Mae: ကဲ ညီအကိုနှစ်ယောက်ချွဲလို့ပီးကြအုံးမှာလား
Fluke: Mae သားတို့ပြန်ကြမယ်လေ ဒီ
မှာမနေချင်ဘူး
Mae: အင်း ပြန်ကြမယ်လေ
Por: သားလေးကိုPorချီမယ်နော်
Porက Flukeလေးကိုချီပီး Maeကတော့ Ohmကိုလက်ဆွဲကာ ကားဆီသို့သွားပီး အိမ်သို့ပြန်မောင်းလာခဲ့လေတော့သည်။
ထိုနေ့မှစ၍OhmကFlukeကိုအရင်ကထက်ပိုပီး မျက်လုံးရှေ့ကအပျောက်မခံတော့ပေ။အိပ်တော့လဲ သူနဲ့အတူတူအိပ်ခိုင်းလေသည်။
ကုတင်အကြီးကြီးပေါ်မှာ ကလေးလေးနှစ်ယောက်လှဲနေလေသည်။
Fluke: ကိုကိုခရေးကိုပုံပြောပြပါလားဟင်
Ohm: ကလေးမအိပ်သေးဘူးလား
Fluke: မအိပ်ချင်တေးပါဝူး ကိုကိုပုံပြောပြမှအိပ်မယ်
Ohm: အင်း ဟုတ်ပါပီဗျာ ကိုကိုပြောပြပါ့မယ်
Ohmတစ်ယောက်သူ့ညီလေးကိုဖက်ထားကာ ပုံပြင်ပြောပြနေလေသည်။Ohmဖက်ထားရင်းနဲ့ပုံပြောပြနေတာကိုနားထောင်ပီးFlukeလေးလဲအိပ်ပျော်သွားလေတော့သည်။
✡️✡️✡️✡️✡️✡️✡️✡️✡️✡️✡️✡️✡️✡️
ဒီလိုနဲ့နေလာလိုက်ကြတာခုဆိုOhmက9တန်း Flukeလေးက5တန်းပင်ရောက်လာပီဖြစ်သည်။
Flukeလေးတစ်ယောက်ကျောင်းဆင်းတော့ သူ့အကိုရဲ့အခန်းရှေ့မှာ သူ့အကိုကိုသွား
စောင့်နေလေသည်။
ခဏကြာတော့Ohmလဲအခန်းထဲကထွက်လာလေသည်။
Ohm: ကလေး စောင့်နေတာကြာပီလား
Fluke: မကြာသေးဘူးကိုကို
Ohm: ဒါဆိုလဲပြန်ကြမယ်နော် Porလဲ ကျောင်းရှေ့မှာလာကြိုနေလောက်ပီ
Fluke: ဟုတ်ကိုကို
OhmလဲFlukeရဲ့လက်လေးကိုဆွဲကာပြန်ရန်ခြေလှမ်းလိုက်လေသည်။အဲ့အချိန်မှာဘေးနားကအသံကြောင့်Ohmတို့2ယောက်လုံး ခြေလှမ်းတွေရပ်တန့်သွားကြလေသည်။
Boy 1: ရုပ်လေးကလဲ အခြောက်လေးကျနေရောကွာ
Boy 2: ဟုတ်ပကွာ ပီးတော့ ချွဲလဲချွဲသေးတယ် ဘာတဲ့ ကိုကို ကလေးကလေတဲ့ ဟားးးးဟားးး
Boy 1: ဟုတ်ပကွာ ပီးတော့ ငါကြားမိတာတော့ သူတို့ကညီအကိုအရင်းတွေမဟုတ်ကြဘူးတဲ့
Ohmလဲလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ
Ohm: မင်းတို့ဘယ်သူ့ကိုပြောနေတာလဲ
Boy 2: မင်းတို့ကိုပြောနေတာလေ ဘာဖြစ်လဲအခြောက်လိုနွဲ့နေတဲ့ကောင်ရဲ့အကိုရဲ့
Ohm: ငါ့ညီကိုမင်းတို့ဘာမှပြောစရာမလိုဘူး ပီးတော့ငါ့ညီကအခြောက်လဲမဟုတ်ဘူး ငါ့ကိုချစ်လိုချွဲနေတာကွ
Boy 1: ဒါနဲ့မင်းတို့ကညီအကိုအရင်းမဟုတ်ဘူးမလား
ထိုစကားကြောင့်Ohmရဲ့ဒေါသတွေထိန်းမရတော့ပေ။Ohmထိုနှစ်ယောက်ကိုလက်သီး
ဖြင့်ဆွဲထိုးနေလေတော့သည်။
Fluke: ကိုကို ကိုကို မလုပ်ပါနဲ့ ကိုကို
Flukeအတင်းအော်ပီးဝင်ဆွဲလဲ အရာမထင်ပေ။Ohmရဲ့ဒေါသကတော်တော်ကိုကြောက်စရာကောင်းနေသည်လေ။ဟိုနှစ်ယောက်ကလဲOhmကိုပြန်ထိုးနေလေသည်။
Flukeလဲဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာကျောင်းအုပ်ကြီးရုံးခန်းထဲကထွက်လာသည်ကိုတွေ့လိုက်ရလေတော့သည်။
Fluke: ဆရာ ဆရာ လုပ်ပါအုံး
Teacher: ဟေ့ကလေးတွေ တော်ကြစမ်း
ဆရာအော်လိုက်တော့မှ Ohmတို့3ယောက်ထိုးကျိတ်နေကြတာရပ်သွားကြလေတော့သည်။
Teacher: Ohmမင်းရန်ဖြစ်ပြန်ပီလား
Ohm: သူတို့ကသားရဲ့ညီလေးမကောင်းကြောင်းကိုလာပြောတာကိုး
Teacher: ဒါဆိုလဲဆရာတွေကိုလာတိုင်လေ ဘာလို့ရန်ဖြစ်နေကြတာလဲ မင်းတို့အားလုံးမနက်ဖြန်မိဘတွေခေါ်လာခဲ့ကြ ခုသွားကြတော့
OhmလဲFlukeကိုလက်ဆွဲကာကျောင်းပြင်မှာရပ်ထားတဲ့သူ့ရဲ့Porကားဆီသို့လျှောက်သွားလေတော့သည်။
YOU ARE READING
ကလေးရဲ့ကိုကို
Fanfictionသူချစ်နေတဲ့အချစ်ကိုလက်မခံနိုင်ဘဲငြင်းပယ်နေတဲ့ကောင်လေးနဲ့ ထိုကောင်လေးကိုရူးရူးမူးမူးချစ်နေမိတဲ့ကောင်လေးတစ်ယောက်အကြောင်း။
Part 4 (Unicode)
Start from the beginning
