"မိုးစက်ပုံပြင်"(Part 19)

116 3 0
                                    

နောက်တစ်နေ့ တက္ကသိုလ်၌ နန္ဒတို့အုပ်စု လေထိုင်ပေါနေစဥ်...

"ဟဲ့ နန္ဒ...တိမ်ညို မရောက်သေးဘူးလား"ဟု နှင်းပွင့်မှ ခပ်တည်တည်ဖြင့် လာမေးလေသည်။

"မရောက်သေးဘူး ဘာဖြစ်လို့လဲ ဘာပြဿနာရှာဦးမလို့လဲ....."

အနားမှာ တိမ်ညိုတို့အကြောင်းကိုမသိသေးသည့်လူများလဲရှိနေတာကြောင့် သူ့မှာမိုးစက်ရှိနေပြီပဲ နင်ဘာမှပြဿနာမရှာပါနဲ့တော့ဆိုသည့်ပုံစံဖြင့် စကားကို ခပ်ပြတ်ပြတ်ပြောလိုက်လေသည်။

"အမလေး အားအားယားယား ငါကပဲ ပြဿနာလိုက်ရှာနေရဦးမယ်တဲ့လား၊ ရှာစရာကိုမလိုဘူး...ပြဿနာကရှိပြီးသား"ဟု ကျေနပ်နေသည့် လေသံဖြင့်

"နေပါဦး နင့်စကားကြီးကဘယ်လိုလဲ ဘာကိုပြဿနာကရှိပြီးသားလဲ"

"နင်မကြာခင်သိမှာပါဟာ စောင့်ကြည့်နေလိုက်"

ထိုသို့ပြောနေစဥ် တိမ်ညိုနှင့် မိုးစက်တို့ နှစ်ယောက် အတူတူ တက္ကသိုလ်ဝင်းထဲသို့ ဝင်လာသည်ကို နန္ဒမြင်လျှင်

"အေး သိရတော့မှာ ဟိုမှာကြည့်လိုက် သူတို့လာနေပြီ"

နန္ဒပြောရင်း လက်ညိုးထိုးပြရာဘက်သို့ နှင်းပွင့် လှည့်ကြည့်လိုက်ရာ ဒေါသတွေထောင်းခနဲထွက်သွားလေသည်။ သူ့အကြံမအောင်မြင်ဖူးဆိုတာသိသည်နှင့် "တောက်" တစ်ချက်ခေါက်ပြီး ထွက်သွားလေတော့သည်။

တိမ်ညိုနှင့် မိုးစက်ကတော့ နှင်းပွင့်ထင်သလိုမဟုတ်ဘဲ တစ်ယောက်နှင့်တစ်ယောက် စနောက်ရယ်မောရင်း အတူလာနေကြသည်ကို မြင်လိုက်ရခြင်းကြောင့် နှင်းပွင့် စိတ်တိုသွားခြင်းဖြစ်သည်။ ကြားထဲက နန္ဒတစ်ယောက်ကတော့ ကြောင်တောင်တောင်ဖြစ်နေလေ၏။

ထို့နောက် တိမ်ညိုတို့ နန္ဒတို့ရှိရာ နေရာသို့ ရောက်လာပြီး "ဘာတွေများတွေးနေတာလဲ ကိုနန္ဒရဲ့" ဟုတိမ်ညိုမှ စကားစမြည်လိုက်သည်။

"အော် အေး ငါမေးမလို့ ဒါနဲ့ မင်းတို့နှစ်ယောက် ဘာဖြစ်ထားကြသေးလဲ"

တိမ်ညိုနှင့် မိုးစက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
"ငါတို့က ဘာဖြစ်ရမှာလဲ ဘာမှမဖြစ်ပါဘူးဟ"

"မိုးစက်ပုံပြင်"Where stories live. Discover now