-------------------------------------------
ညခုနှစ်နာရီကျော်တွင် ရှောင်ကျန့်၏ကား ခြံထဲဝင်လာသည်ကို မြင်သည်နှင့် ဝမ်ရိပေါ်တစ်ယောက် ဧည့်ခန်းရှိဆိုဖာတွင်ဝင်ထိုင်နေလိုက်သည်။ အိမ်ထဲဝင်လာသော ရှောင်ကျန့်က သူ့ကိုမြင်သည်နှင့် မျက်နှာလွှဲသွားပီး အပေါ်သို့တက်ရန်ပြင်နေသဖြင့်
"ဘာလောက်တောင်အလုပ်တွေများနေလို့ အခုမှပြန်လာရတာလဲ? ငါသိရသလောက်ကတော့ စီမံကိန်းလက်လွတ်သွားလို့ ဘာမှလုပ်စရာသိပ်မရှိဘူးမဟုတ်လား?"
"ငါလည်းကြည့်ရသလောက်ကတော့ မင်းကအခုအချိန်မှာ ဒီလိုမျိုးပျော်နေရမှာထက် စီမံကိန်းကို သတ်မှတ်ထားတဲ့ရက်မှီအောင်ပီးဖို့ဆိုရင် အလုပ်တွေအရမ်းများနေရမှာမဟုတ်ဘူးလား?"
"ငါ့ကိုစိတ်မပူပါနဲ့ရှောင်ကျန့်ရာ.... မင်းစိတ်ညစ်နေမယ်မှန်းသေချာပေါက်သိလို့ ငါကမင်းပျော်ရအောင် စေတနာနဲ့ ပါတီလုပ်ပေးတာကို"
"ကျေးဇူးတင်ချင်ပေမဲ့ ဘယ်လိုလုပ်မလဲ။ ငါကအခု စိတ်ညစ်မနေပါဘူး။ အလကားသက်သက် မင်းရဲ့တန်းဖိုးရှိတဲ့အချိန်တွေ ငါ့အတွက်နဲ့ကုန်သွားရပီပဲ"
တစ်စိတ်လောက်တော့ထူးဆန်းနေသား။ မျက်နှာထက်ဝယ် အစစ်အမှန်မဟုတ်သော အပြုံးတုလေးတစ်ခုကို ဆင်မြန်းလျှက် ခပ်ထေ့ထေ့ပြန်ပြောလာသော ရှောင်ကျန့်ကိုကြည့်ပီး ဝမ်ရိပေါ်မှာ ဝေခွဲရခက်နေမိသည်။ မဟုတ်သေးဘူး။ ဒါကသူလိုချင်တဲ့ ရှောင်ကျန့်ရဲ့တုံပြန်မှု လုံးဝမဟုတ်ဘူး။ ရှောင်ကျန့်အကြောင်းကိုသေချာပေါက်သူသိပါသည်။ ရှောင်ကျန့်က တစ်ခုခုကိုမကျေမနပ်ဖြစ်ပီဆိုလျှင် ခဏလေး ဒေါသထွက်ယုံမျှနှင့်မပီးတတ်။ အစွဲအလန်းကြီးသူပီပီ တမြေ့မြေ့တနုံ့နုံ့တွေးပီးခံစားနေတတ်သူဖြစ်သည်။ နေ့လယ်က အလွန်အမင်းပေါက်ကွဲနေသော ရှောက်ကျန့်က ယခုအခါတွင်တော့ ထင်မထားလောက်အောင်ပင် တည်ငြိမ်သွားသဖြင့် သူအမှန်ပင် မသင်္ကာမိတော့ပေ။ ရှောင်ကျန့်တစ်ခုခုကြံနေပီဖြစ်ကြောင်းကို သူ၏ဆဌမအာရုံအရ အလိုလိုခံစားနေမိသည်။ ထိုအချိန် ဧည့်ခန်းထဲသို့ ရိုစီ ဝင်လာပီး ရိပေါ်လက်မောင်းကိုလာချိတ်လျှက်
YOU ARE READING
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...
Part 2
Start from the beginning
