[ zawgyi ]
အကြည့်ချင်းဆုံတိုင်း ရှောင်ဖယ်သွားတဲ့မျက်ဝန်းတွေ...
အသားချင်းထိမိတိုင်း အလျင်အမြန်တိမ်းရှောင်ခြင်းတွေ...
ငြင်းဆိုတယ်ခေါ်မရတဲ့ ဂျစ်ကန်ကန်စကားလုံးတွေ...
သူက ငါ့ကိုမချစ်ဘူးလို့ပြန်တွေးမိတိုင်း ဒီအကြောင်းအရာတွေကခေါင်းထဲတန်းစီဝင်လာပြီး လူကိုသတိပေးနေသလိုပဲ။ ချစ်ခြင်းတွေရဲ့အလွန်မှာ ဘယ်အရာရှိနေမည်မှန်း မခန့်မှန်းနိုင်ပေမယ့် P ကိုတော့ သူသွားလေရာခေါ်သွားချင်တယ်... လက်နုနုလေးကိုဆွဲရင်း ဘယ်လောက်ထိချစ်ကြောင်းတွေတသီကြီးပြောချင်တယ်။ le coucher ရှေ့ မတော်တဆလဲကျခြင်းက ကံကောင်းတယ်ပဲဆိုရမလားလေ... သူနဲ့အတူခံစားချက်တွေထပ်တူကျနေခဲ့တဲ့ P ကို တစ်ခဏလေးပေမယ့်သူသေချာမြင်တွေ့ခွင့်ရခဲ့ပါတယ် ။
. . . . .
ဒီနေ့က အလုပ်သမားတိုင်းတောင့်တတဲ့သောကြာနေ့ ။
အလုပ်ကအမြန်အဆန်ပြန်ပြီး အင်္ကျီလဲကာရှိုးထုတ်တယ် နှင်းတွေထူနေပေမယ့်လည်း ဇွဲကောင်းကောင်းနဲ့စက်ဘီးကိုအသေအချာနင်းပြီး le coucher ရှေ့ခရီးနှင်မယ်။ စက်ဘီးခြင်းလေးထဲမှာတော့ ဖြူလွှလွှနှင်းမှုန်တွေကပ်ညိနေတဲ့ မာဖလာလေးကတလွင့်လွင့်...
ညနေစောင်းမို့ လူသွားလူလာသိပ်များတဲ့အပြင် le coucher ဆိုင်လေးကလည်းစည်းကားလျက်။ မှောင်စပျိုးချိန်ကြောင့် ထွန်းညှိထားတဲ့ဆိုင်အတွင်း မီးဝါကျင့်ကျင့်တွေအကြား P ကစားပွဲခုံတွေကြားပြေးလွှားနေလေရဲ့ ။
ဆိုင်ရှေ့စားပွဲလေးမှာထိုင်ကာ မျက်နှာကို ဆိုင်အတွင်းထဲတသမတ်တည်းလှည့်ထားတယ်။
လက်ထဲကမာဖလာလေးကိုတော့ လက်ဖဝါးတွေကြားထည့်ရင်းပွတ်သပ်နေလိုက်တယ်။
ချစ်တဲ့မျက်စိနဲ့ကြည့်တယ်ဆိုတာထက် P ရဲ့ပင်ကိုယ်ပုံစံက ချစ်စရာကောင်းပြီး လူတိုင်းပြုံးနိုင်အောင်လုပ်နိုင်စွမ်းရှိတယ်။ အခုလည်း ဆိုင်ထဲကဧည့်သည်တွေကြား ဗန်းငယ်တစ်ခုကိုင်ပြီးပြေးလွှားနေတဲ့ P က မျက်နှာပေါ်ကအပြုံးကတော့လုံးဝမပျက်... ပါးမို့တွေတက်အောင်ပြုံးပြီး လူတိုင်းအပေါ်နွေးထွေးနေလေရဲ့ ။
YOU ARE READING
• R a i s o n D' ê t r e • [ Completed ]
FanfictionFor the girl who loves BKPP eternally ❣
![• R a i s o n D' ê t r e • [ Completed ]](https://img.wattpad.com/cover/248592815-64-k932824.jpg)