မျက်မမြင်အချစ် (၁၀)

Start from the beginning
                                    

" ဘာလို့လဲ? အမွေတွေ အကုန်ရတဲ့အထိ ငါ့အနားမှာနေမလို့လား? အခုရထားတာ မကျေနပ်သေးဘူးလား? "

" ခင်...ခင်ဗျား....! "

စည်းရောင်စုံရဲ့ သိက္ခာကို စော်ကားနေတာ သိသော်လည်း ဒေါသကို ပြန်ဖြေကာ

" ခင်ဗျားထင်ချင်သလို ထင်လို့ရတယ်...
အခု ခင်ဗျား စားပြီးမှ ကျွန်တော်သွားမှာမို့ မစားချင်လဲ ခင်ဗျားသဘောပဲ....
ကျွန်တော် ခင်ဗျားအနားမှာ နေတာ အဆင်ပြေတယ်ဆိုရင်လည်း မစားနဲ့ပေါ့  "

" မင်း...မင်း...! "

စည်းရောင်စုံ လျှာထုတ်ပြီး မျက်နှာပြောင်လိုက်သည် ။ ပြီးမှ သူမျက်စိမမြင်ရတာကို ပြန်သတိရပြီး ရှက်သွားရသည် ။
ဒီလိုကျတော့လည်း သနားစရာလူတစ်ယောက်ပါပဲလား.....?

" ကဲပါ ကျွန်တော့်ကို စော်ကားမယ်ဆိုလည်း အရင်ဆုံးအားရှိအောင် တစ်ခုခုစားလိုက်အုံး ပြီးမှ ရန်တွေ့ ဟုတ်ပြီလား....."

" ကဲပေး......ပန်းကန် မင်းအရမ်းကို စကားများတယ်.... "

အမလေး....
ဖြစ်ရချည်သေးရဲ့ လူကိုများ စကားများတယ်ဘာညာနဲ့ စည်းလောက် စကားနည်းတဲ့သူ သိပ်မတွေ့ဖူးဘူး....
တချို့ဆို စည်းရဲ့ အသံကို ကြားချင်လွန်းလို့် ပြောပါပြောပါနဲ့ မနည်းပြောခိုင်းနေတာ အဲ့ထဲ သူ့အဖေပါ ပါတာ သိသွားရင် တက်သေလောက်တယ် 😒 ။

" ရော့.... ဒီမှာ ဇွန်း... ဒီမာ ထမင်းပန်းကန်...
ငါးကြော်ကတော့ ကျွန်တော် နွှင်ပေးမယ် "

" ရတယ်မလိုဘူး "

" ဘာလို့လည်း ရွံ့လို့လား? "

" မဟုတ်ပါဘူး... ကျုပ်အမေ နွှင်ပေးတဲ့ ငါးကလွဲပြီး ငါးဆိုမစားတော့တာကြာပြီ....
ဒါနဲ့ မင်းကို ကျုပ်က ဒါတွေ ဘာလို့ရှင်းပြနေရမှာလဲ  "

စည်းရောင်စုံတစ်ယောက် အကိုစစ်မင်းသူကို မျက်စောင်းထိုးလိုက်မိသည် ။ ဘာလို့ဆို သူ့ကို ရှင်းပြပါလို့လည်း ဘယ်သူမှ မပြောဘဲနဲ့ သူ့ဘာသာပြောတာလေ အဲ့တာပြီးတော့ လူကို သက်သက်လာဖဲ့တာ.....

စည်းရောင်စုံ တွေးနေပေမယ့် လက်ကတော့ အကိုစစ်မင်းသူရဲ့ ထမင်းပန်းကန်ထဲသို့ အရွက်ကြော်တွေ ထည့်ပေးရင်း အရိုးပါနွှင်ပေးရင်း အကိုစစ်မင်းသူ စားမည့်ဇွန်းပေါ်သို့ မသိမသာတင်ပေးလိုက်သည် ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now