်ပေးတာကိုပြောတထင်တယ်]
ဒါပေမဲ့ ရှီမိုကို ဖျက်ဆီးဖို့တော့ ကူညီပေးခဲ့တယ်..တုံးဖန်entက အဆုံးရှုံးအများကြီး ရှိသွားရတယ်. ရှီမိသားစုရဲ့ ကျန်တဲ့လုပ်ငန်းတွေကတော့  လုံးဝကြီး ပျက်ဆီးမသွားခဲ့ဘူး. ကြည့်ရတာ လုချင်းယွမ်က ရှီမိုတစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားခဲ့ပုံပေါ်တယ်.
တုံးဖန်ရဲ့ ရှယ်ယာကျဆင်းမှုတွေက221တက္ကသိုလ်ကိစ္စပြီးတဲ့နောက် အဟော့ဆုံးသတင်းဖြစ်လာခဲ့တယ်.
လုချင်းယွမ်က တုံးဖန်entကို မင်္ဂလာဦးလက်ဆောင်အနေနဲ့ ရှီရှန်းကိုပေးခဲ့တယ်.
[Fav14ကျ ချောကလက်ပေးမဲ့လူတောင် မရှိကြသေးဘူးမလား 😃မတ်မတ်ကဖြင့် လက်‌ဆောင်အဖြစ် ကုမ္ပဏီတစ်ခုကို ရနေပြီ ]
ရှီရှန်းက တုံးဖန်ကို သူ့လက်အောက်မှာကြာကြာမထားဘဲ ရောင်းချပစ်ခဲ့တယ်.
ဒါကြောင့် တုံးဖန် Entertainmentက အချိန်တိုအတွင်းမှာ ပိုင်ဆိုင်မှုအပြောင်းအလဲကြီးကြီးမားမား ဖြစ်သွားတဲ့ကုမ္ပဏီတစ်ခုအဖြစ် နာမည်ကြီးခဲ့ပြန်တယ်.
ရှီရှန်းတို့ မင်္ဂလာရက်ကို စက်တင်ဘာ၉ရက် အဖြစ် သတ်မှတ်ခဲ့ကြတယ်. ရှီရှန်းက ရိုက်လက်စအစီစဥ်တွေကို အမြန်အပြီးဖြတ်ခဲ့တယ်.နောက်ထပ် အချိန်ဇယားအသစ်ကိုလည်း မယူဘဲ မင်္ဂလာပွဲအတွက်ပဲ အချိန်ပေးခဲ့တယ်.
ရှီရှန်းတို့ မင်္ဂလာပွဲသတင်းအကြောင်းက တစ်နိုင်ငံလုံး ဟိုးလေးကျော်သွားတယ်. သူမက ကုမ္ပဏီကို  နေ့တိုင်း ဦးစီးနေရတဲ့အပြင် စားတယ် သောက်တယ် အိပ်တယ် spaသွားတယ် စျေးဝယ်ထွက်တယ် လိုင်းပေါ်က တိုနီမှုတ်စာတွေ မှာတယ် စတဲ့အလုပ်ကြီးအကိုင်ကြီးတွေနဲ့ အလုပ်ရှုပ်နေခဲ့ရတယ်!!!.
Webioမှာတော့ ရှီရှန်းလက်ထပ်တာနဲ့ ပတ်သတ်ပြီး ထင်မြင်ချက်တွေ အမျ်ိုးမျိုးပေးခဲ့ကြတယ်.သူတို့ရဲ့အသားလုံးလေးက တစ်ယောက်ယောက်နဲ့ မကြာခင်မှာပဲ လက်ထပ်ရတော့မှာလေ...
[ကြွက်တွေက ဆန်ကိုအမြဲတမ်း နှစ်သက်သလို ငါကလည်း အသားလုံးလေးကို လက်ထပ်ပြီးသွားလည်း ချစ််မှာပဲ. ဟေး လုဘောစိကြီး ငါတို့အသားလုံးလေးကို ကောင်းကောင်းဆက်တံနော်! သေချာအပ်ထားမယ်]
[အသားလုံးလေးက တစ်ခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ်တဲ့ အားးး ငါမလိုချင်ဘူး ငါတို့ရဲ့အသားလုံး ဘယ်လိုများ လက်ထပ်ဖို့ ဆုံးဖြတ်ရဲတာလဲ? ]
[* အဟင့် * အသားလုံးလေး, ခုထိတရားဝင် လက်မထပ်ရသေးဘူး!  ငါတို့ကိုစွန့်ပစ်နေပြီလား? ဟင့် ]
လုချင်းယွမ်ရဲ့ ဖန်တစ်သိုက်ကလည်း ရှီရှန်းနဲ့ သဘောမတူကြဘူး
[ကျင်းဝမ်က ဘယ်လိုများ ငါတို့ရဲ့ကြီးကျယ်လှတဲ့ လုဘောစိကြီးကို ရသွားတာလဲ? သူမမှာ ပိုင်ဆိုင်မှုပိစိလေးပဲရှိတာကို? ငါတို့လုဘောစိကြီးက အဆင့်တန်းမြင့်တဲ့လူတစ်ယောက်လေ .  ]
[ကျင်းဝမ်သာ အသိစိတ်ရှိရင် လုလုလေးကို စွန့်လွှတ်သင့်တယ်!]
