4. ထျန်းလုဖန်းနဲ့ အတူနေမယ်ဆိုရင် / ထျန်းလုဖန်းနဲ့ အတူနေမယ်ဆိုရင်

8.4K 1.4K 75
                                    

Zawgyi

4. ထျန်းလုဖန်းနဲ့ အတူနေမယ်ဆိုရင်

ပိုင်လင်းရန်ဟာ သူနဲ့ပတ်သက်တဲ့ကောလဟာတွေကိုသိရှိခြင်းမရှိလေဘူး။ တကယ်လို့ ကြားသိခဲ့ရင်တောင်မှ သူ့အနေနဲ့ဂရုစိုက်ဖြစ်မှာမဟုတ်ဘူး ။ ပိုင်လင်းရန်ဆိုတဲ့လူက ဘယ်သူဘာပြောပြော ငါမဟုတ်ရင်ပြီးရော ဆိုတဲ့သဘောကိုလက်ကိုင်ထားတတ်တဲ့သူမျိုးဖြစ်တယ် ။ အစစ်အမှန်မဟုတ်တဲ့ကောလဟာလတွေဟာအချိန်တန်ရင်ပျောက်ကွယ်သွားလိမ့်မယ် ။ သူကတော့အရေးလုပ်ပြီးလိုက်ဖြေရှင်းနေမှာမဟုတ်ဘူး

ဒါကထျန်းလုဖန်းအတွက်လဲသိပ်ပြီးမကွာခြားပါဘူး ။ ထျန်းလုဖန်းအနေနဲ့ကတော့ ကောလဟာလပေါင်းစုံရဲ့တိုက်ခိုက်မှုကိုခံရပြီးသားဖြစ်တယ်။ သူဟာအဲဒီထက်ဆိုးတဲ့အခြေအနေကိုတောင်မှ ရင်ဆိုင်ခဲ့ရပြီးဖြစ်တာကြောင့်ဒီလောက်ကတော့သူ့အတွက်ဘာမှပိုပြီးမထူးခြားသွားဘူး

ဒါပေမယ့်ထျန်းလုဖန်းအတွက် စိတ်ဝင်စားစရာကိစ္စတစ်ခုကတော့ရှိနေလေတယ် ။ အဲဒါကတော့ သူ့အနားကိုအချိန်တိုင်းလိုလို လိုက်ကပ်နေတဲ့ ပိုင်လင်းရန်ပဲ ။
ဒီပိုင်သခင်လေးရဲ့အမူအကျင့်တွေအရဆိုရင် အဲလိုကောလဟာလထွက်စေတဲ့သူကို ဒီတိုင်းလွှတ်ထားမှာမဟုတ်ဘူးလို့ သူတွေးတောခဲ့ပေမယ့် တကယ်ကြီးဘာမှမလုပ်ပဲလွှတ်ထားတဲ့အချိန်မှာသူ့အတွက်အတော်လေးအံ့သြသင့်ခဲ့ရတယ် ။
နောက်ထပ် ကမ္ဘာမြေကြီးပျက်စီးသွားမတတ်အံ့သြထိပ်လန့်စရာတစ်ခုက သူ့ဆီလာပြီးမိတ်ဆက်ခဲ့တဲ့ပထမနေ့တုန်းကပေးထားတဲ့ကတိတွေအတိုင်း မိန်းကလေးတွေနဲ့လုံးဝပတ်သက်ခြင်းမရှိတော့တာပဲ ။ ထိုနေ့ကစလို့ ပိုင်သခင်လေးကိုသူ့နဲ့သိပ်မဝေးတဲ့နေရာတွေမှာမကြာခနတွေ့လာရတယ်

ကျောင်း canteen တွေလို နေရာမျိုးကသိပ်ပြီးမသိသာပေမယ့် ထိုပုဂ္ဂိုလ်လေး ဘယ်သောအခါမှခြေချခြင်းမရှိတဲ့ ကျောင်းစာကြည့်တိုက်လိုနေရာမျိုးမှာ သူ့ရဲ့မျက်နှာချင်းဆိုင်မှာလာပြီးစာလေ့လာချင်ယောင်ဆောင်တတ်တဲ့အချိန်မှာတော့ ထျန်းလုဖန်းအနေနဲ့ပြန်လည်စဉ်းစားဖို့လိုနေပြီ ။
အဲဒီသခင်ငယ်လေးဟာ သူ့ရဲ့နှစ်လိုဖွယ်ကောင်းတဲ့အပြုံးတစ်ပွင့်နဲ့ သူ့ဆီကိုစာမေးသလိုဟန်ဆောင်ပြီး ထျန်းလုဖန်းကို လာရောက်မြူဆွယ်တဲ့အချိန်မှာတော့ ထျန်းလုဖန်းဟာ ဖြစ်ရပ်မှန်တစ်ခုကိုသဘောပေါက်သွားရတယ်

Rebirth as a Playboy (Complete) Where stories live. Discover now