"မသိရင် ငါကမင်းတို့နှစ်ယောက်ရဲ့သားကျနေတာဘဲ။
ဘယ်လိုလုပ်ဒီနေရာကိုသိလာပြန်တာလဲ။"ရှင်းပြောင်ပျက်စကားကြောင့် ရှေ့ကမီးနူးရွေးသည့်စာအုပ်နဲ့ ကောက်ထုလိုက်သည်။
"မင်းကိုပြောသင့်ပြီထင်လို့။"
"ဘာကိုလဲ"
"အရင်နှစ်လကမင်းဆေးရုံမရောက်ခင်တစ်ရက် သော်ကမောင်ငါတို့ကိုလာတွေ့သွားတယ်။"
သော်ကမောင်ဟုဆိုသောကြောင့် ရှင်းမျက်ဝန်းများအံအားသင့်သွားသည်။
"မင်းကို နုတ်ဆက်သွားတယ်..။"
ပေးလာသည့်စာရွက်ခေါက်ကလေးကို တုန်ရီစွာလှမ်းယူမိသည်။
ဘယ်လောက် မိုက်မဲတဲ့ကောင်လေးလဲ..ထွက်သွားတော့မဲ့အကြောင်းကို ကိုယ်တိုင်လာမပြောဘဲ လူကြုံပါးလိုက်သတဲ့လေ။
ရှင်း
လှပပြီး နွေးထွေးတဲ့အိမ်မက်ကလေးဖြစ်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်..
စာရွက်ကိုလေးကိုတွန့်ကျေအောင်ဆုတ်ကိုင်လိုက်သည်။
ဘယ်သူသဘောလဲ..ရင်ဘတ်ထဲ မခေါ်ဘဲဝင်လာခဲ့ပြီး ထွက်သွားတော့မှကျေးဇူးတစ်ခွန်းဆိုခဲ့လေသလား။မင်းကျေးဇူးက ဘယ်လောက်အတိုင်းအတာထိ ငါ့ကိုရူးသွတ်စေသလဲ သော်ကမောင်။
စာရွက်ကလေးအားကိုင်ပြီး စကားတစ်ခွန်းမှမပြောလေသော
ရှင်းကိုနှစ်ယောက်လုံးအကဲခတ်နေသည်။"မင်းရဲ့ဘဝကိုမင်းပြန်ရှာပါတော့ ရှင်းရာ။"
"ဟုတ်တယ် ကိုနေ"
"အိမ်မက်..သူကငါ့ကိုအိမ်တစ်ခုလိုသဘောထားလိုက်ပြီ။အိမ်မက်ဆိုတာဘာလဲ..မှားလား မှန်လား မသိတဲ့ ဆုပ်ကိုင်လို့မရတော့တဲ့အရာ..ဟက်.."
ရှင်းရဲ့စကားကို နှစ်ယောက်စလုံးငြိမ်သက်စွာနားထောင်နေသည်။မောင့်ဒိုင်ယာရီစာအုပ်ကိုပိတ်ချလိုက်ပြီး သူမတ်တပ်ထရပ်လိုက်သည်။
"မနက်ဖြန် အဖွားဆီသွားမယ်.."
"ရှင်း..!!!"
"သူတို့ပြောသလို ပြသာနာရှင်းရမှာပေါ့။"
ВИ ЧИТАЄТЕ
Diary of Poinciana: Blue Jacaranda
Щоденники та біографіїZG Poinciana Flower (စိန်ပန်း)ဟာ တမ်းတလွမ်းဆွတ်ခြင်း နဲ့ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို တွေးနေခြင်း..ဆိုတဲ့ အနက်အဓိပ္ပါယ်ဆောင်သတဲ့... ဒီကမ္ဘာကြီးရဲ့တစ်နေရာ..လူသူမသိတဲ့ဇာတ်လမ်းလေးတစ်ပုဒ်မှာ..Poincianaပွင့် တစ်ပွင့်ကို ကြည့်ရင်း..ခ...