အခန်း ၅၆ (ကျီးနက်များ)

10.2K 1.9K 136
                                    

အခန်း ၅၆
ကျီးနက်များ

ကျန်းချန်လင်မှာ အခန်းထဲသို့ပြန်ရောက်လာချိန်ဝယ် ခုတင်ပေါ်တွင် ဟိုဘက်သည်ဘက် လူးလှိမ့်နေပြီး နှစ်ခြိုက်စွာအိပ်မပျော်နိုင်ပါချေ။ ပြတင်းပေါက်အပြင်ဘက်ရှိ သစ်ပင်ကြီး များထံမှ ထွက်သစ်စ သစ်ကိုင်းသစ်ခက်တို့၏ အရိပ်သဏ္ဌာန်များသည် ပြတင်းပေါက် ပေါ်သို့ လာရောက်ထိရိုက်နေသည်။ လေတဖြူးဖြူးတိုက်ခတ်လေတိုင်း တရှဲရှဲမြည်သံတို့ အဆက်မပြတ်ထွက်ပေါ်လာနေ​သည်။ ယခင်နေ့ရက်များအတွင်း 'မိုးမခပင်၏ သစ်ကိုင်း ထိပ်ဖျားပေါ်ရှိ သော်တာလဝန်းကြီးနှင့် ယိမ်းနွဲ့ကခုန်လှုပ်ရှားနေကြသည့် သစ်ပင်ရိပ်' များသည်ကား ယခုညအခါတွင်မူ 'သွားစွယ်တဖွေးဖွေး လက်သည်းတပြင်ပြင်လုပ်နေ သော မကောင်းဆိုးဝါးများနှင့် တစ္ဆေမိစ္ဆာများ' သဖွယ်ပြောင်းလဲသွားသလို ခံစားလိုက် ရလေတော့သည်။

သူက ကြိုးစားပမ်းစားထထိုင်လိုက်ပြီး ခေါင်းတညိတ်ညိတ်လုပ်ကာ သင်ထားဖူးသမျှ အတိုကောက်မှတ်နည်းများကို နှုတ်တိုက်အာဂုံဆောင်နေလိုက်သည်__သူ၏ ထိုအလေ့ အကျင့်လေးမှာ အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင်ပင် ထိုလူနှစ်ဦးထံမှ လှောင်ပြောင်ကဲ့ရဲ့ခြင်းကိုခံခဲ့ရရှာသည်။ ဝမ်းလူကြီးမင်းက ပြောခဲ့ဖူး၏။

မင်းက ဒီလိုမျိုး အထစ်အထစ်အငေါ့ငေါ့နဲ့ တစ်လုံးမကျန် ဤသည်မရွေး နှုတ်တိုက် အလွတ်ကျက်တာပဲ လုပ်တတ်တာဆိုရင် ဘယ်လိုလုပ် သူ့ရဲ့တကယ့်အနှစ်သာရကို ထိုးထွင်းသိမြင်ပြီး မခြွင်းမချန်နားလည်သဘောပေါက်နိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး ဆရာ တစ်ဆူဖြစ်လာတော့မှာလဲ။

သူ့​ဆရာဖြစ်သူကမူ စကားကိုအပိုအလိုမရှိ တဲ့တိုးပြောဆိုတတ်သူဖြစ်လေရာ အရိုးတကာ့ အရိုးရှင်းဆုံးပြောဆိုလာ၏။ တကယ်လို့ နားလည်သွားပြီဆိုလျှင် လေ့ကျင့်၊ လေ့ကျင့်ပြီး သွားလျှင် ကျန်တာ သူ့အလိုလိုတတ်မြောက်သွားလိမ့်မည်ဟူ၍။ သူ့ဘဝတွင် ဤကဲ့သို့ အတိုကောက်အလွယ်မှတ်နည်းလေးတစ်ခုအား ဂန္ထဝင်စာပေပုရပိုက်ငါးဖြာနှင့် ကျမ်းလေး ကျမ်းတို့ထက်ပင် ပို၍အားသွန်ခွန်စိုက် ကြိုးစားပမ်းစား ကျက်မှတ်နေရရှာသည့်လူမျိုးကို တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှမတွေ့ဖူးခဲ့ပါချေ။ သို့သော် ကျန်းချန်လင်၏ ထုံထိုင်း မှုသည် သူများတကာနှင့်မတူသည့် စိတ်ကူးအသစ်အဆန်းများ ပေါ်ထွက်လာစေခဲ့သည် ကတော့ အသေအချာပင်။

လေလွင့်ခရီးသည်Where stories live. Discover now