အပိုင်း ၃၁ - ဇာတ်သိမ်းပိုင်း

5.9K 80 17
                                    

( ၃၁ )

ဗိုလ်ဗိုလ့် အဖြစ်က .. တပါးသူနဲ့ညားနေတဲ့ .. ကိုယ့်ချစ်သူရဲ့ အိမ်မှာ .. တည်းခိုမိတဲ့ ချစ်သူဟောင်း တစ်ယောက်လို .. ဖြစ်နေပါရောလား။ သူတို့က ပြင်သစ်ပြည် အဝေးကြီးကနေ .. အတ္တလန်တိတ် သမုဒ္ဒရာ အပြင် .. အမေရိက တနံတလျားကိုပါ ဖြတ်လာရတာမို့ .. သူ့ချစ်သူ .. ကိုကို Colin ခေါ် ကိုလင်း နဲ့ .. လာ့ပြဲတို့ .. နေ့စဉ်ရက်ဆက် ပလူးပလဲ .. လီးပြဲကြဦးမယ်။

“အကို .. ကျနော် ပြန်တော့မယ် ..”

“ဟင် .. ဘာဖြစ်လို့လဲ။ မပြန်နဲ့လေကွာ၊ မင်းမှာ Visa တွေ ကျန်နေသေးတယ်ဆို။ Visa တကုန် နေလေကွာ။ Visa ကုန်တော့လည်း Extension လုပ်လို့ ရပါတယ်။ အကို လိုက်လုပ်ပေးပါ့မယ်။ မပြန်ပါနဲ့ ညီရာ ..”

ဗိုလ်ဗိုလ် ငြိမ်နေပါတယ်။

ကိုလင်း .. ဗိုလ်ဗိုလ့် ကို အကဲခတ်လိုက်တယ်။ ဗိုလ်ဗိုလ် .. သူ့ ငယ်ငယ်က ပုံစံအတိုင်း .. ခေါင်းကို ငုံ့ ထားတယ်။

“ကဲကွာ .. ဒီလိုလုပ်။ ကိုတို့ အသင်းတော်က အကိုကြီး တစ်ယောက်ရဲ ့ မိတ်ဆွေ တစ်ယောက်က .. သူတို့ သမီးကို .. ယောက်ျားပေးစားချင်လို့ .. ယောက်ျားရှာခိုင်းထားတယ်။ မင်းနဲ့ ဘာသာ အတူတူပဲ။ မြန်မာမလေးပါ။ မင်း .. အဲ့ ကောင်မလေး ကို .. ယူလိုက်။ သူတို့က US citizen ရပြီးသား .. မင်း သူ့ကို ယူရင် .. မင်းလည်း Citizen ဖြစ်ရော။ ပြန်စရာ မလိုတော့ဘူး။ နေစရာ အိမ်တောင် အဆင်သင့်။”

ဟား .. .. .. လာပြန်ပြီ .. ဗိုလ်ဗိုလ် အမုန်းတီးဆုံး အလုပ်။

ယောက်ျားလေးတန်မဲ့ ကိုယ့်ကိုယ်ကို ရောင်းစားတဲ့ အလုပ်။

ကိုယ့်ကိုယ်ကို အစွမ်းအစ မရှိလို့.. ကိုယ်ရည်ကိုယ်သွေး မရှိလို့.. ရှိတယ်ပဲ ထားဦးတော့ .. ဂုဏ်အတွက် .. စည်းစိမ်အတွက် .. ပကာသန အတွက် .. ကိုယ်ကျိုးစီးပွားအတွက် .. ဘာအတွက် .. ညာအတွက် .. တွက်ကိန်းတွေ .. ထပ်ညွှန်းကိန်းတွေ .. နှစ်ထပ်ကိန်း .. သုံးထပ်ကိန်းတွေနဲ့ တွက်ကျ .. ချက်ကျ .. ပေါင်းကျ .. မြှောက်ကျ .. စားလိုက်ကျ နဲ့ .. ကြားပွဲစား အောင်သွယ်တွေနဲ့ မြန်းကြတဲ့ အလုပ် .. .. ..

ဗိုလ်ဗိုလ် သာ လက်ခံခဲ့ရင် .. ဗိုလ်ဗိုလ့်မှာ မြောက်နန်းမတော် .. တောင်နန်းမတော် .. အနောက်နန်းမတော် .. မဟေသီတွေ အကြား .. ဗိုလ်ဗိုလ် နစ်ဝင်နေပြီး .. နုပ်လို့တောင်မရ .. အင်း .. .. .. ဗိုလ်ဗိုလ် သေးပေါက်ချိန်တောင် ရမှာ မဟုတ်ဘူး။

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now