[ကျင်းဝမ်က လုလုလေးနဲ့ လုံးဝမလိုက်ဖက်]
+10086 (အပေါ်ကpostတွေအတွက် likeအရေတွက်ထင်တယ် annaလည်း+ကဘာပြောမှန်းမသိ)
[ငါ  ပျင်းတာကြောင့် အသားလုံးအကြောင်းကိုစုံစမ်းခဲ့တယ်. ငါဘာတွေ့ခဲ့တယ်ထင်လဲ?  သူမနာမည်နဲ့ ကုမ္ပဏီနှစ်ခုရှိတယ်... ]
[ဘယ်ကုမ္ပဏီလဲ? ငါတို့ကိုရော ပြောပြ]
ထိုလူက ဓာတ်ပုံနှစ်ပုံကိုချက်ချင်းတင်ခဲ့တယ်။ 
ပထမဆုံးပုံက ကျင်းဝမ်က Mantian Entertainmentရဲ့ တရားဝင်ပိုင်ရှင်ဖြစ်ကြောင်း ပြသထားတဲ့စာရွက်စာတမ်းများဖြစ်တယ်။  ဒုတိယတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သည်။   'S' လို့ခေါ်ပြီး ကျင်းဝမ် ပိုင်ဆိုင်တာ ဖြစ်တယ်။ 
သူတို့က ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် မရင်းနှီးပေမဲ့ Mantian Entertainment ကိုတော့ ကောင်းကောင်းသိကြတယ်.
"kings" အဖွဲ့ဝင်လေးယောက်နဲ့ တခြားbandတွေက ကျင်းဝမ်လက်အောက်ကဖြစ်တယ်.လူသိများတဲ့ တခြားရုပ်ရှင်မင်းသားမင်းသမီးတွေကလည်း ကျင်းဝမ်လက်အောက်ကပင် ဖြစ်တယ်.
~အသားလုံးက တကယ်ပဲဒီentကို ဖွင့်ခဲ့တာလား?~
[ငါတို့အသားလုံးလေးက လုဘောစိကြီးနဲ့ မတန်ဘူးလို့ပြောတဲ့ လူတွေ ကိုယ့်ပါးကို ပြန်ရိုက်ကြ!နာလား?ဟမ်. ငါတို့အသားလုံးလေးက မိသားစုအကူညီမပါဘဲ entတစ်ခုတည်ထောင်ခဲ့တာ!]
[ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအကြောင်းကို မကြားဖူးသေးဘူး။ ဒါပေမဲ့ ဒါကိုအသားလုံးဖွင့်ထားတာ တကယ်ပဲဆို အောင်မြင်လာမှာ သေချာပဲ!]
ဒါပေါ့ အသားလုံးလေးရဲ့ ဖန်တွေအကုန်လုံးကထောက်ခံခဲ့ကြတယ်.သူတို့မျက်လုံးထဲမှာ အသားလုံးလေးကသာ အတော်ဆုံးပဲ!!! သူတို့က အသားလုံးလေးရဲ့ အမာဆုံးပန်ကာအုပ်စုတွေပဲ...
.
.
.
"အသားလုံးလေး, တကယ်ပဲတစ်ခြားကောင်နဲ့ လက်ထပ်တော့မယ်ပေါ့,ဒီကမတ်မတ်ကြီးကို စွန့်ပစ်တော့မယ်ပေါ့. ငါတို့ကြားကအချစ်ကို ဂရုမစိုက်တော့ဘူးလား" ဖန်လုချိုးက ရှီရှန်းကိုဖတ်ရင်းငိုနေခဲ့တယ်.
"ငါတို့ခြားမှာ ဘယ်တုန်းကအချစ် ရှိသွားခဲ့တာလဲ"  ရှီရှင်းက မေးခွန်းတစ်ခုကိုအေးဆေးငြိမ်သက်စွာပြန်မေးခဲ့တယ်။ 
“ အသား…အသားလုံးလေး…”
သူမထိုးနှက်ခံရတဲ့အခါ သူမရဲ့နှလုံးနေရာ ကို ဖိအုပ်လိုက်တယ်.
