ဓနမောင်
မန္တလေး က သူငယ်ချင်းတယောက် လမ်းညွှန်မှုနဲ့
ကျနော် ပုသိမ်ကြီး မြို့နယ်ထဲက ရွာတရွာဆီ ဉီးတည်လာခဲ့တယ် ။
ပုံမှန်ဆို ကျနော်က သဘော်သား ပေါက်စပါ
ဒါပေမဲ့ ကျနော်က ခရီးထွက်ရတာ ကြိုက်တယ်
ကင်မရာတခုကို လည်ပင်းမှာ ချိတ်ရင်းပေါ့..အခုလဲ သဘော်ဆင်း တာနဲ့ရန်ကုန်ကို ပြန်ရောက်တာ
မကြာသေးဘူး အိမ်က လွမ်းလှပါချည်ရဲ့ ငါ့မြေးကို ဆိုပီး လွမ်းမဝ အဖွား ကို ထား ခဲ့ပြီး
မန္တလေး ဘက် ကို ခရီးနှင် လာခဲ့တယ်လေ။တပေါင်းလဆိုတော့ နေတော်တော်ပူသည်ကအမှန်
ဆိုင်ကယ် စီး လာတာ ချွေးပါပြန်လို့
နားစရာ ဇရပ်တခုမှာ ဆိုင်ကယ်ရပ်ခါ နား လိုက်သည်။
ရတနာဆိုင်ပိုင်ရှင်သူဌေးမကြီးမြေးက
ခပ်စုတ်စုတ်ဇရပ်မှာ နားနေတာ အဖွားတာမြင်ရင် ဆူခံထိတော့မှာပဲ
ဘာပဲဖစ်ဖစ် လူမျိုးဘာသာမရွေး နား ဖို့ လုပ်ပေးထါးတဲ့ ဇရပ်လေး ပဲ အေးချမ်းပါတယ်ရောက်ပါပြီ.. ဉီးတည် လာရာ နေရာလေးးး
နာမည်က ရွှေစာရံတဲ့လေ...
မန္တလေး က သူငယ်ချင်း ပြောပြထဲက စိတ်ဝင်စားနေခဲ့တာ ဒီဒေသ ဒီနေရာရဲ့
အမှတ်တရ ပစ္စည်း ထန်းရွက်ပုတီးလေးတွေ ကိုလေ...ဓန ဆိုင်ကယ်ကို ဆိုင်ကယ်အပ်တဲ့နေရာမှာအပ်ကာ ကင်မရာကို လက်က ကိုင် ပြီး
ရွှေစာရံ ဘုရားဆီ ဘုရားဖူးရန် လျှောက်လာခဲ့သည်။
ပြီးလျှင် မိမိ မြင်တွေ့ချင်လှသော ထန်းရွက်ပုတီး
ဆိုင်လေးတွေဆီ သွားကာ အလှဆုံး ပုံတွေကို
ရိုက်နေမိသည်။မနက်ဖြန် ထပ် လာရမယ်...
ဓန ညနေမိုး ချုပ်မှ ပဲ တည်းခိုရာ Royal Pearl Hotelသို့ ပြန်ရောက်သည်။
ခဏနား ခါ ရေမိုးချိုးပြီး မှ ရိုက်လာခဲ့သော
ဓာတ်ပုံ အချို့ ကို ပြန် ကြည့်နေမိသည်။
နောက် နှစ် တပေါင်းလ ကျရင် ဖွားကို ခေါ်ပြီး
ထပ်လာရမည် လို့ တွေးမိရင်း.."But we were born to be alone..
Yeah we were born to be alone..
Yeah we were born to be alone
But why we still looking for love... 🎼🎼🎼🎼🎼”
ရုတ်တရက် မြည်လာသော phone ကြောင့်
screen ကို ကြည့် မိ လိုက်သော အခါ
"သတိုး”တဲ့ မိမိနဲ့သူငယ်ချင်းဆိုလဲဟုတ်ပါတယ်
ညီအကို လို လဲ ဟုတ်ပါတယ်
တယောက်ထဲ အထီးကျန်နေတဲ့ကျနော့ ဘဝထဲ
ပျော်ရွှင်စရာတွေ ယူဆောင်လာပေးသူ
သူငယ်ချင်းကောင်းပါဘိ. .
အဖွား ရဲ့သဲသဲလှုပ် အချစ်ခံကြီးပေါ့
တချက် မနာလိုပါဘူး
အဖွားက မြေးအစစ် ကျနော့ကိုတောင်
ကျနော့သူငယ်ချင်း သတိုးလောက် မချစ်ဘူးထင်ပါ့ ဘယ်ချစ်ပါ့မလဲ ကျနော်ကလဲ ကျနော်လေ
နိုင်ငံပေါင်းဆုံသဘော် လိုက် ခရီးတွေ လျှောက်ထွက် အိမ်မကပ်ဘူးလေ..
ဒါကို ဟိုခွေးသား က အခွင့်ကောင်းယူ
ကျနော့အိမ်ကို ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နဲ့ အဖွားကို ဂရု လဲ စိုက်တော့ ဖွားက ပို ချစ်ပီပေါ့ လေ...အခု လဲ ဘာတွေ ပွား မလို့လဲ မသိ..

YOU ARE READING
လက်ပံ (Complete)
RomanceUni အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့ရရင်တောင် စိတ်ကိုအတိတ်မှာ ထားခဲ့လို့မဖြစ်ဘူး.... ပျော်ပြီးသေသွားတဲ့ နာရေးကြော်ငြာမျိုး မောင် ဖတ်ဖူးခဲ့လား...။ ဝမ်းနည်းစိတ်ကို မသိပ်နိုင်သူတွေထဲမှာ ကိုယ်ပါနေခဲ့မိတယ်။ အ့လို နေတတ်ဖို့ အရာရာတိုင်းကို စိတ်ထဲမှာပဲထားပြီး...