"မိုးစက်ပုံပြင်" (Part 7)

272 7 0
                                    


မိုးစက်တို့ နှစ်ဦးသား အပြင်၌ ညစာထွက်စားပြီးနောက် အတူပြန်လာခဲ့ကြသည်။ တိုက်ခန်းသို့ ပြန်ရောက်၍ မိုးစက်တိုက်ခန်းတံခါးဖွင့်ပြီး အထဲသို့ဝင်စဥ်ပင် ဘယ်အချိန်ကတည်းက ချောင်းနေသည်မသိသည့် တိမ်ညိုတစ်ယောက်မှ...မိုးစက်ကိုအနောက်မှနေ၍ သိုင်းဖက်လိုက်ပြီး

"အရမ်းချစ်တယ် မောင်ရယ်..."

"နေပါဦး ကိုရဲ့... အခုမှ ပြန်ရောက်ခါရှိသေးတယ်၊ အပြင်ခဏလေးထွက်တဲ့အချိန်လေးတောင် မစောင့်နိုင်ဘူးလား... တော်တော်ဖြစ်နေ ဟုတ်လား" ဟုမိုးစက်မှ နောက်လိုက်သည်။

"ဖြစ်ရမှာပေါ့...ကို့ရဲ့အဖိုးတန်လေးပဲဟာ၊ ခဏနေပါဦး ဖက်ထားချင်သေးတယ်" ဟုချွဲ၍ပြောနေလေသည်။

မိုးစက်သည်ပင်ချွဲရသည်မရှိ၊ တိမ်ညိုတစ်ယောက်မှာ တော်တော်လေးပင် မိုးစက်ကို သဲသဲလှုပ်ဖြစ်နေလေသည်။

ထို့နောက် "ကို ဒီညအိမ်မပြန်တော့ဘူးလား..."

"ဟာ...မောင်ကလဲကွာ ဒီနေ့မှချစ်သူဖြစ်ခါစလေးကို ကို့ချစ်သူနဲ့အတူနေခွင့်မရှိတော့ဘူးလား"

"အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူး ကိုရယ် မောင်က မေးကြည့်ရုံပါ၊ ကဲလွှတ်တော့ အပြင်ကပြန်ရောက်လာတာ ခြေလက်ဆေး...ပြီးမှ ခဏလေးမဟုတ်ဘူးညတစ်ညလုံးဖက်ထားလို့ရတယ် ဟုတ်ပြီလား"

မိုးစက်လို အသန့်ကြိုက်သောသူနှင့် ဖြစ်သလိုနေတတ်သည့် မောင်တိမ်ညိုတို့ပင် တွေ့ကြတော့သည်။

"ဟုတ်ပြီ လာအတူတူသွားမယ်" ဟုပြောရင်း မိုးစက်ကိုအနောက်ခန်းထဲသို့ ဆွဲခေါ်သွားလေသည်။

မိုးစက်ပင် ချစ်သူတစ်ယောက် ရသည်ဟုပင်မထင်တော့၊ ကလေးတစ်ယောက် ရလိုက်သလိုပင် ဖြစ်နေလေသည်။

ထို့နောက် မိုးစက် အိပ်ခန်းထဲဝင်သွားပြီး ညအိပ်အဝတ်အစားများကို ထုတ်ခဲ့သည်၊ တိမ်ညို့ကိုပေး၍ လဲဝတ်ရန်ပြောပြီး ပေးလိုက်သည်။

တိမ်ညိုမှ မိုးစက်နှင့်တွေ့မှပင်လျှင် သူဘယ်တော့မှမလုပ်သည့် အရာတို့ကို လုပ်နေရတော့သည်။ ထိုသို့ အဝတ်များကိုလဲပြီးနောက် မိုးစက်ရှိရာအိပ်ခန်းထဲသို့တိတ်တိတ်လေး ဝင်သွားပြီး မိုးစက်ကိုခြောက်လိုက်သည်။ မိုးစက်မှာအဝတ်လဲနေရင်းတန်းလန်းပင် လန့်သွားသည်။

"မိုးစက်ပုံပြင်"Where stories live. Discover now