"ဒါကို ဘယ်တော့မှ ဝန်မခံတော့ဘူးပေါ့. အသားလုံးလေး ဒီလိုရက်စက်တတ်မှန်း မသိခဲ့ဘူး"
ရှီရှန်းက ဖန်လုချိုးခေါင်းကို ပွတ်သပ်ပေးခဲ့တယ်.
"ဟုတ်ပါပြီ. စုရီရှိုးကို သွားမရှာဘူးလား"
ဖန်လုချိုးက တစ်လောကလုံးပိုင်ဆိုင်ထားရသလို ပြုံးလိုက်တယ်.
".အဲ့ကောင်လား? ငါ့ရှေ့ပေါ်လာရဲသေးရင် ငါလက်နဲ့ ငါကိုယ်တိုင် ရိုက်သတ်ပစ်မယ်"
ရှီရှန်း. "...."
~စုရီရှိုးရေ နင်ဘာအပြစ်တွေ ကျူးလွန်ထားတာလဲ?~
“ ငါဂရုမစိုက်ဘူး၊ အသားလုံးလေးရဲ့ သတို့သမီးအရံ ဖြစ်ချင်တယ်!” 
ဖန်လုချိုးက နောက်တစ်ခေါက် အော်ဟစ်ပြန်တယ်.
"အသားလုံးလေးရဲ့ သတို့သမီးအရံဖြစ်လာရင်. ဒီမတ်မတ်က ကံတွေကောင်းလာမှာ. ဒီအခွင့်ရေးကို တစ်ခြားလူကို မပေးရဘူးနော်! "
~ဟေး ငါဘယ်တုန်းက အာဏာရှိပြီး ကံကောင်းနေတာလဲ?. ငါတောင်မသိလိုက်ရပါလား~
ဖန်လုချိုးက အရှက်မရှိ တောင်းဆိုတာကြောင့် အရံသတို့သမီး ဖြစ်သွားခဲ့တယ်. ရှီရှန်ူမှာ သူငယ်ချင်းအများကြီး မရှိတာကြောင့် သတို့သမီးအရံက ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ပါဘူး..
#ဟဲဟဲ အရမ်းနောက်ကျသွားလား. ဂေါမန်ပါနော် အိပ်ပျော်သွားလို့ပါ. Btw anna.မှာအချစ်တော်ဒါဒါလေးတစ်ယောက်ရှိနေပြီ သိလား သူကလေအပိုင်းတိုင်းလိုလို cmtရေးပေးတယ်..Doraနဲ့Miaဆီကအချစ်ခံချင်ရင်ကြယ်လေးများများပေး Annaကcmtသမားတွေပိုချစ်တာနော် အချစ်တော်လေးတွေများလာရင် အပိုင်းပိုတင်ချင်တင်ပေးနိုင်တာပေါ့လို့.
#Dora💜
#Mia💙
#Anna💚
11th Jan 2021
➡️Zawgyi
(ဦးလေးတို့မိသားစုလေ)
ရှီရှန်းတို့ မင်္ဂလာပွဲသတင်းအကြောင်းက တစ်နိုင်ငံလုံး ဟိုးလေးကျော်သွားတယ်. သူမက ကုမ္ပဏီကို  နေ့တိုင်း ဦးစီးနေရတဲ့အပြင် စားတယ် သောက်တယ် အိပ်တယ် spaသွားတယ် ဈေးဝယ်ထွက်တယ် လိုင်းပေါ်က တိုနီမှုတ်စာတွေ မှာတယ် စတဲ့အလုပ်ကြီးအကိုင်ကြီးတွေနဲ့ အလုပ်ရှုပ်နေခဲ့ရတယ်!!!.
Webioမှာတော့ ရှီရှန်းလက်ထပ်တာနဲ့ ပတ်သတ်ပြီး ထင်မြင်ချက်တွေ အမ်ျိုးမျိုးပေးခဲ့ကြတယ်.သူတို့ရဲ့အသားလုံးလေးက တစ်ယောက်ယောက်နဲ့ မကြာခင်မှာပဲ လက်ထပ်ရတော့မှာလေ...
[ကြွက်တွေက ဆန်ကိုအမြဲတမ်း နှစ်သက်သလို ငါကလည်း အသားလုံးလေးကို လက်ထပ်ပြီးသွားလည်း ချစ်မှာပဲ. ဟေး လုဘောစိကြီး ငါတို့အသားလုံးလေးကို ကောင်းကောင်းဆက်တံနော်! သေချာအပ်ထားမယ်]
.
.
.
“ အသား…အသားလုံးလေး…”
ရှီရှန်း. "...."
#Dora💜
#Mia💙
#Anna💚
11th Jan 2021
继续阅读
You'll Also Like
373K 26.6K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
758K 30.5K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
2.1M 162K 36
No descriptions here
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022