part(16)

8.9K 540 158
                                    

တညတာ ဖြတ်သန်းခဲ့ရတာဟာ မလွယ်ကူပေ။

တညလုံး အိပ်မပျော်ခဲ့ပေ။ ဘယ်သူက ဒီလိုအချိန် အိပ်နိုင်နေမလဲ မဟုတ်ဘူးလား?

အိမ်အောက်လဲ မဆင်းချင်။ အိပ်ရာထဲက နေပါမထချင်ပေ။ စားချင်စိတ်လဲမရှိ။

သူရော ငါ့ကိုမလွမ်းဘူးလား? ဘာလို့ ms တစ်စောင်တောင် မပို့တာလဲ ။ ဖုန်းလဲမခေါ်ဘူး?
ဘာလို့လဲကွာ? သူငါ့ကို မချစ်ဘူး ။

အချိန်ကို ကြည့်လိုက်တာ 9:00 am

ဟင့်အင်း မထချင်ဘူး သူ့ကို လွမ်းတယ်

ဒေါက်!ဒေါက်!

"ရဲရင့် ငါပါ တံခါးလာဖွင့်ပေးပါအုံး"

"အွန်း လာပြီ ရဲသွေး"

ရဲသွေးက မနက်စာအဆင့်သင့် ယူလာပေးတယ်။

"မင်း အမေပို့ခိုင်းလိုက်တာ ။ အဲ့လို မနေစမ်းပါနဲ့ကွာ မင်းက ဒီလောက်အသဲမာတာကို"

"တော်စမ်းပါကွာ။ မင်း ခံစားဖူးမှ သိလိမ့်မယ် ဟျောင့်!"

အတင်းအော်လိုက်တာမို့ ရဲသွေး လန့်‌သွားသည်။ လခွမ်း ဖြည်းဖြည်းအော်ပါဟ

"အေးပါကွာ ရည်းစားရှိတဲ့လူတွေက သာတာပေါ့"

"ဒါနဲ့ နေပါအုံး မင်းဘာလို့ ငါတို့အကြောင်းကိုပြောတာလဲ ။ ငါရှိနေတဲ့ နေရာကိုရော"

"ငါမပြောဘူး မင်းအမေက သိသွားတာလေ ဘယ့်နှယ် စာအုပ်ကို ဖွက်ထားမယ်မရှိ"

"စာအုပ်? အာ ဟုတ်သား ငါသိမ်းဖို့မေ့သွားတယ်"

"သေချာလုပ်မှပေါ့ ငါလဲ မသက်သာတော့တာနဲ့ အကိုနေမင်းခ အိမ်ကို ပြောပြလိုက်ရတော့တာပေါ့ဟ "

"အေးပါကွာ သိမဲ့ကံပါလို့ပဲ မှတ်ရမှာပေါ့"

"ခဏနေပါအုံး သူမင်းကို မဆက်သွယ်ဘူးလား?"

ရဲရင့်က စိတ်ပျက်တဲ့ အမူအရာနဲ့
"မခေါ်ဘူး ။ သူတကယ် ငါနဲ့ မပတ်သက်ပဲ ငါ့ကို ဖျက်လိုက်ပြီထင်တယ်" (မျက်ရည်များ ဝဲနေရင်းနဲ့ပြောနေ)

"မနေ့က သူပြောတာ လိမ်နေတာမဟုတ်ဘူးပေါ့"

"ဟုတ်တယ်ထင်တယ်ဟ "

My cute Babe 💘 (Complete)Where stories live. Discover now