"မောလို့ဆရာ...အဲ့ကောင်လေး ရေသွားဝယ်တယ်အဲ့တာထိုင်စောင့်နေတာ"

"ဂွပ်..."

"သေချင်းဆိုးတွေ ဟိုကထွက်ပြေးတာကို ထိုင်စောင့်နေရလား "

"မ..မဟုတ်..."

"အရူးတွေ...မလိုက်နဲ့တော့ နောက်တစ်ယောက်စီကပဲ လုမယ်...ဟိုငပု ငါနဲ့တွေ့အုံးမယ်မင်းတော့.."

..

ရှောင်ကျန့် ပြေးလာရတာ ခြေထောက်တွေထုံလာတယ် သူတို့ရှေ့သာ ပြောချင်ရာပြောလာတာ လူကဒူးတုန်နေပြီ ကြောက်လွန်းလို့ ပြေးရင်းနဲ့ မျက်လုံးတွေပါပြာလာတယ်

"အားးယားးးရှောင်ကျန့်ရာ မင်းကိုမင်း ဘယ်ခေတ်မှာကျန်နေတာလဲ ငတုံး ဖုန်းရှိတာပဲ လာခေါ်ခိုင်းရင်ရတာပဲကို.."

အပြေးကြီးပြေးလာပြီးမှ အိတ်ကပ်ထဲကဖုန်းကို သတိရလေတဲ့ ရှောင်ကျန့်ရယ်ပါ

"ဟယ်လို..ဝမ်ကောကော...ကျန့်ကျန့်ကို...***မှာလာခေါ်ပေးပါလား စက်ဘီးမပါတော့ မိုးချုပ်နေပြီ ကားမရတော့လို့"

ခနအကြာထိုင်စောင့်ပြီးတော့ ကားတစ်စီးရှေ့မှာလာရပ်တယ်
မော့ကြည့်တော့ ကားပေါ်ကဆင်းလာတဲ့ ဝမ်ကောကော သု့အနားကပ်ကာ အပေါ်အင်္ကျီတစ်ထည်ကို ကိုယ်ပေါ် ခြုံပေးလာတယ်

"ဒီချိန်ကြီးထိ ဒီကိုဘာလာလုပ်တာလဲ"

"ပြေးမိပြေးရာပြေးလာတာ...ထားပါ အဲ့တာပြီးမှပြောပြမယ် လောလောဆယ်အိမ်ပြန်ချင်ပြီ "

"အင်းးးလာ..ပြန်မယ်"

"အ့..."

"ခြေထောက်က...သွေးတွေ...ဘာဖြစ်လာတာလဲ ကျန့်ကျန့်"

"အိမ်ပြန်ချင်ပါပြီဆို..."

လမ်းမလျှောက်နိုင်တာနဲ့ ပွေ့ကာ ကားပေါ်တင်လိုက်ပြီး အိမ်ပြန်မောင်းလာလိုက်တယ်

"အိမ်ရောက်ရင် အမေ့ကိုပြန်မပြောပါနဲ့ "

"ကျန့်ကျန့် မပြောစေချင်ရင်မပြောပါဘူး ဒါနဲ့ဘာလို့ အဲ့လိုအလုပ်တွေဆက်လုပ်နေသေးတာလဲ မတော်လို့ သူတို့တစ်ခုခုလုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ"

"အရင်းအနှီးမှမလိုပဲ ပိုက်ဆံနှစ်ဆလောက်ရတာ အဲ့လူတွေက အကျင့်မကောင်းပဲ သူများဆီကအလကားလိုချင်တာကိုး"

Room No.622 (Completed)(Season 1+2)Where stories live. Discover now