အခန်းထဲရောက်‌တာနဲ့ Baekhyunကိုနံရံမှာကပ်ထားလိုက်ကာဘာစကားမှမပြောကြဘဲ Chanyeolကနံရံပေါ်လက်တစ်ဖက်ထောက်ထားပြီး Baekhyunကိုစိုက်ကြည့်နေပေမဲ့ Baekhyunကတော့ပြုံးပြီးပြန်ကြည့်နေခဲ့သည်။

"Chanyeol..ပင်ပန်းနေပြီလား"

"အဲ့တာကို ငါပြောပြမှသိမှာလား"

"ဘာလို့အမေးကိုအမေးနဲ့ဖြေတာလဲ.."

Baekhyunမျက်မှောင်ကြုတ်လာတော့ Chanyeolကျန်လက်တစ်ဖက်က မျက်ခုံးတွေဆီဖြေပေးနေသည်။

"လွမ်းတယ်"

Chanyeolဆီက သူနဲ့ပတ်သက်လာပြီး လွမ်းတာတို့ ချစ်တာတို့ ကြားလာရတိုင်း Baekhyunသိပ်ပျော်ရသည်။
အခုလည်း Chanyeolကိုတွေ့လိုက်ရလို့ပျော်ရွှင်နေတဲ့Baekhyunက ပိုပြီးပျော်ရွှင်သွားသည်မို့ လက်တွေကChanyeolလည်တိုင်ဆီကိုသိုင်းဖက်လာသည်။

"ငါလည်းအများကြီးလွမ်းနေတာ..
ဒါပေမဲ့လည်း မင်းပင်ပန်းနေမှာစိုးလို့ ဒီတိုင်းသည်းခံပြီးနေ "

Chanyeol နှုတ်ခမ်းတွေဆီဖိကပ်နမ်းလာတာကြောင့် Baekhyunပြောနေတာတွေရပ်သွားခဲ့ပြီး ပြန်နမ်းနေလိုက်သည်။

လွမ်းနေရတဲ့ချစ်သူရဲ့နူးညံ့တဲ့အထိအတွေ့တွေ ..
ကြားချင်နေတဲ့ ချစ်သူ့နှုတ်ဖျားကထွက်ကြလာမဲ့ ကြင်နာတဲ့စကားလုံးလေးတွေ..
ဒါတွေအပြင်.. အလိုအပ်ဆုံးက ချစ်သူရဲ့အနမ်းလေးဖြစ်သည်။

"Chan... Chanyeol.."

နမ်းနေရင်း ကျောဆီမှာပြေးလွှားနေတဲ့Chanyeolလက်တွေကြောင့် Baekhyunအားယုတ်လာကာ Chanyeolကိုမှီထားနေမိပြီ။

နမ်းနေတာကိုအရှိန်ဆက်တင်ရင်း.. နူးညံ့တဲ့ပွတ်သပ်မှုတွေက Baekhyunခြေတွေပင်ခွင်ကျလာချင်နေပြီ။

"Umm..."

အဆိုးလေးဆီကညည်းသံထွက်လာတော့ Chanyeol အဆိုးလေးရဲ့လည်ပင်းနားမှာခေတ္တအနားယူပြီး ငြိမ်ငြိမ်လေးနေ နေသည်။

"Chanyeol... ဒီထက်ပိုပြီးလိုချင်တယ်"

"မဖြစ်ဘူး.."

ဒေါသသံမရှိဘဲ ညှင်သာနေတဲ့Chanyeolလေသံက Baekhyunကိုရှေ့ဆက်သွားချင်နေစေသည်။

"Chanyeol-Ya.. "

"ငါကနားချိန်ဖြစ်ပေမဲ့လည်း မင်းမှာDutyချိန်ရှိနေတာကို
မသိချင်ယောင်မဆောင်နိုင်ဘူး"

HE'S ✓Where stories live. Discover now