အခုလည်း ပို့လာတဲ့ message ကို စာပြန်ချင်ပေမဲ့ ငယ်များ မအားရင်ဆိုနဲ့ ပြန်မြိုချလိုက်သည်။ ငယ် က အကောင်းဆုံးကြိုးစားနေသည်လေ။ သူက အနောက်က ပါရမီလိုက်ဖြည့်ပေးရမည်။

ပင်ပန်းလွန်းလို့ သက်ပြင်းချချင်ပေမဲ့ သူ့လက်အောက်ငယ်သားတွေရှေ့ ပင်ပန်းကြောင်း မပြချင်ပါ။ ခေါင်းဆောင်က ညည်းပြနေလေ လက်အောက်ငယ်သားတွေ အလုပ်လုပ်ချင်စိတ်လျော့နည်းသွားပေမည်။ ခေါင်းဆောင်းက ပင်ပန်းကြောင်းပြလျှင် ခေါင်းဆောင်ဖြစ်တဲ့သူတောင် အဲ့လောက်ပင်ပန်းနေတာ သူတို့သာဆိုရင် ပိုဆိုးမယ် ဆိုတဲ့စိတ်ဝင်သွားရင် အားလျှော့တဲ့သူရဲ့ အပြစ်မဟုတ်တော့ဘဲ ခေါင်းဆောင်းဖြစ်သူ အပြစ်သာဖြစ်တော့သည်။ ။ ခေါင်းဆောင်ဆိုတာ လက်အောက်ငယ်သားတွေရဲ့ လမ်းပြသူလို့ပြောနိုင်သည်။ လမ်းပြမှုမှားသွားပါက လက်အောက် ငယ်သားပေါင်းများစွာကို ဆုံးရှုံးနိုင်သည်။

" သူဌေး အကိုလေး ဆီကလား "

" အင်း ဟု‌တ်တယ် "

" အဲ့ဒါကြောင့် သူဌေးရဲ့မျက်နှာက ပြုံးနေတာ "

" ဟား ဟား ဟုတ်ပါပြီကွာ ကဲပြောပါကွာ စကားပလ္လင်ခံမနေနဲ့ "

" ဘာမှမဟုတ်ပါဘူး သူဌေးရဲ့ နေ့လယ်စာမစားသေးဘူးလားလို့ "

" အေး ဟုတ်သား မင်းတို့လည်း ဆာနေပြီပေါ့ သွားစားလေ စားပြီးမှ အလုပ်ဆက်လုပ် "

" ဟုတ်ကဲ့ သူဌေး "

" သူဌေး ရော မစားဘူးလား "

" ကျွန်တော်မဆာသေးပါဘူးဗျာ သွားစားကြ ကျွန်တော် အခုလုပ်နေတာလေ လက်စသက်လိုက်အုံးမယ် "

" ဟုတ်ကဲ့ပါ သူဌေး "

" သွားလိုက်အုံးမယ် သူဌေး "

အခန်းထဲက လူ အကုန်ထွက်သွားမှ အသက်ဝဝရှူမိသည်။ အခုက အစည်းဝေးအသေးစားလေးဖြစ်ပြီး ဌာနတစ်ခုချင်းစီက ခေါင်းဆောင်တွေနဲ့ အသစ်လုပ်ဆောင်မဲ့ Project ကြောင်းတာဝန်တွေခွဲကြခြင်း။ မပြန်ကြတော့ဘဲ အခန်းထဲမှာပဲ လက်စသတ်နေကြသည်။ ပြီးတော့ လျှို့ဝှက်ဖြစ်တာကြောင့် Chanyeol အခန်းထဲမှာစုပြီးတိုင်ပင်ကာ လုပ်ဆောင်နေကြသည်လေ။

Happy House(U+Z)जहाँ कहानियाँ रहती हैं। अभी खोजें