"ပေါက်စ သက်သာလား ဘယ်နားကနာနေတာရှိလဲ ရှိရင်ပြောနော် ဘယ်လိုနေသေးလဲ''

"ရိပေါ်ဘာမှမဖြစ်တော့ဘူး ဦးစိတ်ပူနေမှာစိုးလို့ အနားခေါ်လိုက်တာ''

ဒီလိုနဲ့ ပေကျင်းကိုပြန်မယ့်ရက်ကိုနောက်ဆုတ်လို့ ရိပေါ်ကိုအေးဆေးအနားယူစေတယ်။တကယ်ဆိုချက်ချင်းပြန်ခေါ်သွားချင်ပေမယ့် ပေါက်စလေးကျန်းမာရေးကြောင့်သာ ညဘက်အိပ်ရင် ရိပေါ်ကို လက်မောင်းပေါ်တင်သိပ်ပြီး.ရူးပေါက်ထခြင်ရင်တောင် အိမ်သာခွက်ပေါ်ပွေ့တင်ပေးပြီး လမ်းမလျှောက်စေဘူး။

ရိပေါ်က ဘာဆိုတာနဲ့ လုပ်ပေးပြီးသား ပါးစပ်ဟလိုက်တာနဲ့ တခုခုလုပ်ပေးပြီးသား ဘာလုပ်ပေးရမှန်းမသိရင် ရေကောက်တိုက်ပစ်လိုက်တယ် မသောက်ချင်လည်းသောက်ပဲ ။ဆရာဝန်မလာကြည့်ရင်လည်း ရိပေါ်ကိုဆွဲထူလို့ သူ့ရင်ခွင်မှာမှီပြီး စကားပြောစေတယ်။ စမ်းသပ်စရာရှိလား ဒီတိုင်းလည်းOKတယ်
ဟုတ်။ရှောင်ကျန့်ရဲ့ ပြာပြာသလဲဂရုစိုက်မှုတွေကြောင့်.ဆရာဝန်မလေးတွက်နေရာမရှိ ကြားမဝင်သာ။ နောက်ဆုံး သူအိမ်သာတက်ရင်တောင် တံခါးရှေ့ခုံတလုံးချထားပေးပြီး ရိပေါ်ကိုထိုင်စောင့်စေ တယ် ။

နည်းနည်းမှအလွတ်မပေးပဲ တောက်တဲ့လိုတွယ်ကပ်နေတဲ့သူကို ဆရာဝန်မက မရှိတဲ့မျက်လုံးကို ပြူးပြူးကြည့်နေတယ် ဘာမှတော့ပြောမလာ။ဒီလောက် အရိပ်လိုတွယ်ကပ်နေတဲ့ကြားက ဆရာဝန်မပြန်ကာနီးလိပ်စာကဒ်ပေးလို့ ရိပေါ်ဖုန်းနံပတ်ရအောင်တောင်းသွားသေးတယ်။ လိပ်စာကဒ်ကို ရှောင်ကျန့်ပဲဆွဲယူထားလိုက်တယ်။ ပြန်ရောက်တာနဲ့ ရိပေါ်ကို ဘယ်သူမှမမြင်အောင် ဖွက်ထားလိုက်တော့မယ် ဆုတောင်းနေလိုက် ချာဝန်မ။

&&&&&

ပေါက်စလက်ဆွဲခေါ်ရာ လယ်ကွင်းဘေးတစ်လျောက် လျှောက်လာရင်း စိတ်ထဲကြူနူးရ တယ်။လတ်ဆတ်တဲ့လေ စိမ်းစိုနေတဲ့ အပင်စိမ်းစိမ်းတွေကြောင့် စိတ်ထဲလန်းဆန်းနေရော။စပါးပင်အဖျားလေးတွေပေါ်ကနေ လက်ဖဝါးလေးတင်ပြီး မထိတထိလေး လျှပ်ပြေးရတာသဘောအကျဆုံးပဲ ။သူတို့ကြောင့် တချက်တချက်လန်ပြီးပျံတဲ့ ဗျိုင်းတအုပ်ကိုလည်း တွေ့နိုင်သေးတယ်။ တမျော်တခေါ်လယ်ကွင်းတွေကို လျောက်အပြီးမှာတော့ ကြည်နေတဲ့စိတ်တွေ ဘယ်ပျောက်ကုန်တယ်မသိ။

ဝမ်ချိုချိုလေးWhere stories live. Discover now