အလယ်(Unicode)

Start from the beginning
                                    

ပြန်ကုန်ကြပြီထင်ပါတယ်....

ဒီနေရာမှာ ၀မ်ရိပေါ် ကိုစတွေ့ခဲ့တာ...
အဲဒီအကြောင်းခေါင်းထဲရောက်လာတော့ ရှောင်းကျန့် ရေးရေးလေး ပြုံးမိသည်

ဟုတ်တယ် ၀မ်ရိပေါ်ကို သူဒီနေရာမှာစတွေ့ခဲ့တာ....

အဲဒီနေ့ကအစပြုပြီး ၀မ်ရိပေါ် ဆိုတဲ့နာမည်ဟာ ရှောင်းကျန့် ဘ၀မှာနေ့စဉ်ရောက်ရှိလာပါတော့တယ်....
Canteen မှာတွေ့ခဲ့တဲ့ကောင်လေးကို သဘောကျမိသွားတယ်ဆိုတာလက်ခံဖို့မိမိကိုယ်တိုင်အတွက် အချိန်တစ်ချို့ပေးလိုက်ရသလို မိဘတွေအတွက်လည်း အချိန်ယူခဲ့ရပါတယ်.....ဘယ်မိဘက သူတို့ရဲ့ တစ်ဦးတည်းသောသားလေး ယောက်ျားလေးတစ်ယောက်ကိုစိတ်၀င်စားနေတာ လက်သင့်ခံနိုင်ပါ့မလဲ

အချိန်ယူခဲ့ရတာပေါ့ ....

စတွေ့‌တဲ့နေ့ကနေစပြီး ချစ်မိသွားပြီဆိုတာသေချာသွားတဲ့နေ့အလယ် ဒီနေ့အဆုံး ရှောင်းကျန့်ကဘယ်သူမှန်း၀မ်ရိပေါ်မသိခဲ့ပါဘူး

Canteen မှာ အအေးနဲ့မုန့်တစ်ချို့၀ယ်ပြီး စာကြည့်တိုက်ရှိရာဆီရှောင်းကျန့်ထွက်ခဲ့သည်

တစ်ရက်က နောက်ဆုံး project အတွက် လိုတဲ့စာအုပ်တွေကိုစာကြည့်တိုက်မှာရှာဖို့ရောက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ၀မ်ရိပေါ်ကို သူ့သူငယ်ချင်းတွေနဲ့တွေ့လိုက်ရသည်

ကျောင်း၀တ်စုံ၀တ်ထားတာ‌တောင်စတိုင်ကျလွန်းတဲ့ ရှောင်းကျန်ရဲ့အချစ်ဦးဟာ အမြဲတမ်းခန့်ညားနေဆဲပါဘဲ...

လိုချင်တဲ့စာအုပ်ကရှောင်းကျန့်အရပ်နဲ့ မမှီတဲ့နေရာမှာရှိနေတာမို့ ခုံတစ်လုံးယူဖို့ဖြစ်ဖြစ် တစ်ယောက်ယောက်ကိုအကူညီတောင်းဖို့ဖြစ်ဖြစ် ခေါင်းလေးလှည့်ပြီးလိုက်ရှာတုန်း

သူလိုချင်တဲ့စာအုပ်ကိုတစ်ယောက်ယောက်ကသူ့ကိုလှမ်းပေးခဲ့သည်
လက်ချောင်းလေးထိလိုက်သည့်အထိတွေ့မှာပင် ရင်ကတဆတ်ဆတ်ခုန်လာတာမို့ ဘယ်သူမှန်းသူသိလိုက်ပြီ

၀မ်ရိပေါ် ဟုတ်ပါတယ် သူ့အချစ်ဦး ၀မ်ရိပေါ်

"မင်းမမှီရင်ငါတို့ကိုအကူညီလှမ်းတောင်းလို့ရပါတယ်ကွ အချင်းချင်းတွေဘဲလေ"

First love story (Has Owned To Sis Lay @breeze_1005)Where stories live. Discover now