Part_31

9.5K 1.4K 134
                                    

<Unicode>

"သေချာဖြေနော် မမှားစေနဲ့"

"ကိုကို ကျွန်တော်ဖြေမှာ၁၀တန်းစာမဟုတ်ဘူးနော်"

စာမေးပွဲဖြေဖို့အရေး မှာတမ်းခြွေနေတဲ့မင်းဆက်ကို အာဏာကဆိုလိုက်ခြင်း။ မနက်ခင်းဖြေခါနီး မှာကြားနေတာအတော်ပင်ကြာနေပြီ ။

"ဘာပဲဖြစ်ဖြစ် စိတ်ပူလို့ပြောတာကိုအထွန့်မတတ်နဲ့"

ခပ်တည်တည်နဲ့ပြောလိုက်တဲ့မင်းဆက်ကြောင့် အာဏာ ရယ်လိုက်သည်။ သူ့ကိုဆုံးမနေတဲ့ ကလေးကြီးရဲ့ ခါးကိုဖက်ပြီး လည်တိုင်ပေါ်ခေါင်းတင်လိုက်သည်။

"ဟုတ်ပါပြီ။ အကောင်းဆုံးဖြေခဲ့မယ်၊၊ ပြီးရင်ချက်ချင်းပြန်လာမယ်နော်"

သူ့ပခုံးပေါ်မှာခေါင်းတင်ပြီးချွဲနေတဲ့ အာဏာရဲ့ ခေါင်းကိုဖြည်းဖြည်းလေးပွတ်ပေးပြီး မင်းဆက်ငုံ့နမ်းလိုက်သည်။

"အင်း သေချာဖြေ လာကြိုရမလား"

"ဟင့်အင်း  ကိုကိုမအားတာကျွန်တော်သိတယ်
လုပ်စရာရှိတာသာလုပ် ကိုယ့်ဘာသာသွားလိုက်မယ်"

"ဟုတ်ပြီ  ဂရုစိုက်သွားဦးနော်"

"ဟုတ်ကိုကို"

~~~ringtone~~~

မင်းဆက်ရဲ့ဖုန်းလာတော့ ၂ယောက်စလုံးဖက်ထားရာကနေခွာလိုက်ပြီးမင်းဆက်က ဖုန်းကိုကြည့်လိုက်သည်။

"ဒါဆိုငါအခန်းထဲသွားတော့မယ်၊၊  သေချာဖြေခဲ့နော်"

"အင်း မသွားခင်နမ်းဦး"

ပါးတဖက်ကိုထိုးလေးနေတဲ့အာဏာကြောင့် မင်းဆက်ပြုံးပြီး ပါးပြင်ကိုဖိကပ်နမ်းလိုက်သည်။

"ကဲ သွားပြီ"

"အင်း"

မင်းဆက်က ဖုန်းကိုကိုင်ပြီး အခန်းထဲကထွက်သွားသည်။ မင်းဆက်ထွက်သွားတော့ အာဏာလဲကျောင်းသွားဖို့ပြင်လိုက်သည်။

ခုံပေါ်ကဆေးဗူးကိုယူပြီးလွယ်အိတ်ထဲထည့်ကာ အပြင်ကိုထွက်လာလိုက်သည်။

===================

"ဟယ်လို"

"မင်းကလဲ ကြာလိုက်တာ ဖုန်းကိုင်တာက"

THE EYEWhere stories live. Discover now