လက်ပံEP16

1.4K 93 6
                                    


"ဘာ.. ပြော လိုက်တယ် မြေး..
မင်းလို company ပိုင်ရှင်CEOတစ်ယောက်က
လက်ပံလို အိမ်အကူသာသာကောင်လေးကို
လက်ထပ်ချင်တယ် ဟုတ်လား..."

"ဟုတ်တယ် ဖွား လက်ပံက ယောက်ျား လေးမှန်းသိပါတယ်... ဒါပေမဲ့ ကျနော် သူ့ကို ချစ်တယ်
သူက ရိုးရိုးအေးအေးလေး..လိမ္မာရေးခြား လဲ ရှိတယ်..ကျနော်သူ့ကို တင့်တောင့်တင့်တယ် ထားမှာပါ..ဖေဖေတို့ကိုလဲ အသိပေးပြီးသား သူတို့လဲ သဘော တူတယ်တဲ့..လုပ်ပါ ဖွားရာနော် လက်ပံကို ဖွားဆီမှာ တောင်းရမ်းပါရစေ...."

ဒေါ်မာဂရက် သတိုးက ဗြုန်းစားကြီး လက်ပံကို လက်ထပ်ချင်တယ် ဆိုသောကြောင့် ဘုရားပင် သ ရသည် အထိ အံ့သြမိသည်။ ယောက်ျားလေးချင်းမို့ အံ့သြရသည်တော့မဟုတ် သူ့မိတ်ဆွေ၏သားပင် ယောက်ျားတယောက်နှင့်လက်ထပ်ထားသေးသည်။ မိမိကိုယ်တိုင်ကလဲ အယူမသီးပေ။ သို့သော် သူဌေးသား က
ဒီလို အလုပ်သမား တယောက်ကို လက်ထပ်မယ်ဆိုတာကို လုံးဝအံ့သြမိသည်။ အင်းလေ...
အချစ်ဆိုတော့လဲ ဒါတွေလိုမယ်မထင်ပ....

"မြေး သေချာ စဉ်းစားပြီးပြီးလား..
ဒါ ကသေချာ စဉ်းစားမှ နော်. သူ့ဘဝကိုယ့်ဘဝ
နှစ်ယောက်လုံးအတွက်အရေး ကြီး တယ်.."

"ကျနော် စဉ်းစားပြီးပါပြီ ဖွား ရယ်... သားကိုလေ
လက်ပံ လက်ခံပေးအောင်သာ နား ချပေး ပါနော် ဖွား...တောင်းဆိုတာပါ.."

"ကောင်းပါပြီကွယ်...လက်ပံလေးကို ပြော ကြည့် ပါမယ်.."

"ဟုတ် ကျေးဇူးတင်ပါတယ်ဖွား..ကျနော်သွားဉီးမယ် အ့ဆို အလုပ်ကိစ္စလေး ရှိ လို့.. ..."

"အေး အေး..သား..သွားသွား..."

ဒေါ်မာဂရက် နှုတ်ဆက်ကာထွက်သွားသော
သတိုးကို ကြည့်ပြီး သက်ပြင်းတချက်ချကာ
ခေါင်း ကို ဖြည်းဖြည်းချင်း ယမ်း လိုက်သည်။
သာယာသော အိမ်ထောင်ရေး ထူထောင်နိုင်ကြပါစေကွယ်....:

...........

လက်ပံ မနေ့က ပျို့တာကို ခုထိ ခေါင်းထဲက ထုတ်မရပေ။ တကယ်ပဲ ကိုယ်ဝန်ရှိနေတာလား..
ဒေါ်စိန်နဲ့ တိုင်ပင် ကြည့်ရမလား.. မဖြစ်ဘူးဒေါ်စိန်သိရင် မေမေကြီးပါ သ်ိမှာ..
ပြီးရင် ကလေးအဖေ ဘယ်သူလဲ လို့ မေးရင်
ငါ ဘယ်လို ပြန်ဖြေရမလဲ....

လက်ပံ (Complete) Where stories live. Discover now