[၂၁] ကိုယ်လုပ်တော်ဝူယွဲ့။

4.8K 847 28
                                    

အခန်း(၂၁) ကိုယ်လုပ်တော်ဝူယွဲ့

အနားယူပြီးသည့်နောက်တွင် လူနှစ်ယောက်က ယွီဟောင်ကို အပြင်စေလွှတ်လိုက်ပြီးတော့ ကြယ်တွေ၏အလင်းရောင်အောက်တွင် လင်းယင်ဂိုဏ်းကို ပြန်လာခဲ့ကြသည်။ တောင်ဂိတ်ဝရှိ  ဂိုဏ်း၏လေထုက သူတို့အရင်တုန်းကထွက်ခွာသွားသည့်အချိန်ကနဲ့ ကွဲပြားနေတာကို သူတို့သတိထားမိလိုက်သည်။

ကျန်းရွှင်းယီနှင့်ယွင်ရှဲ့တို့ တောင်ခြေကို ရောက်သည့်အချိန်တွင် မျက်စိလျှင်သော ဂိုဏ်းသားတစ်ချို့က သူတို့နှစ်ယောက်ကို မြင်သွားကြကာ အထက်ကို အပြေးအလွှား သတင်းသွားပို့ကြလေသည်။ ဒါကြောင့် ကျန်းရွှင်းယီက အဓိကဂိတ်ဝကို တရားဝင် ဝင်လိုက်သည့်အချိန်မှာပဲ လူတစ်စုက ခေါင်းညွှတ်ကာ အရိုအသေပြုနှုတ်ဆက်နေသည့်မြင်ကွင်းနှင့် ကြုံရလေတော့သည်။

ကျန်းရွှင်းယီက ငယ်စဥ်ကတည်းက ထာဝရရှင်သန်သူဆရာတိမင်ရဲ့မျက်နှာသာပေးခြင်းကို ခံခဲ့ရကာ သူ၏ ရက်စက်ပြီး ကရုဏာကင်းမဲ့တဲ့ စရိုက်ကိုလဲ သိရှိကြလေသည်။ ဒါကြောင့် လူအနည်းစုက ကျန်းရွှင်းယီရဲ့ ဂုဏ်သိက္ခာကျဆင်းပြီးတော့ သူ၏ဂုဏ်သတင်းထိခိုက်သွားခြင်းကို ပျော်ရွှင်နေကြလေသည်။ ရလဒ်အနေဖြင့် ဆရာတိမင်က အခုနိုးထလာပြီးတော့ သူ၏ချစ်လှစွာသောတပည့်လေး ကျန်းရွှင်းယီကိုယ်စား အဖိုးကြီးကျင်းဟိုင်ကိုလဲ ကိုင်တွယ်ဖြေရှင်းခဲ့သည်နှင့် လူတိုင်းက လေထုပြောင်းသွားတာကို သိလိုက်ကြရသည်။ ကျန်းရွှင်းယီပြန်လာနေပြီလို့ ကြားလိုက်ရတော့ သူတို့က ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေပေမယ့်လည်း သူတို့က သူ့ကိုနှုတ်ခွန်းဆက်ဖို့ အလျင်လိုနေကြပြီး နောက်တက်လာမည့် ဂိုဏ်းခေါင်းဆောင်အသစ်စက်စက်ကလေး၏ ဒေါသကို ရှောင်ရှားဖို့သာ မျှော်လင့်နေကြလေသည်။

သူ့မှတ်ဉာဏ်တွေက နဂိုအတိုင်း ပြန်ဖြစ်လာကတည်းက ကျန်းရွှင်းယီက သူတို့တွေရဲ့စိတ်ဓာတ်တွေကို ကောင်းစွာသတိပြုမိပြီးသား ဖြစ်လေသည်။ သူက လက်နောက်ပစ်ကာ ရပ်နေရင်းဖြင့် အပြုံးတုလေးကို ဆင်မြန်းကာ လူအုပ်ကြီးကို အရင်ဆုံး စိုက်ကြည့်လိုက်သေးသည်။ နောက်တော့မှ သူ့ဘေးက ယွင်ရှဲ့ဘက်ကို လှည့်လိုက်သည်။
"လူတွေရဲ့သဘောထားက စိတ်ကြီးဝင်နေရာကနေ ချက်ချင်း ရိုကျိုးသွားတာကို မင်း ဘယ်လိုပြောမလဲ"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now