အချစ်စစ်(အပိုင်း၁၉)

Start from the beginning
                                    

ဆိုကာသူ့မေမေပခုံးအားမှီကာကလေးငယ်တစ်ယောက်လိုရှိုက်ငိုနေတော့သည်

ရိပေါ်မေမေလည်းရိပေါ်ကိုဖက်ပြီးကျောကိုလက်ကလေးနဲ့အသာပုတ်ကာ

"သားလည်းမသိလို့ဖြစ်တာပါသားရယ်...ကျန့်လေးကသားကိုခွင့်လွှတ်မှာပါမငိုနဲ့တော့နော်..မေ့မေ့သားလေးရဲ့အချစ်တွေကစစ်မှန်တယ်ဆိုရောင်ပြန်ဟပ်မှာပါသားရယ်သားကြိုးစားခွင့်ရှိတာပေါ့လူတိုင်းကဒုတိယအခွင့်အရေးနဲ့ထိုက်တန်တယ်သား..
တန်ဖိုးထားတတ်ဖို့ပဲလိုတာ
မေမေယုံကြည်တယ်သားကျန့်လေးကိုပြန်ခေါ်လာနိုင်မယ်ဆိုတာ"

ဆိုကာနှစ်သိမ့်ပေးရင်းပြောလိုက်သည်

################

တဖက်ကားထဲတွင်မူ

":မင်းကိုမလိုက်လာဖို့ပြောရဲ့သားနဲ့ဘာလို့လိုက်လာတာလဲအားလည်းမရှိပဲနဲ့တော်သေးလို့ပေါ့ငါအချိန်မှီမြင်လို့"

"ကျေးဇူးငါသက်သာပါပြီ"

"ဘာသက်သာမှာအားဆေးထိုးထားပေးလို့ဒီလိုစကားပြောနိုင်နေတာ"

"သူနဲ့တွေ့မယ်လို့ဘယ်သူကရောထင်မိမှာလဲဒီလောက်ကျယ်တဲ့မြို့ကြီးမှာ"

"အခုတွေ့တာပဲလေ "

"သူ့အကြောင်းမပြောနဲ့တော့ငါပြန်ချင်ပြီ"

ကျိုးချန်သက်ပြင်းချကာ

"အင်း..လေယာဥ်လက်မှတ်ဖြတ်ထားပြီးပြီညနေလေယာဥ်နဲ့သွားရုံပဲ"

"အေ..မင်းလည်းငါ့ကြောင့်ပင်ပန်းနေပြီ"

"ရှောင်ကျန့်ခဲွစိတ်လိုက်ပါလား....ငါတို့ကိုမချစ်ဖူးလား..."

"ကျိုးချန်အဲ့တာငါပြောပြီးသားလေဘာလို့ထပ်ပြောနေတာလဲ"

"မင်းသူ့ကိုတကယ်ခဲွနိုင်လို့လား..."

"ငါနားတော့မယ် ပင်ပန်းနေပြီ"

"အင်းအင်းမပြောတော့ဝူး..."

"ခဲွနိုင်လို့လား"တဲ့လား...မေ့လို့တောင်မရနိုင်သေးတာ...ဘယ်ခဲွနိုင်ပါ့မလဲ...

ဒါမဲ့ဒဏ်ရာတွေကနောက်ပိုင်းပျောက်သွားနိုင်တယ်ဆိုတိုင်း ရင်ထဲမှာစွဲနစ်နေအောင်ကျန်ခဲ့တဲ့ဒဏ်ရာတွေကပျောက်သွားနိုင်မယ်မေ့သွားနိုင်မယ် တဲ့လား...

အချစ်စစ်(Yizhan version)Where stories live. Discover now