2

71 29 20
                                              

ဒီနေ့က ကျောင်းပိတ်ရက်။ ကျော်ကြီးတို့အိမ်မှာ မိဘများ မရှိ၍ သူငယ်ချင်းတွေ စာလုပ်မည်ဟု အိမ်မှလစ်ထွက်လာကြကာ လူစုနေကြခြင်း ဖြစ်သည်။

"မေပန်းချီက တမင် သွားထားတယ်ထင်လား..မသိပဲ ထားလိုက်တယ်ထင်လား"

ကျော်ကြီးက မေပန်းချီအကြောင်းမှ စတင်သည်။

"တမင်ထားတာပါကွာ"

ဉာဏ်ကြီးက မကျေနပ်စွာ စကားဆိုလာသည်။ သူကတော့ ဘယ်သူ့ကိုမှ အဖက်မလုပ်ဘဲ ဆေးလိပ်တစ်ချက်ဖွာကာ ပြတင်းပေါက်မှ မြင်နေရသည့် ဖားတစ်ကောင်ကိုသာ ကြည့်နေလိုက်သည်။

"ဖားတွေက ဘာလို့ ကားယားကားယား သွားတာလဲ"

"လဥကြီးလို့နေမှာပေါ့"

"မဟုတ်ပါဘူးကွာ..အလွယ်သေးပန်းရအောင်လို့"

"အရင်ဘဝက အဖားမတော်တော့ ကားယားကြီး သေခဲ့လိုနေမှာပေါ့"

သူအစချီပေးလိုက်သည့် ဖားအကြောင်းကို ဉာဏ်ကြီးတို့က အကြိတ်အနယ် ငြင်းခုံနေသည်။

သူကဖြင့် နောက်အတွေးတစ်ခုသို့ပင် ကူးပြောင်းလို့နေပြီ။ ဖားက သူ့ဘာသာ ကားယားသွားသွား မှောက်ယက်သွားသွား လေ့လာနေရအောင် သူက တိဆေးကု ဆရာဝန်လည်းမဟုတ်။

လူတွေက ကိုယ်နဲ့မဆိုင်လည်း ဘာကြောင့်မှန်းမသိ ငြင်းခုံနေတတ်ကြသည်။

"ငါ ရည်းစားစာ ရေးချင်တယ်ကွာ"

"ဟေ့ကောင်..ငါတို့ သန့်ရှင်းရေး လုပ်ခဲ့တဲ့ စာသင်ခန်းတွေ ဖုန်တောင်ပြန်မတက်သေးဘူး အေးဆေးနေပါကွာ"

ဉာဏ်ကြီးက ကြောက်အားလန့်အား ဆိုသည်။

"မင်းက ကြက်ဥပြုတ်ပဲ"

"ဘာဆိုင်လဲကွ ကြက်ဥပြုတ်နဲ့"

"တစ်ခါပြုတ်ပြီးရင် သားမပေါက်တော့တဲ့ အလကားဥ"

"နေပါဦး..မင်းက ဘယ်သူ့ကို ပေးမှာလဲ အဲ့ရည်းစားစာကို"

ဒီတစ်ခါတော့ ပြောင်ကြီးက ဝင်မေးသည်။

"မသိဘူး..ရေးပြီးမှ ဘယ်သူ့ပေးရမလဲ လိုက်ရှာမယ်"

"မင်းဟာကလည်းကွာ"

Mg Satsu Where stories live. Discover now