သို့နှင့် ထိုအခြေအနေမှာ ညီညီတို့နှစ်ယောက် စကားစ ပြတ်သွားကြသည်။ဘာအကြောင်းမှလည်းမရှိ အပျော်တွေသာ ညီညီ့စိတ်ထဲပေါက်ဖွားနေသဖြင့် တစ်ခဏအတွင်း မျက်လုံးများက တဖြေးဖြေး အိပ်စက်ခြင်းဆီသို့ ရောက်ချင်လာသည်။အပျော်နှင့်အအိပ်မဆိုင်သော်လည်း ညီညီ့အတွက်တော့ ဆိုင်နေသည်ထင်။

ညသန်းခေါင်ကြီးဖြစ်နေတာကတစ်ကြောင်း မနက်က အစောကြီးပင်ပင်ပန်းပန်းထပြေးရသည်က တစ်ကြောင်းမို့ နှုန်းလာသလို ခံစားရကာ ညီညီ စပြီး အိပ်ငိုက်လာတော့သည်။

သခက်တောရွာသို့ မောင်းနှင်နေသည့် ထော်လာဂျီက လမ်းကြောင်းပြောင်းသွားခဲ့သည်ကို တော့ ခေါင်းငိုက်စိုက်ကာ အိပ်ပျော်သလိုဖြစ်သွားသည့် ညီညီ မသိလိုက်တော့ပေ။

လမ်းကြမ်းကြမ်းတွေ ...ယိုင်ထိုးနေသည့် ထော်လာဂျီက ညီညီ့အိပ်ချင်စိတ်တွေကို အနိုင်မယူနိုင်တော့။

တစ်ယောက်ယောက်က ညီညီ့ ပုံခုံးကို ခပ်ပြင်းပြင်း ကိုင်လှုပ်ကာမှ ညီညီနိုးလာခဲ့သည်။ဒါတောင် အိပ်ချင်နေသည့်စိတ်က အပြည့်အဝနေရာယူနေသည်မို့ မျက်လုံးတွေကို လက်နှင့်ပွတ်သပ်လိုက်ကာ အိပ်ချင်ဖြေလိုက်မိသည်။

အတန်ကြာမှ ရပ်နေသည့်ထော်လာဂျီနှင့် သုခဘုံရွာကိုပြန်လာသည်ဆိုသည့်အတွေးကို တွေးလိုက်မိပြီး မျက်လုံးအစုံကို အလျင်အမြန်ဖွင့်လိုက်မိသည်။

" ဟင် ...ဦးထိန် ...."

ညီညီ့အသည်းနှလုံးကြီး ထော်လာဂျီပေါ်ထိုင်ရင်း ပြုတ်ထွက်သွားခဲ့သည့် ခံစားချက်ကြီး။အခြေအနေက အေးစက်တောင့်တင်းနေကာ တည်တင်းနေသည့် မျက်နှာထားကြီးနှင့် ဦးထိန်က ညီညီ့ရှေ့တွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရခြင်းပင်။

ဘာတွေဘယ်လိုဖြစ်နေသလဲ ညီညီသွားရာနောက် ဦးထိန်လိုက်လာသည်လားလို့ အတွေးဝင် လာတော့ ပတ်ဝန်းကျင်ကို ခေါင်းဘယ်ညာခါယမ်းပြီး ကြည့်လိုက်မိသည်။

သောက်ကျိုးနည်း ...
ဦးထိန်ရဲ့ ခြံဝန်းကျယ် ဂငယ်သဏ္ဌာန်အိမ်ကြီးရှေ့တွင် ရပ်ထားသည့် ထော်လာဂျီပေါ်တွင် ညီညီ က ငုတ်တုတ်ထိုင်နေခြင်းဖြစ်သည်။

Father-In-Law Is My Boyfriend(Completed)Tempat cerita menjadi hidup. Temukan sekarang