Chapter - 1

15.6K 687 23
                                    


Chapter - 1

"ရှောင်းကျန့် ခင်ဗျား "

ရှောင်းကျန့်ရဲ့ နာမည်ကို ဒေါသတကြီး ခေါ်လိုက်သံနဲ့အတူ ရှောင်းကျန့်ရဲ့ ပူထူသွားတဲ့ ပါးလေးတစ်ဖက်။ ရုတ်တရက် အခြေအနေကြီးပေမယ့် ထင်ထားတဲ့ အတိုင်းပဲ မလို့ အလိုက်သင့် ကြမ်းပြင်ပေါ် နောက်ပြန်ကျသွားတဲ့ ရှောင်းကျန့် ခန္ဓာကိုယ်လေး ။

ကြမ်းပြင်ပေါ်ကနေ ထိုင်လျှက်သား မော့ကြည့်လာတဲ့ မျက်နှာလေးမှာ ထီးမထင်တဲ့ မျက်နှာထားလေးနဲ့ ။ ပြီးတော့ လှောင်ပြုံးလေး တွဲခိုနေတဲ့ နှုတ်ခမ်းပါးလေးရယ်......

" တော်ပြီလား ဝမ်ရိပေါ် နောက်တစ်ချက်လောက် "

နှုတ်ခမ်းထောင့်မှ စီးကျလာတဲ့ သွေးစအချို့ကို လက်လေးနဲ့ သုတ်ဖယ်ရင်း ခနဲ့တဲ့တဲ့ ပြောလာတဲ့ စကားသံလေးကြောင့် ဝမ်ရိပေါ်လို့ ခေါ်ခံလိုက်ရတဲ့ ကောင်လေးက ရှောင်းကျန့်ရဲ့ ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ ခန္ဓာကိုယ်လေးအား ခါးလေးမှ တက်ခွရင်း ခနဲ့ပြုံး ပြုံးနေတဲ့ မျက်နှာလေးကို လက်သီးများနဲ့ အချက်ပေါင်းများစွာ.........

" အမလေး ကျွန်မသားလေး သေပါပြီ "

မိန်းမတစ်ယောက်ရဲ့အော်သံစူးစူးနဲ့အတူ သူတို့နား ရောက်လာတဲ့ ခြေသံတွေ

" ဝမ်ရိပေါ် မင်း တော်လိုက်တော့ "

ယောကျာ်းသား တစ်ယောက်ရဲ့ ဒေါသတကြီးအော်ငေါက်သံနဲ့အတူ ရှောင်းကျန့် ခန္ဓာကိုယ်လေးပေါ်က တွန်းချခံလိုက်ရတဲ့ ဝမ်ရိပေါ် ခန္ဓာကိုယ်လေးကြောင့် ကြမ်းပြင်ပေါ် နောက်ပြန်ကျသွားပြန်တဲ့ ဝမ်ရိပေါ်။ ပြီးတော့ ခုဏက သူတို့ နှစ်ယောက်လုံး ကြားလိုက်ရတဲ့ အော်သံစူးစူး မိန်းမအသံကတော့ ကြမ်းပြင်ပေါ်မှာ သွေးတွေနဲ့ အလူးလူးအလိမ့်လိမ့် ဖြစ်နေတဲ့ ရှောင်းကျန့် ခန္ဓာကိုယ်လေးကို ပြေးပွေ့တယ် ။

" သားရှောင်းကျန့် "

ထိုမိန်းမရဲ့ စိုးရိမ်းတကြီး ခေါ်လိုက်တဲ့ အသံနဲ့ ထိုရင်ခွင်ကြားမှာ ရှောင်းကျန့် မျက်နှာလေးကတော့ ပီတိကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ.....

အမုန်းတရားကိုကျော်လွန်၍  💜 ( Completed )Where stories live. Discover now