အခန်း(၉)

8K 1.1K 66
                                    


(Unicode)

"ယီတိုင်းပြည်မှစတင်ထွက်ခွာလာခြင်း"

လက်ထပ်ထိမ်းမြားရန်
အမိန့်ချမှတ်ပြီးသည့် အချိန်မှစ၍ပင်
ရန်ဝမ်ဖူသည် ကြောက်မက်ဖွယ်ကောင်းအောင် တိတ်ဆိတ်နေခဲ့၏။
ရန်ချင်းဝမ်တဖြစ်လဲ
လီဝူရှင်းသည် ခံစားချက်များကိုဖော်ပြတတ်သူ တစ်ဦးမဟုတ်သော်ငြား
သူစိတ်မချမ်းမသာဖြစ်နေရခြင်းကို
ရန်ဝမ်ဖူမှ လူတိုင်းအတပ်ပြောနိုင်သည်။

(ဝမ်ဖူ- ဦးရီးတော်၏အိမ်တော်)

အခြားသောသူများက ရန်ချင်းဝမ်၏ ကံမကောင်းမှုအား ထေ့ငေါ့ကြပြီး
တချို့က အားရကျေနပ်နေကြသည်။ သို့သော်လည်း ရန်ဝမ်ဖူအရှေ့၌မူ မည်သည့်စကား တလုံးတပါဒမျှ မဆိုရဲချေ။
အကြောင်းမှာ သူသည်
အမျိုးသားဝမ်ဖေးချီးမြှင့်ခံရသည်ကလွဲ၍  တာ့လီ၏တစ်ဦးတည်းသော ချင်းဝမ်ဘွဲ့ရ ဦးရီးတော်ဖြစ်ကာ
တာ့လီမြောက်ပိုင်းနယ်၏ စစ်သူကြီး ဖြစ်နေဆဲမို့ပင်.... ။

ရန်ဝမ်ဖူမှ အစေခံများသည်ကား ထင်ထားသည်ထက် ပိုတိတ်ဆိတ်နေကြကာ
အေးစက်ကာ ခံစားချက်မဲ့သော သခင်၏မျက်နှာအရိပ်အကဲကို
ကြည့်နေရသည်ဖြစ်၍ အတင်းအဖျင်းပင်မဆိုရဲကြချေ။

လတ်တလောအတင်းအဖျင်းများ၏
အဓိကဇာတ်ဆောင်
လီဝူရှင်းသည်ကား
သူ၏ကိုယ်ပိုင်အဆောင်တွင်း၌
သေရည်ကိုဖြည်းညင်းစွာ သောက်ရင်း တိတ်ဆိတ်လျက်ရှိ၏။

သူ၏ဘဝတလျှောက်၌ အောင်မြင်မှုအမြောက်အမြား ဆွတ်ခူးခဲ့ဖူးသော်ငြား
ထီးနန်းကိုရရှိဖို့ရာအထိ သူအတင့်မရဲခဲ့ချေ။ သူ၏ခမည်းတော်က မျှော်လင့်ချက်ထားသည်ဖြစ်စေ၊ ပြည်သူများက နှစ်သက်သဘောတူကြသည်ဖြစ်စေ
နဂါးသားတော်နေရာက လုယူချင်တိုင်း ရယူနိုင်သည့်နေရာမဟုတ်ပေ။
သူ့အနေနှင့်
နန်းတွင်းသူပိုင်ကွယ်လွန်သွားပြီး
နျဥ်ကွေ့ဖေးထံ၌
မွေးစားခံရစဥ်ကတည်းကိုက
လက်လျှော့ပြီးသားသာလျင်....။
သို့သော်.... ဧကရီလျန်က သူ့ကို အလွတ်ပေးမည်မဟုတ်ကြောင်းကို
လျှော့တွက်လိုက်မိခဲ့သည်။
အမျိုးသားဝမ်ဖေး....။
ဤသည်က ထင်ထားသည်ထက်ကို ရယ်စရာကောင်းနေခဲ့သည်။ လီဝူရှင်း ကျောက်စိမ်းခွက်ငယ်အတွင်းမှ သေရည်ကို မော့သောက်လိုက်ရင်း
မိမိကိုယ်ကိုယ် လှောင်ရယ်လိုက်မိသည်။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now