တကယ်ကို အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။
အခုတော့ သူ့အစ်မကိုလည်း သူ မကယ်တင်နိုင်တော့။

ဒီ ​စောက်ရေးမပါတဲ့ ခံစားချက်တွေ ဖြစ်လာမိလို့ အစ်မအရင်းရဲ့ အသက်ကိုတောင် အာရုံမစိုက်နိုင် ဖြစ်ခဲ့ရတာ။

ကိုယ်ကိုယ်ကို ဒေါသထွက်လာမိ၍ လက်ထဲက သွေးထုပ်ကို အားနှင့် ညှစ်ကိုင်လိုက်မိသည်။

"သောက်ပြီးရင် စပြောတော့။”

Xan ၏ ရေခဲရိုက် အသံကို ကြားတော့မှ Lucas သူ့ အခြေအနေသူ ပြန်သတိထားမိတော့သည်။

ခု အချိန်မှတော့ သူဘာကိုမှ လိမ်ညာချင်စိတ် မရှိတော့။
လိမ်ညာနေလို့လည်း ဘာမှ မထူးခြား။
Xan က သူ့ကို အသက်ရှင်ခွင့်ပေးရင်တောင် Chris က သူ့ကို အလွတ်ပေးမည် မဟုတ်။

ဘာအထောက်အထားတွေ ရှိလို့များ Xan က အသက်ရှင်ခွင့်ပေးပါမည်ဟု သူ ယုံကြည်နေမိပါလိမ့်။
ကိုယ့်အတွေးကို Lucas ပြန်ရယ်ချင်မိသွားသည်။

သက်ပြင်းချကာ အစအဆုံး ဇာတ်စုံခင်းဖို့ သူ အားယူလိုက်သည်။

"ကျွန်တော့အဖေက Witch
အဖေရော၊ အမေရော ကျွန်တော် ငါးနှစ်သားမှာထဲက
ဆုံးသွားကြတာ။
ကျွန်တော်က အစ်မနဲ့ပဲ ကြီးပြင်းခဲ့ရတယ်။
ကျွန်တော့ အစ်မက Witch ပါရမီပါပေမယ့် ကျွန်တော့မှာတော့ မပါဘူး။
ဒါပေမယ့် အစ်မကလည်း ဘယ်တုန်းကမှ magic ကို
မလေ့လာခဲ့ဘူး။
ကျွန်တော်တို့ နှစ်ယောက်လုံး သာမန်လူတွေလိုဘဲ နေခဲ့ကြတယ်။”

"နောက်တော့ ကျွန်တော့် အစ်မက တောင်ပေါ်မှာ ကားမှောက်ပြီးဆုံးသွားတယ်။
အစ်မဆုံးပြီး နှစ်နှစ်အကြာမှာ ကျွန်တော့ဆီကို လူတစ်ယောက် ရောက်လာတယ်။
သူ့နာမည်က Christopher တဲ့။”

"သူနဲ့ အလုပ်မှာတွေ့ပြီးနောက်ပိုင်း တစ်ညနေလုံးကို ကျွန်တော် ဘာမှမမှတ်မိတော့ဘူး။
နောက်တစ်နေ့ ကျွန်တော် ​​ပြန်သတိရတဲ့ အချိန်မှာ ကျွန်တော်က Vampire ဖြစ်နေပြီ။”

"Christopher က ပြောတယ်။
အကယ်၍ ကျွန်တော်သာ Xan ဆီကနေ အဆိပ်ကို ရအောင်ယူနိုင်ခဲ့မယ်ဆိုရင်...”

"Alexander
ငါ့နာမည် Alexander
မင်းမှာ Xan လို့ခေါ် ပိုင်ခွင့်မရှိတော့ဘူး။”

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Où les histoires vivent. Découvrez maintenant