Part_69

7K 1.1K 111
                                    

<Unicode>

"ဘယ်လိုဖြစ်လို့မင်းကပြန်လာတာလဲ ဟိုမှ ခြေချုပ်မိနေတာမဟုတ်ဘူးလား"

နံရံကိုမှီကာဆေးလိပ်သောက်ရင်းအာဏာမေးလိုက်သည်။ ဒီမှာဆိုးလွန်လို့ အဖေနှစ်ယောက်မထိန်းနိုင်ဘဲUSက အဖိုးအဖွားတွေဆီကိုပို့လိုက်တာ ခုတော့ပြန်ရောက်လာသည်။

အကြောင်းမကြားဘာမကြားနဲ့။

သူ့အမေးစကားကို  မိုးကောင်းစွဲက မျက်နှာရှုံ့သည်။ သူနဲ့မျက်နှာချင်းဆိုင် မှာရပ်ပြီး

"ပျင်းလို့ခိုးပြန်လာတာ"

"စာလုပ်ရမဲ့အရွယ်စာသာလုပ်စွဲ  ပြဿနာပတ်ရှာမနေနဲ့"

သူပြောလိုက်ပြီး ဆေးလိပ်ကိုတစ်ဖွားလောက်ရှိုက်လိုက်သည်။ ရှေ့ကမိုးကောင်းစွဲက

"တစ်နှစ်လောက်လေးကြီးတာကို မင်းငါ့ကို အကိုကြီးလိုမဆက်ဆံစမ်းပါနဲ့"

"ဘာပဲပြောပြောငါကအကြီးပဲ"

"အေးပါ  ငါမပြောတော့ဘူး"

မိုးကောင်းစွဲစိတ်ပျက်လက်ပျက်နဲ့ မြေပြင်ပေါ်မှာဆောင့်ကြောင့်ထိုင်ချလိုက်သည်။

အာဏာကတော့ နံရံမှီကာဆေးလိပ်သောက်ဆဲ။

ဆေးလိပ်သောက်နေတဲ့ အာဏာကိုကြည့်ကာ မိုးကောင်းစွဲက

"မင်းဆေးလိပ်သောက်တတ်နေတာလား"

"အင်း "

"ကောင်တဲ့အကျင့်မဟုတ်ဘူးဆိုပြီး ကိုဆက်ကမဆူဘူးလား"

မင်းဆက်ရဲ့အကြောင်းကိုပြောလိုက်တော့ အာဏာက အနည်းငယ်ငြိမ်သက်သွားသည်။ ထို့နောက်

"မဆူဘူး"

"ဩော်"

"နေစမ်းပါဦး မင်းဘာလို့ဒီကိုပြန်ရောက်လာတာလဲ၊
ပြီးတော့ ငါ့နောက်ကိုဘာလို့လိုက်လာတာလဲ"

သူမေးလိုက်တော့ ရှေ့ကမိုကောင်းစွဲ ထိုင်နေရာကနေမတ်တတ်ထရပ်လိုက်သည်။ထို့နောက် အကျင်္ီအိတ်ကပ်ထဲက ပီကေတစ်ခုကိုထုတ်လိုက်ပြီး အခွံခွာရင်း

"မြန်မာမလေးတွေကိုမခွဲနိုင်လို့"

အဖြေကောင်းလှတဲ့မိုးကောင်းစွဲကြောင့် အာဏာခပ်မဲ့မဲ့ရယ်လိုက်သည်။

THE EYEWhere stories live. Discover now