အပိုင်း ( ၂ )

5.6K 763 69
                                    


"ဒီအတိုင်းပဲ နေနေတော့မှာလား Jennie Kim"

ဧည့်ခန်းအတွင်း စာအုပ်ထိုင်ဖတ်နေတဲ့ ကျွန်မရဲ့မျက်နှာချင်းဆိုင်နေရာမှာ မာမီက လာထိုင်ပြီး စိတ်ပျက်နေတဲ့ လေသံမျိုးနဲ့မေးလာတာကြောင့် ဖတ်လက်စ စာအုပ်ကို လက်ကနေပိုက်ကာ မတ်တပ်ထရပ်လိုက်သည်။

"မနေဘူး မာမီ။ အခန်းထဲ သွားအိပ်တော့မှာ"

"Jennie Kim ! မာမီ့ကို စိတ်တိုအောင် မလုပ်စမ်းနဲ့"

ဒေါသပါတဲ့အသံနဲ့ အော်လိုက်တာကြောင့် Jennie တချက်တော့ တုန်သွားမိ၏။ တကယ်ဆို မာမီ့ကို သူ အရမ်းကြောက်ရသည်။

"သမီး ဘာလုပ်နေလို့လဲ မာမီရဲ့"

"ဒီအတိုင်းဘဲ အိပ်လိုက် စားလိုက်နဲ့ နေနေမှာလားလို့ မေးနေတာလေ။ သိရဲ့သားနဲ့ မာမီ့ကိုဘာလို့ အရွဲ့တိုက်နေတာလဲ"

"ဘာမှမလုပ်လဲ မာမီရှာထားတဲ့ ပိုက်ဆံတွေက သမီး တသက် ထိုင်စားလို့တောင် မကုန်ဘူးမလား။ အဲ့တော့ ဘာအလုပ်မှ မလုပ်တော့ဘူးလေ။ မာမီ့ မျက်စိအောက်မှာပဲနေမယ်"

"ဒါဆို ယောက်ျားယူရမယ်"

အလန့်တကြားနဲ့ ဆိုဖာပေါ်ထိုင်နေတဲ့ မာမီ့ကို ကြည့်လိုက်တော့ တည်တည်ငြိမ်ငြိမ်ပင်။

"မာမီ တကယ်ပဲ ဘာဖြစ်နေတာလဲ"

Jennie ငိုသံပါတဲ့ အနေအထားနဲ့ သူ့မာမီကို အလိုမကျစွာ မေးလိုက်မိသည်။ လုပ်ချင်တဲ့ အလုပ်ကိုကျတော့ ခွင့်မပြုဘဲ Company မှာ လာလုပ်ခိုင်းနေလို့ အပြတ်ငြင်းပြီး အိမ်မှာပဲ အိပ်လိုက် စားလိုက် နေနေပြန်တော့လဲ မဟုတ်ရပြန်ဘူး။ ယောက်ျားယူရမယ်တဲ့။ သင်ထားသမျှပညာတွေကို ဒီလိုနည်းနဲ့ အဆုံးသတ်ပစ်ရမှာလား။ ဒီလိုစကားကို မာမီမို့ ပြောထွက်ရက်တယ်။

"ဒီတိုင်းကြီး နေနေမယ့် အတူတူ ယောက်ျားသာ ယူလိုက်တော့"

"သမီး လုပ်ချင်တဲ့ အလုပ်ကိုကျတော့ မာမီက ခွင့်မပြုဘူးလေ။ အိမ်မှာဘဲအေးအေးနေနေပြန်တော့လဲ ယောက်ျားယူတဲ့။ မာမီ့ကို တကယ် နားမလည်နိုင်တော့ဘူးသိလား"

"K Group ရဲ့ အမွေဆက်ခံသူတစ်ယောက် ဖြစ်နေပြီးတော့ ဘာအခြေအမြစ်မှမရှိတဲ့ အလုပ်ကို မာမီက ဘာကြောင့် ခွင့်ပြုပေးရမှာလဲ"

Tied to you,with love bondWhere stories live. Discover now