11~//CEOရဲ့ဗျူဟာ//

7.2K 865 155
                                    

(Unicode Version)

ရှောင်းကျန့်က နမ်းချင်လို့နမ်းတာမဟုတ်ပါဘူး။
မင်းတို့ တစ်မျိုးထင်နေကြပြီ။ ငါပြောတယ်လေ
ငိုတဲ့အထိစမှာပါဆို။ နည်းနည်းလေးနမ်းရုံနဲ့ဘယ်
ဖြစ်မလဲ။

ရီပေါ်က အစပိုင်းမှာ မလှုပ်မယှက်နဲ့ဖြစ်နေသော်
လည်း နောက်ပိုင်းကျ ရုန်းကန်သည်။ သို့သော်
ရှောင်းကျန့်ကလုံး၀အလွတ်မပေးပေ။ နမ်းနေတာ
ကိုခဏခွာလိုက်ပြီး။

"ငြိမ်ငြိမ်နေလေကွာ "

သူ့စကားကြောင့် ၀မ်ရိပေါ်ကကြောင်အသွားတယ်။
ပြောပါတယ် ငါငို‌တဲ့အထိစမှာပါလို့ ဒီဟာလေးကို။

ပြီးတာနဲ့တစ်ဖန်ပြန်လည်ဖိကပ်ပီးနမ်းလိုက်တယ်
အနမ်းတွေထဲမှာ နစ်မြောနေတုန်း‌မှာပဲ

"သူဌေး ကုန်ကြမ်းစာရင်းတွေ ရ....ရ.."

ဒီတစ်ခါဘာစိတ်ကူးပေါက်မှန်းမသိတဲ့ ပိုင်လီရှိုယွဲ့ဟာ
တံခါးကိုမခေါက်ပဲစွတ်၀င်လာတယ်။ ခေါက်ဖို့မေ့တာ
လားမသိပေမယ့်သူ့ပုံစံက လောနေပုံပါပဲ။

ရှောင်းကျန့်နမ်းနေရာမှ ချက်ချင်းခွာပြီး ခုံမှာသူမဟုတ်
သလိုနဲ့ ပြန်ထိုင်နေလိုက်တယ်။ ရီပေါ်ကတော့ ရှိုယွဲ့ကို
မျက်နှာချင်းတောင်မဆိုင်ပဲ အိမ်သာထဲပြေး၀င်သွားသည်။

တကယ်ကိုရှက်ကိုးရှက်ကန်းဖြစ်စရာကောင်းတဲ့အ‌ခြေ
အနေပါပဲ

"ဟို ဆောရီး သူဌေး ကျွန်တော်ပြီးမှ ပြန်လာခဲ့မယ်"

"ရတယ် တစ်ခါထဲပေးခဲ့တော့"

"ဟုတ် ဒါဆိုရင် ကျွန်တော်သွားလိုက်ပါဦးမယ် အ
လုပ်ကလေးတွေမပြီးပြတ်သေးလို့"

ရှို့ယွဲ့ထွက်သွားသည့်တိုင်အောင် ရီပေါ်ကသူ့ကိုလုံး
၀ကြည့်မလာတော့ပေ။ မငိုပေမယ့် တော်တော်လေး
ရှက်သွားတာကိုတော့ရှောင်းကျန့်သိသည်။ ဒီတစ်ခါ
မငိုသေးရင် နောက်‌တစ်ခါထပ်စလို့ရသေးတယ်ဆိုပြီး
တွေးလိုက်ကာ ရှိုယွဲ့လာပေးတာတွေကိုသာစစ်နေလိုက်
သည်။

ရီပေါ်က အလုပ်သာ သည်းကြီးမည်းကြီးလုပ်နေတော့
သည်။ အလုပ်လုပ်ရင်း ရှောင်းကျန့်က ငိုက်လာတာ‌
ကြောင့် ရီပေါ်ကိုကော်ဖီလေးဖျော်ခိုင်းဖို့ စိတ်ကူးလိုက်
သည်

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now