"သား တော်ပြီ မေကြီး..."

"ဝမ်ဝမ်ရေ...အန်တီ..."

"ဝင်ခဲ့ သားတို့ရေ...ထမင်းတစ်ခါတည်း စားပါလား...."

"နေပါစေ အန်တီ...သားတို့ စားခဲ့ပြီးပါပြီ...ဝမ်ဝမ်နဲ့ စာအတူတူ လာလုပ်တာပါ..."

"အရင်တည်းက....အတူတူ စာလုပ်နေကြဆိုတော့လေ..."

ကျောပိုးအိတ်လေးလွယ်ပြီး ဝင်လာသည့် ဖန်ရှင်းက မရဲတရဲ ခွင့်တောင်းလာသလို စာအုပ်လေးတွေ ပိုက်ထားသည့် ကောချန်ကပါ မျက်နှာငယ်လေးနှင့် ပြောလာသည်။

စာမေးပွဲက ရက်ပိုင်းအတွင်း ဖြေရတော့မည်မို့ တကယ်လိုအပ်တာလည်း ဖြစ်ကောင်းဖြစ်မည်။
သူငယ်ချင်းတွေနှင့် ရင်ဖွင့်ချင်တာလည်း ဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် စိတ်ပြေလက်ပျောက် ဖြစ်အောင် မေလင်း ခွင့်ပြုပေးလိုက်ပါသည်။

"အဲ့ဒါဆို စာသေချာလုပ်ကြနော်...အန်တီ ဖက်ထုပ်ပေါင်းနဲ့ မုန်ညှင်းချဥ်သုပ်လေး လုပ်ပေးမယ်..."

"အန်တီ အကောင်းဆုံး..."

လက်မလေးတွေ ထောင်ကာ ထောက်ခံနေတာကို ပြုံးပြပြီး စားစရာပြင်ဖို့ ထွက်လာတော့ သုံးယောက်သား လုံးထွေးကာ အပေါ်ထပ် တက်သွားကြပြီ။

အခန်းထဲ ရောက်တာနှင့် လော့ခ်ချပစ်သည့် ကောချန်။
စာကြည့်စားပွဲမှာ ဝင်ထိုင်သည့် ဝမ်ဝမ်ရှေ့ ဖုန်းထိုးပေးနေသည့် ဖန်ရှင်း။

"မြန်မြန်...ကိုကို့ဆီကနေ အကိုရှောင်း ငါ့ဖုန်းတောင်းသွားလို့...."

ကြောင်ငေးနေမိဆဲ ကြားလိုက်ရသည့် အသံကြောင့် ရင်ထဲ ဒိန်းခနဲ။

"ဝမ်လေး....ဝမ်လေး....ကြားရလား...."

"......."

"Hello...ဝမ်လေး...ကိုကို့...အသံ ကြားရလား..."

"အင့်......ကို....ကို...."

"မငိုရဘူးလေ ဝမ်လေးရယ်...ခေါင်းမူးပြီး စာမကြည့်နိုင် ဖြစ်နေမယ်...လိမ်မာတယ်နော်..."

"လွမ်း...တယ်...ကို...ကို....."

"ကိုကိုလည်း လွမ်းတာပေါ့....မကြာခင် အတူနေရတော့မှာမို့ အားတင်းထားရမယ်နော် ဝမ်လေး...အစားရော စားရဲ့လား.."

My Heart Belongs To A Soldier_Completed [ Z&U ]Tahanan ng mga kuwento. Tumuklas ngayon