Chapter (2)🔞Zawgyi

Start from the beginning
                                    

"*Sob.. မင်းကလူလိမ်ပဲ ငါပိုငိုချင်သွားပြီ.."

မျက်နှာမူရာရင်အုပ်ကျယ်ကြီးကြောင့်ပဲလား? ကျောပေါ်ခပ်ဖွဖွပုတ်ရင်း နှစ်သိမ့်နေသော လက်တို့ကြောင့်လားမသိ..။ ရီပေါ်မှာ အင်တိုက်အားတိုင်ငိုပစ်လိုက်သည်..။

"** Sob ဘာလို့..ကျွန်တော့်အချစ်တွေကို ပြက်ရယ်ပြုရတာလဲ? "

ဘာအရာတွေကများ မင်းကိုပင်ပန်းစေတာလဲ? ဘယ်သူကများ ဒီကောင်လေးရဲ့ချစ်ခြင်းကိုပြက်ရယ်ပြုရတာလဲ? ကိုယ်နဲ့မဆိုင်ပေမယ့်ခေါင်းထဲရောက်လာသည်..။ သခင် ဆိုတဲ့နာမ်စားက ဒီလောက်တောင်လေးပင်ရလား?

.*******

."ရီပေါ် တံခါးဖွင့်စမ်း..."

"ကြားလား? တံခါးဖွင့်လို့ ငါပြောနေတယ်နော်.."

ထုရိုက်သံတစ်ဘုန်းဘုန်းနဲ့အတူ.. အက်ရှရှအသံလေးက အနည်းငယ်တုန်ယင်လို့နေတယ်..။ ရီပေါ်မှာ အိပ်ချင်မူးတူးနဲ့ မျက်မှောင်ကျုံ့ရင်း ဘေးဘီဝဲယာကိုကြည့်လိုက်တော့..ရှောင်းကျန့်ဆိုသူမှာ ကုတင်စွန်းမှာထိုင်နေကာ သူ့ကိုကြည့်လာပြီး..

" တံခါးဖွင့်ပေးလိုက်ရမလား? "

" ဖွင့်ပေးလိုက်.."

တံခါးချပ်နောက်မှာ ဘွားခနဲပေါ်လာသော မျက်နှာလှလှလေးဟာ ရှောင်းကျန့်ကိုတွေ့တာနဲ့ မျက်မှောင်ကျုံ့သွားပြီး ကမူးကရူးနဲ့အခန်းထဲဝင်လာသည်..။

"တိတိ...မင်း..ဘာတွေလုပ်နေတာလဲ? "

"ကော မြင်တဲ့အတိုင်းပဲ..ပြောစရာမရှိရင်လစ်လိုက်တော့ ဒီမှာ Morning Round လေးတောင်မစရသေးဘူး..ကျွန်တော်အရမ်းဆာနေပြီ..မယုံရင်ကြည့်ကြည့်.."

ပြောရင်းဆိုရင်း ရီပေါ်က ခြုံထားတဲ့စောင်ကို မသိမသာ လှစ်ဟပြန်လိုက်တယ်..။ ထင်းခနဲပေါ်လာတဲ့ ကိုယ်လုံးလေးက အဝတ်အစားမကပ်မှ ပိုလှနေသလို..။ ပြီးနောက်ချက်ချင်းပင်ပြန်ဖုံးလိုက်ကာ..

"တွေ့လား ဆာလွန်းလို့ ကျွန်တော့် ညီလေးက ဟိုယမ်း ဒီယမ်းဖြစ်နေတာ.."

"တိတိ..မင်း.."

ထိုလူရွယ်မှာ ရီပေါ့်ကိုလက်ညှိုးထိုးပြီးမှ ဘာစကားမှမဆို..၊ တံခါးကိုမှီရင်းရပ်နေသော ရှောင်းကျန့်ကိုရွံရှာသလို စောင်းကြည့်ရင်း..

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now