"Ray ! "

စူးစူးဝါးဝါးအော်ဟစ်သံနှင့်အတူ လက်သီးတစ်ချက်က Ray မျက်နှာကိုဦးတည်လာသော်လည်း လေထဲမှာသာရပ်တန့်သွားပြီး..

"ငြိမ်ငြိမ်နေ ပြသာနာမရှာနဲ့တော့ Ray "

"ရှာမှာပဲ..Light မရှိတယ့်ဘဝဟာ ကျွန်တော်အတွက် ငရဲပဲ..၊ ဒါကြောင့်သေလိုက်တာပဲကောင်းတယ်.."

ွ"ခွမ်း.."

အလှပန်းအိုးလေးဟာ အစိပ်စိပ်အမွှာမွှာကွဲကြေသွားပြီး အခြေအနေကလျှပ်တပြတ်ဆန်သည်..။ Ray မှာ ဖန်ကွဲစကိုအလျင်တဆော ကောက်ကိုင်လိုက်ပြီး ရင်ခေါင်းသံကြီးနဲ့ အူလှိုက်သည်းလှိုက်ရယ်မောကာ..မျက်ရည်အဝိုင်းသားနဲ့ သောမတ်ကိုကြည့်သည်..။

" လူသားစက်ရုပ်ဖြစ်ရတာ ပင်ပန်းလာပြီ Dad ကျွန်တော့်ကိုသွားခွင့်ပြုပါတော့.."

"Ray! ! !...."

လှုပ်ရှားမှုတွေ မြန်ဆန်လွန်းတာကြောင့် တားချိန်တောင်မရလိုက်..၊ အနီရင့်ရောင် စွန်းပေသွားသော ဖြူနုနုလက်ကောက်ဝတ်လေးသည် စိတ္တဆန်ဆန်လှပနေသေးသည်..။

"*Sob.."

နံရံကိုမှီရင်း တအိအိပြိုလဲသွားသော ခန္ဓာကိုယ်သည် အင်းအားမဲ့နေကာ ညည်းသံခပ်သဲ့သဲ့က..အဖျားသတ်တုန်ယင်လျက်..

"L~~~ig~~ht ရယ် နာ..လိုက်တာကွာ.."

***********




" ကျွတ်..ကျွတ်..အိပ်တော့..နော်.."

ပါးစပ်ကနေစုပ်သပ်ပြီး တင်ပါးလေးကိုပုတ်ပေးလိုက်ခါမှ လွန့်လူးနေရာမှငြိမ်သက်သွားသည်..။ သို့ပေမဲ့ ဆုပ်ကိုင်ထားသောလက်ချောင်းတို့မူ ဖြုတ်ပစ်၍မရနိုင်သေး..

သရဲအကြောင်းပြောလိုက်တဲ့နေ့မှစကာ ရှောင်းကျန့်မှာအလုပ်တစ်ခုပိုလာသည်..။ Kid ကို ချော့သိပ်ရခြင်းပင်..

ခုလဲလက်ကိုဆုပ်ညှစ်ထားတာမို့ ရှောင်းကျန့်မှာ အသာရုန်းထွက်ပြီး..ဝရန်တာကိုထွက်လာလိုက်တယ်..။ လေနုအေးများတိုက်ခတ်လာတာမို့ ရင်အေးသွားသလိုတော့ဖြစ်သား..

မနက်ဖြန်ဆို သုံးရက်ပြည့်ပြီ..ဝူချန်အကြောင်း ဘာ့မှပိုမသိရတဲ့အပြင် ခုတလော သကောင့်သားက ညအချိန်မတော်ကျမှပြန်လာသည်..။ မနေ့ကလဲ Kid ကို ရန်လာလုပ်တာ ဒီကောင်ကြီးအတားမြန်လို့ အခန်းထဲထိရောက်မလာဘူး..။

သခင်...🔥[[ COMPLETED ]]✔حيث تعيش القصص. اكتشف الآن