~~~~~~~~~~

ဥယျာဉ်နန်းဆောင်

ထိုနန်းဆောင်သည် နန်းတော်၏ အနောက်ဘက်ပန်းဥယျာဉ်တွင်သီးသန့်ထားထားသော နန်းဆောင်ဖြစ်သည်။ အလယ်တွင် နန်းဆောင်ကြီးရှိပြီ ဘေးပတ်လည်တွင် မက်မွန်ပန်း ၊ ချယ်ရီပန်းအပြင် တခြားအရောင်အသွေးစုံသော အပင်များလည်းရှိသည်။ သီးပင်စားပင်တွေလည်းပေါသည်။ မက်မွန်ပန်း နှင့် ချယ်ရီပန်း ပွင့်ချိန်သည် တစ်နှစ်ပတ်လုံးတွင် အလှဆုံးသောအချိန်ရှိသည်။

နှင်းတွေကြောင့် မြေပြင်သည် ဖြူဖွေးနေသည်။ ပန်းရောင်ပန်းပွင့်တွေက နှင်းဖြူဖြူတွေနှင့်အပြိုင် ကျဆင်းနေသည်။ ထိုကြားထဲတွင် အနီရောင်ခြုံလွှာလေးဝတ်ထားသော ဝမ်အွန်း သည် ဖြူဖွေးနေသော နှင်းပြင်ထက်တွင် စတော်ဘယ်ရီသီးလေးသဖွယ် တဖြည်းဖြည်းလမ်းလျှောက်လာသည်။

ဝမ်အွန်း နန်းဆောင်ပေါ်တက်လာသည်ကို ဝမ်ယောလ် အပေါ်ကနေကြည့်နေသည်။

ဖြူဖွေးနေသော မျက်နှာလေးတွင် ပန်းရောင်နှုတ်ခမ်းပါးလေးသည် ခပ်တည်တည်ရှိနေသည်။ ကြည်လင်နေသော မျက်ဆံအနက်ရောင်တောင်တောက်လေးကလည်း ဟိတ်ဟန်အပြည့်နှင့် မာနကြီးစွာတည်ရှိနေသည်။ အအေးဒဏ်ကြောင့် ပန်းရောင်ဖြစ်နေသော ပါးပြင်လေးနှစ်ဖက်သည် ယောကျာ်းလေးဟုမထင်ရလောက်အောင် မိန်းကလေးမဆန်စွာ လှရက်လွန်းသည်။

ဝမ်ယောလ် ဝမ်အွန်း ကိုကြည့်နေရင်း ပွေ့ချီချင်စိတ်က တဖွားဖွားပေါ်လာသည်။ သို့ပေမဲ့ ဒီကောင်လေးသည် ရုပ်ကလေးနဲ့မလိုက်အောင် အငြိုးကြီးလှသည်။

ဝမ်ယောလ် နန်းဆောင်ထဲဝင်ကာ ပုလ္လင်ပေါ်တွင်ထိုင်လိုက်သည်။ ဝမ်ယောလ် ထက် လှေကား နှစ်ဆင့်နိမ့်သော ကြမ်းပြင်ညီတွင် မျက်နှာချင်းဆိုင်စီပြင်ထားသော စားပွဲလေးပွဲရှိနေသည်။ ပြင်ထားသည့်အလျောက် အဆင့်အတိုင်းထိုင်ရန်ဖြစ်သည်။ ထိပ်ဆုံးက မျက်နှာချင်းဆိုင်တွင် ဝမ်အွန်း နှင့် ဝမ်ဆောနို ထိုင်နေပြီး ဝမ်ဆောနို ဘေးတွင်သာ ရှီရွှန်း ထိုင်နေသည်။

လူစုံတော့ ဝမ်ယောလ် က အားလုံးအတွက် ပြင်ထားသော အစားအသောက်တွေကို ချခိုင်းလိုက်သည်။

The ThroneWhere stories live. Discover now