"ဘတ်ခ်ဟျွန်း အားရင်အပေါ်ထပ်က အခန်းလွှတ်တစ်ခန်း ရှင်းထားအုံး
မနက်ဖြန်ငါ့သူငယ်ချင်းရဲ့သားက ဒီကနေကျောင်းတက်မှာမို့ အိမ်မှာနေမှာတဲ့
ဂျယ်ဟျွန်းသူငယ်ချင်းလေ သိတယ်မလား "
''........"
ထုံးစံအတိုင်းပြန်ဖြေသံမကြားရ။
ဘတ်ခ်ဟျွန်းကစကားမပြောတတ်တာမဟုတ်။ သူကငယ်ငယ်ရွယ်ရွယ်နဲ့
ဘဝသေဆုံးနေတဲ့သူလို တော်ရုံနဲ့စကားသံမထွက်။ အမြုံလေးလိုပင်။
မသိတဲ့သူတွေကတော့ စကားမပြောတတ်ဖူးဘဲထင်ကြမှာ။ တစ်ကယ်က
ပြောတတ်ရဲ့သားနဲ့ မပြောတာကြာတော့မြုံသွားသည်ပင်။ အရေးကြီးကိစ္စရှိရင် စာနဲ့ရေးပြသည်။ အဒေါ်ကတော့စိတ်မရှည်ဘူး။
ပြောတတ်ရဲ့သားနှင့်မပြော၍။ ဘယ်လောက်ရိုက်ရိုက်ပြန်မပြော ကြာတော့
ထုံသွားပြီ။
ဘတ်ခ်ဟျွန်းကမိဘတွေမရှိတော့။ အဒေါ်နှင့်သာနေသည်။
အဒေါ်တွင်သားတစ်ယောက်သမီးတစ်ယောက်ရှိသည်။
အစ်မဂျယ်ဟီးနှင့်ဂျယ်ဟျွန်း။ အစ်မဂျယ်ဟီးကကုမ္ပဏီတစ်ခုတွင်
အတွင်းရေမှူး။ ဂျယ်ဟျွန်းကတော့ကျောင်းမပြီးသေး။ နှစ်ယောက်လုံးက
ပညာရေးတွင်တော်ကြသည်။ အိမ်မှာသူတို့ကျောင်းကရထားသည့်ဆုတွေ
တစ်ပုံတစ်ပင်။ ဘတ်ခ်ဟျွန်းကတော့လား.. ဘတ်ခ်ဟျွန်းကတော့ ရေးတတ်
ဖတ်တတ်ရုံပင်။ သူဆယ့်သုံးနှစ်သားလောက်ထဲကစကားမပြောတော့တာ။
အဒေါ်ကတော့စကားပြန်ပြောရင်ကျောင်းထားပေးမယ် ပြောပေမယ့်
သူမသိဘူး။ သူ့မှာကျောင်းလဲနေချင်စိတ်ရှိမနေ။
"အိုး... နင့်ကိုကြည့်ရတာလဲ လင်းတကိုကြည့်ရသလိုဘဲ
ကျက်သရေကိုမရှိဘူး သွား သွားတော့ အခန်းသွားရှင်းထားတော့
ဒါငါဘဲလုပ်လိုက်တော့မယ် တစ်ကယ်တည်း တိတ်ဆိတ်လို့"
အမြဲအဲ့လိုပါဘဲ။ စကားမပြောတတ်တဲ့သူကို လာလာပြောပြီး
ပြန်ပြောသံမကြားရတော့ စိတ်တို။ ဂင်ချီလုပ်နေရာကနေ ထလိုက်ပြီး
လက်ဆေးကာ အပေါ်ထပ်သို့တက်ခဲ့တော့သည်။
အပေါ်ထပ်တွင်အခန်းလွှတ်2ခန်းကျန်ပါသေးသည်။
ဂျယ်ဟျွန်းနှင့်အမဂျယ်ဟီးကမျက်နှာချင်းဆိုင်ဖြစ်ပြီး
ဘတ်ခ်ဟျွန်းကတော့ဂျယ်ဟျွန်းဘေးတွင်ဖြစ်သည်။
အဲ့တော့အစဉ်အလိုက်ဖြစ်သွားအောင် ဧည့်သည်နေမည့်အခန်းကို
ဘတ်ခ်ဟျွန်းအခန်းရှေ့ကအခန်းကိုသာ ရွေးလိုက်သည်။
YOU ARE READING
Yours [✓]
Romanceစူပါမန်းလည်း မဖြစ်ချင်ဘူး ပါဝါရိန်းဂျားလည်း မဖြစ်ချင်ဘူး ကမ္ဘာကြီးကိုလည်း မကယ်တင်ချင်ဘူး မင်းရဲ့ကောင်လေးပဲ ဖြစ်ချင်တယ် မင်းရဲ့...... ( Chanyeol x Baekhyun )
![Yours [✓]](https://img.wattpad.com/cover/239889976-64-k591972.jpg)