"မသိဘူး မေမေရာ''

"သူငယ်ချင်း​တွေကို အဲလိုဆက်ဆံတာ ​မေမေမကြိုက်ဘူးနော်၊ Sehunလေးလည်း အိမ်မလာတာကြာပြီ ရန်ဖြစ်ထားပြန်တာလား''

စောင်ခွေးပေါက်လေးက ဘဲရသွားလို့ သာယာပြီး သားကိုပစ်သွားတာ မေမေရေလို့တော့ ပြန်မပြောဖြစ်လိုက်။

"ဒါနဲ့ ​နေဦး ခုမှ​တွေးမိတယ် ... Chanyeollie​လေးက Gahyun ကိုများ လာပိုးနေတာ ဖြစ်နေမလား ဟမ် သား''

"ပေါက်တက်ကရ မေမေရာ''

"ဟုတ်တယ်လေ အရင်တည်းက ဆိုင်ကယ်တစ်စီးနဲ့ ဒီရပ်ကွက်ထဲခဏခဏတွေ့နေတာ​... မေမေထင်သလို ဖြစ်နိုင်တယ်​နော်''

ဆိုင်ကယ်တစ်စီးနဲ့ချောင်းပေါက်မတက်လာလာ​​နေခဲ့တာလည်း တကယ်ဆိုတော့ မေမေ့ကို ဖြေရှင်းမနေတော့ဘူး၊ ထင်ချင်သလိုသာထင်တော့။
တိုက်တိုက်ဆိုင်ဆိုင်ပဲ Chanyeol က Gahyunနဲ့ အတူ အိမ်ထဲဝင်လာတယ်။
'မင်း သွားမကြို​နေနဲ့​တော့​နော် Gahyun ကျူရှင်ဆင်းချိန် ကိုယ်ပတ်​ခေါ်လာခဲ့မယ်'
စောနတည်းက Chanyeol ဆီက​နေ Message ရထားတာမလို့ Chanyeol ဘာလို့နောက်ကျလဲဆိုတာ သူသိပြီးသား... မေမေ​မေး​တော့ သက်သက်မပြောချင်လို့ကို မပြောတာ။
မေမေက​တော့ ငါမပြောဘူးလားဆိုတဲ့ မျက်နှာနဲ့ သူ့ကိုလှမ်းကြည့်တယ်။
ဒါနဲ့ နေစမ်းပါဦး ဒီကောင်က ဘာလို့ Gahyunကို အကြိုအပို့တွေပါလုပ်နေတာလဲ...tsk အာရုံနောက်လိုက်တာ~
ထားပါလေ..သူ ဂိမ်းဆော့ချိန်ပိုရတာပေါ့။

အဲလိုနဲ့ မနက်ကတည်းက Baekhyun စိတ်မကြည်တော့တာ ညအထိပဲ။
နေ့လည် Chanyeolက သူ့ဘေးကို လာထိုင်ပြီး TV ကြည့်တော့လည်း စိတ်တိုတယ်။
မဟုတ်ဘူး Chanyeol ကို မြင်ရင်ကို အလကားနေရင်း စိတ်တိုနေတာ တစ်နေကုန်။

"သွား ကိုယ့်အိမ်ကိုပြန်၊ ဒါမင်းအိမ်လား တစ်နေကုန်လာနေနေတာ''

သူပြောတော့ TV ကြည့်နေရင်းကနေ ကြောင်ကြောင်လေး လှည့်ကြည့်လာတယ်။

" အာ အဲဒါဆို ညနေမှ ကိုယ်ပြန်လာ​တော့မယ် ''

မျက်နှာညှိုးညှိုးနဲ့ပြန်သွား​တော့လည်း စိတ်ထဲမကောင်းသလိုလို။

အဲ စိတ်မကောင်းဖြစ်​နေတဲ့ခံစားချက်ကလည်း ညနေရောက်တော့ ပျောက်သွားပြန်တယ်။
ထမင်းစားပွဲမှာ စတာပဲ။
ဖြစ်ပုံက ဒီလို။
ဒီနေ့ညစာကို Chanyeol ပါ တစ်ခါတည်းစားသွားဆိုပြီး မေမေကလောကွတ်ချော်တယ်။
ဟိုကောင်ကလည်း မငြင်းဘူးဗျာ။
စားရသောက်ရမယ်ဆို ပန်းကန်ပါမြိုချတော့မတတ် စားတဲ့ Gahyun က ထမင်းနင်တယ်။
တအွတ်အွတ်နဲ့ အရမ်းရယ်ရတာ။
Baekhyun ကတော့ ရယ်တာပဲ။
သူ့ညီမက ဖြစ်နေကျကိုး။
Chanyeol က ပျာပျာသလဲ ရေထခပ်ပေး​တာကို တင်းသွားတာ။ ဘယ်လိုတောင် အိုဗာတင်းကောင်လဲ။

Annoy But I LoveWhere stories live. Discover now